ေနျပည္ေတာ္ ေဖေဖာ္၀ါရီ ၂၂ ရက္
ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ ဦးဝင္းျမင့္သည္ ဘန္ေကာက္ၿမိဳ႕ အေျခစုိက္ ျပည္ေထာင္စုသမၼတ ျမန္မာႏုိင္ငံေတာ္ဆုိင္ရာ က်ဴးဘားႏိုင္ငံ သံအမတ္ႀကီး H.E. Mr. Hector Conde Almeida အား ယေန႔ မြန္းလြဲ ၁ နာရီခြဲ အခ်ိန္တြင္ ေနျပည္ေတာ္ရွိ လႊတ္ေတာ္အေဆာက္အအုံ ျပည္သူ႔ လႊတ္ေတာ္ဧည့္ခန္းမေဆာင္၌ လက္ခံေတြ႔ဆုံသည္။
ထိုသို႔ေတြ႔ဆုံရာတြင္ က်ဴးဘား-ျမန္မာ ႏွစ္ႏို္င္ငံ အစိုးရအခ်င္းခ်င္း၊ လႊတ္ေတာ္အခ်င္းခ်င္း၊ ျပည္သူအခ်င္းခ်င္း ခ်စ္ၾကည္ရင္းႏွီးမႈႏွင့္ ပူးေပါင္းေဆာင္ရြက္္ေရးဆိုင္ရာ ကိစၥရပ္မ်ားႏွင့္ ပတ္သက္၍ ရင္းႏွီးပြင့္ လင္းစြာ အျမင္ခ်င္းဖလွယ္ ေဆြးေႏြးခဲ့ၾကသည္။
အဆိုပါေတြ႔ဆုံပြဲသုိ႔ ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ႏွင့္အတူ ျပည္သူ႔လႊတ္ေတာ္ဒုတိယဥကၠ႒ ဦးတီခြန္ျမတ္ႏွင့္ ျပည္သူ႔လႊတ္ေတာ္ရုံးမွ တာဝန္ရွိသူမ်ား တက္ေရာက္ခဲ့ၾကသည္။
(zawgyi version)
—————————————————————————————————————————–
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ ကျူးဘားနိုင်ငံသံအမတ်ကြီး H.E. Mr. Hector Conde Almeida အား လက်ခံတွေ့ဆုံ
နေပြည်တော် ဖေဖော်၀ါရီ ၂၂ ရက်
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် ဘန်ကောက်မြို့ အခြေစိုက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ကျူးဘားနိုင်ငံ သံအမတ်ကြီး H.E. Mr. Hector Conde Almeida အား ယနေ့ မွန်းလွဲ ၁ နာရီခွဲ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့ လွှတ်တော်ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ကျူးဘား-မြန်မာ နှစ်နိ်ုင်ငံ အစိုးရအချင်းချင်း၊ လွှတ်တော်အချင်းချင်း၊ ပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက််ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့် လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
(unicode version)