ေမ ၂၈ ရက္
အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ဗဟုိျပန္ၾကားေရးေကာ္မတီအစည္းအေဝးကုိ ယေန႔မြန္းလြဲ ၁ နာရီက အဖြဲ႔ခ်ဳပ္ဌာနခ်ဳပ္႐ုံး၌က်င္းပခဲ့သည္။
အစည္းအေဝးတြင္ ႏိုင္ငံလုံးဆိုင္ရာညီလာခံက်င္းပေရး၊ခ႐ုိင္၊ၿမိဳ႕နယ္ျပန္ၾကားေရးေကာ္မတီမ်ားစာရင္းျပဳစုေရးႏွင့္ သင္တန္းေပးေရး၊ သင္တန္းေပးရန္လုိအပ္ေသာ အေထာက္အကူျပဳပစၥည္းမ်ား ပ့ံပိုးေပးႏိုင္ေရး၊ ဒီလိႈင္းစာေစာင္ျပန္လည္ထုတ္ေဝျဖန္႔ခ်ိေရးအေျခအေန၊ ဗဟုိျပန္ၾကားေရးေကာ္မတီ၏ လုပ္ေဆာင္ခ်က္မ်ားကုိ သုံးလတစ္ႀကိမ္ အစီရင္ခံစာတင္သြင္းေရးႏွင့္ ဘ႑ာေရးကိစၥရပ္မ်ားကို ေဆြးေႏြးဆုံးျဖတ္ခဲ့ၾကသည္။
အစည္းအေဝးသို႔ ဗဟိုျပန္ၾကားေရးေကာ္မတီဥကၠဌ ဦးဥာဏ္ဝင္းႏွင့္ အဖြဲ႔ဝင္မ်ားတက္ေရာက္ ေဆြးေႏြးခဲ့ၾကၿပီး ဗဟုိအလုပ္အမႈေဆာင္ အဖြဲ႔သို႔ အၾကံျပဳတင္ျပရန္ ကိစၥရပ္မ်ားကိုလည္း ေဆြးေႏြးခဲ့ၾကသည္။
လာမည့္အစည္းအေဝးကို ဇြန္ ၈ ရက္တြင္ျပဳလုပ္ရန္ဆုံးျဖတ္ခဲ့ၾကသည္။
CIC
Zawgyi Version
————————————————————————————————————————————–
အဖွဲ့ချုပ် ဗဟိုပြန်ကြားရေးကော်မတီအစည်းအဝေးကျင်းပ
မေ ၂၈ ရက်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးကော်မတီအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီက အဖွဲ့ချုပ်ဌာနချုပ်ရုံး၌ကျင်းပခဲ့သည်။
အစည်းအဝေးတွင် နိုင်ငံလုံးဆိုင်ရာညီလာခံကျင်းပရေး၊ခရိုင်၊မြို့နယ်ပြန်ကြားရေးကော်မတီ များစာရင်းပြုစုရေးနှင့်သင်တန်းပေးရေး၊ သင်တန်းပေးရန်လိုအပ်သော အထောက်အကူပြုပစ္စည်းများပံ့ပိုးပေးနိုင်ရေး၊ ဒီလှိုင်းစာစောင်ပြန်လည်ထုတ်ဝေဖြန့်ချိရေးအခြေအနေ၊ ဗဟိုပြန်ကြားရေးကော်မတီ၏ လုပ်ဆောင်ချက်များကို သုံးလတစ်ကြိမ် အစီရင်ခံစာတင်သွင်းရေးနှင့် ဘဏ္ဍာရေးကိစ္စရပ်များကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။
အစည်းအဝေးသို့ ဗဟိုပြန်ကြားရေးကော်မတီဥက္ကဌ ဦးဥာဏ်ဝင်းနှင့် အဖွဲ့ဝင်များတက်ရောက် ဆွေးနွေးခဲ့ကြပြီး ဗဟိုအလုပ်အမှုဆောင် အဖွဲ့သို့ အကြံပြုတင်ပြရန်ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်။
လာမည့်အစည်းအဝေးကို ဇွန် ၈ ရက်တွင်ပြုလုပ်ရန်ဆုံးဖြတ်ခဲ့ကြသည်။
CIC
Unicode Version