နေပြည်တော်၊ ၂၀၂၀ ခုနှစ် မတ်လ ၁၄ ရက်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးကော်မတီအနေဖြင့် အဖွဲ့ချုပ် ပြည်နယ်၊ တိုင်းဒေသကြီး၊ နေပြည်တော်၊ ခရိုင်၊ မြိုန့ယ်များတွင် ပြန်ကြားရေးကော်မတီများကိုစနစ်တကျဖွဲ့စည်းခဲ့ပြီးနောက် အဖွဲ့ချုပ်၏ မူဝါဒ၊ ဖွဲ့စည်းပုံ၊ စည်းရုံးရေး၊ နိုင်ငံရေး၊ လူမှုရေးလှုပ်ရှားဆောင်ရွက်မှုများကို အများပြည်သူနှင့်အဖွဲ့ချုပ်အဖွဲ့ဝင်များ ကျယ်ပြန့်စွာသိရှိနိုင်ရေးအတွက် အွန်လိုင်းမီဒီယာကို ကဏ္ဍတစ်ခုအနေဖြင့်ဖွင့်လှစ်ဆောင်ရွက်နေပါသည်။ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပြန်ကြားရေးကော်မတီများ အနေဖြင့် အွန်လိုင်းမီဒီယာဆိုင်ရာလုပ်ငန်းများကို စနစ်တက ျဆောင်ရွက်နိုင်ရေး အတွက် ပြန်ကြားရေးသင်တန်းများကိုဖွင့်လှစ်ခဲ့ရာ ယခုအခါ ၁၃ ကြိမ်မြောက် သတင်းပြန်ကြားရေးသင်တန်းကို နေပြည်တော်ခရိုင်တွင် မတ်လ ၁၄ ရက်နှင့် ၁၅ ရက်များတွင်ပြုလုပ်လျက်ရှိသည်။ အဖွဲ့ချုပ်ဗဟိုပြန်ကြားရေးကော်မတီနှင့် နေပြည်တော်ခရိုင် အလုပ်အမှုဆောင်အဖွဲ့တို့ ဦးစီးကျင်းပသော ၁၃ ကြိမ်မြောက် ပြန်ကြားရေးသင်တန်းသို့ သက်ဆိုင်ရာနေပြည်တော်ခရိုင်၊ မြို့နယ်များမှ ပြန်ကြားရေးကော်မတီဝင်များတက်ရောက်ကြပြီး အခမ်းအနားတွင် နေပြည်တော်ခရိုင်အလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဦးမင်းသူ၊ ဗဟိုပြန်ကြားရေးကော်မတီဝင် ဦးနေဘုန်းလတ်တို့က အဖွင့်အမှာစကားများပြောကြားခဲ့သည်။
ထို့နောက် ပြန်ကြားရေးသင်တန်းတွင် သတင်းဓါတ်ပုံရိုက်ကူးရွေးချယ်ခြင်းဆိုင်ရာကို အဖွဲ့ချုပ်လူငယ် ဓါတ်ပုံပညာရှင် ကိုသူရကျော်ကသင်ကြားပေးပါသည်။ ထို့နောက် နေ့လယ်ပိုင်းတွင် ဗဟိုပြန်ကြားရေးကော်မတီဝင် သင်တန်းမှူး ဦးနေဘုန်းလတ်ဦးဆောင်၍ ဗဟိုကော်မတီဝင် ဦးကြည်တိုး၊ ဦးသန့်ဇင်ထွန်းက အွန်လိုင်းမီဒီယာဆိုင်ရာ သင်တန်းကို ဆက်လက်ပို့ချလျက်ရှိပါသည်။ မတ်လ ၁၄ ရက်နှင့် ၁၅ ရက် နှစ်ရက်သင်တန်းတွင် သက်ဆိုင်ရာပြန်ကြားရေး ကော်မတီများအတွက် တရားဝင် ဖေ့စ်ဘုတ်စာမျက်နှာများ ဖွင့်လှစ်ပေးခြင်း၊ အီးမေးနှင့်ဖုန်းအဆက်အသွယ်များချိတ်ဆက်ခြင်း၊ သတင်းရေးသားခြင်း အခြေခံ၊ အွန်လိုင်းစည်းရုံးရေးလုပ်ငန်းစဉ်များ၊ အွန်လိုင်းလုံခြုံရေးဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ သတင်းတုသတင်းမှားများ ကိုစိစစ်ခြင်းစသည်တို့ကို သင်ကြားပို့ချခဲ့သည်။
(unicode)
————————————————————————————————————————————————————————–
ဒီခ်ဳပ္ ျပန္ၾကားေရးသင္တန္း ေနျပည္ေတာ္တြင္က်င္းပ
ေနျပည္ေတာ္၊ ၂၀၂၀ ခုနွစ္ မတ္လ ၁၄ ရက္
အမိ်ဳးသားဒီမိုကေရစီအဖဲြ႔ခ်ဳပ္ ဗဟိုျပန္ၾကားေရးေကာ္မတီအေနျဖင့္ အဖြဲ႔ခ်ဳပ္ ျပည္နယ္၊ တိုင္းေဒသႀကီး၊ ေနျပည္ေတာ္၊ ခရိုင္၊ ၿမိဳ႔နယ္မ်ားတြင္ ျပန္ၾကားေရးေကာ္မတီမ်ား ကိုစနစ္တက်ဖြဲ႔စည္းခဲ့ျပီးေနာက္ အဖြဲ႔ခ်ဳပ္၏ မူဝါဒ၊ ဖဲြ႔စည္းပံု၊ စည္းရံုးေရး၊ နိုင္ငံေရး၊ လူမႈေရးလႈပ္ရွားေဆာင္ရြက္မႈမ်ားကို အမ်ားျပည္သူနွင့္အဖြဲ႔ခ်ဳပ္ အဖဲြ႔ဝင္မ်ား က်ယ္ျပန့္စြာသိရိွနိုင္ေရးအတြက္ အြန္လိုင္းမီဒီယာကို က႑တစ္ခုအေနျဖင့္ ဖြင့္လွစ္ ေဆာင္ရြက္ေနပါသည္။ တိုင္းေဒသၾကီး၊ ျပည္နယ္၊ ခရိုင္၊ ၿမိဳ႔နယ္ျပန္ၾကားေရးေကာ္မတီမ်ား အေနျဖင့္ အြန္လိုင္း မီဒီယာဆိုင္ရာလုပ္ငန္းမ်ားကို စနစ္တက ်ေဆာင္ရြက္နိုင္ေရး အတြက္ ျပန္ၾကားေရးသင္တန္းမ်ားကိုဖြင့္လွစ္ခဲ့ရာ ယခုအခါ ၁၃ ႀကိမ္ေျမာက္ သတင္းျပန္ၾကားေရးသင္တန္းကို ေနျပည္ေတာ္ခရိုင္တြင္ မတ္လ ၁၄ ရက္နွင့္ ၁၅ ရက္မ်ားတြင္ျပဳလုပ္လ်က္ရိွသည္။ အဖဲြ႔ခ်ဳပ္ဗဟိုျပန္ၾကားေရးေကာ္မတီနွင့္ ေနျပည္ေတာ္ခရိုင္ အလုပ္အမႈေဆာင္အဖဲြ႔တို႔ ဦးစီးက်င္းပေသာ ၁၃ ႀကိမ္ေျမာက္ ျပန္ၾကားေရးသင္တန္းသို႔ သက္ဆိုင္ရာ ေနျပည္ေတာ္ခရိုင္၊ ၿမိဳ႔နယ္မ်ားမွ ျပန္ၾကားေရးေကာ္မတီဝင္မ်ား တက္ေရာက္ၾကျပီး အခမ္းအနားတြင္ ေနျပည္ေတာ္ခရိုင္ အလုပ္အမႈေဆာင္အဖဲြ႔ ဥကၠ႒ ဦးမင္းသူ၊ ဗဟိုျပန္ၾကားေရးေကာ္မတီဝင္ ဦးေနဘုန္းလတ္တို႔ က အဖြင့္အမွာစကားမ်ားေျပာၾကားခဲ့သည္။
ထို႔ေနာက္ ျပန္ၾကားေရးသင္တန္းတြင္ သတင္းဓါတ္ပံုရိုက္ကူးေရြးခ်ယ္ျခင္းဆိုင္ရာကို အဖဲြ႔ခ်ဳပ္လူငယ္ ဓါတ္ပံုပညာရွင္ ကိုသူရေက်ာ္ကသင္ၾကားေပးပါသည္။ ထို႔ေနာက္ ေန႔လယ္ပိုင္းတြင္ ဗဟိုျပန္ၾကားေရး ေကာ္မတီဝင္ သင္တန္းမွဴး ဦးေနဘုန္းလတ္ဦးေဆာင္၍ ဗဟိုေကာ္မတီဝင္ ဦးၾကည္တိုး၊ ဦးသန္႔ဇင္ထြန္းက အြန္လိုင္းမီဒီယာဆိုင္ရာ သင္တန္းကို ဆက္လက္ပို႔ခ်လ်က္ရိွပါသည္။ မတ္လ ၁၄ ရက္နွင့္ ၁၅ ရက္ နွစ္ရက္သင္တန္းတြင္ သက္ဆိုင္ရာျပန္ၾကားေရး ေကာ္မတီမ်ားအတြက္ တရားဝင္ ေဖ့စ္ဘုတ္စာမ်က္နွာမ်ား ဖြင့္လွစ္ေပးျခင္း၊ အီးေမးနွင့္ဖုန္းအဆက္အသြယ္မ်ားခိ်တ္ဆက္ျခင္း၊ သတင္းေရးသားျခင္း အေျခခံ၊ အြန္လိုင္းစည္းရံုးေရး လုပ္ငန္းစဥ္မ်ား၊ အြန္လိုင္းလံုျခံဳေရးဆိုင္ရာ သိမွတ္ဖြယ္ရာမ်ား၊ သတင္းတုသတင္းမွားမ်ား ကိုစိစစ္ျခင္းစသည္တို႔ကို သင္ၾကားပို႔ခ်ခဲ့သည္။