အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကကြီး သူရဦးတင်ဦးအား လန်ဒန်မြို့သာသနရံသီ မြန်မာဗုဒ္ဓဘာသာစင်တာကြီး၏ (ဥရောပ-မြန်မာသာသနာပြုအသင်းကြီး)မှ ဒီမိုကရေစီရှေ့ဆောင်စံပြသူရဲကောင်းဂုဏ်ထူးဆောင်ဆုကို ချီးမြှင့်
၃၀ ဇူလိုင် ၂၀၁၉
လန်ဒန်ဆရာတော် ဦးဥတ္တရ (ဥရောပ-မြန်မာသာသနာပြု အသင်းကြီး၏ဥက္ကဌ)သည် ယနေ့နံနက်(၉)နာရီအချိန်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယကကြီး သူရဦးတင်ဦးနေအိမ်သို့ ကြွရောက်ခဲ့၍ လန်ဒန်မြို့ သာသနရံသီ မြန်မာဗုဒ္ဓဘာသာ စင်တာကြီး ၏(ဥရောပ-မြန်မာသာသနာပြုအသင်းကြီး)မှ သူရဦးတင်ဦးကို ပေးအပ်ချီးမြှင့်တဲ့ (The pioneer Spirit of Democracy ) ဒီမိုကရေစီ ရှေ့ဆောင်စံပြသူရဲကောင်း ဂုဏ်ထူးဆောင်ဆုကို ဆရာတော်ကိုယ်တိုင်လာရောက်ပေးအပ်ခဲ့ပြီး နာယကကြီး သူရဦးတင်ဦးနှင့် ဇနီးဒေါက်တာဒေါ်တင်မိုးဝေတို့မှလည်း လန်ဒန်ဆရာတော်ကို ဝါဆိုသင်္ကန်းကပ်လှူပူဇော်ခဲ့ကြပါသည်။