ေနျပည္ေတာ္ ၾသဂုတ္ ၃
ကမၻာ့လွည့္ခရီးသည္လုပ္ငန္းဟာ ႏုိင္ငံအတြက္သာမက တစ္ကမၻာလုံး အတြက္ အခုအခ်ိန္အခါမွာ အေရးႀကီးတဲ့ လုပ္ငန္းတစ္ရပ္ျဖစ္လာပါတယ္။ ေရွးပေ၀သဏီ ကတည္းက စၿပီးေတာ့ ခရီးထြက္တယ္ဆိုတာရွိခဲ့ပါတယ္။ ဟုိေရွးေရွးတုန္းက ခရီးထြက္ တယ္ဆိုတာ ကုန္သည္ေတြ ထြက္ၾကတာပါ။ အမ်ားအားျဖင့္ စီးပြားေရးနဲ႔ ပတ္သက္ၿပီး ထြက္ၾကတာရွိပါတယ္။ မိမိတို႔ဆႏၵအရ စီးပြားရွာဖို႔မဟုတ္ဘဲ သက္သက္ထြက္တယ္ ဆုိတာ ပထမဦးဆုံးကေတာ့ ပညာဗဟုသုတ ရွာတဲ့ပုဂၢိဳလ္ႀကီးေတြ ရွိခဲ့ပါတယ္။ စြန္႔စား မႈေတြကို ရွာတဲ့ပုဂၢိဳလ္ေတြလည္းရွိခဲ့ပါတယ္။
အခု ဖြံ႕ၿဖိဳးတုိးတက္တဲ့ ကမၻာႀကီးမွာက်ေတာ့ ဒီဟာေတြက ေျပာင္းလဲၿပီးေတာ့ အပန္းေျဖဖို႔အတြက္ ကိုယ့္ႏိုင္ငံမွာမရွိတဲ့အရာေတြကိုေတြ႕ႏိုင္၊ ျမင္ႏိုင္ဖို႔အတြက္ ပိုၿပီး ေတာ့ ဗဟုသုတၾကြယ္၀ဖို႔ အတြက္ဆိုၿပီး ထြက္ၾကတဲ့ခရီးသည္ေတြက မ်ားလာပါတယ္။ ကမၻာလွည့္ခရီးသည္ေတြကို ကၽြန္မတို႔ ႏိုင္ငံအတြက္ ဆြဲေဆာင္ခ်င္ရင္ ကၽြန္္မတို႔က ကိုယ့္ကိုယ္ကိုယ္အိမ္ရွင္အေနနဲ႔ စဥ္းစားရပါမယ္။ သက္သက္စီးပြားေရးလုပ္ဖို႔ဆိုတဲ့ စိတ္ဓာတ္နဲ႔ လုပ္ဖို႔ဆိုရင္ေတာ့ ေအာင္ျမင္ခ်င္သလို ေအာင္ျမင္မယ္ မဟုတ္ဘူးလို႔ ကၽြန္မကေတာ့ ထင္ပါတယ္။ အိမ္ရွင္ဆိုတာဟာ ပထမဦးဆံုး ဧည့္သည္ေတြရဲ႕ လိုအပ္ခ်က္ကို စဥ္းစားရပါမယ္။
ကၽြန္မတို႔ႏိုင္ငံကို ခရီးသြားေတြလာတဲ့အခါ ဘာကိုေမွ်ာ္မွန္းၿပီး လာၾကသလဲ။ တ ခ်ိဳ႕ကေတာ့ မျမင္ဖူးတဲ့ေနရာကို ေရာက္ဖူးခ်င္လို႔၊ တခ်ဳိ႕ကေတာ့ တျခားလူေတြ မေရာက္ဖူးတဲ့ေနရာမ်ဳိးကို ေရာက္ခ်င္လို႔၊ တခ်ဳိ႕ကေတာ့ အပန္းေျဖခ်င္လို႔၊ တခ်ဳိ႕က ေတာ့ သူတို႔ႏိုင္ငံမွာ မရရွိႏိုင္တဲ့ စိတ္ၿငိမ္မႈကို လိုခ်င္လို႔ စသည္ျဖင့္ အေၾကာင္းအမ်ဳိး မ်ဳိးေၾကာင့္ ကၽြန္မတို႔ႏိုင္ငံကို ေရာက္လာၾကတာျဖစ္ပါတယ္။
အဲဒီေတာ့ တကယ္ပဲ ကမၻာ့လွည့္ခရီးသည္ေတြကို ကၽြန္မတို႔ႏိုင္ငံကို လာေစခ်င္ တယ္ဆိုရင္ ဒီခရီးသည္မ်ားဟာ ကိုယ့္အတြက္ ပိုက္ဆံ ရွာႏိုင္တဲ့ အခြင့္အေရးတစ္ခု လို႔ပဲ စဥ္းစားလို႔မျဖစ္ပါဘူး။ ကၽြန္မတို႔လိုပဲ လူသားေတြ၊ ကၽြန္မတို႔လိုပဲ ေပ်ာ္ရႊင္ခ်င္ တယ္၊ ခ်မ္းေျမ့ခ်င္တယ္။ ခဏတာ အလည္အပတ္လာတ့ဲအခါက်ရင္ စိတ္ေအးလက္ ေအးနဲ႔ ျမင္ခ်င္ေတြ႕ခ်င္တာေတြကို ျမင္ေတြ႕ဖို႔ အခြင့္အေရးေလးေတြ ရခ်င္တယ္ဆိုတဲ့ စိတ္ေတြနဲ႔ လာၾကတာပါ။ အဲဒီေတာ့ အဲဒီဆႏၵေတြကို ျဖည့္ဆည္းေပးမယ္ဆိုရင္ ေနာင္ ကမၻာလွည့္ ခရီးသည္ေတြကလည္း ပိုမိုၿပီးေတာ့ လာၾကမွာ ျဖစ္ပါတယ္။
အဆင္ေျပဖို႔ဆိုတာကေတာ့ ပထမဦးဆံုး ၀င္လာမႈအဆင္ေျပဖို႔ ကၽြန္မတို႔လုပ္ ေပးရမွာပါ။ ဒါေၾကာင့္မို႔ ကၽြန္မတို႔ မၾကာခင္က Free Visa တို႔၊ Visa on Arrival တို႔ စသည္ျဖင့္ လာဖို႔ပိုၿပီးေတာ့ လြယ္ကူေအာင္လို႔ လုပ္ေပးတာ ေတြရွိပါတယ္။ ေနာက္ ကၽြန္္မတို႔ႏိုင္ငံမွာ လိုအပ္ခ်က္တစ္ခုကေတာ့ ႏိုင္ငံရဲ႕ ဘ႑ာေရး အေျခအေနအရ၊ လံုၿခံဳေရးအေျခအေနအရ လုပ္ရမယ့္ကိစၥကေတာ့ လာႏိုင္မယ့္ ေလယာဥ္ကြင္းမ်ား အေနအထား၊ ဒါေတြကိုလည္း ကၽြန္မတို႔ ၾကည့္ရမွာ ျဖစ္ပါတယ္။
ေနာက္ ကၽြန္မတို႔ႏိုင္ငံထဲ ေရာက္လာတဲ့အခါမွာ အမ်ားအားျဖင့္ ကမၻာလွည့္္ ခရီးသည္မ်ားက ေလယာဥ္ခရီးနဲ႔ပဲ သြားရပါတယ္။ ဥပမာအားျဖင့္ ရန္ကုန္ကိုလာမယ္၊ ရန္ကုန္ကေနၿပီးေတာ့ ပုဂံကို ေလယာဥ္နဲ႔သြားမယ္၊ အင္းေလးသြားခ်င္တယ္ဆိုရင္ လည္း ဟဲဟိုးကို ေလယာဥ္နဲ႔သြားမယ္။ ေနာက္မွ ကားနဲ႔သြားမယ္ စသည္ျဖင့္ေပါ့။ ကၽြန္မတို႔ဟာ လမ္းပန္းဆက္သြယ္ေရး ပိုမိုၿပီးတိုးတက္ၿပီးေတာ့ ပိုမိုေခတ္မီၿပီး ပိုမုိစံုစံုလင္လင္ လုပ္ေပးႏိုင္ရင္ေတာ့ ကမၻာလွည့္ခရီးသည္ေတြအတြက္ အမ်ားႀကီး ပိုၿပီးေတာ့ ဆြဲေဆာင္မႈရွိႏိုင္မယ္လုိ႔ ထင္ပါတယ္။
ဥပမာဆိုရင္ တခ်ဳိ႕ႏိုင္ငံေတြမွာဆိုရင္ မီးရထားခရီးနဲ႔ သြားရတာ အင္မတန္မွ အဆင္ေျပပါတယ္။ အင္မတန္မွ သာယာပါတယ္။ ကၽြန္မတို႔ႏိုင္ငံကေတာ့ မီးရထားေတြ အေျခအေနက အဲဒီအဆင့္ မေရာက္ေသးပါဘူး။ မီးရထားနဲ႔သြားရတာဟာ ေလယာဥ္ ပ်ံနဲ႔ သြားရတာနဲ႔ မတူပါဘူး။ ေလယာဥ္ပ်ံနဲ႔သြားရတာဆိုတာ ဟိုေရာက္မွပဲ ၾကည့္ရ တယ္။ လမ္းမွာဆိုရင္ေတာ့ တိမ္ေတြကလြဲလို႔ သိပ္မေတြ႕ရပါဘူး။ ဒါေပမယ့္ မီးရထားနဲ႔ သြားမယ္ဆိုရင္ သြားရင္းနဲ႔ ေအးေအးေဆးေဆး၊ သက္သက္သာသာနဲ႔ ရႈခင္းကိုလည္း ၾကည့္သြားလို႔ရတယ္။ တစ္ၿမိဳ႕ၿပီးတစ္ၿမိဳ႕ ျဖတ္သြားတယ္။
ေနာက္ၿပီးေတာ့ ၿမိဳ႕ေလးေတြမွာ ရပ္တဲ့အခါက်ရင္ ဒီႏိုင္ငံရဲ႕ ယဥ္ေက်းမႈ၊ သေဘာသဘာ၀ေတြကို အတိုင္းအတာတစ္ခုအထိ နားလည္ႏိုင္တယ္။ ဥပမာဆိုရင္ ဘူတာရံုေတြမွာ လာၿပီးေတာ့ ေရာင္းတဲ့ အစားအစာေတြ၊ ေဒသ ထြက္အစား အစာေတြကို ေရာင္းမယ္ဆိုရင္ စိတ္၀င္စားၾကမယ္။ ဒီေဒသထြက္ပစၥည္းေလးေတြ၊ အမွတ္တရပစၥည္းေလးေတြ ေရာင္းႏိုင္မယ္ဆိုရင္ စိတ္၀င္စားစရာ ေကာင္းလိမ့္မယ္။
ကၽြန္မကေတာ့ မီးရထား အင္မတန္ ႏွစ္သက္တဲ့သူဆိုေတာ့ ေျပာရမယ္ဆိုရင္ နံပါတ္တစ္ကေတာ့ ေလယာဥ္ပ်ံမူးတာလည္း မရွိဘူး၊ နံပါတ္ႏွစ္က ကားမူးတာလည္း မရွိဘူး၊ နံပါတ္သံုးက မီးရထားထဲမွာဆိုရင္ နည္းနည္းေညာင္းရင္ ထၿပီးေတာ့ လမ္းေတြ ဘာေတြ ေလွ်ာက္လို႔ရတယ္။ ကားထဲမွာ လႈပ္လို႔မရဘူး၊ ေလယာဥ္ထဲမွာ လႈပ္လို႔မရ ဘူး။ ဒါေၾကာင့္မို႔လို႔ ကၽြန္မေျပာတာပါ။ ကၽြန္မတို႔ ကမၻာ့လွည့္ခရီးသည္ေတြကို ဆြဲေဆာင္ခ်င္ရင္ အေတြးသစ္၊ အျမင္သစ္ေတြ ရွိရမယ္။ ကၽြန္မတို႔ႏိုင္ငံမွာ ဘာေတြလို အပ္ေနသလဲ၊ ကၽြန္မတို႔ႏိုင္ငံရဲ႕ မီးရထားက႑ကို ပိုမိုၿပီးေတာ့ ခ်ဲ႕ထြင္ႏိုင္ရင္ ပိုၿပီး ဆြဲေဆာင္မႈ မရွိဘူးလားဆိုတာ စဥ္းစားေစခ်င္ပါတယ္။
ေနာက္တစ္ခုက ေရလမ္းခရီး၊ ကၽြန္မကေတာ့ ေရလမ္းခရီးဆိုရင္ သေဘၤာလည္း မူးတတ္ေတာ့ သိပ္ၿပီးေတာ့ စိတ္ပါတာမဟုတ္ဘူး။ ဒါေပမယ့္ ခရီးသြားေတာ္ေတာ္ မ်ားမ်ားဟာ ေရလမ္းခရီးကို သေဘာက်ၾကတယ္။ ရႈခင္းကိုၾကည့္လို႔ရတယ္။ ေလေကာင္းေလသန္႔ကို ရႈလို႔ရတယ္။ လမ္းေလွ်ာက္လို႔ ရတယ္။ မိတ္ေဆြေတြ ဖြဲ႕လို႔ ရတယ္။ ေအးေအးေဆးေဆး စကားစျမည္ေျပာလို႔ရတယ္။ လမ္းမွာ၊ ၿမိဳ႕ေလးေတြမွာ ရပ္ၿပီးေတာ့ ၿမိဳ႕ေလးေတြကို ေလ့လာလို႔ရတယ္။ အဲဒီလို အခြင့္အေရးေတြ အမ်ဳိးမ်ဳိး ရွိတဲ့အခါက်ေတာ့ အခုလက္ရွိ ကၽြန္မတို႔ ႏိုင္ငံမွာ ကမၻာလွည့္ ခရီးသည္ေတြ အဓိက အားကိုးေနရတဲ့ ေလေၾကာင္းခရီးအျပင္ ကုန္းေၾကာင္းခရီး၊ မီးရထားခရီး၊ ေရေၾကာင္းခရီး အဲဒါေတြကို စဥ္းစားေပးဖို႔လိုပါတယ္။
ေနာက္ၿပီးေတာ့ အပန္းေျဖလာတဲ့ ခရီးသည္ေတြဟာ ရႈခင္းကို ၾကည့္ခ်င္ၿပီး ေတာ့ ေအးေအးေဆးေဆးနဲ႔ သူတို႔ေရာက္လာတဲ့ႏိုင္ငံရဲ႕ ယဥ္ေက်းမႈကို ေပါ့ေပါ့ပါးပါး ေလ့လာခ်င္တဲ့ ခရီးသည္ေတြမ်ားတယ္။ ဒါေပမယ့္ ကၽြန္မတို႔က ခရီးသည္အမ်ဳိးမ်ဳိးထဲ မွာ တျခားအမ်ဳိးအစားေတြကိုလည္း စဥ္းစားရမယ္။ တခ်ဳိ႕ ဆိုရင္ ပိုၿပီးေတာ့ ထဲထဲ ၀င္၀င္ ႏိုင္ငံတစ္ႏိုင္ငံရဲ႕ ယဥ္ေက်းမႈအေၾကာင္း သိခ်င္တယ္။ ဒီလိုပဲ ရႈခင္းေလး ၾကည့္ရုံနဲ႔ အမွတ္တရပစၥည္းေလးေတြ ၀ယ္ရံုနဲ႔ ဒါမ်ဳိး မဟုတ္ဘူး။ နည္းနည္းေလ့လာ ခ်င္တဲ့စိတ္နဲ႔ ဗဟုသုတရွာခ်င္တဲ့စိတ္နဲ႔ လာတဲ့ ခရီးသည္ေတြလည္းရွိတယ္။ အဲဒီလို ခရီးသည္ေတြအတြက္လည္း ကၽြန္မတို႔ အခြင့္အေရးေတြ ဖန္တီးေပးရမယ္။ ဥပမာ ဆိုရင္ ေရွးေဟာင္းသုေတသနကို စိတ္၀င္စားတဲ့ ခရီးသည္ေတြဆိုရင္ ဘယ္ေန ရာေတြကို သြားသင့္တယ္။ ဗုဒၶဘာသာယဥ္ေက်းမႈကို စိတ္၀င္စားတဲ့ ခရီးသည္ေတြ ဆိုရင္ ဘယ္ေနရာသြားသင့္တယ္။ ဒါနဲ႔ ႀကံဳလို႔ေျပာရမယ္ဆိုရင္ ကၽြန္မတို႔ အေရွ႕ ေတာင္ အာရွက ခရီးသြားေတြဆိုရင္ေတာ့ ဗုဒၶဘာသာေတြျဖစ္တဲ့အတြက္ ဘုရားဖူး သြားခ်င္တဲ့ ခရီးသည္မ်ဳိးလည္းရွိပါတယ္။ ဒါကေတာ့ ကၽြန္မတို႔ႏိုင္ငံ အေနနဲ႔ ခက္ခက္ ခဲခဲမရွိပါဘူး။ ဒီလိုခရီးသည္ေတြကို လိုက္ျပဖို႔အတြက္၊ ဒါေပမယ့္ တျခားအသစ္ပံုစံနဲ႔ သြားခ်င္လာခ်င္တဲ့ ခရီးသည္ေတြအတြက္ ကၽြန္မတို႔ စဥ္းစားရမွာပါ။
ထဲထဲ၀င္၀င္နဲ႔ ဒီႏိုင္ငံရဲ႕ ယဥ္ေက်းမႈကို ေလ့လာတာေတြ၊ ဘာသာေရးကို ေလ့လာတာဆိုရင္ အဲဒီလို ခရီးသည္ေတြအတြက္ ကၽြန္မတို႔ ဘယ္လိုအစီအစဥ္ေတြ လုပ္ေပးမလဲဆိုတာကိုလည္း ကၽြန္မတို႔ စဥ္းစားသင့္ပါတယ္။ ေပါ့ေပါ့ပါးပါး မဟုတ္ဘဲနဲ႔ တခ်ိဳ႕က သူတို႔ အလုပ္ေတြကေန အားတဲ့အခ်ိန္ေလးမွာ သူတို႔ရဲ႕ ၀ါသနာေတြကို ပိုၿပီးေတာ့ ေလ့လာႏိုင္ဖို႔ အခြင့္အေရး ရွာၿပီးေတာ့ လာၾကတာေတြလည္း ရွိပါတယ္။
ဒီလို ႏိုင္ငံတစ္ႏိုင္ငံရဲ႕ ယဥ္ေက်းမႈကို ထဲထဲ၀င္၀င္ ေလ့လာခ်င္တယ္ ဆိုေတာ့ ကၽြန္မတို႔ သမိုင္းဘက္ကရွိတယ္၊ ဘာသာေရးဘက္ကရွိတယ္၊ ေနာက္ၿပီး လူမႈေရး ဘက္ ကရွိတယ္။ ကၽြန္မတို႔ရဲ႕ နိစၥဓူ၀ ေနထိုင္ေရးပါ။ အဲဒီဟာနဲ႔ ပတ္သက္ရင္ Community Tourism ကို အားေပးတယ္ဆိုတာလည္း ဒါနဲ႔ဆိုင္ပါတယ္။ ကၽြန္မတို႔ရဲ႕ ရပ္ရြာေတြ တိုးတက္ဖြံ႕ၿဖိဳးဖို႔တင္မကဘူး။ ကၽြန္မတို႔ရဲ႕ ႏိုင္ငံရဲ႕ ေရွးအစဥ္ အလာေတြ၊ ကၽြန္မတို႔ရဲ႕ ယဥ္ေက်းမႈေတြကို ပိုၿပီးေတာ့ အေပၚယံေၾကာထက္ ပိုၿပီးေတာ့ သိခ်င္တဲ့ ခရီးသည္ေတြအတြက္လည္း အမ်ားႀကီး အေထာက္အကူျဖစ္ပါတယ္။ ဒီဟာကိုသာ ပညာပါပါနဲ႔ ေသေသခ်ာခ်ာ စဥ္းစဥ္းစားစား ေလ့လာၿပီးေတာ့ လုပ္မယ္ဆိုရင္ ဒီလိုလုပ္ျခင္းအားျဖင့္ ကၽြန္္မတို႔ရဲ႕ရပ္ရြာ၊ ရြာပိုင္းဆိုင္ရာမွာ ေတာေနျပည္သူလူထု ေတြအတြက္လည္း တိုးတက္မႈရေအာင္ လုပ္ေပးႏိုင္မယ္။ ေနာက္ၿပီးေတာ့ လာတဲ့ခရီး သည္ေတြအတြက္လည္း သူတို႔စိတ္ေက်နပ္မႈ ရွိေအာင္ လုပ္ေပးႏိုင္မယ္။
ေနာက္တခ်ဳိ႕ခရီးသည္ေတြက နည္းနည္းစြန္႔စားမႈေလး လုိခ်င္တယ္။ စြန္႔စား မႈေတြ လိုခ်င္တယ္ဆိုေတာ့ ေတာင္တက္ခ်င္တယ္။ Trekking သြားခ်င္တယ္။ နည္းနည္းခဲခဲယဥ္းယဥ္းေနရာေတြမွ သြားခ်င္တယ္၊ ေပါ့ေပါ့ပါးပါးမဟုတ္ဘူး။ သူတို႔ ကိုယ္သူတုိ႔လည္း စမ္းသပ္တဲ့အေနနဲ႔ စိန္ေခၚမႈေလးေတြနဲ႔ နည္းနည္းပါးပါး ႀကံဳေတြ႕ ခ်င္တယ္။ ဒီလိုခရီးသည္ေတြအတြက္လည္း ကၽြန္မတို႔စဥ္းစားေပးရမယ္။ ဘယ္မွာ ေတာင္တက္လို႔ ရမလဲ၊ သူတို႔လမ္းေလွ်ာက္တဲ့အခါက်ရင္ လမ္းျဖဴးျဖဴးေျဖာင့္ေျဖာင့္ႀကီး ေလွ်ာက္တာလည္းမဟုတ္ဘူး။ အတက္အဆင္းေလး နည္းနည္းပါးပါးရွိတာ။ ေနာက္ၿပီး ေတာ့ ရႈခင္းသာယာရင္လည္း ပိုေကာင္းတာေပါ့။
ေနာက္တခ်ိဳ႕က်ေတာ့ ညအိပ္တဲ့အခါက်ရင္ ရြက္ထည္တဲနဲ႔ ထုိးၿပီးေတာ့ အိပ္ခ်င္ တယ္။ ဒီလိုဟာမ်ဳိး စြန္႔စားမႈဆန္ဆန္ ခရီးသြား အစီအစဥ္ေလးကိုလည္း ႏွစ္သက္ တာေတြ ရွိပါတယ္။ အဲဒီေတာ့ အဲဒီဟာေတြလည္း အမ်ဳိးမ်ဳိး စဥ္းစားေပးဖို႔ လိုပါတယ္။
အမ်ားအားျဖင့္ ခရီးသည္ေတြက ေရာက္ေရာက္ခ်င္းမွာေတာ့ ရန္ကုန္၊ အဓိက ရန္ကုန္ကလာတယ္ဆိုရင္ တည္းခုိစရာေနရာေတြကလည္း အင္မတန္အေရးႀကီးပါ တယ္။ တည္းခုိစရာေနရာဟာ အဆင့္အမ်ဳိးမ်ဳိးရွိဖို႔လုိပါတယ္။ ကၽြန္မ အျမင္မွာေတာ့ တည္းခုိခန္းေတြနဲ႔ပတ္သက္လို႔ ဟုိတယ္ႀကီးပဲျဖစ္ျဖစ္၊ တည္းခိုခန္းေသးေသးေလးပဲ ျဖစ္ျဖစ္ အေရးအႀကီးဆုံးကိစၥကေတာ့ သန္႔ရွင္းမႈပဲ၊ သန္႔သန္႔ရွင္းရွင္းနဲ႔ တည္းေနတဲ့ဧည့္ သည္ေတြက သူတုိ႔ရဲ႕က်န္းမာေရးအတြက္ စိတ္လုံၿခဳံမႈရွိရမယ္။ ပတ္၀န္းက်င္က မသန္႔ မရွင္းဆိုရင္လည္း သူတုိ႔စိတ္ေအးလက္ေအး ရွိမွာမဟုတ္ဘူး။ နံပါတ္တစ္ အေရးႀကီး ဆုံးက သန္႔သန္႔ရွင္းရွင္းနဲ႔ ခရီးသည္ေတြဟာ စိတ္ခ်လက္ခ်နဲ႔ ေနႏုိင္မယ့္ေနရာေတြ အေရးႀကီးပါတယ္။ ႀကီးႀကီးက်ယ္က်ယ္ဆိုတာကေတာ့ ကိုယ္တတ္ႏိုင္ရင္ တတ္ႏုိင္ သလုိ အဆင့္ဆင့္ျမင့္သြားပါတယ္။ ကၽြန္မတို႔က အထူးသျဖင့္ အေသးစားစီးပြားေရး လုပ္ငန္းေတြကို အားေပးခ်င္တယ္ဆုိရင္ သန္႔သန္႔ရွင္းရွင္းနဲ႔ ေစ်းႀကီးႀကီးမဟုတ္ ေပမယ့္လည္း ေနခ်င္စဖြယ္ေကာင္းတဲ့ တည္းခုိခန္းေတြ၊ ဟုိတယ္ေလးေတြ အဲဒါေတြ ကို အားေပးဖို႔လိုတယ္လို႔ ထင္ပါတယ္။
စားေသာက္ဆုိင္ေတြဆိုရင္ ထုိနည္း၎ပဲလို႔ ကၽြန္မထင္ပါတယ္။ အခု ေခတ္မွာ ဆိုရင္ အမ်ားစုေသာ ႏုိင္ငံျခားကလာတဲ့ ခရီးသည္ေတြက ဟုိတယ္ႀကီးေတြ၊ စားေသာက္ဆိုင္ႀကီးေတြမွာ စားရတာထက္ လမ္းေဘးဆိုင္ေလးေတြမွာ စားရတာကို သူတို႔စိတ္၀င္စားၾကတယ္။ ကၽြန္မတို႔ ဗမာေတြဆိုရင္လည္း အမ်ားအားျဖင့္ ဘန္ ေကာက္သြားရင္ လမ္းေဘးဆုိင္က အစားစာက ပိုၿပီးေတာ့ စားေကာင္းတယ္လို႔ အၿမဲပဲ ေျပာၾကတယ္။ ဟုိတယ္ႀကီးေတြက အစားအစာနဲ႔ဆုိရင္ သူတို႔ရဲ႕ ႐ုိးရာအစားစာေတြက စားလည္းေကာင္းတယ္။
စိတ္၀င္စားစရာလည္းေကာင္းတယ္။ နဲနဲလည္းပိုၿပီးေတာ့ ေစ်း သက္သာတယ္။ အဲဒီေတာ့ ဒါမ်ဳိးက်ရင္လည္း အၿမဲပဲသန္႔ရွင္းမႈကို သူတို႔စဥ္းစားတယ္။ သူတို႔က်န္းမာေရး သူတို႔စဥ္းစားတယ္။
က်န္းမာေရးဆိုတာဟာ ေရရွည္က်န္းမာေရးတင္မကဘူး။ ဒီႏုိင္ငံမွာ တစ္ပတ္ ေနတဲ့အခ်ိန္မွာ အစားအေသာက္မွားလုိ႔ အိပ္ယာထဲမွာေနရတာ ၅ ရက္ဆိုရင္ မတန္ဘူးေပါ့။ ဒါေၾကာင့္ သန္႔သန္႔ရွင္းရွင္းနဲ႔ ေဒသခံအစားအစာေတြကို ေစ်းခ်ဳိခ်ဳိနဲ႔ ၀ယ္ႏုိင္တဲ့ ပုံစံေလးေတြကို ကၽြန္မတုိ႔ စဥ္းစားရမယ္။ ဘန္ေကာက္မွာဆိုရင္ အားလုံး သိတဲ့အတုိင္း ဒီလုိလမ္းေဘးဆုိင္ေတြက အင္မတန္မွ သန္႔တယ္။ စိတ္ခ်ရတယ္။ သူတုိ႔က စည္းကမ္းလည္းရွိတယ္။ ကိုယ့္အမႈိက္ကိုယ္ရွင္းသြားတယ္။ ဥပမာအားျဖင့္ အဲဒီလိုဟာမ်ဳိးကို ဦးတည္ရင္ ဧည့္သည္ေတြကလည္း စိတ္ခ်မ္းသာမယ္။ ႏုိင္ငံအတြက္ လည္း အက်ဳိးအျမတ္ရွိမယ္လုိ႔ ထင္ပါတယ္။
ေနာက္တစ္ခုက ေဘးထြက္အက်ဳိးတစ္ခုက ဒီလုိလုပ္ျခင္းအားျဖင့္ ႐ုိးရာ အစားအစာေတြကို ထိန္းသိမ္းထားႏုိင္တယ္။ ႏုိင္ငံျခားသားေတြက စိတ္၀င္စား လုိ႔၊ ႀကိဳက္သြားရင္ ဒါေတြကုိ ထိန္းသိမ္းၿပီးေတာ့ ဆက္ၿပီး ထုတ္လုပ္လို႔ရမယ္။ ႏုိင္ငံျခား က၀င္လာတဲ့ ခပ္ေပါေပါနဲ႔ အာဟာရမျဖစ္တဲ့ အစားအစာ ေတြနဲ႔ ယွဥ္ၿပိဳင္ႏုိင္တဲ့ အေနအထားကို ေရာက္သြားႏိုင္ပါတယ္။ ကၽြန္မတုိ႔ရဲ႕ မခ်မ္းသာ တဲ့ ျပည္သူျပည္သား ေတြအတြက္ လုပ္ငန္းေလးေတြလည္းျဖစ္ႏုိင္တယ္။ Small Enterprises ေပါ့။ ဆုိင္ေလးေတြ၊ တြန္းလွည္းဆိုင္ေလးေတြပဲျဖစ္ျဖစ္၊ စားေသာက္ဆိုင္ ေသးေသးေလးပဲ ျဖစ္ျဖစ္ အဲဒါကိုလည္းစဥ္းစားေစခ်င္ပါတယ္။
ယဥ္ေက်းမႈနဲ႔ပတ္သက္ၿပီး မၾကာခဏၾကားရပါတယ္။ တခါတေလ ကမၻာ့လွည့္ ခရီးသည္ေတြကေမးတယ္တဲ့၊ ဘုရားေတြၾကည့္ၿပီးရင္ ဘာရွိေသးလဲ။ ကၽြန္မ တို႔ႏုိင္ငံက ေစတီပုထုိးေတြ အင္မတန္မွ ၾကြယ္၀ပါတယ္။ ဒါကိုလည္း ခရီးသည္ေတြက စိတ္၀င္ စားပါတယ္။ နည္းနည္းမ်ားလာတဲ့အခါက်ေတာ့လည္း သူတို႔က အျခားဟာကို ေတြ႕ခ်င္ ျမင္ခ်င္ၾကတယ္။ ျပန္ၿပီးေလ့လာၾကည့္တဲ့အခါက်ေတာ့ ယဥ္ေက်းမႈနဲ႔ပတ္သက္ၿပီး အစီအစဥ္ေတြက နည္းတယ္။ လြယ္လြယ္ကူကူနဲ႔သြားၿပီး ဗမာ့ယဥ္ေက်းမႈနဲ႔ ပတ္သက္ လို႔ ေလ့လာဖုိ႔ ေနရာေတြလည္းမရွိဘူး။ ဥပမာဆုိရင္ ဗမာ့႐ုပ္ေသး႐ုပ္ၾကည့္ ခ်င္တယ္ ဆိုရင္ ဘယ္သြားၾကည့္ရမလဲ။ လြယ္လြယ္နဲ႔မရွိဘူး။ ေတာ္ေတာ္ေမးယူရတယ္။ ရွာယူရတယ္။
ေနာက္ၿပီး ႐ုိးရာအက ေတြကိုေလ့လာခ်င္တယ္ဆိုရင္ ဘယ္မွာသြားေလ့လာ ရမလဲ၊ ဘယ္မွာသြားၾကည့္ရမလဲ၊ အဲဒါမ်ဳိးေတြဘက္မွာေတာ့ နည္းေသးတယ္လို႔ ကၽြန္မအေနနဲ႔ ယူဆပါတယ္။ ဒါေၾကာင့္ အဲဒီဘက္မွာလည္း ျဖည့္ဆည္း ေပးခ်င္ပါ တယ္။ ဇာတ္႐ုံႀကီးေတြ ေဆာက္ဖုိ႔၊ ခန္းမႀကီးေတြမွာ ပြဲေတြျပဖို႔ ဒါကို ေျပာတာ မဟုတ္ပါဘူး။ ဒါေတြကလည္းရွိရမယ္။ ဒါေတြကိုလည္း ဦးတည္ရမွာပါ။ ဒါေပမယ့္ ႐ုပ္ေသးပြဲဆိုတာ ေနရာသိပ္ယူတာမွ မဟုတ္ဘဲ၊ အဲဒီလုိဟာမ်ဳိးေလးေတြ မရႏုိ္င္ဘူး လား။ တစ္ပင္တုိင္ အကေလးေတြ၊ တစ္ေယာက္ႏွစ္ေယာက္ေပါ့၊ မင္းသမီးနဲ႔ မင္းသားပြဲ ေလးေတြ လုပ္လုိ႔ မရဘူးလား၊ ဒါကို ကၽြန္မတို႔ရဲ႕ အစုိးရကေန မပံ့ပိုးေပးႏုိင္ဘူးလား။ ယဥ္ေက်းမႈ၀န္ႀကီးဌာနနဲ႔ ခရီးသြား၀န္ႀကီးဌာနတို႔ ညႇိၿပီးေတာ့ အမ်ဳိးမ်ဳိး အေတြးအေခၚ အသစ္ေတြနဲ႔ လုပ္ေပးေစခ်င္ပါတယ္။
စြန္႔စားခန္းနဲ႔ပတ္သက္ရင္ ေရေၾကာင္းကိုလည္း သုံးဖို႔ စဥ္းစားရပါလိမ့္မယ္။ ကၽြန္မတုိ႔ႏုိင္ငံရဲ႕ ျမစ္ေတြက နီေပါက ျမစ္ေတြလုိေတာ့မဟုတ္ဘူး။ ကၽြန္မ ငယ္ငယ္က ဆိုရင္ နီေပါကျမစ္ေတြေပၚမွာ ေဖာင္စီးတဲ့ခရီးေတြ ကၽြန္မထြက္ခဲ့ဖူးတယ္။ အင္မတန္ လည္းေပ်ာ္စရာေကာင္းတယ္။ အင္မတန္လည္း စိတ္၀င္စားစရာေကာင္းတယ္။ ဒီလိုဟာမ်ိဳး ကၽြန္မတုိ႔ အမ်ဳိးမ်ဳိးစဥ္းစားေစခ်င္တယ္။ သမ႐ုိးက် အေတြးေတြနဲ႔ ဆုိရင္ ကၽြန္မတုိ႔ႏိုင္ငံဟာ အျခားႏိုင္ငံေတြနဲ႔ ယွဥ္ရမွာပါ။ ကမၻာလွည့္ခရီးသြားေတြကို တစ္ခ်ိန္ လုံးဆြဲေဆာင္ေနတာ၊ ႏိုင္ငံတုိင္း ႏိုင္ငံတုိင္းက ဆြဲေဆာင္ေနတာ၊ ဘာျဖစ္လုိ႔လဲဆုိ ေတာ့ အခုေခတ္မွာဆုိရင္ ကမၻာလွည့္ခရီးသြားလုပ္ငန္းဟာ ႏုိင္ငံတစ္ႏုိင္ငံအတြက္ ၀င္ေငြ အင္မတန္မွ ေကာင္းတဲ့လုပ္ငန္းတစ္ခုျဖစ္ပါတယ္။ ဒါေၾကာင့္ အားလုံးက ဆြဲေဆာင္ေနတာ၊ ကၽြန္မတု႔ိက ယွဥ္ၿပိဳင္ႏိုင္ဖုိ႔ဆုိရင္ တျခားသူေတြေပးႏုိင္တာထက္ ပိုၿပီးေတာ့ စိတ္၀င္စားမႈအရ၊ ယဥ္ေက်းမႈအရ၊ စိတ္ခ်မ္းသာမႈအရ ေပးႏုိင္မွ ဆြဲေဆာင္ ႏိုင္မယ္လို႔ ထင္ပါတယ္။
ကၽြန္မတုိ႔ႏုိင္ငံမွာဆုိရင္ လူသူသိပ္မေပါက္ေရာက္တဲ့ ေနရာေတြရွိတယ္။ တခ်ိဳ႕ က်ေတာ့ ခရီးသြားေတြက တို႔ေရာက္ဖူးတယ္ဆိုတဲ့စိတ္ဓာတ္နဲ႔ လာတာေတြလည္းရွိ တယ္။ ဓာတ္ပုံ႐ုိက္ၿပီးေတာ့ ငါတုိ႔အဲဒီေရာက္ဖူးတယ္။ အျခားသူေတြ ဘယ္သူ ေရာက္ဖူးသလဲဆိုတဲ့ ပုံစံ၊ ဒါလည္း လူ႔သဘာ၀ဆုိေတာ့ ကၽြန္မတို႔ ဒီသဘာ၀အေပၚမွာ အေျခခံၿပီးေတာ့ ခရီးသြားလုပ္ငန္း က်ယ္ျပန္႔ေအာင္ လုပ္လုိ႔ရပါတယ္။ ဒါေပမယ့္ ဂ႐ုစိုက္ရမယ္။ လူသူအသြားနည္းတဲ့ေနရာေတြကို ကမၻာလွည့္ခရီးသည္ေတြ သြားႏုိင္ ေအာင္လို႔ စီစဥ္တဲ့ အခါမွာ အဲဒီေနရာေတြ မပ်က္စီးသြားဖုိ႔က အင္မတန္အေရးႀကီး တယ္။ အားလုံးၾကားဖူးမွာပါ။ တခါတုန္းကဆုိရင္ ဧ၀ရတ္ေတာင္ေပၚမွာ အမႈိက္ပုံႀကီး က်ေနတာပဲ။ အဲဒီအထိေတာင္ ဆိုး၀ါးခဲ့ပါတယ္။ ဧ၀ရတ္ေတာင္ေပၚတက္ခ်င္ပါ တယ္ဆုိၿပီး သြားၾကတယ္။ သြားၿပီးရင္ အမႈိက္ေတြက ပစ္ခဲ့လုိက္တာ ဧ၀ရတ္ေတာင္နဲ႔ ေတာင္ အမႈိက္ပုံႀကီးက ယွဥ္တယ္ဆုိၿပီး လူေတြက ေျပာစမွတ္ျဖစ္လာပါတယ္။ အဲဒါေတြ မျဖစ္ေအာင္ ကၽြန္မတို႔က ႀကိဳတင္ၿပီးေတာ့ ကာကြယ္ထားရမယ္။ တစ္နည္း အားျဖင့္ေျပာရရင္ ဖြံ႕ၿဖိဳးမႈေနာက္က်ျခင္းဟာလည္း သင္ခန္းစာယူခြင့္ေပးလုိ႔ အေပါင္း လကၡဏာေဆာင္တဲ့ ကိစၥရပ္တစ္ခုပဲလို႔ ျမင္ၿပီးေတာ့ အတတ္ႏုိင္ဆုံး ဒီအေပၚမွာ အေျခခံၿပီး အခြင့္အေရးယူၿပီး အေကာင္းဆုံး ျဖစ္ေအာင္လုပ္ဖုိ႔ပဲ ျဖစ္ပါတယ္။ ကၽြန္မတို႔ ခရီးသြားလုပ္ငန္းေတြကို စီစဥ္တဲ့အခါမွာ ကမၻာ့ခရီးသြား ဧည့္သည္ေတြကို ဆြဲေဆာင္ဖုိ႔ စီစဥ္တဲ့အခါမွာ တစ္ႏုိင္ငံလုံးရဲ႕ လုိအပ္ခ်က္ကို ၾကည့္ၿပီးေတာ့ လုပ္ရမွာျဖစ္တယ္။ တစ္ေနရာတည္းကို ၾကည့္လုိ႔မရဘူး။ ႏွစ္ေနရာသုံးေနရာ လည္းၾကည့္လုိ႔ မရဘူး။
ဥပမာ ပုဂံဆုိရင္ေတာ့ လူတုိင္းသြားခ်င္ၾကပါတယ္။ လူေတြမသိတဲ့ေနရာေတြရွိ တယ္။ အဲဒီေနရာေတြကို ဆြဲေဆာင္ႏိုင္ဖို႔လုိပါတယ္။ အင္းေလးဆုိရင္လည္း လူတုိင္း သြားခ်င္ၾကတယ္။ ကၽြန္မတုိ႔ႏုိင္ငံမွာ ပုဂံနဲ႔ အင္းေလးသာမက အျခားအင္မတန္မွ ကမၻာ လွည့္ခရီးသည္ေတြအတြက္ စိတ္၀င္စားစရာေကာင္းတဲ့ ေနရာေတြရွိပါတယ္။ သမုိင္း အရ၊ ႐ႈခင္း၊ သဘာ၀အလွအရေရာ၊ သမုိင္းအရဆုိေတာ့ သမုိင္းနဲ႔ပတ္သက္ၿပီးေတာ့ လုပ္ေဆာင္တဲ့ကိစၥေတြဟာ တကယ့္အျဖစ္အပ်က္ေပၚမွာ အေျခခံေစခ်င္ပါတယ္။ စိတ္ကူးယဥ္ၿပီးေတာ့ လုပ္ထားတာမ်ဳိးမျဖစ္ေစခ်င္ပါဘူး။ ကၽြန္မပြင့္ပြင့္လင္းလင္းေျပာ ရမယ္ဆုိရင္ ေရွးတုန္းက နန္းေတာ္ႀကီးေတြပါ ဆုိၿပီး လုပ္ထားတဲ့ဟာေတြက တကယ္ပဲ သမိုင္းအခ်က္အလက္ေတြနဲ႔ ကိုက္ညီရဲ႕လား၊ အဲဒီတုန္းက ပုံစံေတြ ဒီလုိပဲ ရွိခဲ့ရဲ႕လား၊ ဒါေတြကို စဥ္းစားေစခ်င္ပါတယ္။
အရင္တုန္းက ေရွးဘုရင္ေတြရဲ႕ ႐ုပ္ထုႀကီးေတြ။ တကယ္ပဲ အဲဒီရွင္ဘုရင္ အား လုံးက ဒီလုိပုံစံရွိရဲ႕လား၊ အဲဒီေခတ္တုန္းက ဒီလုိပဲ ၀တ္ဆင္ခဲ့ရဲ႕လား။ ကၽြန္မကေတာ့ ဒီလုိပဲစဥ္းစားတာပဲ၊ အျခားသူေတြေတာ့ မသိဘူး၊ ႏုိင္ငံျခားကလာၿပီးေတာ့ သမုိင္းကို စိတ္၀င္စားတဲ့ ကမၻာလွည့္ခရီးသည္ေတြဆုိရင္ ႏႈိက္ႏိႈက္ခၽြတ္ခၽြတ္ေမးတယ္။ တကယ္ပဲ သူတို႔က အခ်က္အလက္နဲ႔ ကိုက္ညီရဲ႕လားဆုိတာ သူတုိ႔ေလ့လာတယ္။ ကၽြန္မတုိ႔ သမုိင္းမွာ မသိတာရွိရင္လည္း မသိတဲ့အတုိင္းေပါ့။ သိခ်င္ေယာင္ေဆာင္ၿပီးေတာ့ ခန္႔မွန္းေျခနဲ႔ဆုိရင္ေတာ့ လူေတြရဲ႕ယုံၾကည္မႈ က်ဆင္းတယ္လုိ႔ ထင္ပါတယ္။ အဲဒါ ေၾကာင့္ မေသခ်ာတာဆုိရင္ မေသခ်ာဘူး။ သို႔ေသာ္လည္း ဒီလုိျဖစ္ေျခရွိတယ္ဆိုၿပီး သူတို႔စိတ္၀င္စားေအာင္ အမ်ဳိးမ်ဳိးလုပ္လို႔ရတာေပါ့။ ဥပမာအားျဖင့္ အရင္တုန္းက ေရွးဘုရင္တစ္ပါး႐ုပ္တုကုိ စိတ္ကူးၿပီးထြင္းထားတာ ျဖစ္ပါတယ္ဆုိတာကို မွန္မွန္ ကန္ကန္ စာတန္းထုိးထားရင္ ဘယ္သူမွ ဘာမွေျပာစရာမရွိဘူး။ အဲဒီဘုရင္က ဘယ္လုိ ပုံစံရွိတယ္ဆိုတာကေတာ့ အေထာက္အထား မရွိပါဘူး။ မွတ္တမ္းလည္းမရွိပါဘူး။ ဒါေပမယ့္လည္း ဘာကို အေျခခံၿပီး ဒီလုိပုံစံျဖစ္မယ္လုိ႔ ခန္႔မွန္းၿပီးေတာ့ ထုရပါ တယ္ဆုိတာမ်ဳိးပါ။
အဲဒီလိုအမွန္တရားနဲ႔လည္း ကိုက္ညီတယ္။ ေက်နပ္ေလာက္တဲ့ အခ်က္အလက္ ေလးေတြပါတဲ့ဟာမ်ိဳးကို လုပ္ေပးမယ္ဆိုရင္ ကြ်န္မတို႔ သမိုင္းဘက္ကိုအမ်ားႀကီး စိတ္၀င္စားမႈရွိတဲ့ ခရီးသည္ေတြအတြက္ အေထာက္အကူျပဳမယ္္လို႔ ကြ်န္မထင္ပါ တယ္။ ေနာက္တစ္ခုက ကြ်န္မတို႔ ႏိုင္ငံနဲ႔ပတ္သက္ၿပီးေတာ့ တခ်ိဳ႕စိတ္၀င္စားလာၾက တာကေတာ့ တိရိစာၦန္ေတြ၊ အထူးသျဖင့္ ဆင္ေတြ၊ ကြ်န္မနားလည္သေလာက္က ေတာ့ ကိုယ္ႏိုင္ငံမို႔ကိုယ္ အမႊမ္းတင္ၿပီးေတာ့ ေျပာတယ္လို႔ တခ်ိဳ႕ကထင္မယ္။ ႏုိင္ငံျခား က ေလ့လာသူေတြက ေရးသားထားတာကုိ ခဏခဏ ဖတ္ဖူးပါတယ္။ ျမန္မာဆင္ေတြ ေလာက္ သစ္လုပ္ငန္းမွာ ကြ်မ္းက်င္တဲ့ ဆင္ ကမၻာမွာ မရွိဘူးလို႔ေျပာတယ္။ တခ်ိဳ႕ အိမ္နီးခ်င္းႏို္င္ငံေတြက သေဘာတူခ်င္မွ တူမွာပါ။
သစ္လုပ္ငန္းမွာသံုးတဲ့ဆင္ ေတြရွိေပ မယ့္၊ ေတာ္ေတာ္မ်ားမ်ား ေလ့လာထားတဲ့ ပုဂၢိဳလ္ေတြရဲ႕ ေရးသားခ်က္ေတြကို ဖတ္ဖူးပါ တယ္။ ျမန္မာဆင္ေတြက ဘာေၾကာင့္ရယ္လို႔ မသိဘူး။ သစ္လုပ္ငန္းမွာ ထူးထူးျခားျခား ကြ်မ္းကြ်င္တယ္။
အထူးသျဖင့္ ဆင္ေတြကို သစ္လုပ္ငန္းေတြမွာ သိပ္မသံုးႏုိ္င္တာေၾကာင့္ ကမၻာ လွည့္ ခရီးသြားလုပ္ငန္းအတြက္ တန္းဖိုးရွိေအာင္လုပ္ၿပီးေတာ့ ဆင္ေတြ အတြက္ လည္း ပိုၿပီးေတာ့ ဘ၀ေကာင္းေအာင္လို႔ လုပ္ေပးလို႔ရမလား ဆိုၿပီးေတာ့ စဥ္းစားေစခ်င္ ပါတယ္။ ဒီလိုလုပ္တဲ့အခါက်ရင္ ဧည့္သည္ေတြအေနနဲ႔ ႏုိ္င္ငံအတြက္မဟုတ္ဘဲနဲ႔ တိရိစာၦေတြအတြက္ပါ ပိုၿပီးေတာ့ ေကာင္းတဲ့ နည္းေတြေရာ စဥ္းစားေစခ်င္ပါတယ္။ တီထြင္ဥာဏ္အမ်ိဳးမ်ိဳးနဲ႔ စဥ္းစားရမွာပဲ၊ ဆန္းသစ္တဲ့ အေတြးအေခၚေတြဆိုတာဟာ စဥ္းစားလို႔ရွိရင္ ေပၚလာမွာပါ။ ဥပမာဆိုရင္ ကြ်န္မတို႔ ဆင္ေတြကို ပိုၿပီးေတာ့ စိတ္၀င္ စားလာေအာင္ နာမည္ေပးထားတာမ်ိဳး၊ သူတို႔ႀကိဳက္တဲ့ဆင္ကို အထူးေလ့လာခြင့္ေပး တာမ်ိဳး ဒါမ်ိဳးေတြလုပ္ႏုိ္င္ဖို႔၊ ဆင္ေမြးစားတဲ့အထိေတာ့ ကြ်န္မ မလုပ္ခ်င္ပါဘူး။ ဒါေပမယ့္ အေ၀းက ေမြးစားၿပီး ပိုက္ဆံပို႔ေပးမယ္ဆိုရင္ေတာ့ မဆိုးပါဘူး။ ပံုမွန္ေပါ့။ ဒီဆင္ေလးကို foster လုပ္တယ္ေပါ့။ အရင္တုန္းက ကေလးေတြလုပ္သလိုေပါ့၊ ဖြံ႕ၿဖိဳးတဲ့ႏိုင္ငံေတြက မဖြံ႕ၿဖိဳးတဲ့ႏုိ္င္ငံ ကေလးေတြကို ပံ့ပိုးတာေပါ့။ သူတို႔ရဲ႕ တူေလး၊ တူမေလးလို မွန္မွန္ပံ့ပိုးသလို ကြ်န္မတို႔ ဆင္ေတြကို ပံ့ပိုးမႈမ်ားလုပ္လို႔ရမလားဆိုတာ စိတ္၀င္စားေအာင္ေပါ့။ အထူးသျဖင့္ ခရီးသည္ေတြထဲမွာ ကေလးေတြ ပါရင္စိတ္၀င္ စားပါတယ္။ ကေလးေတြက ဆင္ေလး တစ္ေကာင္မ်ား တာ၀န္ယူခ်င္လား၊ သူတုိ႔ မုန္႔ဖိုးထဲက တစ္လဘယ္ေလာက္ပို႔လိုက္မယ္ဆိုရင္ စိတ္၀င္စားမႈေၾကာင့္ ပိုက္ဆံေတြ အမ်ားႀကီးရမယ္လို႔ မဟုတ္ပါဘူး။ စိတ္၀င္စားမႈရွိလာေအာင္လို႔ ျပန္လည္း လာခ်င္ေအာင္လို႔၊ သူတို႔ ဆင္ေတြကိုလည္းၾကည့္ဖို႔ စသျဖင့္ပါ။
ေနာက္ရွားပါးသတၱ၀ါေတြ၊ ဧရာ၀တီလင္းပိုင္လိုဟာမ်ိဳး ၾကည့္ႏုိ္င္ဖို႔၊ ေလ့လာႏုိ္င္ ဖို႔ ဒါမ်ိဳးအခြင့္အခါသင့္ေအာင္လည္း ဖန္တီးေပးေစခ်င္ပါတယ္။ သဘာ၀ပတ္၀န္းက်င္ ထိန္းသိမ္းေရးအတြက္လည္း ၀င္ေငြလည္းရေအာင္၊ အေထာက္အကူလည္းျဖစ္ေအာင္ နည္းအမ်ိဳးမ်ိဳးနဲ႔ စဥ္းစားေစခ်င္ပါတယ္။ ခရီးသြားလုပ္ငန္းေတြနဲ႔ ပတ္သက္ၿပီး လုပ္တဲ့အခါမွာ ကြ်န္မတို႔ရဲ႕ေဒသမွာ တျခားႏုိ္င္ငံေတြ ဘာလုပ္ေနလဲဆိုတာ ၾကည့္ဖု႔ိလို အပ္ပါတယ္။ ေစာေစာကေျပာသလို ကြ်န္မတို႔က ၿပိဳင္ရမွာျဖစ္ပါတယ္။ အေရွ႕ေတာင္ အာရွကို သြားရင္ ျမန္မာကို သြားရင္ ေကာင္းမလား၊ ထိုင္းကိုသြားရင္ေကာင္းမလား၊ လာအိုသြားရင္ ေကာင္းမလား၊ ကေမၻာဒီးယားသြားရင္ေကာင္းမလား စဥ္းစားၾကလိမ့္ မယ္။ ဒီႏို္င္ငံေတြက ယဥ္ေက်းမႈအရ၊ သဘာ၀ေရေျမအေနအထားအရ ဆင္တူရိုးမွား ဆိုေတာ့ ဘယ္ေနရာသြားရင္ ေကာင္းမလဲဆိုၿပီး စဥ္းစားတာရွိတယ္။ တခ်ိဳ႕ကလည္း အဲဒီေနရာေတြ အားလံုးကို Package Tour အေနနဲ႔သြားတယ္။ ဒါေတြလည္း ကြ်န္မတို႔ ထည့္ၿပီးေတာ့ တြက္ဖို႔ လိုပါတယ္။ ကြ်န္မတို႕ရဲ႕ ကမၻာလွည့္ ခရီးသြားလုပ္ငန္း တိုးတက္ ေအာင္ လုပ္ဖို႔ဆိုတာ ေနာက္ဆံုးက်ေတာ့ အဓိကလိုအပ္ခ်က္က အေတြးသစ္ေတြနဲ႔ လုပ္ဖို႔လိုပါတယ္။ ဒီအေတြးကုိ အေကာင္အထည္ေဖာ္ႏိုင္ရမယ္။ ပထမ အေတြးသစ္ ေတြ ရေအာင္စဥ္းစားၾကပါ။ ဒီအေတြးသစ္ေတြကို အေကာင္းဆံုးနည္းနဲ႔ အေကာင္ အထည္ေဖာ္ တဲ့အခါမွာ ႏုိ္င္ငံရဲ႕ေရရွည္အက်ိဳးကိုၾကည့္ၿပီးေတာ့ လုပ္ေဆာင္ၾကပါ။
ကြ်န္မ အခြင့္အေရးရွိတိုင္းရွိတုိင္း အားလံုးကို သတိေပးတယ္။ ကၽြန္မတို႔ ႏုိင္ငံဟာ ျပည္ေထာင္စုပါ။ ျပည္ေထာင္စုဆိုတာ တိုင္းရင္းသား လူမ်ိဳးေပါင္းစံုနဲ႔ ဖြဲ႕စည္း ထားတဲ့ ႏုိ္င္ငံတစ္ႏုိင္ငံ ျဖစ္ပါတယ္။ ကြ်န္မတို႔ ျပည္ေထာင္စုႀကီးအက်ိဳးအတြက္ ဘယ္ေတာ့မွမေမ့ဘဲနဲ႔ ဘာလုပ္ငန္းလုပ္လုပ္ လုပ္ေစခ်င္ပါတယ္။ ခရီးသြားလုပ္ငန္း လည္း ဒီအတိုင္းပါပဲ။ ကြ်န္မတို႔ ျပည္ေထာင္စုသူ၊ ျပည္ေထာင္စုသား အားလံုးအတြက္ အက်ိဳးရွိေအာင္ စဥ္းစားၿပီး လုပ္ေစခ်င္ပါတယ္။ ၿပီးေတာ့ ျပည္ေထာင္စုသူ၊ ျပည္ေထာင္ စုသားအားလံုး ပိုမိုၿပီးေတာ့ နီးစပ္လာေအာင္၊ ညီညႊတ္လာေအာင္၊ ပိုမိုၿပီးေတာ့ စည္းလံုးလာေအာင္ လုပ္ေပးမယ့္ပံုစံမ်ိဳးလည္းျဖစ္ေစခ်င္ပါတယ္။ တစ္ေယာက္နဲ႔ တစ္ေယာက္အၿပိဳင္အဆိုင္လုပ္ၿပီးေတာ့ စိတ္၀မ္းကြဲတာမ်ိဳးမဟုတ္ဘဲနဲ႔ တစ္ေယာက္ နဲ႔တစ္ေယာက္ ပူးေပါင္းေဆာင္ရြက္ၿပီး ညီညြတ္လာတဲ့ပံုစံမ်ိဳးျဖစ္ေအာင္ လုပ္ေပးေစခ်င္ ပါတယ္။
ကြ်န္မတုိ႔ႏုိ္င္ငံဟာ ဖြံ႕ၿဖိဳးတိုးတက္ဖို႔လုိတယ္္ဆိုတာ ထူးထူးေထြေထြ ေျပာေနဖို႔ မလိုပါဘူး။ ဖြံ႕ျဖိဳးတိုးတက္ပံု၊ ဖြံ႕ၿဖိဳးတက္နည္းက အေကာင္းဆံုးနည္းျဖစ္ရဲ႕ လားဆို တာ စဥ္းစားဖို႔လိုပါတယ္။
ကြ်န္မတို႔ႏို္င္ငံ ဖြံ႕ၿဖိဳးတိုးတက္တာနဲ႔အမွ် ႏိုင္ငံသားေတြ အားလံုးရဲ႕ ဘ၀၊ အမ်ား စုေပါ့၊ တစ္ရာ ရာခုိင္ႏႈန္းဆိုတာေတာ့ ဒီေလာကႀကီးထဲမွာ မျဖစ္ႏုိင္ပါဘူး။ အမ်ားစုႀကီး ရဲ႕ ဘ၀တိုးတက္ေရးအတြက္ ဟုတ္ရဲ႕လား၊ လူတစ္စုတည္းလားဆိုတာကို ကြ်န္မတို႔ အျမဲပဲသတိထားဖို႔ လိုအပ္ပါတယ္။ ကြ်န္မတို႔ႏိုင္ငံသူ၊ နို္င္ငံသားအမ်ားစုႀကီးအတြက္ အက်ိဳးျဖစ္ေစမယ့္ ခရီးသြားလုပ္ငန္းေတြကို အျမန္ဆံုးေဖာ္ထုတ္ႏို္င္ပါေစ၊ ႏုိ္င္ငံေတာ္ အတြက္ ပိုက္ဆံေတြအမ်ားရမယ့္လုပ္ငန္း ေတြျဖစ္ပါေစလို႔ ကၽြန္မအေနနဲ႔ဆႏၵျပဳပါ တယ္။
ေက်းဇူးတင္ပါတယ္။
(zawgyi version)
————————————————————————————————————————————-
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ (၁/၂၀၁၈)အစည်းအဝေးသို့ ပြောကြားသည့် အဖွင့်အမှာစကား
နေပြည်တော် သြဂုတ် ၃
waကမ္ဘာ့လှည့်ခရီးသည်လုပ်ငန်းဟာ နိုင်ငံအတွက်သာမက တစ်ကမ္ဘာလုံး အတွက် အခုအချိန်အခါမှာ အရေးကြီးတဲ့ လုပ်ငန်းတစ်ရပ်ဖြစ်လာပါတယ်။ ရှေးပေ၀သဏီ ကတည်းက စပြီးတော့ ခရီးထွက်တယ်ဆိုတာရှိခဲ့ပါတယ်။ ဟိုရှေးရှေးတုန်းက ခရီးထွက် တယ်ဆိုတာ ကုန်သည်တွေ ထွက်ကြတာပါ။ အများအားဖြင့် စီးပွားရေးနဲ့ ပတ်သက်ပြီး ထွက်ကြတာရှိပါတယ်။ မိမိတို့ဆန္ဒအရ စီးပွားရှာဖို့မဟုတ်ဘဲ သက်သက်ထွက်တယ် ဆိုတာ ပထမဦးဆုံးကတော့ ပညာဗဟုသုတ ရှာတဲ့ပုဂ္ဂိုလ်ကြီးတွေ ရှိခဲ့ပါတယ်။ စွန့်စား မှုတွေကို ရှာတဲ့ပုဂ္ဂိုလ်တွေလည်းရှိခဲ့ပါတယ်။
အခု ဖွံ့ဖြိုးတိုးတက်တဲ့ ကမ္ဘာကြီးမှာကျတော့ ဒီဟာတွေက ပြောင်းလဲပြီးတော့ အပန်းဖြေဖို့အတွက် ကိုယ့်နိုင်ငံမှာမရှိတဲ့ အရာတွေကိုတွေ့နိုင်၊ မြင်နိုင်ဖို့အတွက် ပိုပြီး တော့ ဗဟုသုတကြွယ်၀ဖို့ အတွက်ဆိုပြီး ထွက်ကြတဲ့ခရီးသည်တွေက များလာပါတယ်။ ကမ္ဘာလှည့်ခရီးသည်တွေကို ကျွန်မတို့ နိုင်ငံအတွက် ဆွဲဆောင်ချင်ရင် ကျွန််မတို့က ကိုယ့်ကိုယ်ကိုယ်အိမ်ရှင်အနေနဲ့ စဉ်းစားရပါမယ်။ သက်သက်စီးပွားရေးလုပ်ဖို့ဆိုတဲ့ စိတ်ဓာတ်နဲ့ လုပ်ဖို့ဆိုရင်တော့ အောင်မြင်ချင်သလို အောင်မြင်မယ် မဟုတ်ဘူးလို့ ကျွန်မကတော့ ထင်ပါတယ်။ အိမ်ရှင်ဆိုတာဟာ ပထမဦးဆုံး ဧည့်သည်တွေရဲ့ လိုအပ်ချက်ကို စဉ်းစားရပါမယ်။
ကျွန်မတို့နိုင်ငံကို ခရီးသွားတွေလာတဲ့အခါ ဘာကိုမျှော်မှန်းပြီး လာကြသလဲ။ တ ချို့ကတော့ မမြင်ဖူးတဲ့နေရာကို ရောက်ဖူးချင်လို့၊ တချို့ကတော့ တခြားလူတွေ မရောက်ဖူးတဲ့နေရာမျိုးကို ရောက်ချင်လို့၊ တချို့ကတော့ အပန်းဖြေချင်လို့၊ တချို့က တော့ သူတို့နိုင်ငံမှာ မရရှိနိုင်တဲ့ စိတ်ငြိမ်မှုကို လိုချင်လို့ စသည်ဖြင့် အကြောင်းအမျိုး မျိုးကြောင့် ကျွန်မတို့နိုင်ငံကို ရောက်လာကြတာဖြစ်ပါတယ်။
အဲဒီတော့ တကယ်ပဲ ကမ္ဘာ့လှည့်ခရီးသည်တွေကို ကျွန်မတို့နိုင်ငံကို လာစေချင် တယ်ဆိုရင် ဒီခရီးသည်များဟာ ကိုယ့်အတွက် ပိုက်ဆံ ရှာနိုင်တဲ့ အခွင့်အရေးတစ်ခု လို့ပဲ စဉ်းစားလို့မဖြစ်ပါဘူး။ ကျွန်မတို့လိုပဲ လူသားတွေ၊ ကျွန်မတို့လိုပဲ ပျော်ရွှင်ချင် တယ်၊ ချမ်းမြေ့ချင်တယ်။ ခဏတာ အလည်အပတ်လာတဲ့အခါကျရင် စိတ်အေးလက် အေးနဲ့ မြင်ချင်တွေ့ချင်တာတွေကို မြင်တွေ့ဖို့ အခွင့်အရေးလေးတွေ ရချင်တယ်ဆိုတဲ့ စိတ်တွေနဲ့ လာကြတာပါ။ အဲဒီတော့ အဲဒီဆန္ဒတွေကို ဖြည့်ဆည်းပေးမယ်ဆိုရင် နောင် ကမ္ဘာလှည့် ခရီးသည်တွေကလည်း ပိုမိုပြီးတော့ လာကြမှာ ဖြစ်ပါတယ်။
အဆင်ပြေဖို့ဆိုတာကတော့ ပထမဦးဆုံး ၀င်လာမှုအဆင်ပြေဖို့ ကျွန်မတို့လုပ် ပေးရမှာပါ။ ဒါကြောင့်မို့ ကျွန်မတို့ မကြာခင်က Free Visa တို့၊ Visa on Arrival တို့ စသည်ဖြင့် လာဖို့ပိုပြီးတော့ လွယ်ကူအောင်လို့ လုပ်ပေးတာ တွေရှိပါတယ်။ နောက် ကျွန််မတို့နိုင်ငံမှာ လိုအပ်ချက်တစ်ခုကတော့ နိုင်ငံရဲ့ ဘဏ္ဍာရေး အခြေအနေအရ၊ လုံခြုံရေးအခြေအနေအရ လုပ်ရမယ့်ကိစ္စကတော့ လာနိုင်မယ့် လေယာဉ်ကွင်းများ အနေအထား၊ ဒါတွေကိုလည်း ကျွန်မတို့ ကြည့်ရမှာ ဖြစ်ပါတယ်။
နောက် ကျွန်မတို့နိုင်ငံထဲ ရောက်လာတဲ့အခါမှာ အများအားဖြင့် ကမ္ဘာလှည့်် ခရီးသည်များက လေယာဉ်ခရီးနဲ့ပဲ သွားရပါတယ်။ ဥပမာအားဖြင့် ရန်ကုန်ကိုလာမယ်၊ ရန်ကုန်ကနေပြီးတော့ ပုဂံကို လေယာဉ်နဲ့သွားမယ်၊ အင်းလေးသွားချင်တယ်ဆိုရင် လည်း ဟဲဟိုးကို လေယာဉ်နဲ့သွားမယ်။ နောက်မှ ကားနဲ့သွားမယ် စသည်ဖြင့်ပေါ့။ ကျွန်မတို့ဟာ လမ်းပန်းဆက်သွယ်ရေး ပိုမိုပြီးတိုးတက်ပြီးတော့ ပိုမိုခေတ်မီပြီး ပိုမိုစုံစုံလင်လင် လုပ်ပေးနိုင်ရင်တော့ ကမ္ဘာလှည့်ခရီးသည်တွေအတွက် အများကြီး ပိုပြီးတော့ ဆွဲဆောင်မှုရှိနိုင်မယ်လို့ ထင်ပါတယ်။
ဥပမာဆိုရင် တချို့နိုင်ငံတွေမှာဆိုရင် မီးရထားခရီးနဲ့ သွားရတာ အင်မတန်မှ အဆင်ပြေပါတယ်။ အင်မတန်မှ သာယာပါတယ်။ ကျွန်မတို့နိုင်ငံကတော့ မီးရထားတွေ အခြေအနေက အဲဒီအဆင့် မရောက်သေးပါဘူး။ မီးရထားနဲ့သွားရတာဟာ လေယာဉ် ပျံနဲ့ သွားရတာနဲ့ မတူပါဘူး။ လေယာဉ်ပျံနဲ့သွားရတာဆိုတာ ဟိုရောက်မှပဲ ကြည့်ရ တယ်။ လမ်းမှာဆိုရင်တော့ တိမ်တွေကလွဲလို့ သိပ်မတွေ့ရပါဘူး။ ဒါပေမယ့် မီးရထားနဲ့ သွားမယ်ဆိုရင် သွားရင်းနဲ့ အေးအေးဆေးဆေး၊ သက်သက်သာသာနဲ့ ရှုခင်းကိုလည်း ကြည့်သွားလို့ရတယ်။ တစ်မြို့ပြီးတစ်မြို့ ဖြတ်သွားတယ်။
နောက်ပြီးတော့ မြို့လေးတွေမှာ ရပ်တဲ့အခါကျရင် ဒီနိုင်ငံရဲ့ ယဉ်ကျေးမှု၊ သဘောသဘာ၀တွေကို အတိုင်းအတာတစ်ခုအထိ နားလည်နိုင်တယ်။ ဥပမာဆိုရင် ဘူတာရုံတွေမှာ လာပြီးတော့ ရောင်းတဲ့ အစားအစာတွေ၊ ဒေသ ထွက်အစား အစာတွေကို ရောင်းမယ်ဆိုရင် စိတ်၀င်စားကြမယ်။ ဒီဒေသထွက်ပစ္စည်းလေးတွေ၊ အမှတ်တရပစ္စည်းလေးတွေ ရောင်းနိုင်မယ်ဆိုရင် စိတ်၀င်စားစရာ ကောင်းလိမ့်မယ်။
ကျွန်မကတော့ မီးရထား အင်မတန် နှစ်သက်တဲ့သူဆိုတော့ ပြောရမယ်ဆိုရင် နံပါတ်တစ်ကတော့ လေယာဉ်ပျံမူးတာလည်း မရှိဘူး၊ နံပါတ်နှစ်က ကားမူးတာလည်း မရှိဘူး၊ နံပါတ်သုံးက မီးရထားထဲမှာဆိုရင် နည်းနည်းညောင်းရင် ထပြီးတော့ လမ်းတွေ ဘာတွေ လျှောက်လို့ရတယ်။ ကားထဲမှာ လှုပ်လို့မရဘူး၊ လေယာဉ်ထဲမှာ လှုပ်လို့မရ ဘူး။ ဒါကြောင့်မို့လို့ ကျွန်မပြောတာပါ။ ကျွန်မတို့ ကမ္ဘာ့လှည့်ခရီးသည်တွေကို ဆွဲဆောင်ချင်ရင် အတွေးသစ်၊ အမြင်သစ်တွေ ရှိရမယ်။ ကျွန်မတို့နိုင်ငံမှာ ဘာတွေလို အပ်နေသလဲ၊ ကျွန်မတို့နိုင်ငံရဲ့ မီးရထားကဏ္ဍကို ပိုမိုပြီးတော့ ချဲ့ထွင်နိုင်ရင် ပိုပြီး ဆွဲဆောင်မှု မရှိဘူးလားဆိုတာ စဉ်းစားစေချင်ပါတယ်။
နောက်တစ်ခုက ရေလမ်းခရီး၊ ကျွန်မကတော့ ရေလမ်းခရီးဆိုရင် သငေ်္ဘာလည်း မူးတတ်တော့ သိပ်ပြီးတော့ စိတ်ပါတာမဟုတ်ဘူး။ ဒါပေမယ့် ခရီးသွားတော်တော် များများဟာ ရေလမ်းခရီးကို သဘောကျကြတယ်။ ရှုခင်းကိုကြည့်လို့ရတယ်။ လေကောင်းလေသန့်ကို ရှုလို့ရတယ်။ လမ်းလျှောက်လို့ ရတယ်။ မိတ်ဆွေတွေ ဖွဲ့လို့ ရတယ်။ အေးအေးဆေးဆေး စကားစမြည်ပြောလို့ရတယ်။ လမ်းမှာ၊ မြို့လေးတွေမှာ ရပ်ပြီးတော့ မြို့လေးတွေကို လေ့လာလို့ရတယ်။ အဲဒီလို အခွင့်အရေးတွေ အမျိုးမျိုး ရှိတဲ့အခါကျတော့ အခုလက်ရှိ ကျွန်မတို့ နိုင်ငံမှာ ကမ္ဘာလှည့် ခရီးသည်တွေ အဓိက အားကိုးနေရတဲ့ လေကြောင်းခရီးအပြင် ကုန်းကြောင်းခရီး၊ မီးရထားခရီး၊ ရေကြောင်းခရီး အဲဒါတွေကို စဉ်းစားပေးဖို့လိုပါတယ်။
နောက်ပြီးတော့ အပန်းဖြေလာတဲ့ ခရီးသည်တွေဟာ ရှုခင်းကို ကြည့်ချင်ပြီး တော့ အေးအေးဆေးဆေးနဲ့ သူတို့ရောက်လာတဲ့နိုင်ငံရဲ့ ယဉ်ကျေးမှုကို ပေါ့ပေါ့ပါးပါး လေ့လာချင်တဲ့ ခရီးသည်တွေများတယ်။ ဒါပေမယ့် ကျွန်မတို့က ခရီးသည်အမျိုးမျိုးထဲ မှာ တခြားအမျိုးအစားတွေကိုလည်း စဉ်းစားရမယ်။ တချို့ ဆိုရင် ပိုပြီးတော့ ထဲထဲ ၀င်၀င် နိုင်ငံတစ်နိုင်ငံရဲ့ ယဉ်ကျေးမှုအကြောင်း သိချင်တယ်။ ဒီလိုပဲ ရှုခင်းလေး ကြည့်ရုံနဲ့ အမှတ်တရပစ္စည်းလေးတွေ ၀ယ်ရုံနဲ့ ဒါမျိုး မဟုတ်ဘူး။ နည်းနည်းလေ့လာ ချင်တဲ့စိတ်နဲ့ ဗဟုသုတရှာချင်တဲ့စိတ်နဲ့ လာတဲ့ ခရီးသည်တွေလည်းရှိတယ်။ အဲဒီလို ခရီးသည်တွေအတွက်လည်း ကျွန်မတို့ အခွင့်အရေးတွေ ဖန်တီးပေးရမယ်။ ဥပမာ ဆိုရင် ရှေးဟောင်းသုတေသနကို စိတ်၀င်စားတဲ့ ခရီးသည်တွေဆိုရင် ဘယ်နေ ရာတွေကို သွားသင့်တယ်။ ဗုဒ္ဓဘာသာယဉ်ကျေးမှုကို စိတ်၀င်စားတဲ့ ခရီးသည်တွေ ဆိုရင် ဘယ်နေရာသွားသင့်တယ်။ ဒါနဲ့ ကြုံလို့ပြောရမယ်ဆိုရင် ကျွန်မတို့ အရှေ့ တောင် အာရှက ခရီးသွားတွေဆိုရင်တော့ ဗုဒ္ဓဘာသာတွေဖြစ်တဲ့အတွက် ဘုရားဖူး သွားချင်တဲ့ ခရီးသည်မျိုးလည်း ရှိပါတယ်။ ဒါကတော့ ကျွန်မတို့နိုင်ငံ အနေနဲ့ ခက်ခက် ခဲခဲမရှိပါဘူး။ ဒီလိုခရီးသည်တွေကို လိုက်ပြဖို့အတွက်၊ ဒါပေမယ့် တခြားအသစ်ပုံစံနဲ့ သွားချင်လာချင်တဲ့ ခရီးသည်တွေအတွက် ကျွန်မတို့ စဉ်းစားရမှာပါ။
ထဲထဲ၀င်၀င်နဲ့ ဒီနိုင်ငံရဲ့ ယဉ်ကျေးမှုကို လေ့လာတာတွေ၊ ဘာသာရေးကို လေ့လာတာဆိုရင် အဲဒီလို ခရီးသည်တွေအတွက် ကျွန်မတို့ ဘယ်လိုအစီအစဉ်တွေ လုပ်ပေးမလဲဆိုတာကိုလည်း ကျွန်မတို့ စဉ်းစားသင့်ပါတယ်။ ပေါ့ပေါ့ပါးပါး မဟုတ်ဘဲနဲ့ တချို့က သူတို့ အလုပ်တွေကနေ အားတဲ့အချိန်လေးမှာ သူတို့ရဲ့ ၀ါသနာတွေကို ပိုပြီးတော့ လေ့လာနိုင်ဖို့ အခွင့်အရေး ရှာပြီးတော့ လာကြတာတွေလည်း ရှိပါတယ်။
ဒီလို နိုင်ငံတစ်နိုင်ငံရဲ့ ယဉ်ကျေးမှုကို ထဲထဲ၀င်၀င် လေ့လာချင်တယ် ဆိုတော့ ကျွန်မတို့ သမိုင်းဘက်ကရှိတယ်၊ ဘာသာရေးဘက်ကရှိတယ်၊ နောက်ပြီး လူမှုရေး ဘက် ကရှိတယ်။ ကျွန်မတို့ရဲ့ နိစ္စဓူ၀ နေထိုင်ရေးပါ။ အဲဒီဟာနဲ့ ပတ်သက်ရင် Community Tourism ကို အားပေးတယ်ဆိုတာလည်း ဒါနဲ့ဆိုင်ပါတယ်။ ကျွန်မတို့ရဲ့ ရပ်ရွာတွေ တိုးတက်ဖွံ့ဖြိုးဖို့တင်မကဘူး။ ကျွန်မတို့ရဲ့ နိုင်ငံရဲ့ ရှေးအစဉ် အလာတွေ၊ ကျွန်မတို့ရဲ့ ယဉ်ကျေးမှုတွေကို ပိုပြီးတော့ အပေါ်ယံကြောထက် ပိုပြီးတော့ သိချင်တဲ့ ခရီးသည်တွေအတွက်လည်း အများကြီး အထောက်အကူဖြစ်ပါတယ်။ ဒီဟာကိုသာ ပညာပါပါနဲ့ သေသေချာချာ စဉ်းစဉ်းစားစား လေ့လာပြီးတော့ လုပ်မယ်ဆိုရင် ဒီလိုလုပ်ခြင်းအားဖြင့် ကျွန််မတို့ရဲ့ရပ်ရွာ၊ ရွာပိုင်းဆိုင်ရာမှာ တောနေပြည်သူလူထု တွေအတွက်လည်း တိုးတက်မှုရအောင် လုပ်ပေးနိုင်မယ်။ နောက်ပြီးတော့ လာတဲ့ခရီး သည်တွေအတွက်လည်း သူတို့စိတ်ကျေနပ်မှု ရှိအောင် လုပ်ပေးနိုင်မယ်။
နောက်တချို့ခရီးသည်တွေက နည်းနည်းစွန့်စားမှုလေး လိုချင်တယ်။ စွန့်စား မှုတွေ လိုချင်တယ်ဆိုတော့ တောင်တက်ချင်တယ်။ Trekking သွားချင်တယ်။ နည်းနည်းခဲခဲယဉ်းယဉ်းနေရာတွေမှ သွားချင်တယ်၊ ပေါ့ပေါ့ပါးပါးမဟုတ်ဘူး။ သူတို့ ကိုယ်သူတို့လည်း စမ်းသပ်တဲ့အနေနဲ့ စိန်ခေါ်မှုလေးတွေနဲ့ နည်းနည်းပါးပါး ကြုံတွေ့ ချင်တယ်။ ဒီလိုခရီးသည်တွေအတွက်လည်း ကျွန်မတို့စဉ်းစားပေးရမယ်။ ဘယ်မှာ တောင်တက်လို့ ရမလဲ၊ သူတို့လမ်းလျှောက်တဲ့အခါကျရင် လမ်းဖြူးဖြူးဖြောင့်ဖြောင့်ကြီး လျှောက်တာလည်းမဟုတ်ဘူး။ အတက်အဆင်းလေး နည်းနည်းပါးပါးရှိတာ။ နောက်ပြီး တော့ ရှုခင်းသာယာရင်လည်း ပိုကောင်းတာပေါ့။
နောက်တချို့ကျတော့ ညအိပ်တဲ့အခါကျရင် ရွက်ထည်တဲနဲ့ ထိုးပြီးတော့ အိပ်ချင် တယ်။ ဒီလိုဟာမျိုး စွန့်စားမှုဆန်ဆန် ခရီးသွား အစီအစဉ်လေးကိုလည်း နှစ်သက် တာတွေ ရှိပါတယ်။ အဲဒီတော့ အဲဒီဟာတွေလည်း အမျိုးမျိုး စဉ်းစားပေးဖို့ လိုပါတယ်။
အများအားဖြင့် ခရီးသည်တွေက ရောက်ရောက်ချင်းမှာတော့ ရန်ကုန်၊ အဓိက ရန်ကုန်ကလာတယ်ဆိုရင် တည်းခိုစရာ နေရာတွေကလည်း အင်မတန်အရေးကြီးပါ တယ်။ တည်းခိုစရာနေရာဟာ အဆင့်အမျိုးမျိုးရှိဖို့လိုပါတယ်။ ကျွန်မ အမြင်မှာတော့ တည်းခိုခန်းတွေနဲ့ပတ်သက်လို့ ဟိုတယ်ကြီးပဲဖြစ်ဖြစ်၊ တည်းခိုခန်းသေးသေးလေးပဲ ဖြစ်ဖြစ် အရေးအကြီးဆုံးကိစ္စကတော့ သန့်ရှင်းမှုပဲ၊ သန့်သန့်ရှင်းရှင်းနဲ့ တည်းနေတဲ့ဧည့် သည်တွေက သူတို့ရဲ့ကျန်းမာရေးအတွက် စိတ်လုံခြုံမှုရှိရမယ်။ ပတ်၀န်းကျင်က မသန့် မရှင်းဆိုရင်လည်း သူတို့စိတ်အေးလက်အေး ရှိမှာမဟုတ်ဘူး။ နံပါတ်တစ် အရေးကြီး ဆုံးက သန့်သန့်ရှင်းရှင်းနဲ့ ခရီးသည်တွေဟာ စိတ်ချလက်ချနဲ့ နေနိုင်မယ့်နေရာတွေ အရေးကြီးပါတယ်။ ကြီးကြီးကျယ်ကျယ်ဆိုတာကတော့ ကိုယ်တတ်နိုင်ရင် တတ်နိုင် သလို အဆင့်ဆင့်မြင့်သွားပါတယ်။ ကျွန်မတို့က အထူးသဖြင့် အသေးစားစီးပွားရေး လုပ်ငန်းတွေကို အားပေးချင်တယ်ဆိုရင် သန့်သန့်ရှင်းရှင်းနဲ့ ဈေးကြီးကြီးမဟုတ် ပေမယ့်လည်း နေချင်စဖွယ်ကောင်းတဲ့ တည်းခိုခန်းတွေ၊ ဟိုတယ်လေးတွေ အဲဒါတွေ ကို အားပေးဖို့လိုတယ်လို့ ထင်ပါတယ်။
စားသောက်ဆိုင်တွေဆိုရင် ထိုနည်း၎င်းပဲလို့ ကျွန်မထင်ပါတယ်။ အခု ခေတ်မှာ ဆိုရင် အများစုသော နိုင်ငံခြားကလာတဲ့ ခရီးသည်တွေက ဟိုတယ်ကြီးတွေ၊ စားသောက်ဆိုင်ကြီးတွေမှာ စားရတာထက် လမ်းဘေးဆိုင်လေးတွေမှာ စားရတာကို သူတို့စိတ်၀င်စားကြတယ်။ ကျွန်မတို့ ဗမာတွေဆိုရင်လည်း အများအားဖြင့် ဘန် ကောက်သွားရင် လမ်းဘေးဆိုင်က အစားစာက ပိုပြီးတော့ စားကောင်းတယ်လို့ အမြဲပဲ ပြောကြတယ်။ ဟိုတယ်ကြီးတွေက အစားအစာနဲ့ဆိုရင် သူတို့ရဲ့ ရိုးရာအစားစာတွေက စားလည်းကောင်းတယ်။
စိတ်၀င်စားစရာလည်းကောင်းတယ်။ နဲနဲလည်းပိုပြီးတော့ ဈေး သက်သာတယ်။ အဲဒီတော့ ဒါမျိုးကျရင်လည်း အမြဲပဲသန့်ရှင်းမှုကို သူတို့စဉ်းစားတယ်။ သူတို့ကျန်းမာရေး သူတို့စဉ်းစားတယ်။
ကျန်းမာရေးဆိုတာဟာ ရေရှည်ကျန်းမာရေးတင်မကဘူး။ ဒီနိုင်ငံမှာ တစ်ပတ် နေတဲ့အချိန်မှာ အစားအသောက်မှားလို့ အိပ်ယာထဲမှာနေရတာ ၅ ရက်ဆိုရင် မတန်ဘူးပေါ့။ ဒါကြောင့် သန့်သန့်ရှင်းရှင်းနဲ့ ဒေသခံအစားအစာတွေကို ဈေးချိုချိုနဲ့ ၀ယ်နိုင်တဲ့ ပုံစံလေးတွေကို ကျွန်မတို့ စဉ်းစားရမယ်။ ဘန်ကောက်မှာဆိုရင် အားလုံး သိတဲ့အတိုင်း ဒီလိုလမ်းဘေးဆိုင်တွေက အင်မတန်မှ သန့်တယ်။ စိတ်ချရတယ်။ သူတို့က စည်းကမ်းလည်းရှိတယ်။ ကိုယ့်အမှိုက်ကိုယ်ရှင်းသွားတယ်။ ဥပမာအားဖြင့် အဲဒီလိုဟာမျိုးကို ဦးတည်ရင် ဧည့်သည်တွေကလည်း စိတ်ချမ်းသာမယ်။ နိုင်ငံအတွက် လည်း အကျိုးအမြတ်ရှိမယ်လို့ ထင်ပါတယ်။
နောက်တစ်ခုက ဘေးထွက်အကျိုးတစ်ခုက ဒီလိုလုပ်ခြင်းအားဖြင့် ရိုးရာ အစားအစာတွေကို ထိန်းသိမ်းထားနိုင်တယ်။ နိုင်ငံခြားသားတွေက စိတ်၀င်စား လို့၊ ကြိုက်သွားရင် ဒါတွေကို ထိန်းသိမ်းပြီးတော့ ဆက်ပြီး ထုတ်လုပ်လို့ရမယ်။ နိုင်ငံခြား က၀င်လာတဲ့ ခပ်ပေါပေါနဲ့ အာဟာရမဖြစ်တဲ့ အစားအစာ တွေနဲ့ ယှဉ်ပြိုင်နိုင်တဲ့ အနေအထားကို ရောက်သွားနိုင်ပါတယ်။ ကျွန်မတို့ရဲ့ မချမ်းသာ တဲ့ ပြည်သူပြည်သား တွေအတွက် လုပ်ငန်းလေးတွေလည်းဖြစ်နိုင်တယ်။ Small Enterprises ပေါ့။ ဆိုင်လေးတွေ၊ တွန်းလှည်းဆိုင်လေးတွေပဲဖြစ်ဖြစ်၊ စားသောက်ဆိုင် သေးသေးလေးပဲ ဖြစ်ဖြစ် အဲဒါကိုလည်းစဉ်းစားစေချင်ပါတယ်။
ယဉ်ကျေးမှုနဲ့ပတ်သက်ပြီး မကြာခဏကြားရပါတယ်။ တခါတလေ ကမ္ဘာ့လှည့် ခရီးသည်တွေကမေးတယ်တဲ့၊ ဘုရားတွေကြည့်ပြီးရင် ဘာရှိသေးလဲ။ ကျွန်မ တို့နိုင်ငံက စေတီပုထိုးတွေ အင်မတန်မှ ကြွယ်၀ပါတယ်။ ဒါကိုလည်း ခရီးသည်တွေက စိတ်၀င် စားပါတယ်။ နည်းနည်းများလာတဲ့အခါကျတော့လည်း သူတို့က အခြားဟာကို တွေ့ချင် မြင်ချင်ကြတယ်။ ပြန်ပြီးလေ့လာကြည့်တဲ့အခါကျတော့ ယဉ်ကျေးမှုနဲ့ပတ်သက်ပြီး အစီအစဉ်တွေက နည်းတယ်။ လွယ်လွယ်ကူကူနဲ့သွားပြီး ဗမာ့ယဉ်ကျေးမှုနဲ့ ပတ်သက် လို့ လေ့လာဖို့ နေရာတွေလည်းမရှိဘူး။ ဥပမာဆိုရင် ဗမာ့ရုပ်သေးရုပ်ကြည့် ချင်တယ် ဆိုရင် ဘယ်သွားကြည့်ရမလဲ။ လွယ်လွယ်နဲ့မရှိဘူး။ တော်တော်မေးယူရတယ်။ ရှာယူရတယ်။
နောက်ပြီး ရိုးရာအက တွေကိုလေ့လာချင်တယ်ဆိုရင် ဘယ်မှာသွားလေ့လာ ရမလဲ၊ ဘယ်မှာသွားကြည့်ရမလဲ၊ အဲဒါမျိုးတွေဘက်မှာတော့ နည်းသေးတယ်လို့ ကျွန်မအနေနဲ့ ယူဆပါတယ်။ ဒါကြောင့် အဲဒီဘက်မှာလည်း ဖြည့်ဆည်း ပေးချင်ပါ တယ်။ ဇာတ်ရုံကြီးတွေ ဆောက်ဖို့၊ ခန်းမကြီးတွေမှာ ပွဲတွေပြဖို့ ဒါကို ပြောတာ မဟုတ်ပါဘူး။ ဒါတွေကလည်းရှိရမယ်။ ဒါတွေကိုလည်း ဦးတည်ရမှာပါ။ ဒါပေမယ့် ရုပ်သေးပွဲဆိုတာ နေရာသိပ်ယူတာမှ မဟုတ်ဘဲ၊ အဲဒီလိုဟာမျိုးလေးတွေ မရနိ်ုင်ဘူး လား။ တစ်ပင်တိုင် အကလေးတွေ၊ တစ်ယောက်နှစ်ယောက်ပေါ့၊ မင်းသမီးနဲ့ မင်းသားပွဲ လေးတွေ လုပ်လို့ မရဘူးလား၊ ဒါကို ကျွန်မတို့ရဲ့ အစိုးရကနေ မပံ့ပိုးပေးနိုင်ဘူးလား။ ယဉ်ကျေးမှု၀န်ကြီးဌာနနဲ့ ခရီးသွား၀န်ကြီးဌာနတို့ ညှိပြီးတော့ အမျိုးမျိုး အတွေးအခေါ် အသစ်တွေနဲ့ လုပ်ပေးစေချင်ပါတယ်။
စွန့်စားခန်းနဲ့ပတ်သက်ရင် ရေကြောင်းကိုလည်း သုံးဖို့ စဉ်းစားရပါလိမ့်မယ်။ ကျွန်မတို့နိုင်ငံရဲ့ မြစ်တွေက နီပေါက မြစ်တွေလိုတော့မဟုတ်ဘူး။ ကျွန်မ ငယ်ငယ်က ဆိုရင် နီပေါကမြစ်တွေပေါ်မှာ ဖောင်စီးတဲ့ခရီးတွေ ကျွန်မထွက်ခဲ့ဖူးတယ်။ အင်မတန် လည်းပျော်စရာကောင်းတယ်။ အင်မတန်လည်း စိတ်၀င်စားစရာကောင်းတယ်။ ဒီလိုဟာမျိုး ကျွန်မတို့ အမျိုးမျိုးစဉ်းစားစေချင်တယ်။ သမရိုးကျ အတွေးတွေနဲ့ ဆိုရင် ကျွန်မတို့နိုင်ငံဟာ အခြားနိုင်ငံတွေနဲ့ ယှဉ်ရမှာပါ။ ကမ္ဘာလှည့်ခရီးသွားတွေကို တစ်ချိန် လုံးဆွဲဆောင်နေတာ၊ နိုင်ငံတိုင်း နိုင်ငံတိုင်းက ဆွဲဆောင်နေတာ၊ ဘာဖြစ်လို့လဲဆို တော့ အခုခေတ်မှာဆိုရင် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဟာ နိုင်ငံတစ်နိုင်ငံအတွက် ၀င်ငွေ အင်မတန်မှ ကောင်းတဲ့လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် အားလုံးက ဆွဲဆောင်နေတာ၊ ကျွန်မတို့က ယှဉ်ပြိုင်နိုင်ဖို့ဆိုရင် တခြားသူတွေပေးနိုင်တာထက် ပိုပြီးတော့ စိတ်၀င်စားမှုအရ၊ ယဉ်ကျေးမှုအရ၊ စိတ်ချမ်းသာမှုအရ ပေးနိုင်မှ ဆွဲဆောင် နိုင်မယ်လို့ ထင်ပါတယ်။
ကျွန်မတို့နိုင်ငံမှာဆိုရင် လူသူသိပ်မပေါက်ရောက်တဲ့ နေရာတွေရှိတယ်။ တချို့ ကျတော့ ခရီးသွားတွေက တို့ရောက်ဖူးတယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ လာတာတွေလည်းရှိ တယ်။ ဓာတ်ပုံရိုက်ပြီးတော့ ငါတို့အဲဒီရောက်ဖူးတယ်။ အခြားသူတွေ ဘယ်သူ ရောက်ဖူးသလဲဆိုတဲ့ ပုံစံ၊ ဒါလည်း လူ့သဘာ၀ဆိုတော့ ကျွန်မတို့ ဒီသဘာ၀အပေါ်မှာ အခြေခံပြီးတော့ ခရီးသွားလုပ်ငန်း ကျယ်ပြန့်အောင် လုပ်လို့ရပါတယ်။ ဒါပေမယ့် ဂရုစိုက်ရမယ်။ လူသူအသွားနည်းတဲ့နေရာတွေကို ကမ္ဘာလှည့်ခရီးသည်တွေ သွားနိုင် အောင်လို့ စီစဉ်တဲ့ အခါမှာ အဲဒီနေရာတွေ မပျက်စီးသွားဖို့က အင်မတန်အရေးကြီး တယ်။ အားလုံးကြားဖူးမှာပါ။ တခါတုန်းကဆိုရင် ဧ၀ရတ်တောင်ပေါ်မှာ အမှိုက်ပုံကြီး ကျနေတာပဲ။ အဲဒီအထိတောင် ဆိုး၀ါးခဲ့ပါတယ်။ ဧ၀ရတ်တောင်ပေါ်တက်ချင်ပါ တယ်ဆိုပြီး သွားကြတယ်။ သွားပြီးရင် အမှိုက်တွေက ပစ်ခဲ့လိုက်တာ ဧ၀ရတ်တောင်နဲ့ တောင် အမှိုက်ပုံကြီးက ယှဉ်တယ်ဆိုပြီး လူတွေက ပြောစမှတ်ဖြစ်လာပါတယ်။ အဲဒါတွေ မဖြစ်အောင် ကျွန်မတို့က ကြိုတင်ပြီးတော့ ကာကွယ်ထားရမယ်။ တစ်နည်း အားဖြင့်ပြောရရင် ဖွံ့ဖြိုးမှုနောက်ကျခြင်းဟာလည်း သင်ခန်းစာယူခွင့်ပေးလို့ အပေါင်း လက္ခဏာဆောင်တဲ့ ကိစ္စရပ်တစ်ခုပဲလို့ မြင်ပြီးတော့ အတတ်နိုင်ဆုံး ဒီအပေါ်မှာ အခြေခံပြီး အခွင့်အရေးယူပြီး အကောင်းဆုံး ဖြစ်အောင်လုပ်ဖို့ပဲ ဖြစ်ပါတယ်။ ကျွန်မတို့ ခရီးသွားလုပ်ငန်းတွေကို စီစဉ်တဲ့အခါမှာ ကမ္ဘာ့ခရီးသွား ဧည့်သည်တွေကို ဆွဲဆောင်ဖို့ စီစဉ်တဲ့အခါမှာ တစ်နိုင်ငံလုံးရဲ့ လိုအပ်ချက်ကို ကြည့်ပြီးတော့ လုပ်ရမှာဖြစ်တယ်။ တစ်နေရာတည်းကို ကြည့်လို့မရဘူး။ နှစ်နေရာသုံးနေရာ လည်းကြည့်လို့ မရဘူး။
ဥပမာ ပုဂံဆိုရင်တော့ လူတိုင်းသွားချင်ကြပါတယ်။ လူတွေမသိတဲ့နေရာတွေရှိ တယ်။ အဲဒီနေရာတွေကို ဆွဲဆောင်နိုင်ဖို့လိုပါတယ်။ အင်းလေးဆိုရင်လည်း လူတိုင်း သွားချင်ကြတယ်။ ကျွန်မတို့နိုင်ငံမှာ ပုဂံနဲ့ အင်းလေးသာမက အခြားအင်မတန်မှ ကမ္ဘာ လှည့်ခရီးသည်တွေအတွက် စိတ်၀င်စားစရာကောင်းတဲ့ နေရာတွေရှိပါတယ်။ သမိုင်း အရ၊ ရှုခင်း၊ သဘာ၀အလှအရရော၊ သမိုင်းအရဆိုတော့ သမိုင်းနဲ့ပတ်သက်ပြီးတော့ လုပ်ဆောင်တဲ့ကိစ္စတွေဟာ တကယ့်အဖြစ်အပျက်ပေါ်မှာ အခြေခံစေချင်ပါတယ်။ စိတ်ကူးယဉ်ပြီးတော့ လုပ်ထားတာမျိုးမဖြစ်စေချင်ပါဘူး။ ကျွန်မပွင့်ပွင့်လင်းလင်းပြော ရမယ်ဆိုရင် ရှေးတုန်းက နန်းတော်ကြီးတွေပါ ဆိုပြီး လုပ်ထားတဲ့ဟာတွေက တကယ်ပဲ သမိုင်းအချက်အလက်တွေနဲ့ ကိုက်ညီရဲ့လား၊ အဲဒီတုန်းက ပုံစံတွေ ဒီလိုပဲ ရှိခဲ့ရဲ့လား၊ ဒါတွေကို စဉ်းစားစေချင်ပါတယ်။
အရင်တုန်းက ရှေးဘုရင်တွေရဲ့ ရုပ်ထုကြီးတွေ။ တကယ်ပဲ အဲဒီရှင်ဘုရင် အား လုံးက ဒီလိုပုံစံရှိရဲ့လား၊ အဲဒီခေတ်တုန်းက ဒီလိုပဲ ၀တ်ဆင်ခဲ့ရဲ့လား။ ကျွန်မကတော့ ဒီလိုပဲစဉ်းစားတာပဲ၊ အခြားသူတွေတော့ မသိဘူး၊ နိုင်ငံခြားကလာပြီးတော့ သမိုင်းကို စိတ်၀င်စားတဲ့ ကမ္ဘာလှည့်ခရီးသည်တွေဆိုရင် နှိုက်နှိုက်ချွတ်ချွတ်မေးတယ်။ တကယ်ပဲ သူတို့က အချက်အလက်နဲ့ ကိုက်ညီရဲ့လားဆိုတာ သူတို့လေ့လာတယ်။ ကျွန်မတို့ သမိုင်းမှာ မသိတာရှိရင်လည်း မသိတဲ့အတိုင်းပေါ့။ သိချင်ယောင်ဆောင်ပြီးတော့ ခန့်မှန်းခြေနဲ့ဆိုရင်တော့ လူတွေရဲ့ယုံကြည်မှု ကျဆင်းတယ်လို့ ထင်ပါတယ်။ အဲဒါ ကြောင့် မသေချာတာဆိုရင် မသေချာဘူး။ သို့သော်လည်း ဒီလိုဖြစ်ခြေရှိတယ်ဆိုပြီး သူတို့စိတ်၀င်စားအောင် အမျိုးမျိုးလုပ်လို့ရတာပေါ့။ ဥပမာအားဖြင့် အရင်တုန်းက ရှေးဘုရင်တစ်ပါးရုပ်တုကို စိတ်ကူးပြီးထွင်းထားတာ ဖြစ်ပါတယ်ဆိုတာကို မှန်မှန် ကန်ကန် စာတန်းထိုးထားရင် ဘယ်သူမှ ဘာမှပြောစရာမရှိဘူး။ အဲဒီဘုရင်က ဘယ်လို ပုံစံရှိတယ်ဆိုတာကတော့ အထောက်အထား မရှိပါဘူး။ မှတ်တမ်းလည်းမရှိပါဘူး။ ဒါပေမယ့်လည်း ဘာကို အခြေခံပြီး ဒီလိုပုံစံဖြစ်မယ်လို့ ခန့်မှန်းပြီးတော့ ထုရပါ တယ်ဆိုတာမျိုးပါ။
အဲဒီလိုအမှန်တရားနဲ့လည်း ကိုက်ညီတယ်။ ကျေနပ်လောက်တဲ့ အချက်အလက် လေးတွေပါတဲ့ဟာမျိုးကို လုပ်ပေးမယ်ဆိုရင် ကျွန်မတို့ သမိုင်းဘက်ကိုအများကြီး စိတ်၀င်စားမှုရှိတဲ့ ခရီးသည်တွေအတွက် အထောက်အကူပြုမယ််လို့ ကျွန်မထင်ပါ တယ်။ နောက်တစ်ခုက ကျွန်မတို့ နိုင်ငံနဲ့ပတ်သက်ပြီးတော့ တချို့စိတ်၀င်စားလာကြ တာကတော့ တိရိစာၦန်တွေ၊ အထူးသဖြင့် ဆင်တွေ၊ ကျွန်မနားလည်သလောက်က တော့ ကိုယ်နိုင်ငံမို့ကိုယ် အမွှမ်းတင်ပြီးတော့ ပြောတယ်လို့ တချို့ကထင်မယ်။ နိုင်ငံခြား က လေ့လာသူတွေက ရေးသားထားတာကို ခဏခဏ ဖတ်ဖူးပါတယ်။ မြန်မာဆင်တွေ လောက် သစ်လုပ်ငန်းမှာ ကျွမ်းကျင်တဲ့ ဆင် ကမ္ဘာမှာ မရှိဘူးလို့ပြောတယ်။ တချို့ အိမ်နီးချင်းနိ်ုင်ငံတွေက သဘောတူချင်မှ တူမှာပါ။
သစ်လုပ်ငန်းမှာသုံးတဲ့ဆင် တွေရှိပေ မယ့်၊ တော်တော်များများ လေ့လာထားတဲ့ ပုဂ္ဂိုလ်တွေရဲ့ ရေးသားချက်တွေကို ဖတ်ဖူးပါ တယ်။ မြန်မာဆင်တွေက ဘာကြောင့်ရယ်လို့ မသိဘူး။ သစ်လုပ်ငန်းမှာ ထူးထူးခြားခြား ကျွမ်းကျွင်တယ်။ အထူးသဖြင့် ဆင်တွေကို သစ်လုပ်ငန်းတွေမှာ သိပ်မသုံးနိ်ုင်တာကြောင့် ကမ္ဘာ လှည့် ခရီးသွားလုပ်ငန်းအတွက် တန်းဖိုးရှိအောင်လုပ်ပြီးတော့ ဆင်တွေ အတွက် လည်း ပိုပြီးတော့ ဘ၀ကောင်းအောင်လို့ လုပ်ပေးလို့ရမလား ဆိုပြီးတော့ စဉ်းစားစေချင် ပါတယ်။ ဒီလိုလုပ်တဲ့အခါကျရင် ဧည့်သည်တွေအနေနဲ့ နိ်ုင်ငံအတွက်မဟုတ်ဘဲနဲ့ တိရိစာၦတွေအတွက်ပါ ပိုပြီးတော့ ကောင်းတဲ့ နည်းတွေရော စဉ်းစားစေချင်ပါတယ်။ တီထွင်ဥာဏ်အမျိုးမျိုးနဲ့ စဉ်းစားရမှာပဲ၊ ဆန်းသစ်တဲ့ အတွေးအခေါ်တွေဆိုတာဟာ စဉ်းစားလို့ရှိရင် ပေါ်လာမှာပါ။ ဥပမာဆိုရင် ကျွန်မတို့ ဆင်တွေကို ပိုပြီးတော့ စိတ်၀င် စားလာအောင် နာမည်ပေးထားတာမျိုး၊ သူတို့ကြိုက်တဲ့ဆင်ကို အထူးလေ့လာခွင့်ပေး တာမျိုး ဒါမျိုးတွေလုပ်နိ်ုင်ဖို့၊ ဆင်မွေးစားတဲ့အထိတော့ ကျွန်မ မလုပ်ချင်ပါဘူး။ ဒါပေမယ့် အေ၀းက မွေးစားပြီး ပိုက်ဆံပို့ပေးမယ်ဆိုရင်တော့ မဆိုးပါဘူး။ ပုံမှန်ပေါ့။ ဒီဆင်လေးကို foster လုပ်တယ်ပေါ့။ အရင်တုန်းက ကလေးတွေလုပ်သလိုပေါ့၊ ဖွံ့ဖြိုးတဲ့နိုင်ငံတွေက မဖွံ့ဖြိုးတဲ့နိ်ုင်ငံ ကလေးတွေကို ပံ့ပိုးတာပေါ့။ သူတို့ရဲ့ တူလေး၊ တူမလေးလို မှန်မှန်ပံ့ပိုးသလို ကျွန်မတို့ ဆင်တွေကို ပံ့ပိုးမှုများလုပ်လို့ရမလားဆိုတာ စိတ်၀င်စားအောင်ပေါ့။ အထူးသဖြင့် ခရီးသည်တွေထဲမှာ ကလေးတွေ ပါရင်စိတ်၀င် စားပါတယ်။ ကလေးတွေက ဆင်လေး တစ်ကောင်များ တာ၀န်ယူချင်လား၊ သူတို့ မုန့်ဖိုးထဲက တစ်လဘယ်လောက်ပို့လိုက်မယ်ဆိုရင် စိတ်၀င်စားမှုကြောင့် ပိုက်ဆံတွေ အများကြီးရမယ်လို့ မဟုတ်ပါဘူး။ စိတ်၀င်စားမှုရှိလာအောင်လို့ ပြန်လည်း လာချင်အောင်လို့၊ သူတို့ ဆင်တွေကိုလည်းကြည့်ဖို့ စသဖြင့်ပါ။
နောက်ရှားပါးသတ္တ၀ါတွေ၊ ဧရာ၀တီလင်းပိုင်လိုဟာမျိုး ကြည့်နိ်ုင်ဖို့၊ လေ့လာနိ်ုင် ဖို့ ဒါမျိုးအခွင့်အခါသင့်အောင်လည်း ဖန်တီးပေးစေချင်ပါတယ်။ သဘာ၀ပတ်၀န်းကျင် ထိန်းသိမ်းရေးအတွက်လည်း ၀င်ငွေလည်းရအောင်၊ အထောက်အကူလည်းဖြစ်အောင် နည်းအမျိုးမျိုးနဲ့ စဉ်းစားစေချင်ပါတယ်။ ခရီးသွားလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး လုပ်တဲ့အခါမှာ ကျွန်မတို့ရဲ့ဒေသမှာ တခြားနိ်ုင်ငံတွေ ဘာလုပ်နေလဲဆိုတာ ကြည့်ဖို့လို အပ်ပါတယ်။ စောစောကပြောသလို ကျွန်မတို့က ပြိုင်ရမှာဖြစ်ပါတယ်။ အရှေ့တောင် အာရှကို သွားရင် မြန်မာကို သွားရင် ကောင်းမလား၊ ထိုင်းကိုသွားရင်ကောင်းမလား၊ လာအိုသွားရင် ကောင်းမလား၊ ကမ္ဘောဒီးယားသွားရင်ကောင်းမလား စဉ်းစားကြလိမ့် မယ်။ ဒီနိ်ုင်ငံတွေက ယဉ်ကျေးမှုအရ၊ သဘာ၀ရေမြေအနေအထားအရ ဆင်တူရိုးမှား ဆိုတော့ ဘယ်နေရာသွားရင် ကောင်းမလဲဆိုပြီး စဉ်းစားတာရှိတယ်။ တချို့ကလည်း အဲဒီနေရာတွေ အားလုံးကို Package Tour အနေနဲ့သွားတယ်။ ဒါတွေလည်း ကျွန်မတို့ ထည့်ပြီးတော့ တွက်ဖို့ လိုပါတယ်။ ကျွန်မတို့ရဲ့ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း တိုးတက် အောင် လုပ်ဖို့ဆိုတာ နောက်ဆုံးကျတော့ အဓိကလိုအပ်ချက်က အတွေးသစ်တွေနဲ့ လုပ်ဖို့လိုပါတယ်။ ဒီအတွေးကို အကောင်အထည်ဖော်နိုင်ရမယ်။ ပထမ အတွေးသစ် တွေ ရအောင်စဉ်းစားကြပါ။ ဒီအတွေးသစ်တွေကို အကောင်းဆုံးနည်းနဲ့ အကောင် အထည်ဖော် တဲ့အခါမှာ နိ်ုင်ငံရဲ့ရေရှည်အကျိုးကိုကြည့်ပြီးတော့ လုပ်ဆောင်ကြပါ။
ကျွန်မ အခွင့်အရေးရှိတိုင်းရှိတိုင်း အားလုံးကို သတိပေးတယ်။ ကျွန်မတို့ နိုင်ငံဟာ ပြည်ထောင်စုပါ။ ပြည်ထောင်စုဆိုတာ တိုင်းရင်းသား လူမျိုးပေါင်းစုံနဲ့ ဖွဲ့စည်း ထားတဲ့ နိ်ုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ ကျွန်မတို့ ပြည်ထောင်စုကြီးအကျိုးအတွက် ဘယ်တော့မှမမေ့ဘဲနဲ့ ဘာလုပ်ငန်းလုပ်လုပ် လုပ်စေချင်ပါတယ်။ ခရီးသွားလုပ်ငန်း လည်း ဒီအတိုင်းပါပဲ။ ကျွန်မတို့ ပြည်ထောင်စုသူ၊ ပြည်ထောင်စုသား အားလုံးအတွက် အကျိုးရှိအောင် စဉ်းစားပြီး လုပ်စေချင်ပါတယ်။ ပြီးတော့ ပြည်ထောင်စုသူ၊ ပြည်ထောင် စုသားအားလုံး ပိုမိုပြီးတော့ နီးစပ်လာအောင်၊ ညီညွှတ်လာအောင်၊ ပိုမိုပြီးတော့ စည်းလုံးလာအောင် လုပ်ပေးမယ့်ပုံစံမျိုးလည်းဖြစ်စေချင်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်အပြိုင်အဆိုင်လုပ်ပြီးတော့ စိတ်၀မ်းကွဲတာမျိုးမဟုတ်ဘဲနဲ့ တစ်ယောက် နဲ့တစ်ယောက် ပူးပေါင်းဆောင်ရွက်ပြီး ညီညွတ်လာတဲ့ပုံစံမျိုးဖြစ်အောင် လုပ်ပေးစေချင် ပါတယ်။
ကျွန်မတို့နိ်ုင်ငံဟာ ဖွံ့ဖြိုးတိုးတက်ဖို့လိုတယ််ဆိုတာ ထူးထူးထွေထွေ ပြောနေဖို့ မလိုပါဘူး။ ဖွံ့ဖြိုးတိုးတက်ပုံ၊ ဖွံ့ဖြိုးတက်နည်းက အကောင်းဆုံးနည်းဖြစ်ရဲ့ လားဆို တာ စဉ်းစားဖို့လိုပါတယ်။
ကျွန်မတို့နိ်ုင်ငံ ဖွံ့ဖြိုးတိုးတက်တာနဲ့အမျှ နိုင်ငံသားတွေ အားလုံးရဲ့ ဘ၀၊ အများ စုပေါ့၊ တစ်ရာ ရာခိုင်နှုန်းဆိုတာတော့ ဒီလောကကြီးထဲမှာ မဖြစ်နိုင်ပါဘူး။ အများစုကြီး ရဲ့ ဘ၀တိုးတက်ရေးအတွက် ဟုတ်ရဲ့လား၊ လူတစ်စုတည်းလားဆိုတာကို ကျွန်မတို့ အမြဲပဲသတိထားဖို့ လိုအပ်ပါတယ်။ ကျွန်မတို့နိုင်ငံသူ၊ နိ်ုင်ငံသားအများစုကြီးအတွက် အကျိုးဖြစ်စေမယ့် ခရီးသွားလုပ်ငန်းတွေကို အမြန်ဆုံးဖော်ထုတ်နိ်ုင်ပါစေ၊ နိ်ုင်ငံတော် အတွက် ပိုက်ဆံတွေအများရမယ့်လုပ်ငန်း တွေဖြစ်ပါစေလို့ ကျွန်မအနေနဲ့ဆန္ဒပြုပါ တယ်။
ကျေးဇူးတင်ပါတယ်။