မိုးကောင်း၊ ဇွန် ၁၄
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မိုးကောင်းမြို့နယ် လူငယ်လုပ်ငန်းအဖွဲ့၏ လစ်လပ်နေရာများအစားထိုး ဖြည့်တင်းခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀နာရီအချိန်တွင် မြို့နယ်အဖွဲ့ချုပ်ရုံး၌ ကျင်းပပြုလုပ် ခဲ့သည်။
အခမ်းအနား ပထမပိုင်း အစီအစဉ်အရ တက်ရောက်လာသူများမှ မိတ်ဆက်စကား ပြောကြားခဲ့ပြီး မြို့နယ် အလုပ်အမှုဆောင် အဖွဲ့ကိုယ်စား ဦးကျော်ထက်၀င်းမှ လူငယ်များအား အားပေးစကား ပြောကြားပေးခဲ့သည်။
ထို့နောက် ဒုတိယပိုင်း အစီအစဉ်ဖြင့် လူငယ် လစ်လပ် အစားထိုး ဖြည့်တင်းခြင်းကို ကချင်ပြည်နယ်လူငယ်လုပ်ငန်းအဖွဲ့ တွဲဖက်တာ၀န်ခံ ကိုနိုင်မင်းထက်မှ ဦးဆောင်၍ လူငယ်လစ်လပ်အစားထိုးဖြည့်တင်းခြင်း မူဘောင်များအတိုင်း ဒီမိုကရေစီနည်းကျ အဆင့်ဆင့် ရွေးချယ်ခဲ့ရာ အစားထိုး ဖြည့်တင်းခြင်း အခမ်းအနားကို နေ့လည် ၁၂နာရီအချိန်တွင် အောင်မြင်စွာ ပြီးဆုံးခဲ့ပါသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
သတင်းနှင့်ပြန်ကြားရေးကော်မတီ
မိုးညှင်းခရိုင်
(unicode)
—————————————————————————————————————————-
မိုးကောင်းမြို့နယ်လူငယ်လုပ်ငန်းအဖွဲ့၏ လစ်လပ်နေရာများ အစားထိုး တာဝန်ပေးအပ်ခြင်း အခမ်းအနား ကျင်းပ
မိုးကောင်း၊ ဇွန် ၁၄
မိုးညှင်းခရိုင်
(zawgyi)