ရန္ကုန္စက္တင္ဘာ၇
ျပည္ေထာင္စုသမၼတျမန္မာႏုိင္ငံေတာ္ ႏုိင္ငံေတာ္သမၼတ ဦးထင္ေက်ာ္၏ ဖိတ္ၾကားခ်က္အရ ျမန္မာႏုိင္ငံ၌ ခ်စ္ၾကည္ေရးခရီးေရာက္ရွိ ေနေသာ အိႏၵိယသမၼတ ႏုိင္ငံဝန္ႀကီးခ်ဳပ္ ရွရီနာရန္ဒရာမုိဒီ ဦးေဆာင္သည့္ကိုယ္စားလွယ္ အဖြဲ႕သည္ ယေန႔ နံနက္ ၁ဝ နာရီ မိနစ္ ၄ဝ တြင္ ရန္ကုန္ၿမိဳ႕ ဗဟန္း ၿမိဳ႕နယ္ ဗုိလ္ခ်ဳိ (၁)ရပ္ကြက္ ဗုိလ္ခ်ဳပ္ ျပတုိက္လမ္း(ယခင္ တာဝါလိန္းလမ္း) အမွတ္(၂၅)ရွိ ဗုိလ္ခ်ဳပ္ေအာင္ဆန္း ျပတုိက္ (ရန္ကုန္)သို႔သြားေရာက္ ၾကည့္႐ႈေလ့လာသည္။
အိႏၵိယသမၼတႏုိင္ငံ ဝန္ႀကီးခ်ဳပ္အား ႏုိင္ငံေတာ္၏အတုိင္ပင္ခံပုဂိၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၊ သာသနာေရးႏွင့္ယဥ္ေက်းမႈဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး သူရဦးေအာင္ကို၊ ရန္ကုန္တုိင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း၊ ဌာနဆုိင္ရာ အႀကီးအကဲမ်ားႏွင့္ တာဝန္ရွိ သူမ်ားက ႀကိဳဆိုႏႈတ္ဆက္ၾကသည္။
ထို႔ေနာက္ အိႏၵိယႏုိင္ငံဝန္ႀကီးခ်ဳပ္သည္ ဗုိလ္ခ်ဳပ္ေအာင္ဆန္းျပတိုက္အတြင္း ခင္းက်င္းျပသထားသည့္ ထမင္းစားခန္း၊ ဧည့္ခန္း၊ အိပ္ခန္း၊ စာဖတ္ခန္း၊ ကေလးမ်ား အိပ္ခန္း၊ အထူးအစည္းအေဝးခန္းႏွင့္ ျပတုိက္ပရဝုဏ္ဝင္းအတြင္း လွည့္လည္ ၾကည့္႐ႈေလ့လာၿပီး ဧည့္သည္ေတာ္မွတ္တမ္း၌ လက္မွတ္ေရးထုိးသည္။ ယင္းေနာက္ ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂိၢဳလ္သည္ အိႏၵိယႏုိင္ငံဝန္ႀကီးခ်ဳပ္ ဦးေဆာင္သည့္ ကိုယ္စားလွယ္အဖြဲ႕ႏွင့္အတူ အမွတ္တရ မွတ္တမ္းတင္ ဓာတ္ပံု ႐ိုက္ၾကသည္။
ဆက္လက္၍အိႏၵိယသမၼတႏုိင္ငံဝန္ႀကီးခ်ဳပ္၏ ခ်စ္ၾကည္ေရးခရီးစဥ္တြင္ လိုက္ပါ လာၾကသည့္ အိႏၵိယသမၼတႏုိင္ငံမွ Asian News International(ANI) ႏွင့္ Doordarshan News(DD News) သတင္းဌာနတို႔က ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂိၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္အား ေတြ႕ဆံုေမးျမန္းမႈျပဳလုပ္ရာ ႏုိင္ငံေတာ္၏အတုိင္ပင္ခံ ပုဂိၢဳလ္က ျပန္လည္ရွင္းလင္းေျဖၾကားသည္။
ဗုိလ္ခ်ဳပ္ေအာင္ဆန္းျပတုိက္(ရန္ကုန္)သည္ ျမန္မာ့လြတ္လပ္ေရး ဗိသုကာ ဗုိလ္ခ်ဳပ္ေအာင္ဆန္း မိသားစုႏွင့္အတူ ၁၉၄၅ ခုႏွစ္ ေမလမွ ၁၉၄၇ ခုႏွစ္ ဇူလိုင္ (၁၉)ရက္ က်ဆံုးခဲ့သည့္ေန႔အထိ ေနထိုင္ခဲ့ေသာ ေနအိမ္ကို ျပတိုက္အျဖစ္ ခင္းက်င္း ျပသထားျခင္းျဖစ္သည္။ ၿခံဝင္းအက်ယ္မွာ ၂ဒသမ၄၂၃ ဧက ျဖစ္ၿပီး ေျမကြက္မွာ ဘဲဥပံု သ႑ာန္ျဖစ္သည္။ ေနအိမ္အေဆာက္အအံုအား ၿခံဝင္းအတြင္းရွိ ၁၈ ေပ ျမင့္သည့္ ကုန္းေပၚတြင္ ေတာင္ဘက္သို႔မ်က္ႏွာစာျပဳကာ တည္ေဆာက္ထားသည္။ ယင္း အေဆာက္အအံုကို ၁၉၂၁ ခုႏွစ္က ေဆာက္လုပ္ခဲ့ျခင္းျဖစ္ၿပီး အေနာက္တုိင္း ဗိသုကာ ပံုစံ ေရာေႏွာတည္ေဆာက္ထားသည့္ ၂ဝ ရာစု ဥေရာပပံုစံ ျဖစ္သည္။
Zawgyi Version
——————————————————————–
ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)တွင် လာရောက်လေ့လာသည့် အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ် ရှရီနာရန်ဒရာမိုဒီအား နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကြိုဆို
ရန်ကုန်စက်တင်ဘာ၇
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံ၌ ချစ်ကြည်ရေးခရီး ရောက်ရှိနေသော အိန္ဒိယသမ္မတ နိုင်ငံဝန်ကြီးချုပ် ရှရီနာရန်ဒရာမိုဒီ ဦးဆောင်သည့်ကိုယ်စားလှယ် အဖွဲ့သည် ယနေ့ နံနက် ၁ဝ နာရီ မိနစ် ၄ဝ တွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဗိုလ်ချို (၁)ရပ်ကွက် ဗိုလ်ချုပ် ပြတိုက်လမ်း(ယခင် တာဝါလိန်းလမ်း) အမှတ်(၂၅)ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်)သို့သွားရောက်ကြည့်ရှုလေ့လာသည်။
အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ်အား နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် အိန္ဒိယနိုင်ငံဝန်ကြီးချုပ်သည် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ထမင်းစားခန်း၊ ဧည့်ခန်း၊ အိပ်ခန်း၊ စာဖတ်ခန်း၊ ကလေးများ အိပ်ခန်း၊ အထူးအစည်းအဝေးခန်းနှင့် ပြတိုက်ပရဝုဏ်ဝင်းအတွင်း လှည့်လည် ကြည့်ရှုလေ့လာပြီး ဧည့်သည်တော်မှတ်တမ်း၌ လက်မှတ်ရေးထိုးသည်။
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့်အတူ အမှတ် တရ မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကြသည်။ ဆက်လက်၍ အိန္ဒိယသမ္မတနိုင်ငံဝန်ကြီးချုပ်၏ ချစ်ကြည်ရေးခရီးစဉ်တွင် လိုက်ပါ လာကြသည့် အိန္ဒိယသမ္မတနိုင်ငံမှ Asian News International(ANI) နှင့် Doordarshan News(DD News) သတင်းဌာနတို့က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ဆုံမေးမြန်းမှုပြုလုပ်ရာ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြန်လည်ရှင်းလင်းဖြေကြားသည်။
ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)သည် မြန်မာ့လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း မိသားစုနှင့်အတူ ၁၉၄၅ ခုနှစ် မေလမှ ၁၉၄၇ ခုနှစ် ဇူလိုင် (၁၉)ရက် ကျဆုံးခဲ့သည့်နေ့အထိ နေထိုင်ခဲ့သော နေအိမ်ကို ပြတိုက်အဖြစ် ခင်းကျင်း ပြသထားခြင်း ဖြစ်သည်။ ခြံဝင်းအကျယ်မှာ ၂ဒသမ၄၂၃ ဧက ဖြစ်ပြီး မြေကွက်မှာ ဘဲဥပုံ သဏ္ဍာန်ဖြစ်သည်။ နေအိမ်အဆောက်အအုံအား ခြံဝင်းအတွင်းရှိ ၁၈ ပေ မြင့်သည့် ကုန်းပေါ်တွင် တောင်ဘက်သို့မျက်နှာစာပြုကာ တည်ဆောက်ထားသည်။ ယင်း အဆောက်အအုံကို ၁၉၂၁ ခုနှစ်က ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အနောက်တိုင်း ဗိသုကာ ပုံစံ ရောနှောတည်ဆောက်ထားသည့် ၂ဝ ရာစု ဥရောပပုံစံ ဖြစ်သည်။
Unicode Version