၅.၆.၂၀၁၇
မွန်ပြည်နယ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှုးအဖွဲ့ဝင်ဦးဝင်းထိန်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ် မွန်ပြည်နယ်-ပြည်နယ်-ခရိုင်-မြို့နယ်လူငယ်လုပ်ငန်းအဖွဲ့ များ တွေ့ဆုံပွဲကို မော်လမြိုင်မြို့ ရှိ Royal Hinthar ဟိုတယ်တွင် နေလည် ၁း၀၀ နာရီတွင် ကျင်းပခဲ့ပါသည်။ အဖွင့်နှုတ်ခွန်းဆက်ကို မွန်ပြည်နယ် ဥက္ကဋ္ဌ ဒေါက်တာခင်ဆောင်မှပြောကြားပြီး နောက်ဗဟို ကော်မတီ ဝင် ဦးမောင်မောင်ဦးမှ အဖွဲ့ချုပ်လူငယ်သမိုင်းကြောင်း ကိုဆွေးနွေးတင်ပြပါသည်၊၊ အဖွဲ့ချုပ်ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင်၊ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင်၊ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPJDC) မြေယာသံယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍဆိုင်ရာကော်မတီ အတွင်းရေးမှူး အဖွဲ့ဝင်ဦးအောင်စိုးမှ လူငယ်နှင့်ငြိမ်းချမ်းရေးကို ဆွေးနွေးပြောကြားခဲ့ပြီး၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့အတွင်းရေးမှုးအဖွဲ့ဝင်ဦးဝင်းထိန် မှ လက်ရှိ အဖွဲ့ ချုပ်၏ ဆောင်ရွှက်မှု့များနှင်အဖွဲ့ချုပ်လူငယ်လုပ်ငန်းအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ပါတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့သည်။ ဗဟိုလူငယ် တွဲဘက်တာဝန်ခံ ဒေါက်တာဝေဖြိုးအောင်၊ ဗဟိုလူငယ် မဇင်နီနီဝင်း၊တို့မှလက်ရှိလူငယ်လုပ်ငန်းများအား ရှင်းလင်းပြောကြားပြီး နောက်တက်ရောက်လာသော လူငယ်များ၏ ဆွေးနွေးချက်များအား ဗဟိုအလုပ်အမှုဆောင်အဖွဲ့အတွင်းရေးမှုးအဖွဲ့ဝင်ဦးဝင်းထိန် နှင့်ဦးအောင်စိုး၊ဦးမောင်မောင်ဦးတို့ မှပြန်လည်ရှင်းလင်းပြောကြားခဲ့ ပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့အတွင်းရေးမှုးအဖွဲ့ဝင်ဦးဝင်းထိန်၊ဦးအောင်စီုး ဦးမောင်မောင်ဦး၊ မွန်ပြည်နယ် ဥက္ကဋ္ဌ ဒေါက်တာခင်ဆောင်၊ မွန်ပြည်နယ် ၀န်ကြီးချုပ်ဒေါက်တာအေးဇံ နှင့်မွန်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တာဝန်ရှိသူများ၊ ဗဟိုလူငယ်တွဲဘက်တာဝန်ခံ ဒေါက်တာဝေဖြိုးအောင်၊ ဗဟိုလူငယ် မဇင်နီနီဝင်း၊ မရီမာဇော် နှင့်မွန်ပြည်နယ်လူငယ်လုပ်ငန်း အဖွဲ့ များ တက်ရောက်ခဲ့ကြပါသည်။