ဇူလိုင် ၁၄ ဗန်းမော်
ဗန်းမော်ခရိုင်အတွင်း ၂၀၂၀အောင်နိုင်ရေး အတွက် အစည်းအဝေးတစ်ရပ်ကို ဇူလိုင် ၁၃ရက်နေ့ နေ့လည် (၂)နာရီအချိန်က ဗန်းမော်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဗန်းမော် ၊ မံစီ ၊ရွှေကူ ၊ မိုးမောက် မြို့နယ်များမှ မြို့နယ်အလုပ်အမှုဆောင်များမှ ရွေးကောက်ပွဲ လုပ်ရခြင်းအကြောင်း ၊ ပြည်ထောင်စု ဘက်ဂျက်၊ ပြည်နယ် ဘက်ဂျက်၊ ဘယ်လိုခွဲဝေစီမံချထားမလဲဟု တင်ပြကြောင်း ကိုယ်စားလှယ်လောင်းများသည် ငွေစာရင်းရှင်းတမ်း လုပ်တတ်ရမည် ဖြစ်ကြောင်း မဲရုံမှူးသည် အရေးကြီးကြောင်း ၊ ရွေကောက်ပွဲ အကြို မီဒီယာ ကဏ္ဍ သည် အရေးကြီးကြောင်း ၄နှစ်တာ ကာလ လုပ်ဆောင်ချက်များ၊ လက်ရှိ လုပ်နေသော လုပ်ဆောင်ချက်များကို မဲဆွယ်စဥ်ကာလ၌ ပရိုဂျက်တာနှင့် ထိုးပြရန်လိုကြောင်း၊ကော်မတီများ ဖွဲ့စည်းရန် လိုကြောင်း ၊ မဲပေးနိုင်သည့်သူ၏ မဲစာရင်းများ ၁၈.၇.၂၀၂၀နေ့တွင် ကပ်ထားမည်ဖြစ်ကြောင်း ၊ ရပ်/ ကျေးမှ မဲစာရင်း လိုက်ကောက်ရန် ပါတီဝင်များ ကူညီကြရန်လိုကြောင်း၊ Covid 19ကြောင့် မဲပေးဖို့ မဲနည်းနိုင်၍ မဲရုံကို လာဖို့တိုက်တွန်းရန်လိုကြောင်း၊ အမေစု၏ မဟာဗျူဟာ စီမံကိန်း ပရောဂျက် အကြီးအမားသည် ၂၀၂၃တွင် ပြည်သူတွေ အသီးအပွင့် ခံစားကြရမည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲတွင် သုံးမည့်ကားသည် လိုင်စင်ပါရမည် ဖြစ်ကြောင်း၊ရွေးကောက်ပွဲ အောင်နိုင်ရေး ဆင့်ပွားသင်တန်း ပို့ချမည့်ရက် သတ်မှတ်ပေးမည်ဖြစ်ကြောင်း ၊ ဆင့်ပွားသင်တန်း မျှဝေခြင်းကို ဗန်းမော် ၊ ရွှေကူ ၊ မံစီ ၊မိုးမောက် အစဥ်အတိုင်းလုပ်သွားမည်ဖြစ်ကြောင်း တင်ပြဆွေးနွေးပြီးနောက် ခရိုင်ဥက္ကဌ ဦးဘမြင့်မှ နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ပြီးဆုံးခဲ့ကြသည်။
အစည်းအဝေးသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခရိုင်ဥက္ကဌ၊ ခရိုင် အလုပ်အမှုဆောင်များ ၊ မြို့နယ်များမှ ဥက္ကဌများ၊ မြို့နယ် အလုပ်အမှုဆောင်များ၊ ခရိုင် /မြို့နယ် အမျိုးသမီးလုပ်ငန်းကော်မတီဝင်များ၊ မြို့နယ်လူငယ်လုပ်ငန်းအဖွဲ့တို့ အသီးသီးတို့ တက်ရောက် ခဲ့ကြပါသည်။
(unicode)
——————————————————————————————————————
ဗန္းေမာ္ခရိုင္ အမိ်ဳးသားဒီမိုကေရစီအဖဲြ႔ခ်ဳပ္ ေအာင္နိုင္ေရး အစည္းအေဝးက်င္းပျပဳလုပ္
ဇူလိုင္ ၁၄ ဗန္းေမာ္
ဗန္းေမာ္ခရိုင္အတြင္း ၂၀၂၀ေအာင္နိုင္ေရး အတြက္ အစည္းအေဝးတစ္ရပ္ကို ဇူလိုင္ ၁၃ရက္ေန႔ ေန႔လည္ (၂)နာရီအခိ်န္က ဗန္းေမာ္ၿမိဳ႔နယ္ အမိ်ဳးသားဒီမိုကေရစီအဖဲြ႔ခ်ဳပ္ရံုး အစည္းအေဝးခန္းမ၌ က်င္းပျပဳလုပ္ခဲ့သည္။
ဗန္းေမာ္ ၊ မံစီ ၊ေရႊကူ ၊ မိုးေမာက္ ၿမိဳ႔နယ္မ်ားမွ ၿမိဳ႔နယ္အလုပ္အမႈေဆာင္မ်ားမွ ေရြးေကာက္ပဲြ လုပ္ရျခင္းအေၾကာင္း ၊ ျပည္ေထာင္စု ဘက္ဂ်က္၊ ျပည္နယ္ ဘက္ဂ်က္၊ ဘယ္လိုခဲြေဝစီမံခ်ထားမလဲဟု တင္ျပေၾကာင္း ကိုယ္စားလွယ္ေလာင္းမ်ားသည္ ေငြစာရင္းရွင္းတမ္း လုပ္တတ္ရမည္ ျဖစ္ေၾကာင္း မဲရံုမွဴးသည္ အေရးၾကီးေၾကာင္း ၊ ေရြေကာက္ပဲြ အၾကိဳ မီဒီယာက႑ သည္ အေရးၾကီးေၾကာင္း ၄နွစ္တာ ကာလ လုပ္ေဆာင္ခ်က္မ်ား၊ လက္ရိွလုပ္ေနေသာ လုပ္ေဆာင္ခ်က္မ်ားကို မဲဆြယ္စဥ္ကာလ၌ ပရိုဂ်က္တာနွင့္ ထိုးျပရန္လိုေၾကာင္း၊ ေကာ္မတီမ်ား ဖဲြ႔စည္းရန္ လိုေၾကာင္း ၊ မဲေပးနိုင္သည့္သူ၏ မဲစာရင္းမ်ား ၁၈.၇.၂၀၂၀ေန႔တြင္ ကပ္ထားမည္ျဖစ္ေၾကာင္း ၊ ရပ္/ ေက်းမွ မဲစာရင္း လိုက္ေကာက္ရန္ ပါတီဝင္မ်ား ကူညီၾကရန္လိုေၾကာင္း၊ Covid 19ေၾကာင့္ မဲေပးဖို႔ မဲနည္းနိုင္၍ မဲရံုကို လာဖို႔တိုက္တြန္းရန္လိုေၾကာင္း၊ အေမစု၏ မဟာဗ်ဴဟာ စီမံကိန္း ပေရာဂ်က္ အၾကီးအမားသည္ ၂၀၂၃ တြင္ ျပည္သူေတြ အသီးအပြင့္ ခံစားၾကရမည္ ျဖစ္ေၾကာင္း၊ ေရြးေကာက္ပဲြတြင္ သံုးမည့္ကားသည္ လိုင္စင္ပါရမည္ ျဖစ္ေၾကာင္း၊ ေရြးေကာက္ပဲြ ေအာင္နိုင္ေရး ဆင့္ပြားသင္တန္း ပို႔ခ်မည့္ရက္ သတ္မွတ္ေပးမည္ျဖစ္ေၾကာင္း ၊ ဆင့္ပြားသင္တန္း မွ်ေဝျခင္းကို ဗန္းေမာ္ ၊ ေရႊကူ ၊ မံစီ ၊မိုးေမာက္ အစဥ္အတိုင္းလုပ္သြားမည္ျဖစ္ေၾကာင္း တင္ျပေဆြးေႏြးျပီးေနာက္ ခရိုင္ဥကၠဌ ဦးဘျမင့္မွ နိဂံုးခ်ဳပ္အမွာစကားေျပာၾကားကာ အစည္းအေဝးကို ျပီးဆံုးခဲ့ၾကသည္။
အစည္းအေဝးသို႔ အမိ်ဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ခရိုင္ဥကၠဌ၊ ခရိုင္ အလုပ္အမႈေဆာင္မ်ား ၊ ၿမိဳ႔နယ္မ်ားမွ ဥကၠဌမ်ား၊ ၿမိဳ႔နယ္ အလုပ္အမႈေဆာင္မ်ား၊ ခရိုင္ /ၿမိဳ႔နယ္ အမိ်ဳးသမီးလုပ္ငန္းေကာ္မတီဝင္မ်ား၊ ၿမိဳ႔နယ္လူငယ္လုပ္ငန္းအဖဲြ႔အသီးသီးတို႔ တက္ေရာက္ ခဲ့ၾကပါသည္။
(zawgyi)