အယ္ဒီတာ့အာေဘာ္
*******************
၁၉၉ဝ ျပည့္လြန္ႏွစ္မ်ား၌ ျမန္မာႏိုင္ငံ၏ ႏိုင္ငံေရးႏွင့္ စီးပြားေရးက႑တြင္ ထင္ရွားေသာအေျပာင္းအလဲႀကီး ႏွစ္ရပ္ျဖစ္ေပၚခဲ့သည္။ ႏိုင္ငံေရးတြင္ ဒီမုိကေရစီပါတီစံုစနစ္ကို က်င့္သံုးမည္ဟူ၍လည္းေကာင္းစီးပြားေရးတြင္ တံခါးဖြင့္ေစ်းကြက္ စီးပြားေရးကို က်င့္သံုးမည္ဟူ၍လည္းေကာင္း၊ ႏိုင္ငံေတာ္ၿငိမ္ဝပ္ပိျပားမႈ တည္ေဆာက္ေရးအဖြဲ႕က ေၾကညာက်င့္သံုး ခဲ့ျခင္းေၾကာင့္ ျဖစ္သည္။
တံခါးဖြင့္ေစ်းကြက္စီးပြားေရးစနစ္ကို က်င့္သံုးခဲ့ျခင္းေၾကာင့္ ျမန္မာႏိုင္ငံ၏ ေဘးပတ္လည္၌ရွိၾကသည့္ တ႐ုတ္ ျပည္၊ အိႏၵိယျပည္၊ ထုိင္းႏိုင္ငံႏွင့္ ဘဂၤလားေဒ့ရွ္ႏုိင္ငံမ်ားအပါအဝင္ အေမရိက၊ ဥေရာပ၊ ဂ်ပန္၊ ၾသစေတလ်မွသည္ အာဆီယံႏိုင္ငံမ်ားႏွင့္ပါ ကုန္သြယ္ေရးေရႊလမ္းေငြလမ္းေဖာက္ခဲ့ၾကသည္။
“တံခါးေတြဖြင့္လုိက္ေတာ့ ေလေကာင္းေလသန္႔ေတြ ဝင္လာတယ္။ တစ္ၿပိဳင္နက္တည္းမွာပဲ ပိုးမႊားေတြ၊ ယင္ ေကာင္ေတြလည္း ပါလာခဲ့သေပါ့”ဟူေသာ တ႐ုတ္ျပည္ျပဳျပင္ေျပာင္းလဲေရးေခါင္းေဆာင္ႀကီး တိန္႔ေရွာင္ဖိန္၏ စကားအတုိင္းပင္၊ တံခါးဖြင့္ေစ်းကြက္စီးပြားေရးေၾကာင့္ ျမန္မာႏိုင္ငံအေနျဖင့္ စီးပြားေရးမ်က္စိပြင့္အျမင္က်ယ္လာခဲ့ သလုိ အျမတ္အစြန္းမ်ားလည္း ရရွိခဲ့သည္။
ထို႔အတူ ေစ်းကြက္စီးပြားေရးႏွင့္အတူ ပါလာေသာစီးပြားေရးေလာဘ ေဇာတုိက္မႈမ်ား၊ ဘယ္သူေသေသ ငေတမာခ်င္သူမ်ား၊ လာဘ္ေပးလာဘ္ယူႏွင့္ အက်င့္ပ်က္ျခစားမႈမ်ား၊ ေျမေပၚေျမ ေအာက္သယံဇာတမ်ားကို စည္းမဲ့ကမ္းမဲ့ထုတ္လုပ္မႈမ်ား၊ သဘာဝပတ္ဝန္းက်င္ႏွင့္ ေဂဟစနစ္ပ်က္စီးမႈမ်ား စ သည္ စသည့္ျဖင့္ ဆုိးက်ဳိး၊ သံသရာမ်ားကို ခံစားလာရသည္။ တစ္နည္းအားျဖင့္ ယေန႔တိုင္သယံဇာတက်ိန္စာသင့္ေနခဲ့ရ ၿပီျဖစ္သည္။
ႏွစ္ေပါင္း ၂ဝ ေက်ာ္ၾကာ မွားယြင္းသည့္ အုပ္ခ်ဳပ္မႈစနစ္က ေစ်းကြက္စီးပြားေရးစနစ္ႏွင့္ လုိက္ေလ်ာညီေထြ ေသာ ဥပေဒမ်ားကို ပီပီျပင္ျပင္ ျပ႒ာန္းျခင္း၊ မျပဳႏိုင္ခဲ့သလုိ ထိေရာက္ေသာ တရားဥပေဒစိုးမိုးေရး၌လည္း အား နည္းခဲ့သည္။ အထူးသျဖင့္ အၿပိဳင္အဆုိင္ေပၚထြန္းလာခဲ့ေသာ နယ္စပ္ကုန္သြယ္ေရးမ်ား၌ ဦးနင္းပဲ့ေထာင္၊ ပဲ့နင္း ဦးေထာင္အျဖစ္မ်ားခဲ့သည္။ ျမန္မာႏိုင္ငံ၏ နယ္စပ္ကုန္သြယ္ေရးအၫႊန္းကိန္းမ်ား၌ တစ္ဖက္သတ္အ႐ႈံးရလဒ္မ်ား ကို ေတြ႕ရွိႏိုင္သည္။ ျမန္မာႏိုင္ငံမွ ထြက္ေသာဆန္စပါး၊ သၾကား၊ သစ္သီးဝလံေပါင္းစံုမွသည္ ကြၽဲ၊ ႏြားအဆံုး စီးပြားကူးသန္းေရာင္းဝယ္မႈ အခြန္အေကာက္မ်ားသည္ အမွန္တကယ္ရရွိရမည့္ ပမာဏထက္မ်ားစြာ ေလ်ာ့နည္းေနေၾကာင္း၊ နယ္စပ္ကုန္သြယ္ေရးလက္ေတြ႕ လုပ္ကိုင္ေနၾကသည့္ ျမန္မာကုန္သည္မ်ားထံမွ ၾကားသိရသည္။ ဆုိရလွ်င္ နယ္စပ္တရားမဝင္ကုန္သြယ္ေရး ပမာဏာသည္ တရားဝင္ေဖာ္ျပထားသည့္ထက္ ရာခုိင္ႏႈန္း ထက္ဝက္ေက်ာ္ပိုမိုေနသည္ဟု ဆိုၾကသည္။ အဂတိလုိက္စားမႈမ်ားလည္း ႀကံဳေတြ႕ၾကရသည္ဟု ဆိုသည္။ အထက္အဆင့္မွသည္ ေအာက္ေျခဝန္ထမ္းအခ်ဳိ႕အထိ ကုန္သြယ္ပစၥည္းပမာဏ၊ အေရအတြက္ႏွင့္ ကုန္ခ်ိန္ကို ေလ်ာ့ေပါ့စာရင္း ျပျခင္း၊ ကုန္သြယ္ပစၥည္းမ်ားကို မမွန္မကန္ေျပာင္းလဲစာရင္းျပျခင္း စသည္ျဖင့္ အမ်ဳိးမ်ဳိး မေတာ္မတရား လုပ္ၾက သည္။သၾကားမွ ေျပာင္းဆန္ျဖစ္သြားသည္။ ဆန္အိတ္ေတြက အျခားပစၥည္းအိတ္ေတြျဖစ္ သြားသည္။ တရားဝင္ဂိတ္ မွာထက္ တရားမဝင္ဂိတ္မွာ အေရာင္းအဝယ္ပိုမိုျဖစ္ၾကသည္။
ထို႔ထက္ဆိုးသည္မွာ နယ္စပ္ေဒသလံုၿခံဳေရးအမ်ဳိးမ်ဳိး၊ လက္နက္ကိုင္အင္အားစုအမ်ဳိးမ်ဳိးတို႔ႏွင့္ ဆက္စပ္ လုပ္ကိုင္ရသည့္ လုပ္ငန္းေတြျဖစ္သည္။ ထို႔ျပင္ တစ္ဖက္ႏိုင္ငံမွ ကုန္သည္မ်ား၊ လုပ္ငန္းရွင္မ်ားႏွင့္ ပူးေပါင္းၿပီး မိမိ ႏိုင္ငံသားကုန္သည္မ်ား၊ လုပ္ငန္းရွင္မ်ားအေပၚ ဖိႏွိပ္ဗိုလ္က်မႈမ်ားလည္း ရွိသည္။ ႏွိပ္ကြပ္ေစ်းႏွိမ္ေပးသူမ်ားလည္း ရွိသည္။ ဥပေဒမဲ့ အခြန္ေကာက္၊ ကုန္ပစၥည္းသိမ္းမႈေတြလည္း လုပ္႐ုိးလုပ္စဥ္ျဖစ္သည္။
ကုန္သည္တို႔မွာ တိက်ေသာ၊ ခုိင္မာေသာ၊ နယ္စပ္ကုန္သြယ္ေရးစနစ္မရွိျခင္းေၾကာင့္ ျဖစ္သည္။ (G to G) ေခၚ အစုိးရခ်င္းကုန္သြယ္မႈစာခ်ဳပ္ ေရေရရာရာမရွိျခင္း၏ အက်ဳိးဆက္ျဖစ္သည္။ ယေန႔ေခတ္သည္ IT နည္းပညာျဖင့္ မွတ္ပံုတင္ျခင္း၊ စိစစ္ျခင္း၊ စစ္ေဆးျခင္းေတြ လုပ္ႏုိင္လွ်င္ အမွန္တကယ္ကုန္သြယ္ခြန္ႏွင့္ ကုန္ပစၥည္းတန္ဖိုးအမွန္ကို ရႏိုင္ေပလိမ့္မည္။ တစ္လလွ်င္ အေမရိကန္ေဒၚလာ ၅ သန္းေက်ာ္ ဆံုး႐ႈံးနစ္နာေနေၾကာင္းနယ္စပ္ကုန္သြယ္ေရးလုပ္ ကိုင္ေနသူမ်ားက တြက္ခ်က္ျပသည္။
ၿပီးခဲ့သည့္ ၃၁.၈.၂ဝ၁၈ ဒုတိယအႀကိမ္ ျပည္သူ႔လႊတ္ေတာ္၊ နဝမပံုမွန္အစည္းအေဝးတြင္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္တစ္ဦးက ”ႏိုင္ငံေတာ္၏စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈကို မ်ားစြာထိခုိက္ေစသည့္ တရားမဝင္ကုန္သြယ္ မႈမ်ား ေလ်ာ့နည္းပေပ်ာက္ေစေရးအတြက္ မဟာဗ်ဴဟာခ်မွတ္ရန္၊ ထိေရာက္စြာကိုင္တြယ္ေျဖရွင္းေပးပါရန္ ျပည္ ေထာင္စုအစိုးရသို႔ တိုက္တြန္းေၾကာင္း အဆုိတင္သြင္းခဲ့သည္ကို အထူးအေလးအနက္ထားသင့္ေၾကာင္း တင္ျပ လုိက္ရေပသည္။
တာဝန္ခံအယ္ဒီတာ
——————————————————————————————————————————-
အယ်ဒီတာ့အာဘော်
*******************
၁၉၉ဝ ပြည့်လွန်နှစ်များ၌ မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေးကဏ္ဍတွင် ထင်ရှားသောအပြောင်းအလဲကြီး နှစ်ရပ်ဖြစ်ပေါ်ခဲ့သည်။ နိုင်ငံရေးတွင် ဒီမိုကရေစီပါတီစုံစနစ်ကို ကျင့်သုံးမည်ဟူ၍လည်းကောင်းစီးပွားရေးတွင် တံခါးဖွင့်ဈေးကွက် စီးပွားရေးကို ကျင့်သုံးမည်ဟူ၍လည်းကောင်း၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့က ကြေညာကျင့်သုံး ခဲ့ခြင်းကြောင့် ဖြစ်သည်။
တံခါးဖွင့်ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးခဲ့ခြင်းကြောင့် မြန်မာနိုင်ငံ၏ ဘေးပတ်လည်၌ရှိကြသည့် တရုတ် ပြည်၊ အိန္ဒိယပြည်၊ ထိုင်းနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများအပါအဝင် အမေရိက၊ ဥရောပ၊ ဂျပန်၊ သြစတေလျမှသည် အာဆီယံနိုင်ငံများနှင့်ပါ ကုန်သွယ်ရေးရွှေလမ်းငွေလမ်းဖောက်ခဲ့ကြသည်။
“တံခါးတွေဖွင့်လိုက်တော့ လေကောင်းလေသန့်တွေ ဝင်လာတယ်။ တစ်ပြိုင်နက်တည်းမှာပဲ ပိုးမွှားတွေ၊ ယင် ကောင်တွေလည်း ပါလာခဲ့သပေါ့”ဟူသော တရုတ်ပြည်ပြုပြင်ပြောင်းလဲရေးခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန်၏ စကားအတိုင်းပင်၊ တံခါးဖွင့်ဈေးကွက်စီးပွားရေးကြောင့် မြန်မာနိုင်ငံအနေဖြင့် စီးပွားရေးမျက်စိပွင့်အမြင်ကျယ်လာခဲ့ သလို အမြတ်အစွန်းများလည်း ရရှိခဲ့သည်။
ထို့အတူ ဈေးကွက်စီးပွားရေးနှင့်အတူ ပါလာသောစီးပွားရေးလောဘ ဇောတိုက်မှုများ၊ ဘယ်သူသေသေ ငတေမာချင်သူများ၊ လာဘ်ပေးလာဘ်ယူနှင့် အကျင့်ပျက်ခြစားမှုများ၊ မြေပေါ်မြေ အောက်သယံဇာတများကို စည်းမဲ့ကမ်းမဲ့ထုတ်လုပ်မှုများ၊ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ပျက်စီးမှုများ စ သည် စသည့်ဖြင့် ဆိုးကျိုး၊ သံသရာများကို ခံစားလာရသည်။ တစ်နည်းအားဖြင့် ယနေ့တိုင်သယံဇာတကျိန်စာသင့်နေခဲ့ရ ပြီဖြစ်သည်။
နှစ်ပေါင်း ၂ဝ ကျော်ကြာ မှားယွင်းသည့် အုပ်ချုပ်မှုစနစ်က ဈေးကွက်စီးပွားရေးစနစ်နှင့် လိုက်လျောညီထွေ သော ဥပဒေများကို ပီပီပြင်ပြင် ပြဋ္ဌာန်းခြင်း၊ မပြုနိုင်ခဲ့သလို ထိရောက်သော တရားဥပဒေစိုးမိုးရေး၌လည်း အား နည်းခဲ့သည်။ အထူးသဖြင့် အပြိုင်အဆိုင်ပေါ်ထွန်းလာခဲ့သော နယ်စပ်ကုန်သွယ်ရေးများ၌ ဦးနင်းပဲ့ထောင်၊ ပဲ့နင်း ဦးထောင်အဖြစ်များခဲ့သည်။ မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေးအညွှန်းကိန်းများ၌ တစ်ဖက်သတ်အရှုံးရလဒ်များ ကို တွေ့ရှိနိုင်သည်။ မြန်မာနိုင်ငံမှ ထွက်သောဆန်စပါး၊ သကြား၊ သစ်သီးဝလံပေါင်းစုံမှသည် ကျွဲ၊ နွားအဆုံး စီးပွားကူးသန်းရောင်းဝယ်မှု အခွန်အကောက်များသည် အမှန်တကယ်ရရှိရမည့် ပမာဏထက်များစွာ လျော့နည်းနေကြောင်း၊ နယ်စပ်ကုန်သွယ်ရေးလက်တွေ့ လုပ်ကိုင်နေကြသည့် မြန်မာကုန်သည်များထံမှ ကြားသိရသည်။ ဆိုရလျှင် နယ်စပ်တရားမဝင်ကုန်သွယ်ရေး ပမာဏာသည် တရားဝင်ဖော်ပြထားသည့်ထက် ရာခိုင်နှုန်း ထက်ဝက်ကျော်ပိုမိုနေသည်ဟု ဆိုကြသည်။ အဂတိလိုက်စားမှုများလည်း ကြုံတွေ့ကြရသည်ဟု ဆိုသည်။ အထက်အဆင့်မှသည် အောက်ခြေဝန်ထမ်းအချို့အထိ ကုန်သွယ်ပစ္စည်းပမာဏ၊ အရေအတွက်နှင့် ကုန်ချိန်ကို လျော့ပေါ့စာရင်း ပြခြင်း၊ ကုန်သွယ်ပစ္စည်းများကို မမှန်မကန်ပြောင်းလဲစာရင်းပြခြင်း စသည်ဖြင့် အမျိုးမျိုး မတော်မတရား လုပ်ကြ သည်။သကြားမှ ပြောင်းဆန်ဖြစ်သွားသည်။ ဆန်အိတ်တွေက အခြားပစ္စည်းအိတ်တွေဖြစ် သွားသည်။ တရားဝင်ဂိတ် မှာထက် တရားမဝင်ဂိတ်မှာ အရောင်းအဝယ်ပိုမိုဖြစ်ကြသည်။
ထို့ထက်ဆိုးသည်မှာ နယ်စပ်ဒေသလုံခြုံရေးအမျိုးမျိုး၊ လက်နက်ကိုင်အင်အားစုအမျိုးမျိုးတို့နှင့် ဆက်စပ် လုပ်ကိုင်ရသည့် လုပ်ငန်းတွေဖြစ်သည်။ ထို့ပြင် တစ်ဖက်နိုင်ငံမှ ကုန်သည်များ၊ လုပ်ငန်းရှင်များနှင့် ပူးပေါင်းပြီး မိမိ နိုင်ငံသားကုန်သည်များ၊ လုပ်ငန်းရှင်များအပေါ် ဖိနှိပ်ဗိုလ်ကျမှုများလည်း ရှိသည်။ နှိပ်ကွပ်ဈေးနှိမ်ပေးသူများလည်း ရှိသည်။ ဥပဒေမဲ့ အခွန်ကောက်၊ ကုန်ပစ္စည်းသိမ်းမှုတွေလည်း လုပ်ရိုးလုပ်စဉ်ဖြစ်သည်။
ကုန်သည်တို့မှာ တိကျသော၊ ခိုင်မာသော၊ နယ်စပ်ကုန်သွယ်ရေးစနစ်မရှိခြင်းကြောင့် ဖြစ်သည်။ (G to G) ခေါ် အစိုးရချင်းကုန်သွယ်မှုစာချုပ် ရေရေရာရာမရှိခြင်း၏ အကျိုးဆက်ဖြစ်သည်။ ယနေ့ခေတ်သည် IT နည်းပညာဖြင့် မှတ်ပုံတင်ခြင်း၊ စိစစ်ခြင်း၊ စစ်ဆေးခြင်းတွေ လုပ်နိုင်လျှင် အမှန်တကယ်ကုန်သွယ်ခွန်နှင့် ကုန်ပစ္စည်းတန်ဖိုးအမှန်ကို ရနိုင်ပေလိမ့်မည်။ တစ်လလျှင် အမေရိကန်ဒေါ်လာ ၅ သန်းကျော် ဆုံးရှုံးနစ်နာနေကြောင်းနယ်စပ်ကုန်သွယ်ရေးလုပ် ကိုင်နေသူများက တွက်ချက်ပြသည်။
ပြီးခဲ့သည့် ၃၁.၈.၂ဝ၁၈ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်၊ နဝမပုံမှန်အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ”နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို များစွာထိခိုက်စေသည့် တရားမဝင်ကုန်သွယ် မှုများ လျော့နည်းပပျောက်စေရေးအတွက် မဟာဗျူဟာချမှတ်ရန်၊ ထိရောက်စွာကိုင်တွယ်ဖြေရှင်းပေးပါရန် ပြည် ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း အဆိုတင်သွင်းခဲ့သည်ကို အထူးအလေးအနက်ထားသင့်ကြောင်း တင်ပြ လိုက်ရပေသည်။
တာဝန်ခံအယ်ဒီတာ