စက်တင်ဘာ ၂၇ ရက်
သဘာပတိက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် အဖွဲ့ချုပ်အား ဝေဖန်မှုတွေအမျိုးမျိုးရှိသော်ငြား မိမိတို့က မည်သို့မျှ တုံ့ပြန်ခြင်းမရှိကြောင်း၊ အဖွဲ့ချုပ်နှစ် ၃၀ တိုင်ရှိခဲ့ပြီး မိမိတို့လုပ်ဖော်ကိုင်ဘက် အများအပြား ဒုက္ခသုက္ခကြားရုန်းကန်ကာ ရွေးကောက်ပွဲများဝင်ပြီး ယခုအခြေအနေတွင် တိုင်းပြည်အုပ်ချုပ်နိုင်သည့် အနေအထားကိုရောက်ရှိအောင် အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ကြောင်း၊ တစ်ခုသတိချပ်ရမည်ဆိုလျှင် နှစ်ပေါင်း ၃၀ ကြာရုန်းကန်လှုပ်ရှားခဲ့ချိန်တွင် အစဉ်အမြဲညီညွတ်နေခြင်း မဟုတ်ဘဲ အချင်းချင်းကြား အပြန်အလှန်ပြောဆိုဆွေးနွေးမှုများ၊ အငြင်းပွားမှုများရှိခဲ့ကြသော်လည်း နောက်ဆုံးလိုအပ်သည့်အခါတွင် မိမိတို့ပါတီသည်အလိုအလျောက် စည်းစည်းလုံးလုံး ခိုင်ခိုင်မာမာ ဖြစ်လာကြောင်း၊ ထို့ကြောင့် ယခုလာမည့်ကြားဖြတ်ရွေးကောင်ပွဲတွင်လည်း အဖွဲ့ချုပ်၏ပုံရိပ်အတိုင်း အားလုံးညီညီညွတ်ညွတ်ဖြင့် ဖြတ်သန်းလုပ်ဆောင်ကြရန် ဦးဥာဏ်ဝင်းက တိုက်တွန်း ပြောကြားသည်။
CIC
(zawgyi version)
———————————————————————————————————————-
အမျိုးသာဒီမိုကရေစီအဖွဲ့ချုပ်တည်ထောင်ခြင်းနှစ် (၃၀)မြောက်အခမ်းအနား
စက်တင်ဘာ ၂၇ ရက်
အမျိုးသားဒီမိုကရေစီအဖွဲ ့ချုပ်တည်ထောင်ခြင်းနှစ် (၃၀)မြောက်အခမ်းအနားကို ယနေ့နံနက် ၁၀နာရီက အမှတ် ၉၇(ခ)၊အနောက်ရွှေဂုံတိုင်လမ်းရှိ အဖွဲ ့ချုပ်ဌာနချုပ်ရုံး၌ကျင်းပခဲ့သည်။
အခမ်းအနားတွင် သဘာပတိအဖွဲ ့ချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ ့အတွင်းရေးမှူးအဖွဲ ့ဝင် ဦးဥာဏ်ဝင်းက အဖွင့်မိန့်ခွန်းပြောကြားသည်။
သဘာပတိက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် အဖွဲ ့ချုပ်အား ဝေဖန်မှုတွေအမျိုးမျိုးရှိ သော်ငြား မိမိတို့က မည်သို့မျှတုံ႔ပြန်ခြင်းမရှိကြောင်း၊ အဖွဲ့ချုပ်နှစ် ၃၀ တိုင်ရှိခဲ့ပြီးမိမိတို့ လုပ်ဖော်ကိုင်ဘက် အများအပြား ဒုက္ခသုက္ခ ကြားရုန်းကန်ကာ ရွေးကောက်ပွဲများ ဝင်ပြီး ယခုအခြေအနေတွင်တိုင်းပြည်အုပ်ချုပ်နိုင်သည့် အနေအထားကိုရောက်ရှိအောင် အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ကြောင်း၊တစ်ခုသတိချပ်ရမည်ဆိုလျှင် နှစ်ပေါင်း ၃၀ ကြာရုန်းကန်လှုပ်ရှားခဲ့ချိန်တွင် အစဉ်အမြဲညီညွတ်နေခြင်းမဟုတ်ဘဲ အချင်းချင်းကြား အပြန်အလှန်ပြောဆိုဆွေးနွေးမှုများ၊ အငြင်းပွားမှုများရှိခဲ့ကြသော်လည်း နောက်ဆုံးလိုအပ်သည့်အခါတွင် မိမိတို့ပါတီသည်အလိုအလျောက် စည်းစည်းလုံးလုံး ခိုင်ခိုင်မာမာဖြစ်လာကြောင်း၊ ထို့ကြောင့် ယခုလာမည့်ကြားဖြတ်ရွေးကောင်ပွဲတွင်လည်း အဖွဲ ့ချုပ်၏ ပုံရိပ်အတိုင်း အားလုံးညီညီညွတ်ညွတ်ဖြင့် ဖြတ်သန်းလုပ်ဆောင်ကြရန် ဦးဥာဏ်ဝင်း က တိုက်တွန်းပြောကြားသည်။
အဖွဲ ့ချုပ်တည်ထောင်ခြင်းနှစ် ၃၀ မြောက်ကြေညာချက် ကို ဗဟိုအလုပ်အမှုဆောင်အဖွဲ ့ဝင် ဦးသိန်းဦး က ဖတ်ကြားပြီး အခမ်းအနားသို့ ပေးပို့သောသဝဏ်လွှာများအား မှတ်တမ်းတင် သည်။
အခမ်းအနားသို့ အဖွဲ ့ချုပ်နာယက ဦးတင်ဦး၊သဘာပတိအဖွဲ့ဝင် ဦးအုန်းကြိုင်၊အဖွဲ ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ ့အတွင်းရေးမှူးအဖွဲ ့ဝင်ဦးဟံသာမြင့်၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ ့ ဝင်များဖြစ်ကြသော ဒေါက်တာမျိုးညွန့် ၊ဦးဖြိုးမင်းသိန်း၊ ဗဟိုကော်မတီဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ၊ဒုတိယဥက္ကဌ၊လွှတ်တော်အသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များ၊မြို ့နယ်၊ခရိုင်၊တိုင်းများမှ အလုပ်အမှုဆောင်အဖွဲ ့များနှင့် ပါတီဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ ့ဝင်ဝန်ကြီးများ၊ သံတမန်များ၊ ဝါရင့်နိုင်ငံရေးသမားများ၊ နိုင်ငံရေးပါတီများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များတက်ရောက် ခဲ့ကြသည်။
CIC
Unicode Version