(zawgyi version)
———————————————————————————————————————
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) မှ JMC ဆိုင်ရာ အကြောင်းအရာများ ရှင်းလင်းခြင်း အခမ်းအနားသို့တက်ရောက်
ရန်ကုန် သြဂုတ် ၁၄ ရက် ၊ ၂၀၁၉
ယနေ့ နံနက်(၉း၀၀) နာရီအချိန်တွင် LOTTEE HOTEL ၌ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေးကော်မတီ (JMC-U) မှ JMC ဆိုင်ရာ အကြောင်းအရာများ ရှင်းလင်းခြင်း အခမ်းအနားကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုး၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ ရခိုင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။
(unicode version)