ခုိင္ၿမဲသူယ်
ဒီလိႈင္းစာေစာင္၊ အတြဲ(၈)၊ အမွတ္(၂၆)
ဘရင္းဂန္းအလက္ ၂ဝဝ ေပ်ာက္ ဆုံးျခင္း။ ေျခာက္လုိင္းစာလုံးမ်ားသည္ သတင္းစာမ်က္နွာဖုံးမ်ားထဲမွေန၍ ကြၽန္ေတာ့္အား ၿဖဲ၍ေျခာက္ျပန္သည္။ ပူပန္ေသာစိတ္လည္း ဝင္လာျပန္သည္။ထုိ႔ေနာက္ တစ္ရက္ ႏွစ္ရက္ခန္႔ၾကာေသာ အခါ ဆရာဦးဘခ်ဳိ၊ ဗုိလ္ခ်ဳပ္ေအာင္ ဆန္း၊ ဦးသိန္းဟန္၊ ဦးဝန္၊ ဦးခင္ေဇာ္ ႏွင့္ ကြၽန္ေတာ္တုိ႔ေျခာက္ဦးသည္ လႊတ္ ေတာ္သစ္၏ ဝရန္တာတြင္ ဆုံမိၾကေလ သည္။
ဗုိလ္ခ်ဳပ္သည္ လႊတ္ေတာ္၏ဝရန္ တာေရွ႕သုိ႔ ေမွ်ာ္မွန္းလ်က္ၾကည့္ေန သည္။ ဗုိလ္ခ်ဳပ္က-”ေတာ္ၿပီဗ်ာ။ က်ဳပ္ေတာ့ ႏုိင္ငံ ေရးအနားယူၿပီးရင္ စာကေလးဘာေလး ထုိင္ၿပီး ေရးဦးမယ္။ ဒီမယ္ဗ်ာ၊ ဆရာရဲ႕။ ကြၽန္ေတာ္လည္း အႏုပညာသမားပါဗ်” ဤစကားတုိ႔မွာ ကုိသိန္းဟန္ဘက္ လွည့္ရင္းေျပာလုိက္ေသာ စကားမ်ား ျဖစ္သည္။ ကြၽန္ေတာ္ကား အႏုပညာ ဆီသုိ႔ စိတ္မေရာက္။
”ဘရင္းဂန္း အလက္ ၂ဝဝ”
ဗုိလ္ခ်ဳပ္က-”ကြၽန္ေတာ္ကေတာ့ ေရးမယ္၊ ေရးမယ္။ ေရးစရာေတြ အမ်ားႀကီးရွိ တယ္။ ဆရာခ်ဳိေျပာတဲ့အႏုပညာ အေၾကာင္း စိတ္ကူးထားတယ္။ ကြၽန္ ေတာ္တုိ႔ အေရွ႕ဘက္ခရီးထြက္မယ္ဗ်ာ။ ယုိးဒယား၊ မေလးကြၽန္းဆြယ္၊ ဘုိနီယုိ ကြၽန္း၊ ဘာလီကြၽန္း။ အုိး၊ စုံေအာင္ သြား မယ္ဗ်ာ။ ဆရာခ်ဳိအႀကိဳက္ပဲဗ်။ ဟဲဟဲ။ ဗမာအက၊ ဗမာဂီတေတြဟာ ဟုိဘက္က လွည့္လာတာေတြရွိတယ္။ ဒါေတြကုိ စုံစမ္းရမယ္။ အာရွတုိက္သားေတြ တစ္ ဦးနဲ႔ တစ္ဦးဆက္စပ္မႈရွိတယ္ဆုိတာ ေလ့လာရမယ္။ ကြၽန္ေတာ္လည္း အႏု ပညာသမားပါဗ်ာ”
ကြၽန္ေတာ္သည္ ၎တုိ႔၏အႏုပညာေဆြးေႏြးပြဲႀကီးကုိ က႑ေကာစ ျပဳခ်င္လာပါသည္။ ကြၽန္ေတာ့္ရင္ထဲမွာ စုိးရိမ္ခ်က္ဝင္လာျပန္ပါၿပီ။ လုပ္ၾကပါ ဦး အရပ္ကတုိ႔။ ဘယ့္ႏွယ္ဟာလဲ ဒီ ဘရင္းဂန္း ၂ဝဝ ဆုိတာ။
စိတ္ထဲတြင္ ဤကဲ့သုိ႔ ညည္းတြား လုိက္မိသည္။ စိတ္ထဲညည္းရာက တကယ္ပင္ ပါးစပ္မွထြက္သြားသည္။ ဗုိလ္ခ်ဳပ္၏နားနားသုိ႔ ကပ္၍ ”အဲဒါေတြ လည္း စဥ္းစားဖုိ႔ ေကာင္းတယ္” ဟု ေျပာမိပါသည္။
ဗုိလ္ခ်ဳပ္ကား တတြတ္တြတ္ႏွင့္ ေျပာဆဲ။
”ဗ်ာ၊ စုိးရိမ္စရာမရွိပါဘူး။ ခင္ဗ်ားက ပူမေနစမ္းပါနဲ႔” ”ဗုိလ္ခ်ဳပ္ကုိ လူတစ္ရာမွာ ကုိးဆယ့္ကုိးဟာ ခ်စ္တယ္ဆုိတာ ကြၽန္ေတာ္ယုံၾကည္ပါတယ္။ ဒါေပမဲ့ က်န္ တစ္ေယာက္ရဲ႕စိတ္ကုိ ကြၽန္ေတာ္တုိ႔ မသိႏုိင္ဘူး”
ဗုိလ္ခ်ဳပ္စကားေျပာပုံက ေအးစက္ စက္ႏုိင္လွသည္။ ကြၽန္ေတာ္အားမရပါ။ သုိ႔ေသာ္ ဗုိလ္ခ်ဳပ္သည္သူ႔၌ ရန္သူမရွိဟု ဆုိေနသည္။ ထုိညက အတြင္းဝန္႐ုံးအတြက္ လုံၿခံဳေရးအစီအစဥ္မ်ား ျပဳလုပ္ပါေတာ့ မည္ဟူေသာ ဆရာဦးဘခ်ဳိစကားေၾကာင့္ အမ်ားႀကီးစိတ္သက္သာရာရသျဖင့္ စိတ္ခ်လက္ခ်အိပ္လုိက္သည္။
အထက္ပါစာသားမ်ားမွာ ဆရာ ေမာင္ထင္၏ ‘ဗမာ့ေအာင္ဆန္း’ ဟု အမည္ရသည့္ အတၴဳပၸတၱိစာတမ္းငယ္ မွ ေကာက္ႏုတ္ခ်က္အခ်ဳိ႕ျဖစ္၏။ ဆရာ ေမာင္ထင္၏ စာတမ္းငယ္အရ ထုိေန႔ သည္ ၁၉၄၇ ခုႏွစ္၊ ဇူလုိင္ ၁၉ ရက္မတုိင္ ခင္ရက္ျဖစ္၏။၁၉၄၇ ခုႏွစ္၊ ဇူလုိင္လ ၁၉ ရက္။
‘မုိးလင္းကတည္းကပင္ ေကာင္း ကင္သည္ အုံ႔မႈိင္းညိဳမႈိင္းလ်က္ရွိသည္။ တိမ္တုိက္ဟူ၍ ဘာမွ်ၾကည္လင္စြာမျမင္ ရ။ မုိးကုိၾကည့္ရသည္မွာ ျမဴသန္းေန ေသာ ပင္လယ္ျပင္ႀကီးလုိ ဝုိးဝုိးဝါးဝါး ေနသည္။ မုိးသည္ ကင္းကင္းလြတ္လြတ္ စဲသည္ဟူ၍ မရွိဘဲ တဖြဲဖြဲေနလုိက္၊ တၿဖိဳင္ၿဖိဳင္ရြာခ်လုိက္ႏွင့္ ေနာက္ေစြ၍ ေနေလသည္’ ဟူ၍ ဆရာဒဂုန္တာရာ က ေသြးလႊမ္းေတာ့မည့္ ရန္ကုန္ၿမိဳ႕၏ ဇူလုိင္နံနက္ခင္းကုိ ေရးသား မွတ္တမ္း တင္ခဲ့သည္။
ထုိကဲ့သုိ႔ မုိးေစြေနေသာ ဇူလုိင္ ၁၉ ရက္သည္ ျမန္မာျပည္သူလူထုတစ္ရပ္ လုံးအတြက္ အစားထုိးမရေသာဆုံး႐ႈံး မႈနဲ႔အတူ မုိးေကာင္းကင္ႏွင့္အၿပိဳင္ မ်က္ ရည္မုိးမ်ားၿဖိဳင္ၿဖိဳင္ရြာသြန္းၿပီး ဝမ္းနည္း ပူေဆြးခဲ့ရသည္။ အဘယ္ေၾကာင့္ဆုိ ေသာ္ ျမန္မာျပည္လြတ္လပ္ေရးရရန္ လက္တစ္ကမ္းအလုိတြင္ လြတ္လပ္ေရး ဗိသုကာဗုိလ္ခ်ဳပ္ေအာင္ဆန္း လုပ္ႀကံခံလုိက္ရျခင္း ေၾကာင့္ပင္။
ျမန္မာႏုိင္ငံေရး၏ ႀကီးမားေသာ ဂငယ္ေကြ႕ဆန္ဆန္ အခ်ဳိးအေကြ႕တစ္ခုျဖစ္႐ုံသာမက တုိင္း ျပည္၏ ကံၾကမၼာကုိ တစ္မ်ဳိးတစ္ဖုံ ေျပာင္းလဲသြားေစခဲ့ေသာ ေန႔ရက္တစ္ခု ဟု ဆုိႏုိင္သည္။ ထုိေန႔နံနက္တြင္ ဝန္ႀကီးမ်ား အစည္းအေဝးရွိသည္။ အတြင္းဝန္မ်ား ႐ုံးတြင္ ဗုိလ္ခ်ဳပ္ေအာင္ဆန္း၏ ႐ုံးခန္း ႏွင့္ဆက္ေနေသာ စည္းေဝးေဆာင္၌ ဝန္ႀကီးမ်ားစုေဝးၾကသည္။ ဗုိလ္ခ်ဳပ္ သည္ ျမန္မာဝတ္စုံေရႊဖလားေရာင္ ဘန္ေကာက္လုံခ်ည္ကုိဝတ္၍ သူ၏တာ ဝါလိန္းေနအိမ္မွ ၁ဝ နာရီခန္႔တြင္ ထြက္ ခြာလာခဲ့သည္။
သူ႐ုံးသုိ႔ေရာက္ၿပီးလွ်င္ အစည္းအေဝးစတင္သည္။ ဗုိလ္ခ်ဳပ္ကထိပ္ စားပြဲတြင္ ထုိင္သည္။ လက္ဝဲလက္ယာ စားပြဲရွည္ႀကီးမ်ားတြင္ ဝန္ႀကီးမ်ားထုိင္ ၾကသည္။
အစည္းအေဝးစ၍ လူစုံသည္ဆုိလွ်င္ သတင္းအတိအက်ရၿပီးေသာ ဦးေစာက ေစလႊတ္လုိက္သည့္ တပည့္ မ်ားသည္ ၁၂ နံပါတ္တံဆိပ္ပါ စစ္ဝတ္စုံ မ်ားကုိဝတ္ဆင္၍ ေတာ္မီစက္ေသနတ္ မ်ားျဖင့္ ဝန္ႀကီးမ်ားအစည္းအေဝးေဆာင္သုိ႔ ဝင္ေရာက္ပစ္ခတ္ၾကေလသည္။ ဗုိလ္ခ်ဳပ္ေအာင္ဆန္းကရပ္၍ လက္ဟန္ျပကာ တားျမစ္ေသးသည္ ဟုဆုိ၏။ လူသတ္သမားမ်ားကမူ ဗုိလ္ခ်ဳပ္ကုိသာ အဓိကပစ္မွတ္အျဖစ္ထား ၍ သူ႔ဆီသုိ႔သာ သဲသဲမဲမဲ ပစ္ခတ္ၾက၏။ ဗုိလ္ခ်ဳပ္သည္ က်ည္ ၁၃ ခ်က္သင့္၍ က်ဆုံးေလသည္။
အစည္းအေဝးေဆာင္တစ္ခုလုံး ကုိလည္း အႏွံ႔အစပ္ပစ္ခတ္ၾကသည္။ ဝန္ႀကီး ဦးျမ(ေပ်ာ္ဘြယ္)၊ ဦးဘဂ်မ္း၊ ဦးေအာင္ဇံေဝႏွင့္ အတြင္းဝန္ဦးေရႊေဘာ္တုိ႔ ကံကူ၍ လြတ္ေျမာက္သည္။ က်န္ ဝန္ႀကီးမ်ားႏွင့္ အတြင္းဝန္ဦးအုန္းေမာင္တုိ႔ ဒဏ္ရာမ်ားစြာျဖင့္ ေနရာတြင္ပင္ က်ဆုံးသည္။ မုိင္းပြန္ေစာ္ဘြားႏွင့္ ဒီးဒုတ္ဦးဘခ်ဳိတုိ႔သည္ ေဆး႐ုံႀကီးတြင္ နာရီအနည္းငယ္ခံေသာ္လည္း က်ဆုံး သြားသည္။ ေသြးဆာေနေသာ လူသတ္သမားတုိ႔သည္ လုပ္ႀကံၿပီးအျပန္အတြင္း ဝန္႐ုံးေလွကားအနီးတြင္ ဦးရာဇတ္၏ သက္ေတာ္ေစာင့္ကုိေထြးကုိလည္း အဖ်ားခတ္ သတ္ျဖတ္ သြားၾကေသး သည္။
ထုိ ဇူလုိင္ ၁၉ရက္၊ စေနေန႔ နံနက္ ၁ဝနာရီ ၃၇ မိနစ္တြင္ ဗုိလ္ခ်ဳပ္ေအာင္ဆန္းတုိ႔ လုပ္ႀကံျခင္းခံလုိက္ရေသာ သတင္းသည္ တစ္မုဟုတ္ခ်င္း ရန္ကုန္ ၿမိဳ႕တြင္းတြင္ ပ်ံ႕၏။ ထုိ႔ေနာက္ နာရီပုိင္း အတြင္း ႏုိင္ငံသုိ႔ျပန္႔၏။ ထုိေန႔မကုန္မီ ျပည္သူက ထုိသတင္းဆုိးႀကီးကုိ ၾကား ၿပီးၾကေလၿပီ။
စိတ္လႈပ္ရွားဝမ္းနည္း ပူေဆြးၾကသည္။အေစာပုိင္းတြင္ ဗုိလ္ခ်ဳပ္ေအာင္ ဆန္း ဒဏ္ရရသည္။ မေသဟုသတင္း လႊင့္ထားရသည္။ သုိ႔ရာတြင္ သတင္းမွန္ အျပည့္အစုံကား ဖုံးကြယ္ထား၍ မရပါ။ ဖုံးကြယ္ထား၍လည္း မျဖစ္ႏုိင္ပါ။ ျပည္သူအား အမွန္အျပည့္ေျပာၿပီးမွ ျပည္သူတုိ႔ကုိ ေဖ်ာင္းဖ်စည္း႐ုံးႏုိင္မည္ ျဖစ္ေပ သည္။
ယမ္းေငြ႕မျပယ္မီ ဝန္ႀကီးမ်ား စည္းေဝးေဆာင္သုိ႔ ဝင္ေရာက္ေသာအခါ စစ္တလင္းတစ္ခုလုိ ေတြ႕ၾကရေလသည္။ က်ည္ဆန္ရာမ်ား၊ က်ည္ခြံမ်ားႏွင့္ က်ည္ဆန္မုိးရြာထား၍ ဖ႐ုိဖရဲလဲၿပိဳေန ေသာ အရာဝတၴဳမ်ား၊ ထုိအၾကားတြင္ က်ည္သင့္၍ ေသြးအလိမ္းလိမ္းက်ဆုံး ေနေသာ ပုဂၢိဳလ္မ်ား၊ အသက္ေငြ႕ေငြ႕သာ က်န္ေသာပုဂၢိဳလ္မ်ား။ လူသတ္သမားတုိ႔က ေသြးေအးေအးျဖင့္ အတားအဆီး အေႏွာင့္အယွက္မရွိ ေသခ်ာက်နစြာ လုပ္ခဲ့ၾကသည္။
က်ဆုံးစာရင္း အျပည့္ေကာက္ေသာ္ ဗုိလ္ခ်ဳပ္သာမက ဝန္ႀကီးအဖဲြ႕မွ တစ္ဝက္ေက်ာ္ေက်ာ္ ပါဝင္သည္။ ဒုတိယအတြင္းဝန္ ဦးအုန္းေမာင္နဲ႔ သက္ေတာ္ေစာင့္ကုိေထြးပါသည္။ အမ်ဳိးသား ေခါင္းေဆာင္ ဗုိလ္ခ်ဳပ္ေအာင္ဆန္း၊ ဝန္ႀကီးေျခာက္ဦး၊ အတြင္းဝန္တစ္ဦး၊ သက္ေတာ္ေစာင့္တစ္ဦး။ စာရင္းခ်ဳပ္ ေတာ့ ဗုိလ္ခ်ဳပ္ေအာင္ဆန္း (ဘုရင္ခံ ေကာင္စီ ဒု-ဥကၠ႒၊ ကာကြယ္ေရးႏွင့္ ႏုိင္ငံျခားေရးဌာန)၊ သခင္ျမ (ဘ႑ေရး ႏွင့္ အခြန္ေတာ္ဌာန)၊ ဦးဘဝင္း (ကူးသန္းေရာင္းဝယ္ေရးႏွင့္ ေထာက္ပံ့ေရးဌာန)၊ ဒီးဒုတ္ဦးဘခ်ဳိ ( ျပန္ၾကားေရးဌာန)၊ အဗၺဒူရာဇတ္ (ပညာေရးႏွင့္ အမ်ဳိးသားစီမံကိန္းဌာန)၊ မန္းဘခုိင္ (စက္မႈလက္မႈႏွင့္ အလုပ္သမားဌာန)၊ မိုင္းပြန္ေစာ္ဘြားႀကီး စဝ္စံထြန္း (နယ္ ျခားေဒသမ်ား ဆုိင္ရာဌာန)၊ ဦးအုန္းေမာင္ (ဒုတိယအတြင္းဝန္ လမ္းပန္းဆက္သြယ္ေရးဌာန)၊ ရဲေဘာ္ကိုေထြး တုိ႔ပင္ျဖစ္၏။
ဝန္ႀကီး ၇ ဦး၊ အစုိးရအဖဲြ႕၏ တစ္ဝက္ေက်ာ္ေက်ာ္၊ ကံေထာက္၍ အစည္း အေဝးေဆာင္မွ အသက္မေသလြတ္ ေျမာက္ရေသာ ဝန္ႀကီးဦးျမ (ေပ်ာ္ဘြယ္)၊ ဦးဘဂ်မ္းႏွင့္ ဦးေအာင္ဇံေဝ၊ ျပည္တြင္းတြင္ ခရီးလြန္ေနသူ ေစာစံဖုိးသင္၊ ျပည္ပတြင္ ခရီးလြန္ေနသူ ဦးေက်ာ္ၿငိမ္း။ သူတုိ႔မွလဲြ၍ ဝန္ႀကီးအဖဲြ႕တစ္ဖဲြ႕လုံး က်ဆုံးကုန္သည္။
က်ဆုံးခ့ဲေသာ ဗုိလ္ခ်ဳပ္ေအာင္ဆန္း၊ ဝန္ႀကီး ခုနစ္ဦးႏွင့္ ဦးရာဇတ္၏ သက္ေတာ္ေစာင့္ကုိေထြးတုိ႔အား လူထု တစ္ရပ္လုံးက တုိင္းျပည္အတြက္ အသက္စြန္႔လႊတ္သြားၾကေသာ အာဇာနည္မ်ားအျဖစ္ သတ္မွတ္ခ့ဲၾကသည္။ အာဇာနည္ ကိုးဦး ကြယ္လြန္ခ့ဲေသာ ၁၉၄၇ ခုႏွစ္၊ ဇူလုိင္ ၁၉ ရက္ကုိ အာဇာ နည္ေန႔အျဖစ္ စတင္သတ္မွတ္ခ့ဲၾကသည္။ ထုိေန႔ရက္ ေရာက္တုိင္း အာဇာနည္ဗိမာန္တြင္ ဝမ္းနည္းျခင္းအထိမ္း အမွတ္ လြမ္းသူ႔ပန္းေခြမ်ားႏွင့္အတူ ၁ဝ နာရီ ၃၇ မိနစ္ တြင္ တစ္ႏုိင္ငံလုံး အတုိင္း အတာျဖင့္ ဥၾသဆြဲ၍ အေလးျပဳၿငိမ္သက္ ခ့ဲၾက၏။ ၂ဝ၁၉ ခုႏွစ္၊ ဇူလုိင္ ၁၉ ရက္ဆုိလွ်င္ ၇၂ ႏွစ္ ျပည့္ေျမာက္ၿပီ။
ေသြးလႊမ္းခ့ဲေသာ ဇူလုိင္ ၁၉ တြင္ လြတ္လပ္ေရးဗိသုကာ ဗုိလ္ခ်ဳပ္ေအာင္ဆန္းႏွင့္ အာဇာနည္ ရွစ္ဦးသည္ တုိင္းျပည္အတြက္ အသက္စြန္႔လႊတ္သြားခ့ဲသည္။ သုိ႔ေသာ္ ဗုိလ္ခ်ဳပ္ကြယ္လြန္သြား ခ့ဲေသာ္လည္း ျမန္မာျပည္လူထုသည္ ဗုိလ္ခ်ဳပ္ခ်မွတ္ထားခ့ဲသည့္ လမ္းစဥ္မ်ားအတုိင္း ျမန္မာ့လြတ္လပ္ေရးရရွိေအာင္ ႀကိဳးပမ္းအေကာင္အထည္ေဖာ္ႏုိင္ခ့ဲၾက သည္။
လြတ္လပ္ေရးရရန္အတြက္ အသက္ေပးစြန္႔လႊတ္ခ့ဲေသာ ဗုိလ္ခ်ဳပ္ကုိ ကြၽန္ေတာ္တုိ႔ ျပည္သူမ်ားအားလုံးခ်စ္ ၾကသည္။ ျပည္သူခ်စ္ေသာ ဗုိလ္ခ်ဳပ္ အသက္စြန္႔ရက်ဳိးနပ္ေအာင္ ကြၽန္ေတာ္ တုိ႔သည္ ယခုပစၥဳပၸန္ႏွင့္ အနာဂတ္တြင္ ဘာလုပ္ၾကမည္နည္း။
ကြၽန္ေတာ္တုိ႔၏ ဗုဒၶျမတ္စြာဘုရား ပရိနိဗၺာန္စံေတာ္မူကာနီးတြင္ ညီေတာ္ အာနႏၵာကုိ မိန္႔မွာေတာ္ မူခ့ဲသည္။ အလြန္ပူေဆြးၿပီး ႐ႈိက္ႀကီးတင္ငုိေၾကြးေနေသာ ညီေတာ္အာနႏၵာအား ” ခ်စ္ သားအာနႏၵာ၊ ငုိေၾကြးေနျခင္းျဖင့္ ငါ ဘုရားကုိ ခ်စ္ျမတ္ႏုိးသည္ မမည္။ ငါ ဘုရားကုိ တကယ္ခ်စ္ျမတ္ႏုိးပါလွ်င္ ငါဘုရားမရွိသည့္ေနာက္ ငါဘုရားေဟာ ၾကားေတာ္မူခ့ဲေသာ တရားေတာ္ အတုိင္း က်င့္ႀကံပါေလ” ဟု ျမတ္စြာ ဘုရားက မိန္႔ေတာ္မူခ့ဲေလ၏။ ထုိက့ဲသုိ႔ နီးနီးပင္ ကြၽန္ေတာ္တုိ႔သည္ ဗုိလ္ခ်ဳပ္အတြက္ ငုိေၾကြးဝမ္းနည္းကာ လြမ္းေမာ တမ္းတခ့ဲၾကသည္။ သုိ႔ေသာ္ ဗုိလ္ခ်ဳပ္ကုိ အမွန္တကယ္ ခ်စ္ပါက ဗုိလ္ခ်ဳပ္ကုိ တမ္းတငုိေၾကြးပူေဆြးေနသည္ထက္ သူ ခ်မွတ္ခ့ဲေသာ က်င့္သုံးခ့ဲေသာ လမ္းစဥ္ မ်ားအတုိင္း ေမွ်ာ္မွန္းခ်က္မ်ားအတုိင္း ယခုပစၥဳပၸန္တြင္ လုိက္နာဖုိ႔ လုပ္ကုိင္ ေဆာင္ရြက္ၾကဖုိ႔ လုိေပသည္။
ထုိအခါ ဗုိလ္ခ်ဳပ္သည္ မည္က့ဲသုိ႔ ေသာ လမ္းစဥ္မ်ား ခ်မွတ္က်င့္သုံးခ့ဲ သနည္း။ မည္သည့္ေမွ်ာ္မွန္းခ်က္မ်ား ကိန္းဝပ္တည္ရွိခ့ဲသနည္း။ ဗုိလ္ခ်ဳပ္၏ မ်ားျပားေသာမိန္႔ခြန္းမ်ားႏွင့္ ရဲဝံ့ ျပတ္သားစြာ လုပ္ကုိင္ေဆာင္ရြက္မႈမ်ား ကုိ ၿခံဳငုံသုံးသပ္ၾကည့္ပါက ရွင္းလင္းစြာ အေျဖေပၚပါသည္။ ထုိအရာမ်ားမွာ လြတ္လပ္ေရးရရွိေရး၊ တုိင္းရင္းသား ေသြးစည္းညီၫြတ္ေရး၊ ၿငိမ္းခ်မ္းေရးႏွင့္ ဒီမုိကေရစီဖက္ဒရယ္ျပည္ေထာင္စုေပၚ ထြန္းေရးတုိ႔ပင္ျဖစ္သည္။ ထုိ႔ေၾကာင့္ ကြၽန္ေတာ္တုိ႔သည္ ရရွိထားေသာ လြတ္ လပ္ေရးကုိ တန္ဖုိးထား၍ ထိန္းသိမ္း ေစာင့္ေရွာက္႐ုံသာမက ဗုိလ္ခ်ဳပ္၏ ေမွ်ာ္မွန္းခ်က္မ်ားကုိ မိမိတတ္ႏုိင္သည့္ တစ္ေထာင့္တစ္ေနရာမွ ဆက္လက္ အေကာင္အထည္ ေဖာ္သြားၾကရန္ လုိ အပ္၏။ သုိ႔မွသာ လြတ္လပ္ေရးအတြက္ အသက္ေပးစေတးသြားခ့ဲၾကေသာ ဗုိလ္ ခ်ဳပ္ႏွင့္ အာဇာနည္ ရွစ္ဦးကုိသာမက အျခားေသာ အညတရအာဇာနည္မ်ား ကုိပါ အမွန္တကယ္ ဦးၫြတ္ဂုဏ္ျပဳရာ ေရာက္ေပလိမ့္မည္။
(zawgyi version)
——————————————————————————————————————-
သမိုင်းထဲက သွေးလွှမ်းသော ၁၉ ဇူလိုင်နှင့် လွမ်းသူ့ပစ္စုပ္ပန်
ခိုင်မြဲသူယျ
ဒီလှိုင်းစာစောင်၊ အတွဲ(၈)၊ အမှတ်(၂၆)
ဘရင်းဂန်းအလက် ၂ဝဝ ပျောက် ဆုံးခြင်း။ ခြောက်လိုင်းစာလုံးများသည် သတင်းစာမျက်နှာဖုံးများထဲမှနေ၍ ကျွန်တော့်အား ဖြဲ၍ခြောက်ပြန်သည်။ပူပန်သောစိတ်လည်း ဝင်လာပြန်သည်။ထို့နောက် တစ်ရက် နှစ်ရက်ခန့်ကြာသော အခါ ဆရာဦးဘချို၊ ဗိုလ်ချုပ်အောင် ဆန်း၊ ဦးသိန်းဟန်၊ ဦးဝန်၊ ဦးခင်ဇော် နှင့် ကျွန်တော်တို့ခြောက်ဦးသည် လွှတ် တော်သစ်၏ ဝရန်တာတွင် ဆုံမိကြလေ သည်။
ဗိုလ်ချုပ်သည် လွှတ်တော်၏ဝရန် တာရှေ့သို့ မျှော်မှန်းလျက်ကြည့်နေ သည်။ ဗိုလ်ချုပ်က-
”တော်ပြီဗျာ။ ကျုပ်တော့ နိုင်ငံ ရေးအနားယူပြီးရင် စာကလေးဘာလေး ထိုင်ပြီး ရေးဦးမယ်။ ဒီမယ်ဗျာ၊ ဆရာရဲ့။ ကျွန်တော်လည်း အနုပညာသမားပါဗျ”
ဤစကားတို့မှာ ကိုသိန်းဟန်ဘက် လှည့်ရင်းပြောလိုက်သော စကားများ ဖြစ်သည်။ ကျွန်တော်ကား အနုပညာ ဆီသို့ စိတ်မရောက်။
”ဘရင်းဂန်း အလက် ၂ဝဝ”
ဗိုလ်ချုပ်က-
”ကျွန်တော်ကတော့ ရေးမယ်၊ ရေးမယ်။ ရေးစရာတွေ အများကြီးရှိ တယ်။ ဆရာချိုပြောတဲ့အနုပညာ အကြောင်း စိတ်ကူးထားတယ်။ ကျွန် တော်တို့ အရှေ့ဘက်ခရီးထွက်မယ်ဗျာ။ ယိုးဒယား၊ မလေးကျွန်းဆွယ်၊ ဘိုနီယို ကျွန်း၊ ဘာလီကျွန်း။ အိုး၊ စုံအောင် သွား မယ်ဗျာ။ ဆရာချိုအကြိုက်ပဲဗျ။ ဟဲဟဲ။ ဗမာအက၊ ဗမာဂီတတွေဟာ ဟိုဘက်က လှည့်လာတာတွေရှိတယ်။ ဒါတွေကို စုံစမ်းရမယ်။ အာရှတိုက်သားတွေ တစ် ဦးနဲ့ တစ်ဦးဆက်စပ်မှုရှိတယ်ဆိုတာ လေ့လာရမယ်။ ကျွန်တော်လည်း အနု ပညာသမားပါဗျာ”
ကျွန်တော်သည် ၎င်းတို့၏အနုပညာဆွေးနွေးပွဲကြီးကို ကဏ္ဍကောစ ပြုချင်လာပါသည်။ ကျွန်တော့်ရင်ထဲမှာ စိုးရိမ်ချက်ဝင်လာပြန်ပါပြီ။ လုပ်ကြပါ ဦး အရပ်ကတို့။ ဘယ့်နှယ်ဟာလဲ ဒီ ဘရင်းဂန်း ၂ဝဝ ဆိုတာ။
စိတ်ထဲတွင် ဤကဲ့သို့ ညည်းတွား လိုက်မိသည်။ စိတ်ထဲညည်းရာက တကယ်ပင် ပါးစပ်မှထွက်သွားသည်။ ဗိုလ်ချုပ်၏နားနားသို့ ကပ်၍ ”အဲဒါတွေ လည်း စဉ်းစားဖို့ ကောင်းတယ်” ဟု ပြောမိပါသည်။
ဗိုလ်ချုပ်ကား တတွတ်တွတ်နှင့် ပြောဆဲ။
”ဗျာ၊ စိုးရိမ်စရာမရှိပါဘူး။ ခင်ဗျားက ပူမနေစမ်းပါနဲ့”
”ဗိုလ်ချုပ်ကို လူတစ်ရာမှာ ကိုးဆယ့်ကိုးဟာ ချစ်တယ်ဆိုတာ ကျွန်တော်ယုံကြည်ပါတယ်။ ဒါပေမဲ့ ကျန် တစ်ယောက်ရဲ့စိတ်ကို ကျွန်တော်တို့ မသိနိုင်ဘူး”
ဗိုလ်ချုပ်စကားပြောပုံက အေးစက် စက်နိုင်လှသည်။ ကျွန်တော်အားမရပါ။ သို့သော် ဗိုလ်ချုပ်သည် သူ့၌ ရန်သူမရှိဟု ဆိုနေသည်။
ထိုညက အတွင်းဝန်ရုံးအတွက် လုံခြုံရေးအစီအစဉ်များ ပြုလုပ်ပါတော့ မည်ဟူသော ဆရာဦးဘချိုစကားကြောင့် အများကြီးစိတ်သက်သာရာရသဖြင့် စိတ်ချလက်ချအိပ်လိုက်သည်။
အထက်ပါစာသားများမှာ ဆရာ မောင်ထင်၏ ‘ဗမာ့အောင်ဆန်း’ ဟု အမည်ရသည့် အတ္ထုပ္ပတ္တိစာတမ်းငယ် မှ ကောက်နုတ်ချက်အချို့ဖြစ်၏။ ဆရာ မောင်ထင်၏ စာတမ်းငယ်အရ ထိုနေ့ သည် ၁၉၄၇ ခုနှစ်၊ ဇူလိုင် ၁၉ ရက်မတိုင် ခင်ရက်ဖြစ်၏။
၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်။
‘မိုးလင်းကတည်းကပင် ကောင်း ကင်သည် အုံ့မှိုင်းညိုမှိုင်းလျက်ရှိသည်။ တိမ်တိုက်ဟူ၍ ဘာမျှကြည်လင်စွာမမြင် ရ။ မိုးကိုကြည့်ရသည်မှာ မြူသန်းနေ သော ပင်လယ်ပြင်ကြီးလို ဝိုးဝိုးဝါးဝါး နေသည်။ မိုးသည် ကင်းကင်းလွတ်လွတ် စဲသည်ဟူ၍ မရှိဘဲ တဖွဲဖွဲနေလိုက်၊ တဖြိုင်ဖြိုင်ရွာချလိုက်နှင့် နောက်စွေ၍ နေလေသည်’ ဟူ၍ ဆရာဒဂုန်တာရာ က သွေးလွှမ်းတော့မည့် ရန်ကုန်မြို့၏ ဇူလိုင်နံနက်ခင်းကို ရေးသား မှတ်တမ်း တင်ခဲ့သည်။
ထိုကဲ့သို့ မိုးစွေနေသော ဇူလိုင် ၁၉ ရက်သည် မြန်မာပြည်သူလူထုတစ်ရပ် လုံးအတွက် အစားထိုးမရသောဆုံးရှုံး မှုနဲ့အတူ မိုးကောင်းကင်နှင့်အပြိုင် မျက် ရည်မိုးများဖြိုင်ဖြိုင်ရွာသွန်းပြီး ဝမ်းနည်း ပူဆွေးခဲ့ရသည်။ အဘယ်ကြောင့်ဆို သော် မြန်မာပြည်လွတ်လပ်ရေးရရန် လက်တစ်ကမ်းအလိုတွင် လွတ်လပ်ရေး ဗိသုကာဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံ ခံလိုက်ရခြင်းကြောင့်ပင်။ မြန်မာနိုင်ငံ ရေး၏ ကြီးမားသော ဂငယ်ကွေ့ဆန်ဆန် အချိုးအကွေ့တစ်ခုဖြစ်ရုံသာမက တိုင်း ပြည်၏ ကံကြမ္မာကို တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားစေခဲ့သော နေ့ရက်တစ်ခု ဟု ဆိုနိုင်သည်။
ထိုနေ့နံနက်တွင် ဝန်ကြီးများ အစည်းအဝေးရှိသည်။ အတွင်းဝန်များ ရုံးတွင် ဗိုလ်ချုပ်အောင်ဆန်း၏ ရုံးခန်း နှင့်ဆက်နေသော စည်းဝေးဆောင်၌ ဝန်ကြီးများစုဝေးကြသည်။ ဗိုလ်ချုပ် သည် မြန်မာဝတ်စုံရွှေဖလားရောင် ဘန်ကောက်လုံချည်ကိုဝတ်၍ သူ၏တာ ဝါလိန်းနေအိမ်မှ ၁ဝ နာရီခန့်တွင် ထွက် ခွာလာခဲ့သည်။
သူရုံးသို့ရောက်ပြီးလျှင် အစည်း အဝေးစတင်သည်။ ဗိုလ်ချုပ်က ထိပ် စားပွဲတွင် ထိုင်သည်။ လက်ဝဲလက်ယာ စားပွဲရှည်ကြီးများတွင် ဝန်ကြီးများထိုင် ကြသည်။
အစည်းအဝေးစ၍ လူစုံသည်ဆို လျှင် သတင်းအတိအကျရပြီးသော ဦးစောက စေလွှတ်လိုက်သည့် တပည့် များသည် ၁၂ နံပါတ်တံဆိပ်ပါ စစ်ဝတ်စုံ များကိုဝတ်ဆင်၍ တော်မီစက်သေနတ် များဖြင့် ဝန်ကြီးများအစည်းအဝေး ဆောင်သို့ ဝင်ရောက်ပစ်ခတ်ကြလေ သည်။ ဗိုလ်ချုပ်အောင်ဆန်းကရပ်၍ လက်ဟန်ပြကာ တားမြစ်သေးသည် ဟုဆို၏။ လူသတ်သမားများကမူ ဗိုလ် ချုပ်ကိုသာ အဓိကပစ်မှတ်အဖြစ်ထား ၍ သူ့ဆီသို့သာ သဲသဲမဲမဲ ပစ်ခတ်ကြ၏။ ဗိုလ်ချုပ်သည် ကျည် ၁၃ ချက်သင့်၍ ကျဆုံးလေသည်။
အစည်းအဝေးဆောင်တစ်ခုလုံး ကိုလည်း အနှံ့အစပ်ပစ်ခတ်ကြသည်။ ဝန်ကြီး ဦးမြ(ပျော်ဘွယ်)၊ ဦးဘဂျမ်း၊ ဦးအောင်ဇံဝေနှင့် အတွင်းဝန်ဦးရွှေဘော် တို့ ကံကူ၍ လွတ်မြောက်သည်။ ကျန် ဝန်ကြီးများနှင့် အတွင်းဝန်ဦးအုန်းမောင် တို့ ဒဏ်ရာများစွာဖြင့် နေရာတွင်ပင် ကျဆုံးသည်။ မိုင်းပွန်စော်ဘွားနှင့် ဒီး ဒုတ်ဦးဘချိုတို့သည် ဆေးရုံကြီးတွင် နာရီအနည်းငယ်ခံသော်လည်း ကျဆုံး သွားသည်။ သွေးဆာနေသော လူသတ် သမားတို့သည် လုပ်ကြံပြီးအပြန်အတွင်း ဝန်ရုံးလှေကားအနီးတွင် ဦးရာဇတ်၏ သက်တော်စောင့်ကိုထွေးကိုလည်း အဖျားခတ်သတ်ဖြတ်သွားကြသေး သည်။
ထို ဇူလိုင် ၁၉ရက်၊ စနေနေ့ နံနက် ၁ဝနာရီ ၃၇ မိနစ်တွင် ဗိုလ်ချုပ်အောင် ဆန်းတို့ လုပ်ကြံခြင်းခံလိုက်ရသော သတင်းသည် တစ်မုဟုတ်ချင်း ရန်ကုန် မြို့တွင်းတွင် ပျံ့၏။ ထို့နောက် နာရီပိုင်း အတွင်း နိုင်ငံသို့ပြန့်၏။ ထိုနေ့မကုန်မီ ပြည်သူက ထိုသတင်းဆိုးကြီးကို ကြား ပြီးကြလေပြီ။ စိတ်လှုပ်ရှားဝမ်းနည်း ပူဆွေးကြသည်။
အစောပိုင်းတွင် ဗိုလ်ချုပ်အောင် ဆန်း ဒဏ်ရရသည်။ မသေဟုသတင်း လွှင့်ထားရသည်။ သို့ရာတွင် သတင်းမှန် အပြည့်အစုံကား ဖုံးကွယ်ထား၍ မရပါ။ဖုံးကွယ်ထား၍လည်း မဖြစ်နိုင်ပါ။ပြည် သူအား အမှန်အပြည့်ပြောပြီးမှ ပြည်သူ တို့ကို ဖျောင်းဖျစည်းရုံးနိုင်မည် ဖြစ်ပေ သည်။
ယမ်းငွေ့မပြယ်မီ ဝန်ကြီးများ စည်းဝေးဆောင်သို့ ဝင်ရောက်သော အခါ စစ်တလင်းတစ်ခုလိုတွေ့ကြရလေ သည်။ ကျည်ဆန်ရာများ၊ ကျည်ခွံများနှင့် ကျည်ဆန်မိုးရွာထား၍ ဖရိုဖရဲလဲပြိုနေ သော အရာဝတ္ထုများ၊ ထိုအကြားတွင် ကျည်သင့်၍ သွေးအလိမ်းလိမ်းကျဆုံး နေသော ပုဂ္ဂိုလ်များ၊ အသက်ငွေ့ငွေ့သာ ကျန်သောပုဂ္ဂိုလ်များ။ လူသတ်သမားတို့ က သွေးအေးအေးဖြင့် အတားအဆီး အနှောင့်အယှက်မရှိ သေချာကျနစွာ လုပ်ခဲ့ကြသည်။
ကျဆုံးစာရင်း အပြည့်ကောက် သော် ဗိုလ်ချုပ်သာမက ဝန်ကြီးအဖွဲ့မှ တစ်ဝက်ကျော်ကျော် ပါဝင်သည်။ ဒုတိယအတွင်းဝန် ဦးအုန်းမောင်နဲ့ သက် တော်စောင့်ကိုထွေးပါသည်။ အမျိုးသား ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၊ ဝန်ကြီးခြောက်ဦး၊ အတွင်းဝန်တစ်ဦး၊ သက်တော်စောင့်တစ်ဦး။ စာရင်းချုပ် တော့ ဗိုလ်ချုပ်အောင်ဆန်း (ဘုရင်ခံ ကောင်စီ ဒု-ဥက္ကဋ္ဌ၊ ကာကွယ်ရေးနှင့် နိုင်ငံခြားရေးဌာန)၊ သခင်မြ (ဘဏ္ဍရေး နှင့် အခွန်တော်ဌာန)၊ ဦးဘဝင်း (ကူး သန်းရောင်းဝယ်ရေးနှင့် ထောက်ပံ့ရေး ဌာန)၊ ဒီးဒုတ်ဦးဘချို ( ပြန်ကြားရေး ဌာန)၊ အဗ္ဗဒူရာဇတ်(ပညာရေးနှင့် အမျိုးသားစီမံကိန်းဌာန)၊ မန်းဘခိုင် (စက်မှုလက်မှုနှင့် အလုပ်သမားဌာန)၊ မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း (နယ် ခြားဒေသများဆိုင်ရာဌာန)၊ ဦးအုန်း မောင် (ဒုတိယအတွင်းဝန် လမ်းပန်း ဆက်သွယ်ရေးဌာန)၊ ရဲဘော် ကိုထွေး တို့ပင်ဖြစ်၏။
ဝန်ကြီး ၇ ဦး၊ အစိုးရအဖွဲ့၏ တစ် ဝက်ကျော်ကျော်၊ ကံထောက်၍ အစည်း အဝေးဆောင်မှ အသက်မသေလွတ် မြောက်ရသော ဝန်ကြီးဦးမြ (ပျော် ဘွယ်)၊ ဦးဘဂျမ်းနှင့် ဦးအောင်ဇံဝေ၊ ပြည်တွင်းတွင် ခရီးလွန်နေသူ စောစံဖိုး သင်၊ ပြည်ပတွင် ခရီးလွန်နေသူ ဦးကျော် ငြိမ်း။ သူတို့မှလွဲ၍ ဝန်ကြီးအဖွဲ့တစ်ဖွဲ့လုံး ကျဆုံးကုန်သည်။
ကျဆုံးခဲ့သော ဗိုလ်ချုပ်အောင် ဆန်း၊ ဝန်ကြီး ခုနစ်ဦးနှင့် ဦးရာဇတ်၏ သက်တော်စောင့်ကိုထွေးတို့အား လူထု တစ်ရပ်လုံးက တိုင်းပြည်အတွက် အသက်စွန့်လွှတ်သွားကြသော အာဇာ နည်များအဖြစ် သတ်မှတ်ခဲ့ကြသည်။အာဇာနည် ကိုးဦး ကွယ်လွန်ခဲ့သော ၁၉၄၇ ခုနှစ်၊ ဇူလိုင် ၁၉ ရက်ကို အာဇာ နည်နေ့အဖြစ် စတင်သတ်မှတ်ခဲ့ကြ သည်။ ထိုနေ့ရက် ရောက်တိုင်း အာဇာ နည်ဗိမာန်တွင် ဝမ်းနည်းခြင်းအထိမ်း အမှတ် လွမ်းသူ့ပန်းခွေများနှင့်အတူ ၁ဝ နာရီ ၃၇ မိနစ် တွင် တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် ဥသြဆွဲ၍ အလေးပြုငြိမ်သက် ခဲ့ကြ၏။ ၂ဝ၁၉ ခုနှစ်၊ ဇူလိုင် ၁၉ ရက်ဆိုလျှင် ၇၂ နှစ် ပြည့်မြောက်ပြီ။
သွေးလွှမ်းခဲ့သော ဇူလိုင် ၁၉ တွင် လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင် ဆန်းနှင့် အာဇာနည် ရှစ်ဦးသည် တိုင်း ပြည်အတွက် အသက်စွန့်လွှတ်သွားခဲ့ သည်။ သို့သော် ဗိုလ်ချုပ်ကွယ်လွန်သွား ခဲ့သော်လည်း မြန်မာပြည်လူထုသည် ဗိုလ်ချုပ်ချမှတ်ထားခဲ့သည့် လမ်းစဉ်များ အတိုင်း မြန်မာ့လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းအကောင်အထည်ဖော်နိုင်ခဲ့ကြ သည်။ လွတ်လပ်ရေးရရန်အတွက် အသက်ပေးစွန့်လွှတ်ခဲ့သော ဗိုလ်ချုပ်ကို ကျွန်တော်တို့ ပြည်သူများအားလုံးချစ် ကြသည်။ ပြည်သူချစ်သော ဗိုလ်ချုပ် အသက်စွန့်ရကျိုးနပ်အောင် ကျွန်တော် တို့သည် ယခု ပစ္စုပ္ပန်နှင့် အနာဂတ်တွင် ဘာလုပ်ကြမည်နည်း။
ကျွန်တော်တို့၏ ဗုဒ္ဓမြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူကာနီးတွင် ညီတော် အာနန္ဒာကို မိန့်မှာတော်မူခဲ့သည်။အလွန်ပူဆွေးပြီး ရှိုက်ကြီးတင်ငိုကြွေး နေသော ညီတော်အာနန္ဒာအား ” ချစ် သားအာနန္ဒာ၊ ငိုကြွေးနေခြင်းဖြင့် ငါ ဘုရားကို ချစ်မြတ်နိုးသည် မမည်။ ငါ ဘုရားကို တကယ်ချစ်မြတ်နိုးပါလျှင် ငါဘုရားမရှိသည့်နောက် ငါဘုရားဟော ကြားတော်မူခဲ့သော တရားတော် အတိုင်း ကျင့်ကြံပါလေ” ဟု မြတ်စွာ ဘုရားက မိန့်တော်မူခဲ့လေ၏။ ထိုကဲ့သို့ နီးနီးပင် ကျွန်တော်တို့သည် ဗိုလ်ချုပ် အတွက် ငိုကြွေးဝမ်းနည်းကာ လွမ်းမော တမ်းတခဲ့ကြသည်။ သို့သော် ဗိုလ်ချုပ်ကို အမှန်တကယ် ချစ်ပါက ဗိုလ်ချုပ်ကို တမ်းတငိုကြွေးပူဆွေးနေသည်ထက် သူ ချမှတ်ခဲ့သော ကျင့်သုံးခဲ့သော လမ်းစဉ် များအတိုင်း မျှော်မှန်းချက်များအတိုင်း ယခုပစ္စုပ္ပန်တွင် လိုက်နာဖို့ လုပ်ကိုင် ဆောင်ရွက်ကြဖို့ လိုပေသည်။
ထိုအခါ ဗိုလ်ချုပ်သည် မည်ကဲ့သို့ သော လမ်းစဉ်များ ချမှတ်ကျင့်သုံးခဲ့ သနည်း။ မည်သည့်မျှော်မှန်းချက်များ ကိန်းဝပ်တည်ရှိခဲ့သနည်း။ ဗိုလ်ချုပ်၏ များပြားသောမိန့်ခွန်းများနှင့် ရဲဝံ့ ပြတ်သားစွာ လုပ်ကိုင်ဆောင်ရွက်မှုများ ကို ခြုံငုံသုံးသပ်ကြည့်ပါက ရှင်းလင်းစွာ အဖြေပေါ်ပါသည်။ ထိုအရာများမှာ လွတ်လပ်ရေးရရှိရေး၊ တိုင်းရင်းသား သွေးစည်းညီညွတ်ရေး၊ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုပေါ် ထွန်းရေးတို့ပင်ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်တို့သည် ရရှိထားသော လွတ် လပ်ရေးကို တန်ဖိုးထား၍ ထိန်းသိမ်း စောင့်ရှောက်ရုံသာမက ဗိုလ်ချုပ်၏ မျှော်မှန်းချက်များကို မိမိတတ်နိုင်သည့် တစ်ထောင့်တစ်နေရာမှ ဆက်လက် အကောင်အထည် ဖော်သွားကြရန် လို အပ်၏။ သို့မှသာ လွတ်လပ်ရေးအတွက် အသက်ပေးစတေးသွားခဲ့ကြသော ဗိုလ် ချုပ်နှင့် အာဇာနည် ရှစ်ဦးကိုသာမက အခြားသော အညတရအာဇာနည်များ ကိုပါ အမှန်တကယ် ဦးညွတ်ဂုဏ်ပြုရာ ရောက်ပေလိမ့်မည်။
(unicode version)