ေမာ္လၿမိဳင္ ၾသဂုတ္ ၁၂
အမ်ဳိးသားသဘာ၀ေဘးအႏၱရာယ္ဆုိင္ရာ စီမံခန္႔ခဲြမႈေကာ္မတီ ဥကၠ႒၊ ဒုတိယ သမၼတ ဦးဟင္နရီဗန္ထီးယူသည္ ယေန႔ နံနက္ပုိင္းက ေမာ္လၿမိဳင္ၿမိဳ႕ ျပည္နယ္ ခန္းမတြင္ ျပဳလုပ္သည့္ မြန္ျပည္နယ္အတြင္း မုိးသည္းထန္စြာရြာသြန္းမႈေၾကာင့္ သဘာ၀ေဘးသင့္ျပည္သူမ်ားအတြက္ အမ်ဳိးသားသဘာ၀ေဘး အႏၱရာယ္ဆုိင္ရာ စီမံခန္႔ခဲြမႈေကာ္မတီသုိ႔ ျမန္မာႏုိင္ငံဆန္စပါးအသင္းခ်ဳပ္၏ ဦးေဆာင္မႈျဖင့္ ျမန္မာႏုိင္ငံ ဆန္စက္လုပ္ငန္းရွင္မ်ားအသင္း၊ ျမန္မာႏုိင္ငံဆန္စပါး ကုန္သည္မ်ားအသင္း၊ တုိင္းေဒသႀကီးႏွင့္ျပည္နယ္မ်ားမွ အသင္းခဲြမ်ား၊ ကုန္စည္ဒုိင္မ်ားႏွင့္ ဆန္စပါးလုပ္ငန္း လုပ္ကုိင္သူမ်ားက ဆန္အိတ္ ၂၂၅၀ ၊ ေငြက်ပ္သိန္း ၂၀၀ ႏွင့္ ဓာတ္ေျမၾသဇာအိတ္ ၃၇၀ ေပးအပ္လွဴဒါန္းပဲြ အခမ္းအနားသုိ႔ တက္ေရာက္အမွာ စကားေျပာၾကားသည္။
ေပးအပ္လွဴဒါန္းပဲြ အခမ္းအနားသုိ႔ မြန္ျပည္နယ္၀န္ႀကီးခ်ဳပ္ ေဒါက္တာေအးဇံ၊ ဒုတိယ ၀န္ႀကီးမ်ား ျဖစ္ၾကသည့္ ဗုိလ္ခ်ဳပ္ျမင့္ႏြယ္၊ ဦးတင္ျမင့္၊ ဦးလွေက်ာ္၊ ဦးစုိးေအာင္ ႏွင့္ ဌာနဆုိင္ရာတာ၀န္ရွိသူမ်ား၊ ျမန္မာႏုိင္ငံဆန္စပါး အသင္းခ်ဳပ္ဥကၠဌ ဦးရဲမင္းေအာင္ ႏွင့္ ညီေနာင္အသင္းမ်ားမွ တာ၀န္ရွိသူမ်ား တက္ေရာက္ၾကသည္။
ေရွးဦးစြာ ဒုတိယသမၼတက အမွာစကားေျပာၾကားရာတြင္ ျမန္မာႏုိင္ငံအတြင္း သဘာ၀ေဘးအႏၱရာယ္ ႀကံဳေတြ႔ရတုိင္း ႏုိင္ငံေတာ္အစုိးရႏွင့္အတူ ျပည္တြင္းရွိ အဖဲြ႔အစည္းမ်ား၊ လုပ္ငန္းရွင္မ်ားအေနျဖင့္ လုိအပ္သည့္ေထာက္ပံ့ကူညီမႈမ်ားကုိ အစဥ္ေဆာင္ရြက္ခဲ့ၾကပါေၾကာင္း၊ ျမန္မာႏုိင္ငံဆန္စပါး အသင္းခ်ဳပ္ႏွင့္ ညီေနာင္အဖဲြ႔အစည္း မ်ားအေနျဖင့္လည္း သဘာ၀ေဘးဒဏ္ က်ေရာက္ခဲ့သည့္ မြန္ျပည္နယ္အတြင္းရွိ ေရေဘးသင့္ျပည္သူမ်ားအတြက္ လုိအပ္သည့္ ေထာက္ပ့ံမႈမ်ား အကူအညီေပးသည့္ အတြက္ အမ်ဳိးသားသဘာ၀ေဘး အႏၱရာယ္ဆုိင္ရာစီမံခန္႔ခဲြမႈေကာ္မတီကုိယ္စား ေက်းဇူးတင္ အသိအမွတ္ျပဳပါေၾကာင္း၊ သဘာ၀ေဘးအႏၱရာယ္ က်ေရာက္ခ်ိန္တြင္ ကူညီေထာက္ပံ့ေရးႏွင့္ ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ားတြင္ ႏုိင္ငံေတာ္အစုိးရႏွင့္ အတူ ယခုကဲ့သုိ႔ ဆက္လက္ပူးေပါင္းေဆာင္ရြက္ၾကမည္ဟု ယုံၾကည္ေမွ်ာ္လင့္ပါ ေၾကာင္း ေျပာၾကားသည္။
ထုိ႔ေနာက္ ဒုတိယသမၼတ ထံ ျမန္မာႏုိင္ငံဆန္စပါးအသင္းခ်ဳပ္ဥကၠ႒ႏွင့္ တာ၀န္ရွိ သူမ်ားက မြန္ျပည္နယ္အတြင္း သဘာ၀ေဘးသင့္ျပည္သူမ်ားအတြက္ ဆန္အိတ္ ၂၂၅၀ ကုိ ေပးအပ္လွဴဒါန္းသည္။
ဆက္လက္၍ ေငြက်ပ္ သိန္း ၂၀၀ ႏွင့္ ဓာတ္ေျမၾသဇာ ၃၇၀ အိတ္ကုိ ေပးအပ္ လွဴဒါန္းရာ မြန္ျပည္နယ္၀န္ႀကီးခ်ဳပ္ႏွင့္ ဒုတိယ၀န္ႀကီး ဦးစုိးေအာင္တုိ႔က လက္ခံရယူ သည္။
ယင္းေနာက္ အမ်ဳိးသားသဘာ၀ေဘး အႏၱရာယ္ဆုိင္ရာစီမံခန္႔ခဲြမႈေကာ္မတီ က ေပးအပ္သည့္ ဂုဏ္ျပဳမွတ္တမ္းလႊာကုိ ဒုတိယ၀န္ႀကီးဦးစုိးေအာင္က ျမန္မာႏုိင္ငံ ဆန္စပါးအသင္းခ်ဳပ္ဥကၠ႒ႏွင့္ တာ၀န္ရွိသူမ်ားထံ ေပးအပ္ၿပီး ၀န္ႀကီးခ်ဳပ္က ေက်းဇူးတင္စကား ေျပာၾကားသည္။
ထုိ႔ေနာက္ ဒုတိယသမၼတသည္ ျပည္နယ္၀န္ႀကီးခ်ဳပ္၊ ဒုတိယ၀န္ႀကီးမ်ား၊ ဌာနဆုိင္ရာတာ၀န္ရွိသူမ်ားႏွင့္အတူ က်ဳိက္မေရာၿမိဳ႕ ရေသ့ေက်ာင္းတြင္ ယာယီ ဖြင့္လွစ္ထားသည့္ ကယ္ဆယ္ေရးစခန္းသုိ႔ ေရာက္ရွိရာ ကယ္ဆယ္ေရးစခန္းတြင္ ဒုတိယသမၼတအား ျပည္နယ္၀န္ႀကီးခ်ဳပ္ႏွင့္တာ၀န္ရွိသူမ်ားက က်ဳိက္မေရာ ၿမိဳ႕နယ္ အတြင္း ႏွစ္စဥ္ေရႀကီးမႈအေျခအေန၊ ေရေဘးသင့္ျပည္သူမ်ားအား ကူညီကယ္ဆယ္ ေထာက္ပံ့ထားရွိမႈအေျခအေနႏွင့္ ေရႀကီီးမႈအႏၱရာယ္မွ ေလွ်ာ့ခ်ႏုိင္ရန္အတြက္ စီစဥ္ေဆာင္ရြက္ထားရွိမႈ အေျခအေနမ်ားကုိ ရွင္းလင္းတင္ျပၿပီး ဒုတိယသမၼတက ေရေဘးသင့္ျပည္သူမ်ားအား အားေပးစကားေျပာၾကားကာ ေထာက္ပံ့ေငြ၊ ဆန္၊ ေခါက္ဆဲြေျခာက္ထုတ္ႏွင့္ ငါးေသတၱာဘူးမ်ား ေထာက္ပ့ံေပးအပ္သည္။
ဆက္လက္၍ ဒုတိယသမၼတႏွင့္ အဖဲြ႔သည္ က်ဳိက္မေရာၿမိဳ႕ရွိ အမွတ္(၃) အေျခခံပညာ အလယ္တန္းေက်ာင္းခဲြတြင္ ယာယီဖြင့္လွစ္ထားသည့္ ကယ္ဆယ္ေရး စခန္း၊ က်ဳိက္မေရာၿမိဳ႕ရွိ အေျခခံပညာမူလတန္း (လြန္)ေက်ာင္းတြင္ ယာယီဖြင့္လွစ္ ထားသည့္ ကယ္ဆယ္ေရးစခန္းတို႔သုိ႔ သြားေရာက္ကာ ေရေဘးသင့္ျပည္သူမ်ားႏွင့္ ေတြ႔ဆုံအားေပးစကားေျပာၾကားကာ ေထာက္ပံ့ေငြ၊ ဆန္၊ ေခါက္ဆဲြေျခာက္ထုတ္ႏွင့္ ငါးေသတၱာဘူးမ်ား ေထာက္ပ့ံေပးအပ္သည္။
က်ဳိက္မေရာၿမိဳ႕နယ္တြင္ မုိးသည္းထန္စြာရြာသြန္းၿပီး ျမစ္ေရ၊ ေခ်ာင္းေရႀကီးျမင့္ မႈေၾကာင့္ ေက်းရြာ ၂၆ ရြာတြင္ အိမ္ေျခ (၇၇၀၆) လုံး ေရႀကီးနစ္ျမဳပ္ခဲ့ၿပီး ယာယီ ကယ္ဆယ္ေရးစခန္းမ်ား ဖြင့္လွစ္ကာ ေရေဘးသင့္ျပည္သူမ်ားအတြက္ ေထာက္ပံ့ေငြ၊ ဆန္၊ ေခါက္ဆဲြေျခာက္ထုတ္၊ ငါးေသတၱာႏွင့္ ေရသန္႔ဗူးမ်ား ေထာက္ပံ့ ေပးထားေၾကာင္း သိရသည္။
ထုိ႔ေနာက္ ဒုတိယသမၼတႏွင့္ အဖဲြ႔သည္ ေျမၿပိဳက်မႈျဖစ္ပြားခဲ့သည့္ ေပါင္ၿမိဳ႕နယ္ သဲျဖဴကုန္းေက်းရြာသုိ႔ သြားေရာက္ၿပီး စက္ယႏၲရားမ်ားျဖင့္ ရွာေဖြကယ္ဆယ္ေရး လုပ္ငန္းမ်ားေဆာင္ရြက္ေနမႈကုိ ၾကည့္ရႈရာ မီးသတ္ဦးစီးဌာန ညြန္ၾကားေရးမွဴးခ်ဳပ္ ဦးျမတ္သူ က ပုံရိပ္ဖမ္းစက္ျဖင့္ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ား ေဆာင္ရြက္ေနမႈ အေျခအေန၊ ဒရုန္းယာဥ္ျဖင့္ ေျမၿပိဳက်မႈျဖစ္ပြားခဲ့သည့္ ေတာင္ေပၚတြင္ ဓာတ္ပုံရုိက္ကူး ထားၿပီး ေျမသားအက္ေၾကာင္းမ်ား ရွိေနမႈ အေျခအေနကုိလည္းေကာင္း၊ ဆည္ေျမာင္း ႏွင့္ ေရအသုံးခ်မႈစီမံခန္႔ခဲြေရးဦးစီးဌာန ညြန္ၾကားေရးမွဴးခ်ဳပ္ ဦးေက်ာ္ျမင့္လႈိင္က ဌာန တြင္းရွိ ဘူမိေဗဒပညာရွင္မ်ားျဖင့္ ေျမၿပိဳက်သည့္ေနရာတြင္ ေျမသားနမူနာမ်ား စမ္းသပ္ျခင္း၊ ေနာင္တြင္ ယခုကဲ့သုိ႔ ေျမၿပိဳက်မႈထပ္မံျဖစ္ပြားမႈမရွိေစရန္ ေဆာင္ရြက္ သြားမည့္ အေျခအေနမ်ားႏွင့္စပ္လ်ဥ္း၍ ရွင္းလင္းတင္ျပၾကသည္။
ရွင္းလင္းတင္ျပခ်က္မ်ားႏွင့္စပ္လ်ဥ္း၍ ဒုတိယသမၼတက ယခုေဆာင္ရြက္လ်က္ ရွိသည့္ ကယ္ဆယ္ ရွာေဖြေရးလုပ္ငန္းမ်ား ေဆာင္ရြက္ရာတြင္လည္းေကာင္း၊ ေနာင္ဆက္လက္လုပ္ေဆာင္မည့္ လုပ္ငန္းမ်ား ေဆာင္ရြက္ရာတြင္လည္းေကာင္း ေဘးအႏၱရာယ္ကင္းရွင္းေရးကုိ ဦးစားေပးေဆာင္ရြက္ရန္ မွာၾကားသည္။
အဆုိပါ ေျမၿပိဳက်မႈျဖစ္ပြားခဲ့သည့္ ေနရာတြင္ တပ္မေတာ္သားမ်ား၊ ျမန္မာႏုိင္ငံ ရဲတပ္ဖဲြ႔၀င္မ်ား၊ မီးသတ္တပ္ဖဲြ႔၀င္မ်ား၊ ၾကက္ေျခနီတပ္ဖဲြ႔၀င္မ်ား၊ လူမႈေရးအဖဲြ႔အစည္း မ်ားႏွင့္ ေဒသခံျပည္သူမ်ား ပူးေပါင္းပါ၀င္သည့္ လူဦးေရ အင္အား ၅၀၀ ေက်ာ္ခန္႔သည္ စက္ယႏၱရားမ်ား၊ ေျမသယ္ယာဥ္မ်ားျဖင့္ ရွာေဖြကယ္ဆယ္ေရး လုပ္ငန္းမ်ားကုိ ေဆာင္ရြက္လ်က္ရွိသည္။
ထုိ႔ေနာက္ ဒုတိယသမၼတႏွင့္အဖဲြ႔သည္ ဘီးလင္းၿမိဳ႕တြင္ ႏွစ္စဥ္ေရႀကီးႏွစ္ျမဳပ္ သည့္ လူေနအိမ္မ်ားအား ေျပာင္းေရႊ႕ေနရာခ်ထားရန္ စီစဥ္လ်ာထားသည့္ ဘီးလင္း ၿမိဳ႕နယ္ရွိ ဘုရင့္ေနာင္ၿမိဳ႕ကြက္သစ္သုိ႔ သြားေရာက္ ၾကည့္ရႈစစ္ေဆးရာ သထုံခရုိင္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန ခရုိင္အုပ္ခ်ဳပ္ေရးမွဴးက ၿမိဳ႕ကြက္သစ္ေဖာ္ေဆာင္သြား မည့္ အေျခအေနမ်ားႏွင့္စပ္လ်ဥ္း၍ ရွင္းလင္းတင္ျပရာ ဒုတိယသမၼတ က လုိအပ္ သည္မ်ားကုိ ေပါင္းစပ္ညွိႏႈိင္းေဆာင္ရြက္ေပးသည္။
ညေနပုိင္းတြင္ ဒုတိယသမၼတသည္ ပဲခူးၿမိဳ႕ ပဲခူးတုိင္းေဒသႀကီးအစုိးရအဖဲြ႔ရုံး ေတာ္၀င္ဟံသာ အစည္း အေ၀းခန္းမတြင္ ျပဳလုပ္သည့္ ပဲခူးတုိင္းေဒသႀကီး သဘာ၀ ေဘးအႏၱရာယ္ဆုိင္ရာ စီမံခန္႔ခဲြမႈအဖဲြ႔အေရးေပၚအစည္းအေ၀းသုိ႔ တက္ေရာက္အမွာ စကား ေျပာၾကားသည္။
အစည္းအေ၀းတြင္ ဒုတိယသမၼတ က ရာသီဥတုေျပာင္းလဲေဖာက္ျပန္မႈဒဏ္ကုိ ကမၻာ႔အျခားႏုိင္ငံမ်ားနည္းတူ ျမန္မာႏုိင္ငံသည္လည္း ခံစားေနရပါေၾကာင္း၊ မုိးေလ၀သ ပညာရွင္မ်ား၏ ခန္႔မွန္းခ်က္အရ ယခုႏွစ္တြင္ ျမန္မာႏုိင္ငံ၌ မုတ္သုန္အ၀င္ ေနာက္က်၍ အထြက္ေစာမည္ဟု သိရပါေၾကာင္း၊ ထုိ႔ေၾကာင့္ ႏွစ္စဥ္ရြာသြန္းသည့္ မုိးေရခ်ိန္ပမာဏ ေျပာင္းလဲမႈ မရွိေသာ္လည္း မုိးရြာသြန္းခ်ိန္ကာလ တုိေတာင္းမည္ျဖစ္၍ ရုတ္တရက္ ေရႀကီးေရလွ်ံမႈမ်ား ႀကံဳေတြ႔ရႏုိင္သျဖင့္ ဆည္တမံမ်ား၏ ႀကံ႕ခုိင္ေရးကုိ ယခင္ထက္ပုိမုိ ဂရုစုိက္ရန္လုိအပ္ပါေၾကာင္း၊ ဆည္မ်ားသုိ႔ေရ၀င္ေရာက္မႈအပုိင္းတြင္ ယခင္ႏွစ္ကာလ တူထက္ ယခုႏွစ္တြင္မ်ားစြာ ေလ်ာ့နည္းလ်က္ရွိသည္ကုိ ေတြ႔ရွိရသျဖင့္ ဆည္ေရကုိ အေလ့အလႊင့္မရွိဘဲ ထိေရာက္အက်ဳိးရွိစြာ စနစ္တက် အသုံးျပဳရန္လုိ အပ္ပါေၾကာင္း၊ ဆည္ေျမာင္းဆုိင္ရာ၀န္ထမ္းမ်ားသာမက ေရကုိအသုံးျပဳ ေနသည့္ ေတာင္သူမ်ားပါ သိရွိလုိက္နာေစေရး ပညာေပးေဆာင္ရြက္သြားရန္လုိအပ္ပါေၾကာင္း၊ ရာသီဥတု ျပဳျပင္ ေျပာင္းလဲမႈဒဏ္ကုိ အကာကြယ္ေပးႏုိင္မည့္ သစ္ပင္သစ္ေတာမ်ား မျပဳန္းတီးေစေရး ထိန္းသိမ္းေစာင့္ေရွာက္သကဲ့သုိ႔ သစ္ပင္စုိက္ပ်ဳိးမႈကုိ စီမံခ်က္ခ်မွတ္အေလးထား ေဆာင္ရြက္သြားၾကေစလုိပါေၾကာင္း။
မိမိေဒသအတြင္း သဘာ၀ေဘးျဖစ္ႏုိင္ေျခရွိသည့္ ေနရာမ်ားတြင္ အထူးဂရုစုိက္ ၍ ႀကိဳတင္ကာကြယ္ျခင္္း၊ ဇာတ္တုိက္ေလ့က်င့္ျခင္းမ်ား ျပဳလုပ္သြားရန္လုိအပ္ပါ ေၾကာင္း၊ ပဲခူးတုိင္းေဒသႀကီးသည္ ဆန္စပါးအမ်ားဆုံး စုိက္ပ်ဳိးသည့္ေဒသတြင္ ပါ၀င္ သျဖင့္ ေရႀကီးနစ္ျမဳပ္မႈျဖစ္ေပၚလာပါက လုိအပ္သည့္မ်ဳိးစပါး လုံေလာက္စြာေထာက္ပံ့ ေပးႏုိင္ေရးအတြက္ ႀကိဳတင္စုေဆာင္းထားရန္ႏွင့္ အျခားလုိအပ္သည္မ်ား ႀကိဳတင္စီမံ ေဆာင္ရြက္ထားရန္လုိေၾကာင္း၊ သဘာ၀ေဘးမ်ားျဖစ္ပြားလာပါက ရွာေဖြကယ္ဆယ္ ေရးႏွင့္ ျပန္လည္ထူေထာင္ေရးေဆာင္ရြက္ရာတြင္ မွန္ကန္သည့္စာရင္းဇယားမ်ား အခ်ိန္မီရရွိေရးသည္လည္း အလြန္အေရးႀကီးသျဖင့္ မွန္ကန္သည့္စာရင္းအင္းမ်ား အခ်ိန္မီရရွိေရးကုိ ေအာက္ေျခအဆင့္မွစ၍ အေလးထားေဆာင္ရြက္ၾကရန္ႏွင့္ သဘာ၀ေဘးအႏၱရာယ္ႏွင့္ပတ္သက္၍ အေကာင္းဆုံးကုိေမွ်ာ္လင့္ၿပီး အဆုိးဆုံးအတြက္ လည္း ရင္ဆုိင္တုန္႔ျပန္ႏုိင္ေရး ျပင္ဆင္ထားရွိရန္မွာၾကားသည္။
ထုိ႔ေနာက္ ပဲခူးတုိင္းေဒသႀကီး၀န္ႀကီးခ်ဳပ္ ဦး၀င္းသိန္း၊ ဒုတိယ၀န္ႀကီးမ်ား၊ တုိင္းေဒသႀကီး၀န္ႀကီးမ်ားႏွင့္ အစည္းအေ၀းသုိ႔ တက္ေရာက္လာၾကသည့္ ဌာနဆုိင္ရာ တာ၀န္ရွိသူမ်ားက သဘာ၀ေဘးအႏၱရာယ္ ကာကြယ္ေရးဆုိင္ရာလုပ္ငန္းမ်ား ေဆာင္ရြက္ေနမႈႏွင့္စပ္လ်ဥ္း၍ ရွင္းလင္းတင္ျပၾကရာ ဒုတိယသမၼတက ရွင္းလင္း တင္ျပမႈမ်ားႏွင့္စပ္လ်ဥ္း၍ ေပါင္းစပ္ညွိႏႈိင္းေဆာင္ရြက္ေပးကာ အစည္းအေ၀းကုိ ရုပ္သိမ္းလုိက္သည္။
(zawgyi version)
—————————————————————————————————————–
သဘာ၀ဘေးအန္တရာယ်နှင့်ပတ်သက်၍ အကောင်းဆုံးကိုမျော်လင့်ပြီး အဆိုးဆုံး အတွက်လည်း ရင်ဆိုင်တုန့်ပြန်နိုင်ရေး ပြင်ဆင်ထားရှိရန် အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ မှာကြား
မော်လမြိုင် သြဂုတ် ၁၂
အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ် ခန်းမတွင် ပြုလုပ်သည့် မွန်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သဘာ၀ဘေးသင့်ပြည်သူများအတွက် အမျိုးသားသဘာ၀ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆန်စပါး ကုန်သည်များအသင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အသင်းခွဲများ၊ ကုန်စည်ဒိုင်များနှင့် ဆန်စပါးလုပ်ငန်း လုပ်ကိုင်သူများက ဆန်အိတ် ၂၂၅၀ ၊ ငွေကျပ်သိန်း ၂၀၀ နှင့် ဓာတ်မြေသြဇာအိတ် ၃၇၀ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက်အမှာ စကားပြောကြားသည်။
ပေးအပ်လှူဒါန်းပွဲ အခမ်းအနားသို့ မွန်ပြည်နယ်၀န်ကြီးချုပ် ဒေါက်တာအေးဇံ၊ ဒုတိယ ၀န်ကြီးများ ဖြစ်ကြသည့် ဗိုလ်ချုပ်မြင့်နွယ်၊ ဦးတင်မြင့်၊ ဦးလှကျော်၊ ဦးစိုးအောင် နှင့် ဌာနဆိုင်ရာတာ၀န်ရှိသူများ၊ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်ဥက္ကဌ ဦးရဲမင်းအောင် နှင့် ညီနောင်အသင်းများမှ တာ၀န်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ဒုတိယသမ္မတက အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံအတွင်း သဘာ၀ဘေးအန္တရာယ် ကြုံတွေ့ရတိုင်း နိုင်ငံတော်အစိုးရနှင့်အတူ ပြည်တွင်းရှိ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များအနေဖြင့် လိုအပ်သည့်ထောက်ပံ့ကူညီမှုများကို အစဉ်ဆောင်ရွက်ခဲ့ကြပါကြောင်း၊ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်နှင့် ညီနောင်အဖွဲ့အစည်း များအနေဖြင့်လည်း သဘာ၀ဘေးဒဏ် ကျရောက်ခဲ့သည့် မွန်ပြည်နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် လိုအပ်သည့် ထောက်ပံ့မှုများ အကူအညီပေးသည့် အတွက် အမျိုးသားသဘာ၀ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီကိုယ်စား ကျေးဇူးတင် အသိအမှတ်ပြုပါကြောင်း၊ သဘာ၀ဘေးအန္တရာယ် ကျရောက်ချိန်တွင် ကူညီထောက်ပံ့ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် နိုင်ငံတော်အစိုးရနှင့် အတူ ယခုကဲ့သို့ ဆက်လက်ပူးပေါင်းဆောင်ရွက်ကြမည်ဟု ယုံကြည်မျှော်လင့်ပါ ကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယသမ္မတ ထံ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌနှင့် တာ၀န်ရှိ သူများက မွန်ပြည်နယ်အတွင်း သဘာ၀ဘေးသင့်ပြည်သူများအတွက် ဆန်အိတ် ၂၂၅၀ ကို ပေးအပ်လှူဒါန်းသည်။
ဆက်လက်၍ ငွေကျပ် သိန်း ၂၀၀ နှင့် ဓာတ်မြေသြဇာ ၃၇၀ အိတ်ကို ပေးအပ် လှူဒါန်းရာ မွန်ပြည်နယ်၀န်ကြီးချုပ်နှင့် ဒုတိယ၀န်ကြီး ဦးစိုးအောင်တို့က လက်ခံရယူ သည်။
ယင်းနောက် အမျိုးသားသဘာ၀ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ က ပေးအပ်သည့် ဂုဏ်ပြုမှတ်တမ်းလွှာကို ဒုတိယ၀န်ကြီးဦးစိုးအောင်က မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌနှင့် တာ၀န်ရှိသူများထံ ပေးအပ်ပြီး ၀န်ကြီးချုပ်က ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် ဒုတိယသမ္မတသည် ပြည်နယ်၀န်ကြီးချုပ်၊ ဒုတိယ၀န်ကြီးများ၊ ဌာနဆိုင်ရာတာ၀န်ရှိသူများနှင့်အတူ ကျိုက်မရောမြို့ ရသေ့ကျောင်းတွင် ယာယီ ဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိရာ ကယ်ဆယ်ရေးစခန်းတွင် ဒုတိယသမ္မတအား ပြည်နယ်၀န်ကြီးချုပ်နှင့်တာ၀န်ရှိသူများက ကျိုက်မရော မြို့နယ် အတွင်း နှစ်စဉ်ရေကြီးမှုအခြေအနေ၊ ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ် ထောက်ပံ့ထားရှိမှုအခြေအနေနှင့် ရေကြီီးမှုအန္တရာယ်မှ လျှော့ချနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ဒုတိယသမ္မတက ရေဘေးသင့်ပြည်သူများအား အားပေးစကားပြောကြားကာ ထောက်ပံ့ငွေ၊ ဆန်၊ ခေါက်ဆွဲခြောက်ထုတ်နှင့် ငါးသေတ္တာဘူးများ ထောက်ပံ့ပေးအပ်သည်။
ဆက်လက်၍ ဒုတိယသမ္မတနှင့် အဖွဲ့သည် ကျိုက်မရောမြို့ရှိ အမှတ်(၃) အခြေခံပညာ အလယ်တန်းကျောင်းခွဲတွင် ယာယီဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေး စခန်း၊ ကျိုက်မရောမြို့ရှိ အခြေခံပညာမူလတန်း (လွန်)ကျောင်းတွင် ယာယီဖွင့်လှစ် ထားသည့် ကယ်ဆယ်ရေးစခန်းတို့သို့ သွားရောက်ကာ ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံအားပေးစကားပြောကြားကာ ထောက်ပံ့ငွေ၊ ဆန်၊ ခေါက်ဆွဲခြောက်ထုတ်နှင့် ငါးသေတ္တာဘူးများ ထောက်ပံ့ပေးအပ်သည်။
ကျိုက်မရောမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေ၊ ချောင်းရေကြီးမြင့် မှုကြောင့် ကျေးရွာ ၂၆ ရွာတွင် အိမ်ခြေ (၇၇၀၆) လုံး ရေကြီးနစ်မြုပ်ခဲ့ပြီး ယာယီ ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ကာ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေ၊ ဆန်၊ ခေါက်ဆွဲခြောက်ထုတ်၊ ငါးသေတ္တာနှင့် ရေသန့်ဗူးများ ထောက်ပံ့ ပေးထားကြောင်း သိရသည်။
ထို့နောက် ဒုတိယသမ္မတနှင့် အဖွဲ့သည် မြေပြိုကျမှုဖြစ်ပွားခဲ့သည့် ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာသို့ သွားရောက်ပြီး စက်ယန္တရားများဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှုရာ မီးသတ်ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးမြတ်သူ က ပုံရိပ်ဖမ်းစက်ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေ၊ ဒရုန်းယာဉ်ဖြင့် မြေပြိုကျမှုဖြစ်ပွားခဲ့သည့် တောင်ပေါ်တွင် ဓာတ်ပုံရိုက်ကူး ထားပြီး မြေသားအက်ကြောင်းများ ရှိနေမှု အခြေအနေကိုလည်းကောင်း၊ ဆည်မြောင်း နှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးကျော်မြင့်လှိုင်က ဌာန တွင်းရှိ ဘူမိဗေဒပညာရှင်များဖြင့် မြေပြိုကျသည့်နေရာတွင် မြေသားနမူနာများ စမ်းသပ်ခြင်း၊ နောင်တွင် ယခုကဲ့သို့ မြေပြိုကျမှုထပ်မံဖြစ်ပွားမှုမရှိစေရန် ဆောင်ရွက် သွားမည့် အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယသမ္မတက ယခုဆောင်ရွက်လျက် ရှိသည့် ကယ်ဆယ် ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်းကောင်း၊ နောင်ဆက်လက်လုပ်ဆောင်မည့် လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်းကောင်း ဘေးအန္တရာယ်ကင်းရှင်းရေးကို ဦးစားပေးဆောင်ရွက်ရန် မှာကြားသည်။
အဆိုပါ မြေပြိုကျမှုဖြစ်ပွားခဲ့သည့် နေရာတွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၀င်များ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ ကြက်ခြေနီတပ်ဖွဲ့၀င်များ၊ လူမှုရေးအဖွဲ့အစည်း များနှင့် ဒေသခံပြည်သူများ ပူးပေါင်းပါ၀င်သည့် လူဦးရေ အင်အား ၅၀၀ ကျော်ခန့်သည် စက်ယန္တရားများ၊ မြေသယ်ယာဉ်များဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် ဘီးလင်းမြို့တွင် နှစ်စဉ်ရေကြီးနှစ်မြုပ် သည့် လူနေအိမ်များအား ပြောင်းရွှေ့နေရာချထားရန် စီစဉ်လျာထားသည့် ဘီးလင်း မြို့နယ်ရှိ ဘုရင့်နောင်မြို့ကွက်သစ်သို့ သွားရောက် ကြည့်ရှုစစ်ဆေးရာ သထုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူးက မြို့ကွက်သစ်ဖော်ဆောင်သွား မည့် အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ဒုတိယသမ္မတ က လိုအပ် သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ညနေပိုင်းတွင် ဒုတိယသမ္မတသည် ပဲခူးမြို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး တော်၀င်ဟံသာ အစည်း အေ၀းခန်းမတွင် ပြုလုပ်သည့် ပဲခူးတိုင်းဒေသကြီး သဘာ၀ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့အရေးပေါ်အစည်းအေ၀းသို့ တက်ရောက်အမှာ စကား ပြောကြားသည်။
အစည်းအေ၀းတွင် ဒုတိယသမ္မတ က ရာသီဥတုပြောင်းလဲဖောက်ပြန်မှုဒဏ်ကို ကမ္ဘာ့အခြားနိုင်ငံများနည်းတူ မြန်မာနိုင်ငံသည်လည်း ခံစားနေရပါကြောင်း၊ မိုးလေ၀သ ပညာရှင်များ၏ ခန့်မှန်းချက်အရ ယခုနှစ်တွင် မြန်မာနိုင်ငံ၌ မုတ်သုန်အ၀င် နောက်ကျ၍ အထွက်စောမည်ဟု သိရပါကြောင်း၊ ထို့ကြောင့် နှစ်စဉ်ရွာသွန်းသည့် မိုးရေချိန်ပမာဏ ပြောင်းလဲမှု မရှိသော်လည်း မိုးရွာသွန်းချိန်ကာလ တိုတောင်းမည်ဖြစ်၍ ရုတ်တရက် ရေကြီးရေလျှံမှုများ ကြုံတွေ့ရနိုင်သဖြင့် ဆည်တမံများ၏ ကြံ့ခိုင်ရေးကို ယခင်ထက်ပိုမို ဂရုစိုက်ရန်လိုအပ်ပါကြောင်း၊ ဆည်များသို့ရေ၀င်ရောက်မှုအပိုင်းတွင် ယခင်နှစ်ကာလ တူထက် ယခုနှစ်တွင်များစွာ လျော့နည်းလျက်ရှိသည်ကို တွေ့ရှိရသဖြင့် ဆည်ရေကို အလေ့အလွှင့်မရှိဘဲ ထိရောက်အကျိုးရှိစွာ စနစ်တကျ အသုံးပြုရန်လို အပ်ပါကြောင်း၊ ဆည်မြောင်းဆိုင်ရာ၀န်ထမ်းများသာမက ရေကိုအသုံးပြု နေသည့် တောင်သူများပါ သိရှိလိုက်နာစေရေး ပညာပေးဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ ရာသီဥတု ပြုပြင် ပြောင်းလဲမှုဒဏ်ကို အကာကွယ်ပေးနိုင်မည့် သစ်ပင်သစ်တောများ မပြုန်းတီးစေရေး ထိန်းသိမ်းစောင့်ရှောက်သကဲ့သို့ သစ်ပင်စိုက်ပျိုးမှုကို စီမံချက်ချမှတ်အလေးထား ဆောင်ရွက်သွားကြစေလိုပါကြောင်း။
မိမိဒေသအတွင်း သဘာ၀ဘေးဖြစ်နိုင်ခြေရှိသည့် နေရာများတွင် အထူးဂရုစိုက် ၍ ကြိုတင်ကာကွယ်ခြင််း၊ ဇာတ်တိုက်လေ့ကျင့်ခြင်းများ ပြုလုပ်သွားရန်လိုအပ်ပါ ကြောင်း၊ ပဲခူးတိုင်းဒေသကြီးသည် ဆန်စပါးအများဆုံး စိုက်ပျိုးသည့်ဒေသတွင် ပါ၀င် သဖြင့် ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်လာပါက လိုအပ်သည့်မျိုးစပါး လုံလောက်စွာထောက်ပံ့ ပေးနိုင်ရေးအတွက် ကြိုတင်စုဆောင်းထားရန်နှင့် အခြားလိုအပ်သည်များ ကြိုတင်စီမံ ဆောင်ရွက်ထားရန်လိုကြောင်း၊ သဘာ၀ဘေးများဖြစ်ပွားလာပါက ရှာဖွေကယ်ဆယ် ရေးနှင့် ပြန်လည်ထူထောင်ရေးဆောင်ရွက်ရာတွင် မှန်ကန်သည့်စာရင်းဇယားများ အချိန်မီရရှိရေးသည်လည်း အလွန်အရေးကြီးသဖြင့် မှန်ကန်သည့်စာရင်းအင်းများ အချိန်မီရရှိရေးကို အောက်ခြေအဆင့်မှစ၍ အလေးထားဆောင်ရွက်ကြရန်နှင့် သဘာ၀ဘေးအန္တရာယ်နှင့်ပတ်သက်၍ အကောင်းဆုံးကိုမျှော်လင့်ပြီး အဆိုးဆုံးအတွက် လည်း ရင်ဆိုင်တုန့်ပြန်နိုင်ရေး ပြင်ဆင်ထားရှိရန်မှာကြားသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး၀န်ကြီးချုပ် ဦး၀င်းသိန်း၊ ဒုတိယ၀န်ကြီးများ၊ တိုင်းဒေသကြီး၀န်ကြီးများနှင့် အစည်းအေ၀းသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာ တာ၀န်ရှိသူများက သဘာ၀ဘေးအန္တရာယ် ကာကွယ်ရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြရာ ဒုတိယသမ္မတက ရှင်းလင်း တင်ပြမှုများနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ အစည်းအေ၀းကို ရုပ်သိမ်းလိုက်သည်။
(unicode version)