ပဲခူး၊ ဇူလိုင် ၂၃
(zawgyi version)
———————————————————————————————————–
စည်ပင်သာယာရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
ပဲခူး၊ ဇူလိုင် ၂၃
ဒုတိယအကြိမ်ပဲခူးတိုင်းဒေသကြီးလွှတ်တော်၊ စည်ပင်သာယာရေး လုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရး ကော်မတီသည် ပဲခူး တိုင်းဒေသကြီးလွှတ်တော် ရေးရာကော်မတီ အစည်းအဝေးခန်း၌ ဇူလိုင်လ ၂၃ ရက်နေ့ နံနက်၁၀ နာရီကလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးသို့ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌဦးခင်မောင်ရင်၊ ဒုတိယဥက္ကဋ္ဌ ဦးကြည်ဇင်နှင့် စည်ပင်သာယာရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊စာရင်းစစ်အကြံပေး၊
လေ့လာသူအဖြစ် ညောင်လေးပင်မြို့နယ် အမှတ် ၂ မဲဆန္ဒနယ်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးညီညီထွေးတို့တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် စည်ပင်သာယာရေး နည်းဥပဒေ(မူကြမ်း)နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(unicode version)