ဒုတိယသမၼတ ဦးဟင္နရီဗန္ထီးယူ (၇၂) ႀကိမ္ေျမာက္ ကုလသမဂၢ အေထြေထြညီလာခံ အေထြေထြမူ၀ါဒေရးရာ ေဆြးေႏြးပြဲသို႔ တက္ေရာက္ မိန္႔ခြန္းေျပာၾကား
နယူးေယာက္ စက္တင္ဘာ ၂၁
(၇၂)ႀကိမ္ေျမာက္ ကုလသမဂၢအေထြေထြညီလာခံ အေထြေထြမူ၀ါဒေရးရာ ေဆြးေႏြးပြဲ ဒုတိယေန႔ကုိ စက္တင္ဘာ ၂၀ ရက္တြင္ အေမရိကန္ႏိုင္ငံ နယူးေယာက္ၿမိဳ႕ ကုလသမဂၢဌာနခ်ဳပ္ရွိ အေထြေထြညီလာခံခန္းမ (General Assembly Hall)၌ က်င္းပရာ ေဒသစံေတာ္ခ်ိန္ ည ၈နာရီတြင္ ဒုတိယသမၼတ ဦးဟင္နရီဗန္ထီးယူ တက္ေရာက္၍ အေထြေထြမူ၀ါဒေရးရာ မိန္႔ခြန္းတစ္ရပ္ ပါ၀င္ေျပာၾကားခဲ့သည္။
ဒုတိယသမၼတ ဦးဟင္နရီဗန္ထီးယူက ျမန္မာႏိုင္ငံအေနျဖင့္ ကမၻာ့ရာသီဥတု ေျပာင္းလဲမႈဆိုင္ရာ အျပည္ျပည္ဆိုင္ရာ ပါရီ သေဘာတူညီ ခ်က္တြင္ အတည္ျပဳပါ၀င္ခဲ့ သည့္ ကိစၥရပ္၊ ႏုိင္ငံအတြင္း အမ်ိဳးသားျပန္ လည္သင့္ျမတ္ ေရးႏွင့္ ၿငိမ္းခ်မ္းေရး တည္ေဆာက္မႈဆိုင္ရာ ကိစၥရပ္မ်ားႏွင့္ ရခုိင္ျပည္နယ္တြင္ ေရရွည္တည္တံ့ေသာ အေျဖရရွိေရးအတြက္ ျမန္မာအစိုးရ၏ ႀကိဳးပမ္းေဆာင္ရြက္မႈဆိုင္ရာ ကိစၥရပ္အေျခ အေနမ်ားကို အေလးေပးရွင္းလင္း ေျပာၾကားသည္။ ဒုတိယသမၼတေျပာၾကားသည့္ မိန္႕ခြန္းအျပည့္အစံုမွာ ေအာက္ပါအတိုင္း ျဖစ္ပါသည္-
သဘာပတိႀကီးခင္ဗ်ား၊
အေဆြေတာ္အား (၇၂) ႀကိမ္ေျမာက္ ကုလသမဂၢအေထြေထြ ညီလာခံႀကီးရဲ႕ သဘာပတိအျဖစ္ ေ႐ြးေကာက္တင္ေျမႇာက္ခံရျခင္းအတြက္ မိမိအေနနဲ႔ ဝမ္းေျမာက္ ဂုဏ္ယူပါေၾကာင္း ေျပာၾကားလိုပါတယ္။ အေဆြေတာ္ရဲ႕ ဦးေဆာင္ႏိုင္မႈေအာက္မွာ ယခုညီလာခံႀကီးဟာ အက်ိဳးရလဒ္ေကာင္းေတြ ေဖာ္ေဆာင္ေပးႏိုင္မယ္လို႔ မိမိတို႔အေနနဲ႔ ယုံၾကည္ပါတယ္။
သဘာပတိႀကီးနဲ႔ ကိုယ္စားလွယ္ေတာ္မ်ားခင္ဗ်ား၊
မိမိအေနနဲ႔ ဘာသာရပ္ပိုင္းဆိုင္ရာ ကိစၥေတြမေျပာၾကားမီ မကၠဆီကိုႏိုင္ငံမွာ မေန႔က အင္အား ျပင္းထန္တဲ့ ငလ်င္လႈပ္ခတ္မႈေၾကာင့္ ျပည္သူမ်ား အသက္ဆုံး႐ႈံးမႈမ်ားနဲ႔ ပ်က္စီး ဆုံး႐ႈံးမႈမ်ား ျဖစ္ေပၚခဲ့တဲ့အတြက္ မကၠဆီကိုႏိုင္ငံျပည္သူမ်ားနဲ႔ အစိုးရအား မ်ားစြာ ဝမ္းနည္းရပါေၾကာင္း အခြင့္ ႀကဳံခိုက္ ေျပာၾကားလိုပါတယ္။
အလားတူ အေမရိကန္ႏိုင္ငံမွာလည္း ရက္သတၱပတ္ ၂ ပတ္ ကာလတိုအတြင္းမွာ ဟာရီကိန္း မုန္တိုင္းဒဏ္ေၾကာင့္ ျပင္းထန္တဲ့ အက်ိဳးဆက္မ်ား ခံစားခဲ့ရတဲ့အတြက္လည္း အေမရိကန္ႏိုင္ငံ ျပည္သူမ်ားနဲ႔ အစိုးရအား မ်ားစြာဝမ္းနည္းရပါေၾကာင္းကိုလည္း ေျပာၾကားလိုပါတယ္။ ယခုအခ်ိန္ မွာ မာရီယာ ဟာရီကိန္းမုန္တိုင္းဒဏ္ကို ႀကဳံေတြ႕ ခံစားေနၾကရတဲ့ ပြာတိုရီကို ျပည္သူမ်ားကိုလည္း မ်ားစြာဝမ္းနည္းရပါေၾကာင္း ေျပာၾကား လိုပါတယ္။
ယခုလိုအင္အား ျပင္းထန္လွတဲ့ ဆိုက္ကလုန္းမုန္တိုင္းမ်ား မၾကာခဏ ျဖစ္ပြား ေနရျခင္းဟာ ရာသီဥတုေျပာင္းလဲမႈ ျဖစ္ပြားေနတယ္ ဆိုတာကို သက္ေသျပသလ်က္ ရွိပါတယ္။ အခုဆိုရင္ ရာသီ ဥတုေျပာင္းလဲမႈဟာ မိမိတို႔ေနထိုင္တဲ့ကမၻာႀကီးကို အမွန္တကယ္ အေလးအနက္ ၿခိမ္းေျခာက္မႈ ျပဳလာေနၿပီျဖစ္ပါတယ္။ ရာသီဥတု ေျပာင္းလဲမႈရဲ႕ဒဏ္ဟာ တစ္ကမၻာလုံးအေပၚ ထိခိုက္မႈရွိေနၿပီး သက္ေရာက္မႈ ပမာဏဟာလည္း မႀကဳံစဖူးႀကီးမားလွပါတယ္။ ျမန္မာႏိုင္ငံဟာလည္း ရာသီဥတု ေျပာင္းလဲမႈရဲ႕ ဆိုးက်ိဳးဒဏ္ေတြကို ထိခိုက္ခံစားေနရတဲ့ ႏိုင္ငံတစ္ႏိုင္ငံျဖစ္ပါတယ္။ မုန္တိုင္းမ်ား၊ ေရႀကီးမႈမ်ား၊ မိုးေခါင္မႈမ်ားဒဏ္ကို မၾကာခဏခံစားေနတဲ့ ႏိုင္ငံတစ္ႏိုင္ငံ ျဖစ္တဲ့အတြက္ ျမန္မာ ႏိုင္ငံဟာ ပါရီသေဘာတူညီခ်က္ကို ႀကိဳဆိုခဲ့ပါတယ္။ ျမန္မာႏိုင္ငံဟာ ကမၻာ့ရာသီဥတု ေျပာင္းလဲမႈဆိုင္ရာ အျပည္ျပည္ဆိုင္ရာ ပါရီသေဘာတူညီခ်က္မွာ အတည္ျပဳပါဝင္ေၾကာင္း စာခၽြန္လႊာနဲ႔ က်ိဳတိုေနာက္ဆက္တြဲ စာခ်ဳပ္ရဲ႕ ဒိုဟာျပင္ဆင္ခ်က္ အား လက္ခံေၾကာင္း စာခၽြန္လႊာေတြကို မေန႔ကပဲ ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္႐ုံးထံ ေပးအပ္ခဲ့ၿပီးျဖစ္ေၾကာင္းကို ယခုညီလာခံႀကီးမွာ ဝမ္းေျမာက္စြာ အသိေပး ေျပာၾကားလိုပါတယ္။
သဘာပတိႀကီးနဲ႔ ကိုယ္စားလွယ္ေတာ္မ်ားခင္ဗ်ား၊
ျမန္မာႏိုင္ငံအေနနဲ႔ “ေရရွည္တည္တံ့ခိုင္ၿမဲတဲ့ ကမၻာႀကီးေပၚရွိ လူသားမ်ားအားလုံး အတြက္ ၿငိမ္းခ်မ္းမႈနဲ႔ သင့္ေလ်ာ္တဲ့လူေနမႈဘဝ ရရွိေရး-ျပည္သူမ်ားကိုအေလးေပး” ဆိုတဲ့ ယခုႏွစ္ ညီလာခံ ေဆာင္ပုဒ္ကို ႀကိဳဆိုပါေၾကာင္း ေျပာၾကားလိုပါတယ္။
ျမန္မာႏိုင္ငံမွာလည္း ျပည္တြင္းလက္နက္ကိုင္တိုက္ခိုက္မႈေတြကို ႏွစ္ေပါင္း ၇၀ နီးပါး ခံစားခဲ့ၾကရၿပီးေနာက္ ၿငိမ္းခ်မ္းေရးနဲ႔ တည္ၿငိမ္မႈ ရရွိေရးအတြက္ အေလးထား ႀကိဳးပမ္းေဆာင္႐ြက္လ်က္ ရွိေနပါတယ္။
ၿပီးခဲ့တဲ့ႏွစ္က ဒီစင္ျမင့္ေပၚမွာ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ကိုယ္တိုင္ တက္ေရာက္ မိန္႔ခြန္းေျပာၾကားခဲ့ရာမွာ ျမန္မာႏိုင္ငံမွာ ျပည္တြင္း လက္နက္ကိုင္ တိုက္ခိုက္မႈေတြ အဆုံးသတ္သြားေစဖို႔နဲ႔ ရခိုင္ျပည္နယ္မွာ ျဖစ္ေပၚေနတဲ့ ႐ႈပ္ေထြးလွတဲ့ အေျခအေနေတြကေန အဓိပၸါယ္ျပည့္ဝၿပီး ေရရွည္တည္တံ့တဲ့အေျဖ ရွာေဖြ သြားႏိုင္ေရးအတြက္ အစိုးရရဲ႕ ေမၽွာ္မွန္းေဆာင္႐ြက္ေနမႈ အေျခအေနေတြကို ခ်ျပခဲ့ ပါတယ္။
ယခုတစ္ႏွစ္ျပည့္ေျမာက္တဲ့အခ်ိန္မွာ ကၽြန္ေတာ့္အေနနဲ႔ ျမန္မာႏိုင္ငံမွာ ေဖာ္ေဆာင္ ေပးႏိုင္ခဲ့တဲ့ တိုးတက္ ေအာင္ျမင္မႈမ်ားနဲ႔ က်န္ရွိေနေသးတဲ့ စိန္ေခၚမႈမ်ားကို ရွင္းလင္း တင္ျပသြားပါမယ္။ ၿပီးခဲ့တဲ့ ရက္သတၱပတ္မ်ား အတြင္း ရခိုင္ျပည္နယ္မွာ ျဖစ္ပြားခဲ့တဲ့ အေျခအေနမ်ားဟာ ကမၻာႀကီးက အထူး အာ႐ုံစိုက္လ်က္ရွိေနတဲ့ ကိစၥျဖစ္တဲ့ အားေလ်ာ္စြာ ကၽြန္ေတာ့္အေနနဲ႔ ဒီကိစၥရပ္အေပၚမွာ ဦးစြာ ေဆြးေႏြးေျပာၾကားလိုပါတယ္။
သဘာပတိႀကီးနဲ႔ ကိုယ္စားလွယ္ေတာ္မ်ားခင္ဗ်ား၊
မေန႔ကပဲ ႏိုင္ငံေတာ္ရဲ႕အတိုင္ပင္ခံပုဂၢိဳလ္ဟာ ႏိုင္ငံတြင္းမွာ အမ်ိဳးသား ျပန္လည္ရင္ၾကားေစ့ေရးနဲ႔ ၿငိမ္းခ်မ္းေရး ရရွိေရးအတြက္ ျမန္မာအစိုးရရဲ႕ ႀကိဳးပမ္း ေဆာင္႐ြက္ေနမႈ အေျခအေနမ်ားကို ႏိုင္ငံျခားသံတမန္မ်ားအား ဖိတ္ေခၚေျပာၾကားခဲ့ ပါတယ္။ ဒီလိုေျပာၾကား ခဲ့ရာမွာ အစိုးရသက္တမ္း ၁၈ လ ကာလအတြင္း ျမန္မာႏိုင္ငံ ရရွိခဲ့တဲ့ စြမ္းေဆာင္ေအာင္ျမင္မႈမ်ားနဲ႔ ရင္ဆိုင္ႀကဳံေတြ႕ေနရဆဲ အခက္အခဲ မ်ားကိုလည္း မီးေမာင္းထိုးေဖာ္ျပခဲ့ပါတယ္။ ရခိုင္ျပည္နယ္မွာ မၾကာေသးမီက အၾကမ္းဖက္သမား မ်ားရဲ႕ တိုက္ခိုက္မႈေတြေၾကာင့္ လူမႈအသိုက္အဝန္းအားလုံးမွ ျပည္သူမ်ား ေနရပ္ေျပာင္းေ႐ႊ႕တိမ္းေရွာင္ခဲ့ရမႈမ်ားနဲ႔ ဒုကၡခံစားခဲ့ၾကရမႈမ်ားအတြက္ ႏိုင္ငံတကာ အသိုက္အဝန္းနည္းတူ ျမန္မာ အစိုးရအေနနဲ႔လည္း စိုးရိမ္ပူပန္မႈမ်ား မၽွေဝခံစားရပါေၾကာင္းကို ေျပာၾကားခဲ့ပါတယ္။ အလားတူ ႏိုင္ငံေတာ္ရဲ႕ အတိုင္ပင္ခံပုဂၢိဳလ္က “မိမိတို႔အေနနဲ႔ လူ႕အခြင့္အေရး ခ်ိဳးေဖာက္မႈမွန္သမၽွနဲ႔ ဥပေဒနဲ႔ မညီတဲ့ တိုက္ခိုက္မႈမွန္သမၽွကို ႐ႈတ္ခ်ေၾကာင္း၊ တစ္ႏိုင္ငံလုံးမွာ ၿငိမ္းခ်မ္းမႈ၊ တည္ၿငိမ္မႈနဲ႔ တရားဥပေဒစိုးမိုးမႈ ျပန္လည္ရရွိေရးအတြက္ ႀကိဳးပမ္းသြားမွာျဖစ္ေၾကာင္း၊ လုံၿခဳံေရး တပ္ဖြဲ႕ဝင္မ်ားကိုလည္း စစ္ဆင္ေရးေဆာင္႐ြက္ရာမွာ စစ္ဥပေဒ စည္းမ်ဥ္း၊ စည္းကမ္း မ်ားကို တိက်စြာလိုက္နာၾကရန္၊ ထိန္းထိန္းသိမ္းသိမ္း ေဆာင္႐ြက္ၾကရန္၊ အျပစ္မဲ့ ျပည္သူမ်ား မထိခိုက္ေစေရးနဲ႔ မလိုလားအပ္တဲ့ ထိခိုက္ဆုံး႐ႈံးမႈမ်ား မျဖစ္ေပၚေစေရး အျပည့္အဝ ႀကိဳးပမ္းေဆာင္႐ြက္ၾကရန္ ၫႊန္ၾကားထား ရွိၿပီးျဖစ္ေၾကာင္း ေျပာၾကားခဲ့ ပါတယ္။ လူ႕အခြင့္အေရးခ်ိဳးေဖာက္မႈမ်ား၊ တိုင္းျပည္တည္ၿငိမ္ေရးနဲ႔ သဟဇာတ မၽွတမႈရွိေရးတို႔အေပၚ ထိခိုက္ေစမယ့္လုပ္ရပ္မွန္သမၽွကို တင္းက်ပ္တဲ့ ဥပေဒစံႏႈန္းမ်ားနဲ႔ အညီ ကိုင္တြယ္ေဆာင္႐ြက္သြားမွာ ျဖစ္ပါတယ္။ မၾကာေသးမီက ျဖစ္ပြားခဲ့တဲ့ ပဋိပကၡေတြၾကားမွာ ထိခိုက္ခံစားခဲ့ၾကရတဲ့ ျပည္သူမ်ားအတြက္ မ်ားစြာ စိတ္မေကာင္းျဖစ္ရပါေၾကာင္း” ေျပာၾကားခဲ့ပါတယ္။
သဘာပတိႀကီးနဲ႔ ကိုယ္စားလွယ္ေတာ္မ်ားခင္ဗ်ား၊
ရခိုင္ျပည္နယ္အေရးကိစၥဟာ လက္ရွိျမန္မာအစိုးရ ႏိုင္ငံ့တာဝန္မ်ားကို စတင္ ထမ္းေဆာင္ခဲ့တဲ့ အခ်ိန္ကစၿပီး အစိုးရရဲ႕ ထိပ္တန္း ဦးစားေပးကိစၥတစ္ရပ္ ျဖစ္ပါတယ္။ ရခိုင္ျပည္နယ္မွာ ၿငိမ္းခ်မ္းမႈနဲ႔ တည္ၿငိမ္မႈျပန္လည္ေဖာ္ေဆာင္ေရးနဲ႔ ေဒသတြင္း ေနထိုင္ၾကတဲ့ လူမႈအသိုက္အဝန္းမ်ားအၾကား သဟဇာတမၽွတမႈ ျမႇင့္တင္ႏိုင္ေရးအတြက္ အစိုးရဟာ ႀကိဳးပမ္းေဆာင္႐ြက္လ်က္ ရွိေန ပါတယ္။
ရခိုင္ျပည္နယ္ရဲ႕ အဓိကလိုအပ္ခ်က္ေတြကို ျဖည့္ဆည္းေပးႏိုင္ဖို႔အတြက္ ရခိုင္ျပည္နယ္ ၿငိမ္းခ်မ္းေရး၊ တည္ၿငိမ္ေရးနဲ႔ ဖြံ႕ၿဖိဳးတိုးတက္မႈ ရရွိေရး အေကာင္ အထည္ေဖာ္မႈဆိုင္ရာ ဗဟို ေကာ္မတီကို ႏိုင္ငံေတာ္ရဲ႕အတိုင္ပင္ခံပုဂၢိဳလ္ကိုယ္တိုင္ ဥကၠဌအျဖစ္ တာဝန္ယူၿပီး ၂၀၁၆ ခုႏွစ္၊ ေမလ ၃၀ ရက္ေန႔မွာ ဖြဲ႕စည္းခဲ့ပါတယ္။
ထို႔ျပင္ ႐ႈပ္ေထြးလွတဲ့ ရခိုင္ျပည္နယ္ အေျခအေနမ်ားနဲ႔ ပတ္သက္ၿပီး ေရရွည္ တည္တံ့တဲ့ ေျဖရွင္းမႈဆိုင္ရာ အႀကံဉာဏ္မ်ား အစိုးရကို ေပးအပ္ႏိုင္ဖို႔ ေဒါက္တာ ကိုဖီအာနန္ ဦးေဆာင္တဲ့ ရခိုင္ျပည္နယ္ဆိုင္ရာ အႀကံေပးေကာ္မရွင္တစ္ရပ္ကို ႏိုင္ငံေတာ္ရဲ႕အတိုင္ပင္ခံပုဂၢိဳလ္က ၂၀၁၆ ခုႏွစ္၊ ၾသဂုတ္လအတြင္းမွာ ဖြဲ႕စည္းေပးခဲ့ ပါတယ္။
ရခိုင္ျပည္နယ္မွာ ၿငိမ္းခ်မ္းမႈ၊ တည္ၿငိမ္မႈနဲ႔ လူမႈေရးအရ သဟဇာတရွိမႈ ရရွိေရး ႀကိဳးပမ္းေနခ်ိန္နဲ႔ တစ္ဆက္တည္း ေဒသဖြံ႕ၿဖိဳးတိုးတက္မႈ ရရွိေစဖို႔အတြက္ မိမိတို႔ ႀကိဳးပမ္း ေဆာင္႐ြက္လ်က္ ရွိပါတယ္။ ဒီလုပ္ငန္းေတြဟာ လြယ္ကူတဲ့ လုပ္ငန္းတာဝန္ေတြ မဟုတ္ပါ။ ေဒသတြင္းမွာေနထိုင္ၾကတဲ့ အသိုက္အဝန္းမ်ားအၾကား နားလည္ယုံၾကည္မႈ၊ သဟဇာတရွိမႈေတြ ျပန္လည္ရရွိလာေစမယ့္ ပတ္ဝန္းက်င္တစ္ရပ္ ေဖာ္ေဆာင္ႏိုင္ေရးအတြက္ ဆယ္စုႏွစ္ေပါင္းမ်ားစြာ အျမစ္တြယ္လာခဲ့တဲ့ အျပန္အလွန္ မယုံၾကည္မႈေတြ တျဖည္းျဖည္းပေပ်ာက္သြားေအာင္ ေဆာင္႐ြက္ရမွာ ျဖစ္ပါတယ္။
၂၀၁၇ ခုႏွစ္၊ ၾသဂုတ္လ ၂၄ ရက္ေန႔က မစၥတာကိုဖီအာနန္ ဦးေဆာင္တဲ့ ရခိုင္ျပည္နယ္ဆိုင္ရာ အႀကံေပးေကာ္မရွင္ရဲ႕ အၿပီးသတ္အစီရင္ခံစာကို ထုတ္ျပန္ခဲ့ ပါတယ္။ ဒီအစီရင္ခံစာ ထုတ္ျပန္ခဲ့တာကို ျမန္မာႏိုင္ငံက မဆိုင္းမတြ ႀကိဳဆိုခဲ့ပါတယ္။
ဒီေန႔ညီလာခံႀကီးဟာ အႀကံေပးေကာ္မရွင္ရဲ႕ အေရးႀကီးတဲ့ သုံးသပ္ခ်က္မ်ားကို အေကာင္အထည္ ေဖာ္ရာမွာ ကၽြန္ေတာ္တို႔ရရွိခဲ့တဲ့ တိုးတက္မႈေတြကို ကမၻာကသိေအာင္ ေျပာၾကားဖို႔ အခြင့္အလမ္းတစ္ရပ္ ျဖစ္မယ္လို႔ မူလကေမၽွာ္လင့္ထားခဲ့ပါတယ္။
သို႔ေသာ္လည္း ၿပီးခဲ့တဲ့လအတြင္းက ရခိုင္ျပည္နယ္မွာ ARSA လို႔ေခၚတဲ့ အၾကမ္းဖက္အုပ္စု ရဲ႕ တိုက္ခိုက္မႈေတြ စတင္ျပဳလုပ္ခဲ့ၿပီးေနာက္ပိုင္း ရခိုင္ျပည္နယ္မွာ ျဖစ္ေပၚေနတဲ့ လက္ရွိအေျခ အေနေတြကိုသာ အေလးထားေျပာၾကားရမယ့္အေနအထား ျဖစ္လာခဲ့ပါတယ္။
သဘာပတိႀကီးနဲ႔ ကိုယ္စားလွယ္ေတာ္မ်ားခင္ဗ်ား၊
အေဆြေတာ္သိၿပီးျဖစ္တဲ့အတိုင္း ရခိုင္ျပည္နယ္ဆိုင္ရာ အႀကံေပးေကာ္မရွင္ရဲ႕ အၿပီးသတ္ အစီရင္ခံစာ ထြက္ရွိလာၿပီး နာရီပိုင္းအတြင္းမွာပဲ ရခိုင္ျပည္နယ္ေျမာက္ပိုင္းရွိ ရဲကင္း စခန္းေပါင္း (၃၀) ကို တစ္ၿပိဳင္တည္း အကြက္က်က် ၫွိႏႈိင္းၿပီးမွ ဝင္ေရာက္ တိုက္ခိုက္မႈမ်ား ျပဳလုပ္ခဲ့ၾက ပါတယ္။ ဒီတိုက္ခိုက္မႈေတြဟာ ၎တို႔လုပ္ေဆာင္ခဲ့တာ ျဖစ္ေၾကာင္း ARSA အဖြဲ႕က ေၾကညာခဲ့ ပါတယ္။
ဒီတိုက္ခိုက္မႈေတြေၾကာင့္ ေဒသတြင္းမွာ အၾကမ္းဖက္မႈေတြကို အသစ္တဖန္ ျဖစ္ပြားေစၿပီး၊ အသက္ဆုံး႐ႈံးမႈအခ်ိဳ႕၊ ထိခိုက္နစ္နာမႈေတြနဲ႔ ေဒသတြင္းရွိ အသိုက္အဝန္း အားလုံး အစုလိုက္အၿပဳံ လိုက္ ေနရပ္စြန္႔ခြာမႈေတြ ျဖစ္ေပၚလာေစခဲ့ပါတယ္။ယခုလို မိမိတို႔ရဲ႕ေနအိမ္ေတြကို စြန္႔ခြာထြက္ေျပးမႈေတြဟာ မူဆလင္မ်ားနဲ႔ ရခိုင္ တိုင္းရင္းသားေတြ သာမကပဲ လူနည္းစုတိုင္းရင္းသားေတြျဖစ္တဲ့ ဒိုင္းနက္၊ ၿမိဳ၊ သက္၊ မရမာႀကီးနဲ႔ ဟိႏၵဴဘာသာဝင္ေတြလည္း အပါအဝင္ျဖစ္ပါတယ္။ အခုတိုင္းရင္းသား လူနည္းစုေတြ ရွိေနတာရယ္၊ သူတို႔လည္း ထိခိုက္ခံစားခဲ့ၾကရတယ္ ဆိုတာေတြကို ကမၻာ့ႏိုင္ငံအေတာ္မ်ားမ်ားဟာ မသိရွိၾကပါ ဘူး။
ျမန္မာႏိုင္ငံအစိုးရက ရခိုင္ျပည္နယ္ရဲ႕ လက္ရွိအေျခအေနအေပၚ လြန္စြာ စိုးရိမ္လ်က္ရွိ တယ္ ဆိုတာကို ရွင္းလင္းစြာ သိေစလိုပါတယ္။ အသက္ဆုံး႐ႈံးခဲ့ရတဲ့ ရဲႏွင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြနဲ႔ အျပစ္မဲ့ျပည္သူေတြရဲ႕ မိသားစုဝင္နဲ႔ မိတ္ေဆြေတြအတြက္ မ်ားစြာ ဝမ္းနည္းမိ ပါတယ္။ ဒါဟာ အလြန္ႀကီးမားတဲ့ သက္ေရာက္မႈရွိတဲ့ ျပႆနာ တစ္ရပ္ဆိုတာ အျငင္းပြားစရာ မရွိပါဘူး။
အခုအခ်ိန္မွာေတာ့ အေျခအေနေတြဟာ တိုးတက္ေကာင္းမြန္လာၿပီ ဆိုတာကို ဝမ္းေျမာက္စြာ အသိေပးေျပာၾကားလိုပါတယ္။ စက္တင္ဘာလ ၅ ရက္ေန႔ကစတင္ၿပီး လက္နက္ကိုင္တိုက္ခိုက္မႈ ေတြ မရွိေတာ့ဘူးလို႔ သိရွိရပါတယ္။
ဒီလိုအေျခအေနမွာ မူဆလင္အမ်ားအျပားဟာ ဘဂၤလားေဒ့ရွ္ႏိုင္ငံဖက္ကို ဆက္လက္ ထြက္ေျပးေနၾကဆဲျဖစ္တယ္ဆိုတဲ့ သတင္းေတြအေပၚမွာေတာ့ စိုးရိမ္မႈျဖစ္ေပၚမိ ပါတယ္။အခုလို လူအမ်ားအျပား ေ႐ႊ႕ေျပာင္းတိမ္းေရွာင္ၾကရျခင္းရဲ႕ အေၾကာင္းရင္းကို မိမိတို႔ ရွာေဖြၾကဖို႔ လိုအပ္ပါတယ္။ ဒီေနရာမွာ လူသိနည္းတဲ့အခ်က္ကေတာ့ မူဆလင္ အမ်ားအျပားဟာ ၎တို႔ရဲ႕ ေနအိမ္မ်ားမွာ ဆက္လက္ေနထိုင္ၾကဖို႔ ဆုံးျဖတ္ခဲ့ၾကတယ္ ဆိုတာပဲ ျဖစ္ပါတယ္။
ယခုအခ်ိန္မွာ အကူအညီ လိုအပ္ေနသူေတြအတြက္ အေရးႀကီးတဲ့ လူသားခ်င္းစာနာ ေထာက္ထားမႈအကူအညီေတြ ေပးအပ္ဖို႔လိုတယ္ဆိုတဲ့ အခ်က္ကိုလည္း မိမိတို႔အေနနဲ႔ သေဘာထား ထပ္တူထပ္မၽွရွိပါတယ္။
ဒါ့အျပင္ ရခိုင္ျပည္နယ္မွာ ျဖစ္ေပၚေနတဲ့ စိန္ေခၚမႈေတြကို ကိုင္တြယ္ ေဆာင္႐ြက္ေပးဖို႔ဟာ ျမန္မာႏိုင္ငံအစိုးရရဲ႕ ပဏာမလုပ္ငန္းတာဝန္ ျဖစ္တယ္ဆိုတာ အသိအမွတ္ျပဳပါတယ္။ ရခိုင္ျပည္နယ္ အေျခအေနဟာ ႐ႈပ္ေထြးလွပါတယ္။ ကၽြန္ေတာ္တို႔ ႀကဳံေတြ႕ရတဲ့ စိန္ေခၚမႈမ်ားဟာလည္း ႀကီးမားလွပါတယ္။ သို႔ေသာ္လည္း ဒီစိန္ေခၚမႈေတြကို ကိုင္တြယ္ေျဖရွင္းႏိုင္ဖို႔ ဘက္စုံအမ်ိဳးသား မဟာဗ်ဴဟာတစ္ရပ္ကို ခ်မွတ္ထားၿပီး ျဖစ္ပါတယ္။
ရခိုင္ျပည္နယ္ဆိုင္ရာ အႀကံေပးေကာ္မရွင္ရဲ႕ အႀကံျပဳခ်က္မ်ားကို အေကာင္ အထည္ေဖာ္ဖို႔ လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေဆာင္တဲ့ ေကာ္မတီတစ္ရပ္ကိုလည္း ဖြဲ႕စည္းထားၿပီးျဖစ္ေၾကာင္း ဝမ္းေျမာက္စြာနဲ႔ အသိေပး ေၾကညာလိုပါတယ္။ ပြင့္လင္းျမင္သာမႈနဲ႔ တာဝန္ခံမႈ ရွိေစေရးအတြက္ ေကာ္မတီအေနနဲ႔ တိုးတက္မႈ အစီရင္ခံစာကို ေလးလတစ္ႀကိမ္ ျပည္သူမ်ားထံ ထုတ္ျပန္အသိေပးဖို႔ တာဝန္သတ္မွတ္ေပးထားပါတယ္။ ဒီေကာ္မတီအျပင္ ျပည္တြင္းနဲ႔ ႏိုင္ငံတကာက ထင္ရွားတဲ့ ပုဂၢိဳလ္မ်ားပါဝင္တဲ့ အႀကံေပး ဘုတ္အဖြဲ႕ ဖြဲ႕စည္းသြားဖို႔လည္း ရွိပါတယ္။
အခုအခ်ိန္မွာ ရခိုင္ျပည္နယ္မွာ လူသားခ်င္းစာနာမႈ အကူအညီေပးအပ္ေရးဟာ မိမိတို႔ရဲ႕ ပထမဦးစားေပးလုပ္ငန္း ျဖစ္ပါတယ္။ အကူအညီ လိုအပ္ေနၾကတဲ့ ျပည္သူမ်ား အားလုံး ခြဲျခား ဆက္ဆံမႈ မရွိဘဲ လူသားခ်င္းစာနာမႈ အကူအညီမ်ားအား လက္ခံ ရရွိေစေရးအတြက္ ေဆာင္႐ြက္သြားဖို႔ ဆုံးျဖတ္ခ်က္ ခိုင္မာစြာ ခ်မွတ္ထားပါတယ္။ လူသားခ်င္းစာနာေထာက္ထားေရး လုပ္ငန္းမ်ား အတြက္ ႏိုင္ငံေတာ္က ရန္ပုံေငြနဲ႔ အရင္းအျမစ္ အမ်ားအျပားကို ခြဲေဝခ်မွတ္ထားၿပီးျဖစ္ပါတယ္။
ျမန္မာႏိုင္ငံအစိုးရ ဦးေဆာင္တဲ့ အကူအညီေပးေရး ယႏၲရားသစ္တစ္ရပ္ကို ၾကက္ေျခနီ လႈပ္ရွားမႈအဖြဲ႕ရဲ႕ ပူးေပါင္းေဆာင္႐ြက္မႈနဲ႔ ထူေထာင္ထားၿပီး၊ လူသားခ်င္း စာနာမႈဆိုင္ရာ အကူအညီ ေပးအပ္ေရးလုပ္ငန္းမ်ား စတင္ေဆာင္႐ြက္ေနၿပီ ျဖစ္ေၾကာင္းကိုလည္း ဝမ္းေျမာက္စြာ အသိေပးလို ပါတယ္။
ယခု အကူအညီေပးေရး လုပ္ငန္းအစီအစဥ္မွာ ပါဝင္ကူညီပံ့ပိုးရန္အတြက္ ကမ္းလွမ္းလာတဲ့ ႏိုင္ငံမ်ားအားလုံးကို အထူးေက်းဇူးတင္ရွိ ပါေၾကာင္း ျမန္မာႏိုင္ငံ အစိုးရကိုယ္စား ေျပာၾကားလိုပါတယ္။ အထူးသျဖင့္ ကမၻာတစ္ဝွမ္းရွိ မိတ္ေဆြႏိုင္ငံမ်ား ထံမွ မၾကာမီက ကူညီေထာက္ပံ့ရန္ ကမ္းလွမ္းမႈမ်ားအတြက္ လႈိက္လွဲစြာ ေက်းဇူးတင္ရွိပါေၾကာင္း ေျပာၾကားလိုပါတယ္။ တစ္ခ်ိန္တည္းမွာပဲ ျမန္မာႏိုင္ငံအေနနဲ႔ ဘဂၤလားေဒ့ရွ္ႏိုင္ငံနဲ႔ ဆက္ဆံေရး တိုးျမႇင့္ႏိုင္ဖို႔ ႀကိဳးပမ္းေဆာင္႐ြက္လ်က္ ရွိပါတယ္။ ျမန္မာႏိုင္ငံက ႏိုင္ငံျခားေရး ဝန္ႀကီးဌာန၊ ဒုတိယဝန္ႀကီးနဲ႔ အမ်ိဳးသားလုံၿခဳံေရးဆိုင္ရာ အႀကံေပးပုဂၢိဳလ္တို႔ဟာ ဒီႏွစ္ ဇန္နဝါရီလနဲ႔ ဇူလိုင္လအတြင္းက ဘဂၤလားေဒ့ရွ္ႏိုင္ငံကို အသီးသီးသြားေရာက္ခဲ့ၾကပါတယ္။ ဘဂၤလားေဒ့ရွ္ႏိုင္ငံက ျပည္ထဲေရးဝန္ႀကီး ျမန္မာႏိုင္ငံကို ၾသဂုတ္လ အတြင္းက လာေရာက္ဖို႔ စီစဥ္ခဲ့ေပမယ့္ ၎တို႔ဝန္ႀကီးဘက္က အဆင္မေျပမႈေၾကာင့္ ခရီးစဥ္ကို ေ႐ႊ႕ဆိုင္းခဲ့ရပါတယ္။ ဝန္ႀကီးအေနနဲ႔ ျမန္မာႏိုင္ငံကို အဆင္ေျပတဲ့ အခ်ိန္လာေရာက္ေရးကို လက္ကမ္းႀကိဳဆိုလ်က္ရွိၿပီး နယ္စပ္လုံၿခဳံေရး ကိစၥရပ္မ်ားနဲ႔ ပတ္သက္ၿပီး ႏွစ္ႏိုင္ငံ ဆက္လက္ပူးေပါင္း ေဆာင္႐ြက္သြားႏိုင္မယ္လို႔ မိမိတို႔ ေမၽွာ္လင့္လ်က္ ရွိပါတယ္။
ရခိုင္ျပည္နယ္ေျမာက္ပိုင္းကေန ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္ကို မၾကာမီက ေျပာင္းေ႐ႊ႕ သြားၾကတဲ့ သူေတြကို ျပန္လည္ေခၚယူဖို႔ ေျပာၾကားမႈေတြ ရွိေနပါတယ္။ ဒီကိစၥနဲ႔ ပတ္သက္ၿပီး ျမန္မာႏိုင္ငံအေနနဲ႔ လိုအပ္တဲ့စိစစ္ေရးလုပ္ငန္းစဥ္ေတြကို စတင္သြားဖို႔ ျပင္ဆင္ ထားရွိေၾကာင္း ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ မေန႔ကမိန္႔ခြန္းထဲမွာ ထည့္သြင္း ေျပာၾကားခဲ့ပါတယ္။ မိမိတို႔အိမ္နီးခ်င္း ႏွစ္ႏိုင္ငံအၾကား ျပန္လည္ လက္ခံေရး လုပ္ငန္းစဥ္ေတြကို ပူးတြဲလုပ္ငန္းအဖြဲ႕ တည္ေထာင္ဖြဲ႕စည္းၿပီး လက္ခံခဲ့တဲ့ အစဥ္အလာ ၁၉၉၃ ခုႏွစ္ကတည္းက ရွိခဲ့ပါတယ္။ မိမိတို႔အေနနဲ႔ ၁၉၉၃ ခုႏွစ္က ေဆာင္႐ြက္ခဲ့တဲ့ လုပ္ငန္းအေတြ႕အႀကဳံေတြကို အေျချပဳၿပီး လုပ္ငန္းစဥ္တစ္ရပ္ ခ်မွတ္ေဖာ္ေဆာင္ သြားႏိုင္မွာ ျဖစ္ပါတယ္။
သဘာပတိႀကီးနဲ႔ ကိုယ္စားလွယ္ေတာ္မ်ားခင္ဗ်ား၊
မည္သည့္ပုံစံႏွင့္ အသြင္သ႑ာန္ျဖင့္ က်ဴးလြန္သည့္ အၾကမ္းဖက္မႈကို ျပစ္တင္ ႐ႈတ္ခ်ရာမွာ ျမန္မာႏိုင္ငံအေနနဲ႔ က်န္ကမၻာ့ႏိုင္ငံမ်ား အားလုံးနဲ႔အတူ တစ္သားတည္း ရပ္တည္လ်က္ ရွိပါတယ္။ အၾကမ္းဖက္မႈဟာ ႏိုင္ငံတကာ ၿငိမ္းခ်မ္းေရးနဲ႔ လုံၿခဳံေရးကို ဆိုး႐ြားစြာ ၿခိမ္းေျခာက္မႈမ်ားထဲမွာ တစ္ခုအပါအဝင္ျဖစ္ပါတယ္။ ဒီကိစၥနဲ႔ ပတ္သက္ၿပီး မိမိတို႔ရဲ႕ ရပ္တည္ခ်က္ဟာ ရွင္းလင္းျပတ္သား ပါတယ္။ မည္သည့္ အၾကမ္းဖက္မႈကိုမဆို မိမိတို႔အေနနဲ႔ ခြင့္လႊတ္ဖို႔ မျဖစ္ႏိုင္ပါဘူး။
တစ္ခ်ိန္တည္းမွာ အစိုးရအေနနဲ႔ ရခိုင္ျပည္နယ္ရဲ႕ ႐ႈပ္ေထြးတဲ့ စိန္ေခၚမႈမ်ားကို ေျဖရွင္းႏိုင္ဖို႔ လိုအပ္တဲ့ ေရရွည္မဟာဗ်ဴဟာ စီမံခ်က္ခ်မွတ္ ေဆာင္႐ြက္မႈ လုပ္ငန္းစဥ္ မ်ားကို အၾကမ္းဖက္လႈပ္ရွားမႈမ်ားက ဟန္႔တားေႏွာင့္ယွက္ႏိုင္မႈ မရွိေစေရး အတြက္ ႀကိဳးပမ္းေဆာင္႐ြက္ လ်က္ရွိပါတယ္။
ရခိုင္ျပည္နယ္ဆိုင္ရာ အႀကံေပးေကာ္မရွင္ရဲ႕ အႀကံျပဳခ်က္မ်ားဟာ ကၽြန္ေတာ္တို႔ အတြက္ ရွင္းလင္းတဲ့ လမ္းျပေျမပုံတစ္ခု ျဖစ္ပါတယ္။ ကၽြန္ေတာ္တို႔ရဲ႕ ရခိုင္ျပည္နယ္ဆိုင္ရာ အႀကံေပးေကာ္မရွင္ရဲ႕ အႀကံျပဳခ်က္မ်ားအား အေကာင္အထည္ေဖာ္ေရး ေကာ္မတီအေနနဲ႔ ၿပီးခဲ့တဲ့ရက္သတၱ ပတ္ကစတင္ၿပီး ၄င္းတို႔ရဲ႕ လုပ္ငန္းတာဝန္မ်ားကို စတင္ေဆာင္႐ြက္ေနၿပီျဖစ္ေၾကာင္းနဲ႔ ကၽြန္ေတာ္တို႔ရဲ႕ လုပ္ငန္း အစီအစဥ္အခ်ိဳ႕ကို မ်က္ျမင္လာေရာက္ၾကည့္႐ႈဖို႔ ေလ့လာသူမ်ားကိုလည္း ဖိတ္ၾကား သြားမွာ ျဖစ္ပါတယ္။
သဘာပတိႀကီးနဲ႔ ကိုယ္စားလွယ္ေတာ္မ်ားခင္ဗ်ား၊ ရခိုင္ျပည္နယ္မွာ မၾကာေသးမီက ျဖစ္ပြားခဲ့တဲ့ ျဖစ္စဥ္မ်ားဟာ ၿငိမ္းခ်မ္းေရး၊ သာယာဝေျပာေရးနဲ႔ ဒီမိုကေရစီေရးအတြက္ မိမိတို႔ေလၽွာက္လွမ္းရမယ့္ ခရီးရွည္ႀကီးမွာ ႀကဳံေတြ႕ရမယ့္ ခက္ခဲတဲ့ စိန္ေခၚမႈမ်ား ျဖစ္တယ္ဆိုတာ ထိခိုက္နာက်င္ေစရတဲ့ သတိေပးခ်က္တစ္ခုပဲ ျဖစ္ပါတယ္။
သို႔ေသာ္လည္း ၿပီးခဲ့တဲ့ႏွစ္က ဒီစင္ျမင့္ထက္မွာ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ပထမအႀကိမ္ မိန္႔ခြန္းေျပာၾကားခဲ့စဥ္ကအတိုင္း ကၽြန္ေတာ္တို႔ရဲ႕ ၿငိမ္းခ်မ္းေရး ကတိကဝတ္ဟာ မယိမ္းမယိုင္ ခိုင္ခိုင္မာမာ ဆက္လက္ တည္ရွိေနတယ္ ဆိုတာ ထပ္ေလာင္း ေျပာၾကားလိုပါတယ္။
အဲဒီကတိကဝတ္ကို အေကာင္အထည္ေဖာ္ရာမွာ အမ်ိဳးသားျပန္လည္ သင့္ျမတ္ေရးနဲ႔ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ကို အဓိကဦးစားေပးအျဖစ္ သတ္မွတ္ ေဆာင္႐ြက္လ်က္ ရွိပါတယ္။ လြတ္လပ္ျခင္း၊ တရားမၽွတျခင္း၊ သာတူညီမၽွ အခြင့္အေရး ရွိျခင္းနဲ႔ ကိုယ့္ၾကမၼာ ကိုယ္ဖန္တီး ႏိုင္ျခင္း ဆိုတဲ့မူေတြအေပၚ အေျခခံတဲ့ ဒီမိုကေရစီ ဖက္ဒရယ္ျပည္ေထာင္စုႏိုင္ငံ ျဖစ္ေပၚလာေရးဟာ ကၽြန္ေတာ္တို႔ရဲ႕ ရွင္းလင္းျပတ္သားတဲ့ ေမၽွာ္မွန္းခ်က္ပဲ ျဖစ္ပါတယ္။
ႏိုင္ငံတြင္း ေဆာင္႐ြက္လ်က္ရွိတဲ့ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားနဲ႔ ပတ္သက္ၿပီး ယခုႏွစ္ ေမလမွာ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံရဲ႕ ဒုတိယအႀကိမ္ အစည္းအေဝးကို ေအာင္ျမင္စြာ က်င္းပႏိုင္ခဲ့တဲ့အေၾကာင္း ဝမ္းေျမာက္စြာ အသိေပးေျပာၾကားလိုပါတယ္။ အနာဂတ္ ဒီမိုကေရစီ ဖက္ဒရယ္ျပည္ေထာင္စုရဲ႕ အေျခခံအုတ္ျမစ္ျဖစ္လာမယ့္ အဓိက အေျခခံမူမ်ားကို ပထမဦးဆုံး ေဆြးေႏြးခ်မွတ္ သေဘာတူႏိုင္ခဲ့ပါတယ္။ ႏိုင္ငံေရး၊ လူမႈေရး၊ စီးပြားေရး၊ ေျမယာနဲ႔ သဘာဝ ပတ္ဝန္းက်င္က႑မ်ားနဲ႔ ပတ္သက္တဲ့ အေျခခံမူ (၃၇) ခ်က္ပါဝင္တဲ့ ျပည္ေထာင္စုသေဘာတူ စာခ်ဳပ္ကို အစိုးရ၊ လႊတ္ေတာ္၊ တပ္မေတာ္၊ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕အစည္းမ်ားနဲ႔ ႏိုင္ငံေရးပါတီမ်ားရဲ႕ ကိုယ္စားလွယ္ မ်ားက လက္မွတ္ေရးထိုးႏိုင္ခဲ့ပါတယ္။
အဲဒီလိုစစ္မွန္တဲ့တိုးတက္မႈမ်ား ရရွိလ်က္ ရွိေနေသာ္လည္း ကၽြန္ေတာ္တို႔ ေရွ႕ဆက္ေလၽွာက္ရမယ့္လမ္းဟာ ရွည္လ်ားၿပီး ႐ႈပ္ေထြး ခက္ခဲတယ္ဆိုတာကို သိထား ပါတယ္။ ကၽြန္ေတာ္တို႔ရဲ႕ ဒီမိုကေရစီ အသြင္ကူးေျပာင္းမႈဟာ အကဲဆတ္တဲ့ အေနအထားမွာ ရွိပါတယ္။ ယခုလို ႏိုင္ငံေတာ္ရဲ႕ သမိုင္းမွာ အေရးပါတဲ့အေနအထားကို ေရာက္ေနတဲ့အခ်ိန္မွာ ႏိုင္ငံတကာ အသိုက္အဝန္းအေနနဲ႔ ကၽြန္ေတာ္တို႔ရဲ႕ ၿငိမ္းခ်မ္းေရး၊ သာယာဝေျပာေရးနဲ႔ ဒီမိုကေရစီရရွိေရး ႀကိဳးပမ္းေဆာင္႐ြက္မႈေတြကို ဆက္လက္ၿပီး ေထာက္ခံေပးၾကဖို႔ကို ပန္ၾကားလိုပါတယ္။
သဘာပတိႀကီးနဲ႔ ကိုယ္စားလွယ္ေတာ္မ်ားခင္ဗ်ား၊
မိမိရဲ႕ မိန္႔ခြန္းကို အဆုံးမသတ္မီ ျမန္မာႏိုင္ငံအေနနဲ႔ ကုလသမဂၢအဖြဲ႕ႀကီးရဲ႕ ပဋိညာဥ္ စာတမ္းပါ ရည္႐ြယ္ခ်က္နဲ႔ အေျခခံမူမ်ားအေပၚ သက္ဝင္ယုံၾကည္မႈ ရွိပါေၾကာင္း ထပ္ေလာင္း ေျပာၾကားလိုပါတယ္။
ၿငိမ္းခ်မ္းၿပီး သဟဇာတရွိတဲ့ ကမၻာႀကီးေပၚထြန္းလာေစေရးအတြက္ ျမန္မာႏိုင္ငံ အေနနဲ႔ ခိုင္မာစြာ ကတိကဝတ္ျပဳပါေၾကာင္း အေလးေပးေျပာၾကားရင္းနဲ႔ နိဂုံးခ်ဳပ္အပ္ ပါတယ္။
ေက်းဇူးတင္ပါတယ္ သဘာပတိႀကီးခင္ဗ်ား။
Zawgyi Version
——————————————————————————
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ (၇၂) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အထွေထွေမူဝါဒရေးရာ ဆွေးနွေးပွဲသို့ တက်ရောက် မိန့်ခွန်းပြောကြား
နယူးယောက် စက်တင်ဘာ ၂၁
(၇၂)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ အထွေထွေမူဝါဒရေးရာ ဆွေးနွေးပွဲ ဒုတိယနေ့ကို စက်တင်ဘာ ၂ဝ ရက်တွင် အမေရိကန်နိုင်ငံ နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်ရှိ အထွေထွေညီလာခံခန်းမ (General Assembly Hall)၌ ကျင်းပရာ ဒေသစံတော်ချိန် ည ၈နာရီတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်၍ အထွေထွေမူဝါဒရေးရာ မိန့်ခွန်းတစ်ရပ် ပါဝင်ပြောကြားခဲ့သည်။
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ပါရီ သဘောတူညီ ချက်တွင် အတည်ပြုပါဝင်ခဲ့ သည့် ကိစ္စရပ်၊ နိုင်ငံအတွင်း အမျိုးသားပြန် လည်သင့်မြတ် ရေးနှင့် ငြိမ်းချမ်းရေး တည်ဆောက်မှုဆိုင်ရာ ကိစ္စရပ်များနှင့် ရခိုင်ပြည်နယ်တွင် ရေရှည်တည်တံ့သော အဖြေရရှိရေးအတွက် မြန်မာအစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်အခြေ အနေများကို အလေးပေးရှင်းလင်း ပြောကြားသည်။
ဒုတိယသမ္မတပြောကြားသည့် မိန့်ခွန်းအပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
သဘာပတိကြီးခင်ဗျား၊
အဆွေတော်အား (၇၂) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံကြီးရဲ့ သဘာပတိအဖြစ် ရွေးကောက်တင်မြှောက်ခံရခြင်းအတွက် မိမိအနေနဲ့ ဝမ်းမြောက် ဂုဏ်ယူပါကြောင်း ပြောကြားလိုပါတယ်။ အဆွေတော်ရဲ့ ဦးဆောင်နိုင်မှုအောက်မှာ ယခုညီလာခံကြီးဟာ အကျိုးရလဒ်ကောင်းတွေ ဖော်ဆောင်ပေးနိုင်မယ်လို့ မိမိတို့အနေနဲ့ ယုံကြည်ပါတယ်။
သဘာပတိကြီးနဲ့ ကိုယ်စားလှယ်တော်များခင်ဗျား၊
မိမိအနေနဲ့ ဘာသာရပ်ပိုင်းဆိုင်ရာ ကိစ္စတွေမပြောကြားမီ မက္ကဆီကိုနိုင်ငံမှာ မနေ့က အင်အား ပြင်းထန်တဲ့ ငလျင်လှုပ်ခတ်မှု ကြောင့် ပြည်သူများ အသက်ဆုံးရှုံးမှုများနဲ့ ပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့တဲ့အတွက် မက္ကဆီကိုနိုင်ငံပြည်သူများနဲ့ အစိုးရအား များစွာ ဝမ်းနည်းရပါကြောင်း အခွင့် ကြုံခိုက် ပြောကြားလိုပါတယ်။
အလားတူ အမေရိကန်နိုင်ငံမှာလည်း ရက်သတ္တပတ် ၂ ပတ် ကာလတိုအတွင်းမှာ ဟာရီကိန်း မုန်တိုင်းဒဏ်ကြောင့် ပြင်းထန်တဲ့ အကျိုးဆက်များ ခံစားခဲ့ရတဲ့အတွက်လည်း အမေရိကန်နိုင်ငံ ပြည်သူများနဲ့ အစိုးရအား များစွာဝမ်းနည်းရပါကြောင်းကိုလည်း ပြောကြားလိုပါတယ်။ ယခုအချိန် မှာ မာရီယာ ဟာရီကိန်းမုန်တိုင်းဒဏ်ကို ကြုံတွေ့ ခံစားနေကြရတဲ့ ပွာတိုရီကို ပြည်သူများကိုလည်း များစွာဝမ်းနည်းရပါကြောင်း ပြောကြား လိုပါတယ်။
ယခုလိုအင်အား ပြင်းထန်လှတဲ့ ဆိုက်ကလုန်းမုန်တိုင်းများ မကြာခဏ ဖြစ်ပွား နေရခြင်းဟာ ရာသီဥတုပြောင်းလဲမှု ဖြစ်ပွားနေတယ် ဆိုတာကို သက်သေပြသလျက် ရှိပါတယ်။ အခုဆိုရင် ရာသီ ဥတုပြောင်းလဲမှုဟာ မိမိတို့နေထိုင်တဲ့ကမ္ဘာကြီးကို အမှန်တကယ် အလေးအနက် ခြိမ်းခြောက်မှု ပြုလာနေပြီဖြစ်ပါတယ်။ ရာသီဥတု ပြောင်းလဲမှုရဲ့ဒဏ်ဟာ တစ်ကမ္ဘာလုံးအပေါ် ထိခိုက်မှုရှိနေပြီး သက်ရောက်မှု ပမာဏဟာလည်း မကြုံစဖူးကြီးမားလှပါတယ်။ မြန်မာနိုင်ငံဟာလည်း ရာသီဥတု ပြောင်းလဲမှုရဲ့ ဆိုးကျိုးဒဏ်တွေကို ထိခိုက်ခံစားနေရတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ မုန်တိုင်းများ၊ ရေကြီးမှုများ၊ မိုးခေါင်မှုများဒဏ်ကို မကြာခဏခံစားနေတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်တဲ့အတွက် မြန်မာ နိုင်ငံဟာ ပါရီသဘောတူညီချက်ကို ကြိုဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ပါရီသဘောတူညီချက်မှာ အတည်ပြုပါဝင်ကြောင်း စာချွန်လွှာနဲ့ ကျိုတိုနောက်ဆက်တွဲ စာချုပ်ရဲ့ ဒိုဟာပြင်ဆင်ချက်အား လက်ခံကြောင်း စာချွန်လွှာတွေကို မနေ့ကပဲ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံးထံ ပေးအပ်ခဲ့ပြီးဖြစ်ကြောင်းကို ယခုညီလာခံကြီးမှာ ဝမ်းမြောက်စွာ အသိပေး ပြောကြားလိုပါတယ်။
သဘာပတိကြီးနဲ့ ကိုယ်စားလှယ်တော်များခင်ဗျား၊ မြန်မာနိုင်ငံအနေနဲ့ “ရေရှည်တည်တံ့ခိုင်မြဲတဲ့ ကမ္ဘာကြီးပေါ်ရှိ လူသားများအားလုံး အတွက် ငြိမ်းချမ်းမှုနဲ့ သင့်လျော်တဲ့လူနေမှုဘဝ ရရှိရေး-ပြည်သူများကိုအလေးပေး” ဆိုတဲ့ ယခုနှစ် ညီလာခံ ဆောင်ပုဒ်ကို ကြိုဆိုပါကြောင်း ပြောကြားလိုပါတယ်။
မြန်မာနိုင်ငံမှာလည်း ပြည်တွင်းလက်နက်ကိုင်တိုက်ခိုက်မှုတွေကို နှစ်ပေါင်း ၇ဝ နီးပါး ခံစားခဲ့ကြရပြီးနောက် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုရရှိရေးအတွက် အလေးထား ကြိုးပမ်းဆောင်ရွက်လျက် ရှိနေပါတယ်။
ပြီးခဲ့တဲ့နှစ်က ဒီစင်မြင့်ပေါ်မှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် ကိုယ်တိုင် တက်ရောက်မိန့်ခွန်းပြောကြား ခဲ့ရာမှာ မြန်မာနိုင်ငံမှာ ပြည်တွင်း လက်နက်ကိုင် တိုက်ခိုက်မှုတွေ အဆုံးသတ်သွားစေဖို့နဲ့ ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ ရှုပ်ထွေးလှတဲ့ အခြေအနေတွေကနေ အဓိပ္ပါယ်ပြည့်ဝပြီး ရေရှည်တည်တံ့တဲ့အဖြေ ရှာဖွေ သွားနိုင်ရေးအတွက် အစိုးရရဲ့ မျှော်မှန်းဆောင်ရွက်နေမှု အခြေအနေတွေကို ချပြခဲ့ ပါတယ်။
ယခုတစ်နှစ်ပြည့်မြောက်တဲ့အချိန်မှာ ကျွန်တော့်အနေနဲ့ မြန်မာနိုင်ငံမှာ ဖော်ဆောင် ပေးနိုင်ခဲ့တဲ့ တိုးတက်အောင်မြင်မှုများနဲ့ ကျန်ရှိနေသေးတဲ့ စိန်ခေါ်မှုများကို ရှင်းလင်း တင်ပြသွားပါမယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်များအတွင်း ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အခြေအနေများဟာ ကမ္ဘာကြီးက အထူး အာရုံစိုက်လျက်ရှိနေတဲ့ ကိစ္စဖြစ်တဲ့ အားလျော်စွာ ကျွန်တော့်အနေနဲ့ ဒီကိစ္စရပ်အပေါ်မှာ ဦးစွာ ဆွေးနွေးပြောကြားလိုပါတယ်။
သဘာပတိကြီးနဲ့ ကိုယ်စားလှယ်တော်များခင်ဗျား၊မနေ့ကပဲ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ နိုင်ငံတွင်းမှာ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေး ရရှိရေးအတွက် မြန်မာအစိုးရရဲ့ ကြိုးပမ်း ဆောင်ရွက်နေမှု အခြေအနေများကို နိုင်ငံခြားသံတမန်များအား ဖိတ်ခေါ်ပြောကြားခဲ့ ပါတယ်။ ဒီလိုပြောကြားခဲ့ရာမှာ အစိုးရသက်တမ်း ၁၈ လ ကာလအတွင်း မြန်မာနိုင်ငံ ရရှိခဲ့တဲ့ စွမ်းဆောင်အောင်မြင်မှုများနဲ့ ရင်ဆိုင်ကြုံတွေ့နေရဆဲ အခက်အခဲများကိုလည်း မီးမောင်းထိုးဖော်ပြခဲ့ပါတယ်။ ရခိုင်ပြည်နယ်မှာ မကြာသေးမီက အကြမ်းဖက် သမားများရဲ့ တိုက်ခိုက်မှုတွေကြောင့် လူမှုအသိုက်အဝန်းအားလုံးမှ ပြည်သူများ နေရပ်ပြောင်းရွှေ့တိမ်းရှောင်ခဲ့ရမှုများနဲ့ ဒုက္ခခံစားခဲ့ကြရမှုများအတွက် နိုင်ငံတကာ အသိုက်အဝန်းနည်းတူ မြန်မာ အစိုးရအနေနဲ့လည်း စိုးရိမ်ပူပန်မှုများ မျှဝေခံစားရပါကြောင်းကို ပြောကြားခဲ့ပါတယ်။ အလားတူ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်က “မိမိတို့အနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုမှန်သမျှနဲ့ ဥပဒေနဲ့ မညီတဲ့ တိုက်ခိုက်မှုမှန်သမျှကို ရှုတ်ချကြောင်း၊ တစ်နိုင်ငံလုံးမှာ ငြိမ်းချမ်းမှု၊ တည်ငြိမ်မှုနဲ့ တရားဥပဒေစိုးမိုးမှု ပြန်လည်ရရှိရေးအတွက် ကြိုးပမ်းသွားမှာဖြစ်ကြောင်း၊ လုံခြုံရေး တပ်ဖွဲ့ဝင်များကိုလည်း စစ်ဆင်ရေးဆောင်ရွက်ရာမှာ စစ်ဥပဒေ စည်းမျဉ်း၊ စည်းကမ်း များကို တိကျစွာလိုက်နာကြရန်၊ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြရန်၊ အပြစ်မဲ့ ပြည်သူများ မထိခိုက်စေရေးနဲ့ မလိုလားအပ်တဲ့ ထိခိုက်ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေး အပြည့်အဝ ကြိုးပမ်းဆောင်ရွက်ကြရန် ညွှန်ကြားထား ရှိပြီးဖြစ်ကြောင်း ပြောကြားခဲ့ ပါတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ တိုင်းပြည်တည်ငြိမ်ရေးနဲ့ သဟဇာတ မျှတမှုရှိရေးတို့အပေါ် ထိခိုက်စေမယ့်လုပ်ရပ်မှန်သမျှကို တင်းကျပ်တဲ့ ဥပဒေစံနှုန်းများနဲ့ အညီ ကိုင်တွယ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြားမှာ ထိခိုက်ခံစားခဲ့ကြရတဲ့ ပြည်သူများအတွက် များစွာ စိတ်မကောင်းဖြစ်ရပါကြောင်း” ပြောကြားခဲ့ပါတယ်။
သဘာပတိကြီးနဲ့ ကိုယ်စားလှယ်တော်များခင်ဗျား၊
ရခိုင်ပြည်နယ်အရေးကိစ္စဟာ လက်ရှိမြန်မာအစိုးရ နိုင်ငံ့တာဝန်များကို စတင် ထမ်းဆောင်ခဲ့တဲ့အချိန်ကစပြီး အစိုးရရဲ့ ထိပ်တန်းဦးစားပေးကိစ္စတစ်ရပ် ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ ငြိမ်းချမ်းမှုနဲ့ တည်ငြိမ်မှုပြန်လည်ဖော်ဆောင်ရေးနဲ့ ဒေသတွင်း နေထိုင်ကြတဲ့ လူမှုအသိုက်အဝန်းများအကြား သဟဇာတမျှတမှု မြှင့်တင်နိုင်ရေးအတွက် အစိုးရဟာ ကြိုးပမ်းဆောင်ရွက်လျက် ရှိနေ ပါတယ်။
ရခိုင်ပြည်နယ်ရဲ့ အဓိကလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ရခိုင်ပြည်နယ် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုရရှိရေး အကောင် အထည်ဖော်မှုဆိုင်ရာ ဗဟို ကော်မတီကို နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ဥက္ကဌအဖြစ် တာဝန်ယူပြီး ၂ဝ၁၆ ခုနှစ်၊ မေလ ၃ဝ ရက်နေ့မှာ ဖွဲ့စည်းခဲ့ပါတယ်။
ထို့ပြင် ရှုပ်ထွေးလှတဲ့ ရခိုင်ပြည်နယ် အခြေအနေများနဲ့ ပတ်သက်ပြီး ရေရှည် တည်တံ့တဲ့ ဖြေရှင်းမှုဆိုင်ရာ အကြံဉာဏ်များ အစိုးရကို ပေးအပ်နိုင်ဖို့ ဒေါက်တာ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်တစ်ရပ်ကို နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်က ၂ဝ၁၆ ခုနှစ်၊ သြဂုတ်လအတွင်းမှာ ဖွဲ့စည်းပေးခဲ့ ပါတယ်။
ရခိုင်ပြည်နယ်မှာ ငြိမ်းချမ်းမှု၊ တည်ငြိမ်မှုနဲ့ လူမှုရေးအရ သဟဇာတရှိမှု ရရှိရေး ကြိုးပမ်းနေချိန်နဲ့ တစ်ဆက်တည်း ဒေသဖွံ့ဖြိုးတိုးတက်မှု ရရှိစေဖို့အတွက် မိမိတို့ ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါတယ်။ ဒီလုပ်ငန်းတွေဟာ လွယ်ကူတဲ့ လုပ်ငန်းတာဝန်တွေ မဟုတ်ပါ။ ဒေသတွင်းမှာနေထိုင်ကြတဲ့ အသိုက်အဝန်းများအကြား နားလည်ယုံကြည်မှု၊ သဟဇာတရှိမှုတွေ ပြန်လည်ရရှိလာစေမယ့် ပတ်ဝန်းကျင်တစ်ရပ် ဖော်ဆောင်နိုင်ရေးအတွက် ဆယ်စုနှစ်ပေါင်းများစွာ အမြစ်တွယ်လာခဲ့တဲ့ အပြန်အလှန် မယုံကြည်မှုတွေ တဖြည်းဖြည်းပပျောက်သွားအောင် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ၂ဝ၁၇ ခုနှစ်၊ သြဂုတ်လ ၂၄ ရက်နေ့က မစ္စတာကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အပြီးသတ်အစီရင်ခံစာကို ထုတ်ပြန်ခဲ့ ပါတယ်။ ဒီအစီရင်ခံစာ ထုတ်ပြန်ခဲ့တာကို မြန်မာနိုင်ငံက မဆိုင်းမတွ ကြိုဆိုခဲ့ပါတယ်။
ဒီနေ့ညီလာခံကြီးဟာ အကြံပေးကော်မရှင်ရဲ့ အရေးကြီးတဲ့ သုံးသပ်ချက်များကို အကောင်အထည်ဖော်ရာမှာ ကျွန်တော်တို့ရရှိခဲ့တဲ့ တိုးတက်မှုတွေကို ကမ္ဘာကသိအောင် ပြောကြားဖို့ အခွင့်အလမ်းတစ်ရပ် ဖြစ်မယ်လို့ မူလကမျှော်လင့်ထားခဲ့ပါတယ်။
သို့သော်လည်း ပြီးခဲ့တဲ့လအတွင်းက ရခိုင်ပြည်နယ်မှာ ARSA လို့ခေါ်တဲ့ အကြမ်းဖက်အုပ်စု ရဲ့ တိုက်ခိုက်မှုတွေ စတင်ပြုလုပ်ခဲ့ပြီး နောက်ပိုင်း ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ လက်ရှိအခြေ အနေတွေကိုသာ အလေးထားပြောကြားရမယ့်အနေအထား ဖြစ်လာခဲ့ပါတယ်။
သဘာပတိကြီးနဲ့ ကိုယ်စားလှယ်တော်များခင်ဗျား၊
အဆွေတော်သိပြီးဖြစ်တဲ့အတိုင်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အပြီးသတ် အစီရင်ခံစာ ထွက်ရှိလာပြီး နာရီပိုင်းအတွင်းမှာပဲ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရဲကင်း စခန်းပေါင်း (၃ဝ) ကို တစ်ပြိုင်တည်း အကွက်ကျကျ ညှိနှိုင်းပြီးမှ ဝင်ရောက် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြ ပါတယ်။ ဒီတိုက်ခိုက်မှုတွေဟာ ၎င်းတို့လုပ်ဆောင်ခဲ့တာ ဖြစ်ကြောင်း ARSA အဖွဲ့က ကြေညာခဲ့ ပါတယ်။
ဒီတိုက်ခိုက်မှုတွေကြောင့် ဒေသတွင်းမှာ အကြမ်းဖက်မှုတွေကို အသစ်တဖန် ဖြစ်ပွားစေပြီး၊ အသက်ဆုံးရှုံးမှုအချို့၊ ထိခိုက်နစ်နာမှုတွေနဲ့ ဒေသတွင်းရှိ အသိုက်အဝန်း အားလုံး အစုလိုက်အပြုံ လိုက် နေရပ်စွန့်ခွာမှုတွေ ဖြစ်ပေါ်လာစေခဲ့ပါတယ်။
ယခုလို မိမိတို့ရဲ့နေအိမ်တွေကို စွန့်ခွာထွက်ပြေးမှုတွေဟာ မူဆလင်များနဲ့ ရခိုင် တိုင်းရင်းသားတွေသာမကပဲ လူနည်းစု တိုင်းရင်းသားတွေဖြစ်တဲ့ ဒိုင်းနက်၊ မြို၊ သက်၊ မရမာကြီးနဲ့ ဟိန္ဒူဘာသာဝင်တွေလည်း အပါအဝင်ဖြစ်ပါတယ်။ အခုတိုင်းရင်းသား လူနည်းစုတွေ ရှိနေတာရယ်၊ သူတို့လည်း ထိခိုက်ခံစားခဲ့ကြရတယ်ဆိုတာတွေကို ကမ္ဘာ့နိုင်ငံအတော်များများဟာ မသိရှိကြပါ ဘူး။
မြန်မာနိုင်ငံအစိုးရက ရခိုင်ပြည်နယ်ရဲ့ လက်ရှိအခြေအနေအပေါ် လွန်စွာ စိုးရိမ်လျက်ရှိ တယ် ဆိုတာကို ရှင်းလင်းစွာ သိစေလိုပါတယ်။ အသက်ဆုံးရှုံးခဲ့ရတဲ့ ရဲနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ အပြစ်မဲ့ပြည်သူတွေရဲ့ မိသားစုဝင်နဲ့ မိတ်ဆွေတွေအတွက် များစွာ ဝမ်းနည်းမိပါတယ်။ ဒါဟာ အလွန်ကြီးမားတဲ့ သက်ရောက်မှုရှိတဲ့ ပြဿနာ တစ်ရပ်ဆိုတာ အငြင်းပွားစရာ မရှိပါဘူး။
အခုအချိန်မှာတော့ အခြေအနေတွေဟာ တိုးတက်ကောင်းမွန်လာပြီ ဆိုတာကို ဝမ်းမြောက်စွာ အသိပေးပြောကြားလိုပါတယ်။ စက်တင်ဘာလ ၅ ရက်နေ့ကစတင်ပြီး လက်နက်ကိုင်တိုက်ခိုက်မှု တွေ မရှိတော့ဘူးလို့ သိရှိရပါတယ်။
ဒီလိုအခြေအနေမှာ မူဆလင်အများအပြားဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ကို ဆက်လက် ထွက်ပြေးနေကြဆဲဖြစ်တယ်ဆိုတဲ့ သတင်းတွေအပေါ်မှာတော့ စိုးရိမ်မှုဖြစ်ပေါ်မိ ပါတယ်။
အခုလို လူအများအပြား ရွှေ့ပြောင်းတိမ်းရှောင်ကြရခြင်းရဲ့ အကြောင်းရင်းကို မိမိတို့ ရှာဖွေကြဖို့ လိုအပ်ပါတယ်။ ဒီနေရာမှာ လူသိနည်းတဲ့အချက်ကတော့ မူဆလင် အများအပြားဟာ ၎င်းတို့ရဲ့ နေအိမ်များမှာ ဆက်လက်နေထိုင်ကြဖို့ ဆုံးဖြတ်ခဲ့ကြတယ် ဆိုတာပဲ ဖြစ်ပါတယ်။
ယခုအချိန်မှာ အကူအညီ လိုအပ်နေသူတွေအတွက် အရေးကြီးတဲ့ လူသားချင်းစာနာ ထောက်ထားမှုအကူအညီတွေ ပေးအပ်ဖို့လိုတယ်ဆိုတဲ့ အချက်ကိုလည်း မိမိတို့အနေနဲ့ သဘောထား ထပ်တူထပ်မျှရှိပါတယ်။ဒါ့အပြင် ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ စိန်ခေါ်မှုတွေကို ကိုင်တွယ် ဆောင်ရွက်ပေးဖို့ဟာ မြန်မာနိုင်ငံအစိုးရရဲ့ ပဏာမလုပ်ငန်းတာဝန် ဖြစ်တယ်ဆိုတာ အသိအမှတ်ပြုပါတယ်။ ရခိုင်ပြည်နယ် အခြေအနေဟာ ရှုပ်ထွေးလှပါတယ်။ ကျွန်တော်တို့ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုများဟာလည်း ကြီးမားလှပါတယ်။ သို့သော်လည်း ဒီစိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ဘက်စုံအမျိုးသား မဟာဗျူဟာတစ်ရပ်ကို ချမှတ်ထားပြီး ဖြစ်ပါတယ်။ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်များကို အကောင် အထည်ဖော်ဖို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်တဲ့ ကော်မတီတစ်ရပ်ကိုလည်း ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း ဝမ်းမြောက်စွာနဲ့ အသိပေး ကြေညာလိုပါတယ်။ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ခံမှု ရှိစေရေးအတွက် ကော်မတီအနေနဲ့ တိုးတက်မှု အစီရင်ခံစာကို လေးလတစ်ကြိမ် ပြည်သူများထံ ထုတ်ပြန်အသိပေးဖို့ တာဝန်သတ်မှတ်ပေးထားပါတယ်။ ဒီကော်မတီအပြင် ပြည်တွင်းနဲ့ နိုင်ငံတကာက ထင်ရှားတဲ့ ပုဂ္ဂိုလ်များပါဝင်တဲ့ အကြံပေး ဘုတ်အဖွဲ့ ဖွဲ့စည်းသွားဖို့လည်း ရှိပါတယ်။
အခုအချိန်မှာ ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာမှု အကူအညီပေးအပ်ရေးဟာ မိမိတို့ရဲ့ ပထမဦးစားပေးလုပ်ငန်း ဖြစ်ပါတယ်။ အကူအညီ လိုအပ်နေကြတဲ့ ပြည်သူများ အားလုံး ခွဲခြား ဆက်ဆံမှု မရှိဘဲ လူသားချင်းစာနာမှု အကူအညီများအား လက်ခံ ရရှိစေရေးအတွက် ဆောင်ရွက်သွားဖို့ ဆုံးဖြတ်ချက် ခိုင်မာစွာ ချမှတ်ထားပါတယ်။ လူသားချင်းစာနာထောက်ထားရေး လုပ်ငန်းများ အတွက် နိုင်ငံတော်က ရန်ပုံငွေနဲ့ အရင်းအမြစ် အများအပြားကို ခွဲဝေချမှတ်ထားပြီးဖြစ်ပါတယ်။
မြန်မာနိုင်ငံအစိုးရ ဦးဆောင်တဲ့ အကူအညီပေးရေး ယန္တရားသစ်တစ်ရပ်ကို ကြက်ခြေနီ လှုပ်ရှားမှုအဖွဲ့ရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ထူထောင်ထားပြီး၊ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီ ပေးအပ်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်းကိုလည်း ဝမ်းမြောက်စွာ အသိပေးလို ပါတယ်။
ယခု အကူအညီပေးရေး လုပ်ငန်းအစီအစဉ်မှာ ပါဝင်ကူညီပံ့ပိုးရန်အတွက် ကမ်းလှမ်းလာတဲ့ နိုင်ငံများအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း မြန်မာနိုင်ငံ အစိုးရကိုယ်စား ပြောကြားလိုပါတယ်။ အထူးသဖြင့် ကမ္ဘာတစ်ဝှမ်းရှိ မိတ်ဆွေနိုင်ငံများ ထံမှ မကြာမီက ကူညီထောက်ပံ့ရန် ကမ်းလှမ်းမှုများအတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။
တစ်ချိန်တည်းမှာပဲ မြန်မာနိုင်ငံအနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ဆက်ဆံရေး တိုးမြှင့်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်။ မြန်မာနိုင်ငံက နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်တို့ဟာ ဒီနှစ် ဇန်နဝါရီလနဲ့ ဇူလိုင်လအတွင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အသီးသီးသွားရောက်ခဲ့ကြ ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြည်ထဲရေးဝန်ကြီး မြန်မာနိုင်ငံကို သြဂုတ်လအတွင်းက လာရောက်ဖို့ စီစဉ်ခဲ့ပေမယ့် ၎င်းတို့ဝန်ကြီးဘက်က အဆင်မပြေမှုကြောင့် ခရီးစဉ်ကို ရွှေ့ဆိုင်းခဲ့ရပါတယ်။ ဝန်ကြီးအနေနဲ့ မြန်မာနိုင်ငံကို အဆင်ပြေတဲ့ အချိန်လာရောက်ရေးကို လက်ကမ်းကြိုဆိုလျက်ရှိပြီး နယ်စပ်လုံခြုံရေး ကိစ္စရပ်များနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားနိုင်မယ်လို့ မိမိတို့ မျှော်လင့်လျက် ရှိပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို မကြာမီက ပြောင်းရွှေ့ သွားကြတဲ့ သူတွေကို ပြန်လည်ခေါ်ယူဖို့ ပြောကြားမှုတွေ ရှိနေပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအနေနဲ့ လိုအပ်တဲ့စိစစ်ရေးလုပ်ငန်းစဉ်တွေကို စတင်သွားဖို့ ပြင်ဆင် ထားရှိကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် မနေ့ကမိန့်ခွန်းထဲမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။ မိမိတို့အိမ်နီးချင်း နှစ်နိုင်ငံအကြား ပြန်လည် လက်ခံရေး လုပ်ငန်းစဉ်တွေကို ပူးတွဲလုပ်ငန်းအဖွဲ့ တည်ထောင်ဖွဲ့စည်းပြီး လက်ခံခဲ့တဲ့ အစဉ်အလာ ၁၉၉၃ ခုနှစ်ကတည်းက ရှိခဲ့ပါတယ်။ မိမိတို့အနေနဲ့ ၁၉၉၃ ခုနှစ်က ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းအတွေ့အကြုံတွေကို အခြေပြုပြီး လုပ်ငန်းစဉ်တစ်ရပ် ချမှတ်ဖော်ဆောင် သွားနိုင်မှာ ဖြစ်ပါတယ်။
သဘာပတိကြီးနဲ့ ကိုယ်စားလှယ်တော်များခင်ဗျား၊မည်သည့်ပုံစံနှင့် အသွင်သဏ္ဍာန်ဖြင့် ကျူးလွန်သည့် အကြမ်းဖက်မှုကို ပြစ်တင် ရှုတ်ချရာမှာ မြန်မာနိုင်ငံအနေနဲ့ ကျန်ကမ္ဘာ့နိုင်ငံများ အားလုံးနဲ့အတူ တစ်သားတည်း ရပ်တည်လျက် ရှိပါတယ်။ အကြမ်းဖက်မှုဟာ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ဆိုးရွားစွာ ခြိမ်းခြောက်မှုများထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး မိမိတို့ရဲ့ ရပ်တည်ချက်ဟာ ရှင်းလင်းပြတ်သား ပါတယ်။ မည်သည့် အကြမ်းဖက်မှုကိုမဆို မိမိတို့အနေနဲ့ ခွင့်လွှတ်ဖို့ မဖြစ်နိုင်ပါဘူး။
တစ်ချိန်တည်းမှာ အစိုးရအနေနဲ့ ရခိုင်ပြည်နယ်ရဲ့ ရှုပ်ထွေးတဲ့ စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ဖို့ လိုအပ်တဲ့ ရေရှည်မဟာဗျူဟာ စီမံချက်ချမှတ် ဆောင်ရွက်မှု လုပ်ငန်းစဉ် များကို အကြမ်းဖက်လှုပ်ရှားမှုများက ဟန့်တားနှောင့်ယှက်နိုင်မှု မရှိစေရေး အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်များဟာ ကျွန်တော်တို့ အတွက် ရှင်းလင်းတဲ့ လမ်းပြမြေပုံတစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်များအား အကောင်အထည်ဖော်ရေး ကော်မတီအနေနဲ့ ပြီးခဲ့တဲ့ရက်သတ္တ ပတ်ကစတင်ပြီး ၄င်းတို့ရဲ့ လုပ်ငန်းတာဝန်များကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်းနဲ့ ကျွန်တော်တို့ရဲ့ လုပ်ငန်း အစီအစဉ်အချို့ကို မျက်မြင်လာရောက်ကြည့်ရှုဖို့ လေ့လာသူများကိုလည်း ဖိတ်ကြား သွားမှာ ဖြစ်ပါတယ်။
သဘာပတိကြီးနဲ့ ကိုယ်စားလှယ်တော်များခင်ဗျား၊ရခိုင်ပြည်နယ်မှာ မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်များဟာ ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနဲ့ ဒီမိုကရေစီရေးအတွက် မိမိတို့လျှောက်လှမ်းရမယ့် ခရီးရှည်ကြီးမှာ ကြုံတွေ့ရမယ့် ခက်ခဲတဲ့ စိန်ခေါ်မှုများ ဖြစ်တယ်ဆိုတာ ထိခိုက်နာကျင်စေရတဲ့ သတိပေးချက်တစ်ခုပဲ ဖြစ်ပါတယ်။
သို့သော်လည်း ပြီးခဲ့တဲ့နှစ်က ဒီစင်မြင့်ထက်မှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပထမအကြိမ် မိန့်ခွန်းပြောကြားခဲ့စဉ်ကအတိုင်း ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းရေး ကတိကဝတ်ဟာ မယိမ်းမယိုင် ခိုင်ခိုင်မာမာ ဆက်လက် တည်ရှိနေတယ် ဆိုတာ ထပ်လောင်း ပြောကြားလိုပါတယ်။
အဲဒီကတိကဝတ်ကို အကောင်အထည်ဖော်ရာမှာ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အဓိကဦးစားပေးအဖြစ် သတ်မှတ် ဆောင်ရွက်လျက် ရှိပါတယ်။ လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ သာတူညီမျှ အခွင့်အရေး ရှိခြင်းနဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ခြင်း ဆိုတဲ့မူတွေအပေါ် အခြေခံတဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ ဖြစ်ပေါ်လာရေးဟာ ကျွန်တော်တို့ရဲ့ ရှင်းလင်းပြတ်သားတဲ့ မျှော်မှန်းချက်ပဲ ဖြစ်ပါတယ်။
နိုင်ငံတွင်း ဆောင်ရွက်လျက်ရှိတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနဲ့ ပတ်သက်ပြီး ယခုနှစ် မေလမှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံရဲ့ ဒုတိယအကြိမ် အစည်းအဝေးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့အကြောင်း ဝမ်းမြောက်စွာ အသိပေးပြောကြားလိုပါတယ်။ အနာဂတ် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုရဲ့ အခြေခံအုတ်မြစ်ဖြစ်လာမယ့် အဓိက အခြေခံမူများကို ပထမဦးဆုံး ဆွေးနွေးချမှတ် သဘောတူနိုင်ခဲ့ပါတယ်။ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ မြေယာနဲ့ သဘာဝ ပတ်ဝန်းကျင်ကဏ္ဍများနဲ့ ပတ်သက်တဲ့ အခြေခံမူ (၃၇) ချက်ပါဝင်တဲ့ ပြည်ထောင်စုသဘောတူ စာချုပ်ကို အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနဲ့ နိုင်ငံရေးပါတီများရဲ့ ကိုယ်စားလှယ် များက လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။
အဲဒီလိုစစ်မှန်တဲ့တိုးတက်မှုများ ရရှိလျက် ရှိနေသော်လည်း ကျွန်တော်တို့ ရှေ့ဆက်လျှောက်ရမယ့်လမ်းဟာ ရှည်လျားပြီး ရှုပ်ထွေးခက်ခဲတယ်ဆိုတာကို သိထား ပါတယ်။ ကျွန်တော်တို့ရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုဟာ အကဲဆတ်တဲ့ အနေအထားမှာ ရှိပါတယ်။ ယခုလို နိုင်ငံတော်ရဲ့ သမိုင်းမှာ အရေးပါတဲ့အနေအထားကို ရောက်နေတဲ့အချိန်မှာ နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနဲ့ ဒီမိုကရေစီရရှိရေး ကြိုးပမ်းဆောင်ရွက်မှုတွေကို ဆက်လက်ပြီး ထောက်ခံပေးကြဖို့ကို ပန်ကြားလိုပါတယ်။
သဘာပတိကြီးနဲ့ ကိုယ်စားလှယ်တော်များခင်ဗျား၊ မိမိရဲ့ မိန့်ခွန်းကို အဆုံးမသတ်မီ မြန်မာနိုင်ငံအနေနဲ့ ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ ပဋိညာဉ် စာတမ်းပါ ရည်ရွယ်ချက်နဲ့ အခြေခံမူများအပေါ် သက်ဝင်ယုံကြည်မှု ရှိပါကြောင်း ထပ်လောင်း ပြောကြားလိုပါတယ်။
ငြိမ်းချမ်းပြီး သဟဇာတရှိတဲ့ ကမ္ဘာကြီးပေါ်ထွန်းလာစေရေးအတွက် မြန်မာနိုင်ငံ အနေနဲ့ ခိုင်မာစွာ ကတိကဝတ်ပြုပါကြောင်း အလေးပေးပြောကြားရင်းနဲ့ နိဂုံးချုပ်အပ် ပါတယ်။
ကျေးဇူးတင်ပါတယ် သဘာပတိကြီးခင်ဗျား။
Unicode Version