ေနျပည္ေတာ္ ဇူလိုင္ ၂၆
ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ုံး၀န္ႀကီးဌာန၏ ၃ ႏွစ္ျပည့္ ႏွစ္ပတ္လည္ေန႔ အခမ္းအနားကုိ ယေန႔ညေန ၆ နာရီခြဲတြင္ ေနျပည္ေတာ္ရွိ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရး ဗဟိုဌာန (NRPC)၌ က်င္းပရာ ႏိုင္ငံေတာ္၏အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ တက္ေရာက္၍ ၀န္ထမ္းမိသားစု၀င္ ေက်ာင္းသား၊ေက်ာင္းသူမ်ားအားပညာသင္စရိတ္၊ ဗလာ စာအုပ္မ်ားႏွင့္ စာေရးကိရိယာမ်ား ေထာက္ပ့ံေပးအပ္ၿပီး ၾသ၀ါဒစကားေျပာၾကားသည္။
အခမ္းအနားသို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ုံး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ဦးေက်ာ္တင့္ေဆြႏွင့္ဇနီး၊ ျပည္ေထာင္စုအစိုးရအဖဲြ႕႐ုံး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ဦးမင္းသူ ႏွင့္ဇနီး၊ က်န္းမာေရးႏွင့္ အားကစား၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ေဒါက္တာျမင့္ေထြးႏွင့္ဇနီး၊ စီမံကိန္းႏွင့္ဘ႑ာေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ဦးစုိး၀င္း၊ အျပည္ျပည္ဆုိင္ရာ ပူးေပါင္းေဆာင္ရြက္ေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီးဦးေက်ာ္တင္၊ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္ ဦးထြန္းထြန္းဦး၊ ဒုတိယ၀န္ႀကီး ဦးခင္ေမာင္တင္ ၊ ဦးတင္ျမင့္ႏွင့္ ဦးေမာင္ေမာင္၀င္း၊ ရခုိင္ျပည္ နယ္အတြင္း လူသားခ်င္းစာနာမႈအကူ အညီအေထာက္အပံ့ေပးေရး၊ ျပန္လည္ေနရာခ်ထားေရး ဖြံ႕ၿဖိဳးေရးစီမံကိန္း(UEHRD)ႏွင့္ လြတ္လပ္ေသာစုံစမ္းစစ္ေဆးေရးေကာ္မရွင္ (ICOE)တုိ႔မွ အဖဲြ႕၀င္မ်ား၊ ညႊန္ၾကားေရးမွဴးခ်ဳပ္မ်ားႏွင့္တာ၀န္ရွိသူမ်ား၊ ၀န္ထမ္းမ်ားႏွင့္ ဖိတ္ၾကားထားသူမ်ား တက္ေရာက္ၾကသည္။
အခမ္းအနားတြင္ ႏိုင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ၾသ၀ါဒ စကားေျပာၾကားရာ၌ “ကၽြန္မတို႔ ႏွစ္ပတ္လည္အခမ္းအနားေတြကို ေလ့လာလိုက္ရင္ အခ်ိန္ရဲ႕ လွည့္ျဖားပံုကို သတိျပဳမိပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ျပန္ၾကည့္လိုက္ရင္ ႏုိင္ငံေတာ္ အတိုင္ပင္ခံရံုး၀န္ႀကီးဌာနရွိခဲ့တာ အၾကာႀကီးလို႔ ကၽြန္မတို႔ထင္ရပါတယ္။ တစ္ကယ္ ေတာ့ သံုးႏွစ္ပါပဲ။ သံုးႏွစ္ဆိုတာ ၾကာတဲ့အခ်ိန္မဟုတ္ပါဘူး။ ဒီသံုးႏွစ္က အၾကာႀကီးလို႔ ထင္ရတာက တစ္နည္းအားျဖင့္ေျပာရင္ ၀န္ႀကီးဌာနရဲ႕ ပီျပင္မႈေၾကာင့္လို႔ ကၽြန္မတို႔ သံုးသပ္လို႔ရပါတယ္။ ၀န္ႀကီးဌာနက ဘယ္လိုပဲေျပာေျပာ အျမစ္ေတာ္ေတာ္ တြယ္သြားၿပီ အေျခေတာ္ေတာ္ခိုင္သြားၿပီ။ သံုးႏွစ္အတြင္းမွာ ဒီေလာက္ အေျခခိုင္ ၿပီးေတာ့ လည္ပတ္မႈရွိတယ္ဆိုတာ ၀န္ႀကီးဌာနမွာရွိတဲ့ ၀န္ထမ္း မ်ားအားလံုးရဲ႕ စြမ္းေဆာင္မႈ ေၾကာင့္လို႔ပဲ ကၽြန္မတို႔ယူဆပါတယ္။
“ႏိုင္ငံေတာ္ အတိုင္ပင္ခံရံုး၀န္ႀကီးဌာနနဲ႔ အမ်ဳိးသားရင္ၾကားေစ့ေရးနဲ႔ ၿငိမ္းခ်မ္း ေရးအလုပ္ဟာ ဆက္ႏႊယ္ေနပါတယ္။ ဒါဟာႏိုင္ငံေတာ္အတိုင္ပင္ခံရံုး၀န္ႀကီး ဌာနရဲ႕ အေရးအႀကီးဆံုး အလုပ္လည္းျဖစ္ပါတယ္။ ကၽြန္မတို႔ႏိုင္ငံအတြက္ အေရးအပါဆံုး ကိစၥတစ္ခုလည္းျဖစ္ပါတယ္။ ကၽြန္မတို႔ အစိုးရတာ၀န္ယူတဲ့အခ်ိန္က စၿပီးေတာ့ ႏိုင္ငံအတြက္ အဓိက လိုအပ္ခ်က္တစ္ခုကေတာ့ အမ်ဳိးသားျပန္လည္ ရင္ၾကားေစ့ေရးနဲ႔ ၿငိမ္းခ်မ္းေရးပဲဆိုၿပီး အဲဒီလိုအသိနဲ႔ တာ၀န္ေတြကိုထမ္းေဆာင္တာပါ။ ဒါေၾကာင့္ အမ်ဳိးသားျပန္လည္ရင္ၾကားေစ့ေရးနဲ႔ ၿငိမ္းခ်မ္းေရးအတြက္ ႏိုင္ငံေတာ္ အတိုင္ပင္ခံရံုးက ဘယ္ေလာက္ ထိလုပ္ႏိုင္ၿပီလဲဆိုတာကို ျပန္ၿပီးေတာ့ သံုးသပ္ခ်င္ပါတယ္။
အစိုးရအေနနဲ႔ တာ၀န္ယူၿပီးတဲ့ ၂၀၁၆ ခုႏွစ္မွာ အားလံုးသိတဲ့အတိုင္း မထင္မွတ္ဘဲ ရခိုင္ကိစၥ ေပၚလာပါတယ္။ ကၽြန္မတို႔ NRPC ကိုစၿပီး ထူေထာင္ လိုက္တဲ့အခါမွာ ျပည္တြင္းၿငိမ္းခ်မ္းေရးကိစၥေတြကို အဓိကထားၿပီးေတာ့ ေဆာင္ရြက္ဖို႔ ရည္ရြယ္ခ်က္ရွိပါတယ္။ ရခိုင္ျပႆနာကေတာ့ ၂၀၁၂ ခုႏွစ္ကတည္းကစတယ္ဆိုေတာ့ ကၽြန္မတို႔ ဒီကိစၥကိုလည္းကိုင္တြယ္ရမယ္ဆိုတာ သေဘာေပါက္ပါတယ္။ သို႔ေသာ္ လည္း ၂၀၁၆ ခုႏွစ္မွာ ARSA နဲ႔ တိုက္ပြဲေတြျဖစ္ၿပီးတဲ့အခါ ဒီျပႆနာက ႀကီးက်ယ္ သြားပါတယ္။ စိန္ေခၚမႈေတြ ပိုၿပီးေတာ့ ႀကီးထြားသြားပါတယ္။ အဲဒီအခ်ိန္မွာ ႏိုင္ငံေတာ္ အတိုင္ပင္ခံရံုး၀န္ႀကီးဌာနက ၿငိမ္းခ်မ္းေရးနဲ႕ အမ်ဳိးသားရင္ၾကားေစ့ေရး ဆိုတာကို ႏွစ္ခုလံုး ကိုင္တြယ္ရတာ ျဖစ္ပါတယ္။ ႏွစ္ခုလံုးကို ကိုင္တြယ္ရတဲ့အျပင္ ၿငိမ္းခ်မ္းေရးနဲ႕ အမ်ဳိးသားရင္ၾကားေစ့ေရးဆိုတာ ကၽြန္မတို႔စၿပီးလုပ္တဲ့အခါမွာ အဓိကအားျဖင့္ ျပည္တြင္းေရးပဲျဖစ္ပါတယ္။ ကၽြန္မတို႔အခ်င္းခ်င္းအၾကားမွာ ရင္ၾကားေစ့ဖို႔ အတြက္၊ ၿငိမ္းခ်မ္းေရးရနိုင္ဖို႔အတြက္ ျဖစ္ပါတယ္။ ဒါေၾကာင့္ ႏိုင္ငံေတာ္အတိုင္ပင္ခံရံုး၀န္ႀကီး ဌာနက မထင္မွတ္ဘဲ အမ်ားႀကီး ပိုၿပီးေတာ့ ရုန္းကန္ရပါတယ္။ အမ်ားႀကီး ပိုၿပီး အားထုတ္ရပါတယ္။ မထင္မွတ္တဲ့ဘက္ေတြမွာ က်ယ္က်ယ္ျပန္႔ျပန္႔ လုပ္ေဆာင္ ရတဲ့အေျခအေနတစ္ခုကို ေရာက္လာပါတယ္။ ဒီလိုလုပ္တဲ့အခါမွာ ကၽြန္မတို႔ ရံုးရဲ႕ ၀န္ထမ္းေတြရဲ႕ ၀ိုင္း၀န္းပ့ံပိုးမႈအရည္အခ်င္းဟာ အင္မတန္မွ အေရးႀကီးပါတယ္။
“ဒီလုိအခမ္းအနားမွာ ၀န္ထမ္းေတြကုိ ေက်းဇူးတင္ပါတယ္။ ဘာျဖစ္လုိ႔လဲ ဆုိေတာ့ ဌာနတစ္ခု လည္ပတ္ဖို႔ုိဆုိတာဟာ ဦးေဆာင္သူမ်ား ထိေရာက္ဖုိ႔၊ အရည္ အခ်င္းျပည့္စုံဖုိ႔ အေရးႀကီးေပမယ့္ ဦးေဆာင္သူမ်ားရဲ႕ရည္မွန္းခ်က္ေတြ ရည္ရြယ္ခ်က္ ေတြအေမွ်ာ္အျမင္ႀကီးမႈေတြကုိ အေကာင္အထည္ေဖာ္ေပးရတာကေတာ့ ၀န္ထမ္းေတြ ပဲျဖစ္ပါတယ္။ ၀န္ထမ္းေတြရဲ႕ ပူးေပါင္းေဆာင္ရြက္မႈမရွိဘဲနဲ႕ ဌာနတစ္ခုဟာ ေခ်ာေခ်ာေမြ႕ေမြ႕နဲ႔ လည္ပတ္ႏုိ္င္မွာ မဟုတ္ပါဘူး။ ဒါေၾကာင့္ ၀န္ထမ္းေတြကုိ ေက်းဇူးတင္ပါတယ္။
“ေက်းဇူးတင္တယ္လုိ႔ ေျပာတဲ့တခ်ိန္တည္းမွာဘဲ ကၽြန္မတုိ႔ႏုိင္ငံရဲ႕လုိအပ္ခ်က္ တစ္ခုျဖစ္တဲ့ ပီျပင္တဲ့ ၀န္ထမ္းလုပ္ပုံ၊ လုပ္နည္း၊ လုပ္ထုံး အေဆာက္အအုံေတြ အေျခ ခုိင္ေအာင္လုပ္ဖုိ႔လည္း လုိတယ္ဆုိတာ ေျပာခ်င္ပါတယ္။ ၀န္ထမ္းေတြဟာ ကၽြန္မတုိ႔ ႏုိင္ငံကုိ ျပန္ၿပီးေတာ့ ေရာင္ျပန္ဟပ္တာပါပဲ။ ၀န္ထမ္းေတြကို ေမြးထုတ္လုိက္တာက ဒီႏုိင္ငံရဲ႕ ပညာေရးစနစ္ပဲျဖစ္တယ္။ ဒီႏုိင္ငံရဲ႕ လူမႈေရးစနစ္ျဖစ္တယ္။ ဒီႏုိင္ငံရဲ႕ႏုိင္ငံေရး စနစ္ လဲျဖစ္တယ္။ ကၽြန္မတုိ႔ ႏုိင္ငံ၀န္ထမ္းေတြဟာ ေနာက္ဆုံးေတာ့ ႏုိင္ငံသူ ႏုိင္ငံ သားေတြပါပဲ။ ႏုိင္ငံသူ ႏုိင္ငံသားေတြ အေနနဲ႕ ႏုိင္ငံရဲ႕ အေျခအေန၊ ႏုိင္ငံရဲ႕သမုိင္း၊ ႏုိင္ငံရဲ႕ အေတြ႕အႀကံဳေတြကို ေရာင္ျပန္ဟပ္ပါတယ္။ အဲဒီဟာေတြကလည္း ၀န္ထမ္း ေတြရဲ႕ လုပ္ရည္ကုိင္ရည္ေပၚမွာျပန္ၿပီးေတာ့ သက္ေရာက္မႈရွိပါတယ္။ ၀န္ထမ္းေတြရဲ႕ အရည္အခ်င္းျမင့္တင္ေရးကုိ အင္မတန္မွ အေလးထားပါတယ္။ ၀န္ထမ္းမ်ားဟာ မိမိတုိ႔တာ၀န္ေတြကို ေသေသခ်ာခ်ာျပည့္ျပည့္၀၀ထမ္းေဆာင္ႏုိင္ဖုိ႔ဆုိတာဟာ အေရး အႀကီးဆုံးကေတာ့ ေလ့က်င့္မႈပါပဲ။ ေလ့က်င့္မႈကဘာကုိ အေျခခံသလဲဆုိရင္ တတ္ထား တဲ့ပညာေတြ သင္ထားတဲ့ပညာေတြကို အေျခခံပါတယ္။
“၀န္ထမ္းေတြရဲ႕အရည္အခ်င္းျမႇင့္တင္ဖုိ႔ဆုိတာ အေျခခံ ကေတာ့ အေျခခံပညာ ေက်ာင္းေတြ၊ တကၠသုိလ္ေတြမွာ သင္ခဲ့တဲ့ပညာဟာ အင္မတန္မွ အေရးႀကီးပါတယ္။ အရင္တုံးက စနစ္ကုိျဖတ္ေက်ာ္ခဲ့တဲ့ အႀကီးပုိင္းက ၀န္ထမ္းေတြဆုိရင္ ျပန္ၿပီးေတာ့ သင္ယူဖုိ႔မလြယ္ေတာ့ပါဘူး။ လူငယ္ပုိင္းအတြက္ေတာ့ အမ်ားႀကီးျဖည့္ဆည္းေပး ႏုိင္တဲ့အရည္အခ်င္းေတြပုိၿပီး တတ္ေအာင္လုပ္ေပးႏုိင္တဲ့ အခြင့္အလမ္းေတြရွိပါတယ္။ လူႀကီးေတြအတြက္ကလည္း ပညာေရးစနစ္ေၾကာင့္၊ အရင္က သင္ပုံသင္နည္းေၾကာင့္ ျဖစ္ခဲ့တဲ့ အခက္အခဲေတြကို ေက်ာ္လႊားႏုိင္တာကေတာ့ အေလ့အက်င့္ပါ။ အေတြ႕ အႀကံဳအေလ့အက်င့္ကရတဲ့ သင္ခန္းစာအေနနဲ႕ ေက်ာ္လႊားလုိ႔ရပါတယ္။ အရင္တုံးက ဘယ္လုိပညာေရးစနစ္မ်ဳိးနဲ႕ပဲ ၾကည့္ခဲ့ၾကည့္ခဲ့၊ ကုိယ့္ရဲ႕အေတြ႕အႀကံဳ၊ သုံးသပ္မႈ အရ ဒီဟာေတြကုိေက်ာ္လႊားၿပီးေတာ့ ေခတ္နဲ႔ညီတဲ့အေတြးအေခၚေတြကုိ ျပဳစု ပ်ဳိးေထာင္ႏုိင္မယ္လုိ႔ယုံၾကည္ပါတယ္။
“ကြ်န္မတို႔ကေလးေတြအေျခအေနက အင္မတန္မွ အားရစရာေကာင္းပါတယ္။ အားရစရာေကာင္းတယ္လို႔ ေျပာျခင္းဟာ ပထမဦးဆံုး က ကြ်န္မတို႔ကေလးေတြကို ဂုဏ္ယူလို႔ျဖစ္ပါတယ္။ ေနာက္တစ္ခုက အားေပးခ်င္ လို႔ျဖစ္ပါတယ္။ သူတို႔က ေတာ္တယ္၊ တက္လမ္းေတြအမ်ားႀကီးရွိတယ္။ ဒီဟာေတြကုိ သူတို႔သိရင္ ပိုၿပီးေတာ့ ႀကိဳးစားခ်င္တဲ့စိတ္၊ ယံုၾကည္တဲ့စိတ္ေတြ ျဖစ္ေစ ခ်င္တယ္။ ေနာက္တစ္ခုက ကြ်န္မတို႔ ႏုိင္ငံတစ္ႏိုင္ငံလံုးဟာ၊ ကြ်န္မတို႔ႏုိင္ငံရဲ႕ အနာဂတ္ဟာ အင္မတန္ေမွ်ာ္လင့္ခ်က္ေတြနဲ႔ ျပည့္ေနတယ္ဆိုတာ ကိုလည္းသိေစခ်င္ လို႔ျဖစ္ပါတယ္။ ဒါေပမဲ့ ေမွ်ာ္လင့္ခ်က္ ဆိုတာဟာ အေကာင္အထည္ေဖာ္မွ အဓိပၸါယ္ရွိ တာပါ။ ထိုင္ၿပီးေမွ်ာ္လင့္ရုံနဲ႔ ေတာ့မၿပီးပါဘူး။ အလုပ္ ႀကိဳးစားမႈနဲ႔ ကြ်န္မတို႔ေမွ်ာ္လင့္ ခ်က္ေတြကို အေကာင္ အထည္ေဖာ္ဖို႔ႀကိဳးစားရမွာျဖစ္ပါတယ္။ ဒါေၾကာင့္ ကြ်န္မတို႔ ႏုိင္ငံရဲ႕ ေမွ်ာ္လင့္ခ်က္ ေတြကုိ အေကာင္အထည္ေဖာ္တဲ့ေနရာမွာ ကြ်န္မတို႔ အတုိင္ပင္ခံ ရံုး၀န္ႀကီးဌာနဟာ အင္မတန္မွ အဓိကက်တဲ့ ေနရာကပါေနတယ္ဆိုတာ ေျပာခ်င္ ပါတယ္။ ဘာေၾကာင့္လဲဆိုရင္ ကြ်န္မတို႔ႏုိင္ငံမွာ အလိုအပ္ဆံုး ကိ္စၥေတြ၊ ကြ်န္မတို႔ ႏုိင္ငံအတြက္ အေရးႀကီးဆံုး ကိစၥေတြကို ျဖစ္ေျမာက္ေအာင္၊ ေအာင္ျမင္ေအာင္ လုပ္ေပးေနတာဟာ ႏုိင္ငံေတာ္အတုိင္ပင္ခံရံုးပဲျဖစ္ပါတယ္။
“ဒီလိုေျပာျခင္းအားျဖင့္ တျခား၀န္ႀကီးဌာနေတြက အေရးမႀကီးဘူးလို႔ ေျပာတာ မဟုတ္ပါဘူး။ ႏုိင္ငံေတာ္အတုိင္ပင္ခံရံုးက တျခားဌာနေတြကိုလည္း အားကိုး ရပါတယ္။ ႏုိင္ငံျခားေရး၀န္ႀကီးဌာနကုိ အားကိုးရတယ္၊ စီမံ၊ ဘ႑ာကို အားကိုးရတယ္၊ က်န္းမာေရး၊ ပညာေရး၊ ေရွ႕ေနခ်ဳပ္ရံုးစသည့္ျဖင့္အားလံုးပါတယ္။ ေနာက္ဆံုးမွာ ႏုိင္ငံ တစ္ႏုိင္ငံေအာင္ျမင္ဖို႔ဆိုတာ ဒီႏုိင္ငံအေပၚမွာ ေစတနာရွိတဲ့ ပုဂၢိဳလ္ေတြအားလံုးက ပူးေပါင္းေဆာင္ရြက္ႏိုင္တဲ့ အရည္အခ်င္းရွိရပါလိမ့္မယ္။ တစ္ေယာက္ခ်င္း တစ္ေယာက္ ခ်င္းေတာ္ေနၿပီးေတာ့ တစ္ေယာက္နဲ႔ တစ္ေယာက္ ပူးေပါင္းေဆာင္ရြက္မႈမရွိဘူး၊ တစ္ေယာက္ကိုတစ္ေယာက္တန္ဖိုးထားျခင္း မရွိဘူးဆိုရင္ ဘယ္လိုပဲ တစ္ေယာက္ခ်င္း တစ္ေယာက္ခ်င္း ေတာ္ေတာ္ တစ္ကယ့္ ျပည့္စံုတဲ့ေအာင္ျမင္မႈ ရႏုိင္မွာမဟုတ္ပါဘူး။
“ဒါေၾကာင့္ အမ်ိဳးသားရင့္ၾကားေစ့ေရးဆိုတာ ေနာက္ဆံုးမွာ လူတုိင္းလူတုိင္းဟာ ကိုယ့္စိတ္ကုိယ္နဲ႔ ေမြးလာၾကတယ္။ ကုိယ့္စိတ္ကိုယ္နဲ႔ ႀကီးလာၾကတယ္။ ဒီမတူတဲ့အ ေတြးအေခၚေတြကို ေပါင္းစည္းၿပီး မတူတဲ့အေတြးအေခၚေတြကေန အင္မတန္မွ ေကာင္းတဲ့အင္အားျဖစ္ေအာင္လုပ္ျခင္းဟာ အမ်ိဳးသားရင့္ၾကားေစ့ျခင္းပါပဲ။ ဒါဟာ ကြ်န္ မတို႔ႏုိင္ငံအတြက္ အဓိကလိုအပ္ခ်က္ပါပဲ။ ၿငိမ္းခ်မ္းေရးဆိုတာလည္း ဒါပါပဲ။ ရခုိင္ျပည္ နယ္က ျပႆနာဆိုတာလည္း ဒါပါပဲ။ မတူညီတဲ့ သေဘာထားေတြ၊ မတူညီတဲ့ ဆႏၵေတြ၊ မတူညီတဲ့ လိုအပ္ခ်က္ေတြ ဒီဟာေတြကုိ ေပါင္းစပ္ၿပီးအမ်ားအတြက္ အေကာင္းဆံုးေတြ ဘယ္လိုရွာမလဲဆိုတာ ႀကိဳးစားၿပီးေတာ့ လုပ္ေနရတာျဖစ္ပါတယ္။
“ကၽြန္မခဏခဏေျပာပါတယ္။ ကိုယ္ဘာရႏိုင္မလဲဆိုတာထက္ ကိုယ္ဘာေပးႏိုင္ မလဲဆိုတာကို အားလံုးစဥ္းစားရင္ ဒီႏိုင္ငံႀကီးဟာ မတိုးတက္စရာအေၾကာင္းမရွိပါဘူး။ ၿငိမ္းခ်မ္းေရးျဖစ္စဥ္မွာလည္း ကၽြန္မဒီလိုပဲေျပာပါတယ္။ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲ စားပြဲ ၀ုိင္းကိုေရာက္ လာတဲ့သူေတြအားလံုးဟာ ကိုယ္ဘာေပးႏိုင္သလဲဆိုတာကို ပထမ စဥ္းစားပါ။ ကိုယ္ဘာရႏိုင္မလဲဆိ္ုတာကို မစဥ္းစားပါနဲ႔။ အဲဒီလိုမာနမ်ဳိးရွိသင့္တယ္။ တခ်ဳိ႕မာန ကတစ္မ်ဳိးပါ။ ငါတို႔ရႏိုင္သေလာက္ ရေအာင္လုပ္တယ္ဆိုတာကို ဂုဏ္ယူစရာလို႔ ထင္ၾကတယ္။ ငါတို႔ေပးႏိုင္သမွ်ေပးတယ္ဆိုတာက တစ္ကယ့္ဂုဏ္ယူ စရာ ျဖစ္မွန္းကို သေဘာမေပါက္ၾကဘူး။ ဒီလိုစိတ္ေတြျဖစ္ေအာင္လို႔ လုပ္ေပးရ တယ္ဆိုတာဟာ ႏိုင္ငံေတာ္အတိုင္ပင္ခံရံုး၀န္ႀကီးဌာနက ဦးေဆာင္တဲ့ ၿငိမ္းခ်မ္းေရးလမ္းစဥ္မွာ အင္မ တန္အဓိကက်တဲ့ တာ၀န္ျဖစ္ပါတယ္။ ဒါေၾကာင့္ ကၽြန္မတို႔၀န္ထမ္းမ်ား အခ်င္း ခ်င္းလည္း ဒီလိုစိတ္ေတြေမြးေစခ်င္ပါတယ္။
“ကၽြန္မတို႔ ၀န္ထမ္းေတြရဲ႕ အေျခအေနကို ပိုၿပီးေကာင္းေအာင္လို႔႔ အမ်ားႀကီးႀကိဳး စားပါတယ္။ ၀န္ထမ္းမ်ားကလည္း ကၽြန္မတို႔ႏိုင္ငံရဲ႕အေျခအေနပိုၿပီးေတာ့ ေကာင္း ေအာင္ႀကိဳးစားၾကပါ။ အျပန္အလွန္ကၽြန္မတို႔ ႀကိဳးစားမွသာ ျမန္ျမန္တိုးတက္ႏုိင္မယ္။ ဒီတိုးတက္မႈ ေၾကာင့္လည္း ကၽြန္မတို႔ အမ်ားႀကီးေက်နပ္မႈရႏိုင္ပါတယ္။ တခ်ဳိ႕က ေတာ့အင္မတန္ ဖြံ႕ၿဖိဳးတိုးတက္ခ်မ္းသာတဲ့ႏိုင္ငံေတြမွာ ၀န္ထမ္းလုပ္ရတာကို အားက်ရင္လည္း အားက်ပါလိမ့္မယ္။ သို႔ေသာ္လည္း တစ္ကယ္လုပ္ေပးႏိုင္တာ ကၽြန္မတို႔ႏုိင္ငံလိုအေျခအေနမ်ဳိး မွာလုပ္ေပးႏိုင္တာပါ။ ႏိုင္ငံတစ္ႏိုင္ငံရဲ႕ ကံၾကမၼာကို ေျပာင္းလဲေပးႏိုင္တဲ့ အေျခအေန ဆိုတာဟာ မ်ဳိးဆက္တိုင္းမ်ဳိးဆက္တိုင္းမွာ ရတဲ့အခြင့္ အေရးမဟုတ္ပါဘူး။ ကၽြန္မတို႔ အခုမ်ဳိးဆက္မွာ ကၽြန္မတို႔ေခတ္မွာသာ ဒီႏိုင္ငံရဲ႕ ကံၾကမၼာကို ေျပာင္းေပးႏိုင္တဲ့ အခြင့္အေရးကိုရတာပါ။ အဲဒီအခြင့္အေရးကို ေကာင္း ေကာင္းမြန္မြန္သံုးၾကပါ။ ႏိုင္ငံ့ရဲ႕ ကံၾကမၼာကို ေကာင္းတဲ့ဘက္ကိုျဖစ္ေအာင္ေျပာင္း ေပးျခင္းျဖင့္ ကိုယ့္ရဲ႕စိတ္ေတြလည္း ပိုၿပီးေက်နပ္မႈရွိၿပီးေတာ့ ကိုယ့္ရဲ႕ကံၾကမၼာလည္း ပိုၿပီးေတာ့ ေကာင္းတဲ့ဘက္ကို ေရာက္သြားႏိုင္မွာျဖစ္ပါတယ္ လို႔ေျပာရင္း နိဂံုးခ်ဳပ္ပါ တယ္။ အားလံုးကို ေက်းဇူးတင္ပါတယ္” ဟုေျပာၾကားသည္။
ထုိ႔ေနာက္ ႏိုင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္က ၂၀၁၉-၂၀၂၀ပညာသင္ႏွစ္တြင္ တကၠသုိလ္ အဆင့္၊ အေျခခံပညာ အထက္တန္း၊ အလယ္တန္းႏွင့္ မူလတန္းအဆင့္တုိ႔တြင္ ပညာသင္ၾကား ေနၾကသည့္ ၀န္ထမ္းမိသားစု၀င္ ေက်ာင္းသား၊ေက်ာင္းသူမ်ားအား ပညာသင္စရိတ္၊ ဗလာစာ အုပ္မ်ားႏွင့္ စာေရးကိရိယာမ်ားအား တာ၀န္ရွိသူမ်ားထံေထာက္ပ့ံေပးအပ္သည္။
ယင္းေနာက္ ႏိုင္ငံေတာ္၏အတုိင္ပင္ခံပုဂၢိဳလ္သည္ ျပည္ေထာင္စု၀န္ႀကီးမ်ားႏွင့္၄င္းတုိ႔ ၏ဇနီးမ်ား၊ ဒုတိယ၀န္ႀကီးမ်ား၊ UEHRD ႏွင့္ ICOE အဖဲြ႕၀င္မ်ားႏွင့္လည္းေကာင္း၊ ျပည္ေထာင္စု ၀န္ႀကီး ဦးေက်ာ္တင့္ေဆြႏွင့္ဇနီး၊ ဒုတိယ၀န္ႀကီး ဦးခင္ေမာင္တင္၊ ညႊန္ၾကားေရးမွဴးခ်ဳပ္မ်ား ႏိုင္ငံေတာ္အတုိင္ပင္ခံရုံး ၀န္ႀကီးဌာန ၀န္ႀကီးရုံးမွ ၀န္ထမ္းမ်ားႏွင့္လည္းေကာင္း၊ မူ၀ါဒေရးရာ ဦးစီးဌာနမွ၀န္ထမ္းမ်ားႏွင့္လည္းေကာင္း၊ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးေဖာ္ေဆာင္ေရးဦးစီးဌာနမွ ၀န္ထမ္းမ်ားႏွင့္လည္းေကာင္း မွတ္တမ္းတင္ ဓာတ္ပုံရုိက္သည္။
ထို႔ေနာက္ ႏိုင္ငံေတာ္၏အတုိင္ပင္ခံပုဂၢိဳလ္သည္ ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ုံး၀န္ႀကီးဌာန၏ ၃ ႏွစ္ျပည့္ႏွစ္ပတ္လည္ေန႔ အထိမ္းအမွတ္ အခမ္းအနားသို႔ တက္ေရာက္လာသူမ်ားႏွင့္အတူ ညစာ သုံးေဆာင္သည္။
(Zawgyi Version)
————————————————————————————————————————-
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၏ ၃ နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ တက်ရောက်၍ ဝန်ထမ်းမိသားစုဝင် ကျောင်းသား၊ကျောင်းသူများအား ပညာသင်စရိတ်၊ ဗလာစာအုပ်များနှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ပြီး ဩဝါဒစကားပြောကြား
နေပြည်တော် ဇူလိုင် ၂၆
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၏ ၃ နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့ညနေ ၆ နာရီခွဲတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC)၌ ကျင်းပရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်၍ ဝန်ထမ်းမိသားစုဝင် ကျောင်းသား၊ကျောင်းသူများအားပညာသင်စရိတ်၊ ဗလာ စာအုပ်များနှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ပြီး ဩဝါဒစကားပြောကြားသည်။
အခမ်းအနားသို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့်ဇနီး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ နှင့်ဇနီး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့်ဇနီး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကျော်တင်၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ဒုတိယဝန်ကြီး ဦးခင်မောင်တင် ၊ ဦးတင်မြင့်နှင့် ဦးမောင်မောင်ဝင်း၊ ရခိုင်ပြည် နယ်အတွင်း လူသားချင်းစာနာမှုအကူ အညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး ဖွံ့ဖြိုးရေးစီမံကိန်း(UEHRD)နှင့် လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE)တို့မှ အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဩဝါဒ စကားပြောကြားရာ၌ “ကျွန်မတို့ နှစ်ပတ်လည်အခမ်းအနားတွေကို လေ့လာလိုက်ရင် အချိန်ရဲ့ လှည့်ဖြားပုံကို သတိပြုမိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြန်ကြည့်လိုက်ရင် နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာနရှိခဲ့တာ အကြာကြီးလို့ ကျွန်မတို့ထင်ရပါတယ်။ တစ်ကယ် တော့ သုံးနှစ်ပါပဲ။ သုံးနှစ်ဆိုတာ ကြာတဲ့အချိန်မဟုတ်ပါဘူး။ ဒီသုံးနှစ်က အကြာကြီးလို့ ထင်ရတာက တစ်နည်းအားဖြင့်ပြောရင် ဝန်ကြီးဌာနရဲ့ ပီပြင်မှုကြောင့်လို့ ကျွန်မတို့ သုံးသပ်လို့ရပါတယ်။ ဝန်ကြီးဌာနက ဘယ်လိုပဲပြောပြော အမြစ်တော်တော် တွယ်သွားပြီ အခြေတော်တော်ခိုင်သွားပြီ။ သုံးနှစ်အတွင်းမှာ ဒီလောက် အခြေခိုင် ပြီးတော့ လည်ပတ်မှုရှိတယ်ဆိုတာ ဝန်ကြီးဌာနမှာရှိတဲ့ ဝန်ထမ်း များအားလုံးရဲ့ စွမ်းဆောင်မှု ကြောင့်လို့ပဲ ကျွန်မတို့ယူဆပါတယ်။
“နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာနနဲ့ အမျိုးသားရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်း ရေးအလုပ်ဟာ ဆက်နွှယ်နေပါတယ်။ ဒါဟာနိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဌာနရဲ့ အရေးအကြီးဆုံး အလုပ်လည်းဖြစ်ပါတယ်။ ကျွန်မတို့နိုင်ငံအတွက် အရေးအပါဆုံး ကိစ္စတစ်ခုလည်းဖြစ်ပါတယ်။ ကျွန်မတို့ အစိုးရတာဝန်ယူတဲ့အချိန်က စပြီးတော့ နိုင်ငံအတွက် အဓိက လိုအပ်ချက်တစ်ခုကတော့ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးပဲဆိုပြီး အဲဒီလိုအသိနဲ့ တာဝန်တွေကိုထမ်းဆောင်တာပါ။ ဒါကြောင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးအတွက် နိုင်ငံတော် အတိုင်ပင်ခံရုံးက ဘယ်လောက် ထိလုပ်နိုင်ပြီလဲဆိုတာကို ပြန်ပြီးတော့ သုံးသပ်ချင်ပါတယ်။
အစိုးရအနေနဲ့ တာဝန်ယူပြီးတဲ့ ၂၀၁၆ ခုနှစ်မှာ အားလုံးသိတဲ့အတိုင်း မထင်မှတ်ဘဲ ရခိုင်ကိစ္စ ပေါ်လာပါတယ်။ ကျွန်မတို့ NRPC ကိုစပြီး ထူထောင် လိုက်တဲ့အခါမှာ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စတွေကို အဓိကထားပြီးတော့ ဆောင်ရွက်ဖို့ ရည်ရွယ်ချက်ရှိပါတယ်။ ရခိုင်ပြဿနာကတော့ ၂၀၁၂ ခုနှစ်ကတည်းကစတယ်ဆိုတော့ ကျွန်မတို့ ဒီကိစ္စကိုလည်းကိုင်တွယ်ရမယ်ဆိုတာ သဘောပေါက်ပါတယ်။ သို့သော် လည်း ၂၀၁၆ ခုနှစ်မှာ ARSA နဲ့ တိုက်ပွဲတွေဖြစ်ပြီးတဲ့အခါ ဒီပြဿနာက ကြီးကျယ် သွားပါတယ်။ စိန်ခေါ်မှုတွေ ပိုပြီးတော့ ကြီးထွားသွားပါတယ်။ အဲဒီအချိန်မှာ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာနက ငြိမ်းချမ်းရေးနဲ့ အမျိုးသားရင်ကြားစေ့ရေး ဆိုတာကို နှစ်ခုလုံး ကိုင်တွယ်ရတာ ဖြစ်ပါတယ်။ နှစ်ခုလုံးကို ကိုင်တွယ်ရတဲ့အပြင် ငြိမ်းချမ်းရေးနဲ့ အမျိုးသားရင်ကြားစေ့ရေးဆိုတာ ကျွန်မတို့စပြီးလုပ်တဲ့အခါမှာ အဓိကအားဖြင့် ပြည်တွင်းရေးပဲဖြစ်ပါတယ်။ ကျွန်မတို့အချင်းချင်းအကြားမှာ ရင်ကြားစေ့ဖို့ အတွက်၊ ငြိမ်းချမ်းရေးရနိုင်ဖို့အတွက် ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဌာနက မထင်မှတ်ဘဲ အများကြီး ပိုပြီးတော့ ရုန်းကန်ရပါတယ်။ အများကြီး ပိုပြီး အားထုတ်ရပါတယ်။ မထင်မှတ်တဲ့ဘက်တွေမှာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင် ရတဲ့အခြေအနေတစ်ခုကို ရောက်လာပါတယ်။ ဒီလိုလုပ်တဲ့အခါမှာ ကျွန်မတို့ ရုံးရဲ့ ဝန်ထမ်းတွေရဲ့ ဝိုင်းဝန်းပံ့ပိုးမှုအရည်အချင်းဟာ အင်မတန်မှ အရေးကြီးပါတယ်။
“ဒီလိုအခမ်းအနားမှာ ဝန်ထမ်းတွေကို ကျေးဇူးတင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဌာနတစ်ခု လည်ပတ်ဖို့ိဆိုတာဟာ ဦးဆောင်သူများ ထိရောက်ဖို့၊ အရည် အချင်းပြည့်စုံဖို့ အရေးကြီးပေမယ့် ဦးဆောင်သူများရဲ့ရည်မှန်းချက်တွေ ရည်ရွယ်ချက် တွေအမျှော်အမြင်ကြီးမှုတွေကို အကောင်အထည်ဖော်ပေးရတာကတော့ ဝန်ထမ်းတွေ ပဲဖြစ်ပါတယ်။ ဝန်ထမ်းတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုမရှိဘဲနဲ့ ဌာနတစ်ခုဟာ ချောချောမွေ့မွေ့နဲ့ လည်ပတ်န်ိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဝန်ထမ်းတွေကို ကျေးဇူးတင်ပါတယ်။
“ကျေးဇူးတင်တယ်လို့ ပြောတဲ့တချိန်တည်းမှာဘဲ ကျွန်မတို့နိုင်ငံရဲ့လိုအပ်ချက် တစ်ခုဖြစ်တဲ့ ပီပြင်တဲ့ ဝန်ထမ်းလုပ်ပုံ၊ လုပ်နည်း၊ လုပ်ထုံး အဆောက်အအုံတွေ အခြေ ခိုင်အောင်လုပ်ဖို့လည်း လိုတယ်ဆိုတာ ပြောချင်ပါတယ်။ ဝန်ထမ်းတွေဟာ ကျွန်မတို့ နိုင်ငံကို ပြန်ပြီးတော့ ရောင်ပြန်ဟပ်တာပါပဲ။ ဝန်ထမ်းတွေကို မွေးထုတ်လိုက်တာက ဒီနိုင်ငံရဲ့ ပညာရေးစနစ်ပဲဖြစ်တယ်။ ဒီနိုင်ငံရဲ့ လူမှုရေးစနစ်ဖြစ်တယ်။ ဒီနိုင်ငံရဲ့နိုင်ငံရေး စနစ် လဲဖြစ်တယ်။ ကျွန်မတို့ နိုင်ငံဝန်ထမ်းတွေဟာ နောက်ဆုံးတော့ နိုင်ငံသူ နိုင်ငံ သားတွေပါပဲ။ နိုင်ငံသူ နိုင်ငံသားတွေ အနေနဲ့ နိုင်ငံရဲ့ အခြေအနေ၊ နိုင်ငံရဲ့သမိုင်း၊ နိုင်ငံရဲ့ အတွေ့အကြုံတွေကို ရောင်ပြန်ဟပ်ပါတယ်။ အဲဒီဟာတွေကလည်း ဝန်ထမ်း တွေရဲ့ လုပ်ရည်ကိုင်ရည်ပေါ်မှာပြန်ပြီးတော့ သက်ရောက်မှုရှိပါတယ်။ ဝန်ထမ်းတွေရဲ့ အရည်အချင်းမြင့်တင်ရေးကို အင်မတန်မှ အလေးထားပါတယ်။ ဝန်ထမ်းများဟာ မိမိတို့တာဝန်တွေကို သေသေချာချာပြည့်ပြည့်၀ဝထမ်းဆောင်နိုင်ဖို့ဆိုတာဟာ အရေး အကြီးဆုံးကတော့ လေ့ကျင့်မှုပါပဲ။ လေ့ကျင့်မှုကဘာကို အခြေခံသလဲဆိုရင် တတ်ထား တဲ့ပညာတွေ သင်ထားတဲ့ပညာတွေကို အခြေခံပါတယ်။
“ဝန်ထမ်းတွေရဲ့အရည်အချင်းမြှင့်တင်ဖို့ဆိုတာ အခြေခံ ကတော့ အခြေခံပညာ ကျောင်းတွေ၊ တက္ကသိုလ်တွေမှာ သင်ခဲ့တဲ့ပညာဟာ အင်မတန်မှ အရေးကြီးပါတယ်။ အရင်တုံးက စနစ်ကိုဖြတ်ကျော်ခဲ့တဲ့ အကြီးပိုင်းက ဝန်ထမ်းတွေဆိုရင် ပြန်ပြီးတော့ သင်ယူဖို့မလွယ်တော့ပါဘူး။ လူငယ်ပိုင်းအတွက်တော့ အများကြီးဖြည့်ဆည်းပေး နိုင်တဲ့အရည်အချင်းတွေပိုပြီး တတ်အောင်လုပ်ပေးနိုင်တဲ့ အခွင့်အလမ်းတွေရှိပါတယ်။ လူကြီးတွေအတွက်ကလည်း ပညာရေးစနစ်ကြောင့်၊ အရင်က သင်ပုံသင်နည်းကြောင့် ဖြစ်ခဲ့တဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်တာကတော့ အလေ့အကျင့်ပါ။ အတွေ့ အကြုံအလေ့အကျင့်ကရတဲ့ သင်ခန်းစာအနေနဲ့ ကျော်လွှားလို့ရပါတယ်။ အရင်တုံးက ဘယ်လိုပညာရေးစနစ်မျိုးနဲ့ပဲ ကြည့်ခဲ့ကြည့်ခဲ့၊ ကိုယ့်ရဲ့အတွေ့အကြုံ၊ သုံးသပ်မှု အရ ဒီဟာတွေကိုကျော်လွှားပြီးတော့ ခေတ်နဲ့ညီတဲ့အတွေးအခေါ်တွေကို ပြုစု ပျိုးထောင်နိုင်မယ်လို့ယုံကြည်ပါတယ်။
“ကျွန်မတို့ကလေးတွေအခြေအနေက အင်မတန်မှ အားရစရာကောင်းပါတယ်။ အားရစရာကောင်းတယ်လို့ ပြောခြင်းဟာ ပထမဦးဆုံး က ကျွန်မတို့ကလေးတွေကို ဂုဏ်ယူလို့ဖြစ်ပါတယ်။ နောက်တစ်ခုက အားပေးချင် လို့ဖြစ်ပါတယ်။ သူတို့က တော်တယ်၊ တက်လမ်းတွေအများကြီးရှိတယ်။ ဒီဟာတွေကို သူတို့သိရင် ပိုပြီးတော့ ကြိုးစားချင်တဲ့စိတ်၊ ယုံကြည်တဲ့စိတ်တွေ ဖြစ်စေ ချင်တယ်။ နောက်တစ်ခုက ကျွန်မတို့ နိုင်ငံတစ်နိုင်ငံလုံးဟာ၊ ကျွန်မတို့နိုင်ငံရဲ့ အနာဂတ်ဟာ အင်မတန်မျှော်လင့်ချက်တွေနဲ့ ပြည့်နေတယ်ဆိုတာ ကိုလည်းသိစေချင် လို့ဖြစ်ပါတယ်။ ဒါပေမဲ့ မျှော်လင့်ချက် ဆိုတာဟာ အကောင်အထည်ဖော်မှ အဓိပ္ပါယ်ရှိ တာပါ။ ထိုင်ပြီးမျှော်လင့်ရုံနဲ့ တော့မပြီးပါဘူး။ အလုပ် ကြိုးစားမှုနဲ့ ကျွန်မတို့မျှော်လင့် ချက်တွေကို အကောင် အထည်ဖော်ဖို့ကြိုးစားရမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့ နိုင်ငံရဲ့ မျှော်လင့်ချက် တွေကို အကောင်အထည်ဖော်တဲ့နေရာမှာ ကျွန်မတို့ အတိုင်ပင်ခံ ရုံးဝန်ကြီးဌာနဟာ အင်မတန်မှ အဓိကကျတဲ့ နေရာကပါနေတယ်ဆိုတာ ပြောချင် ပါတယ်။ ဘာကြောင့်လဲဆိုရင် ကျွန်မတို့နိုင်ငံမှာ အလိုအပ်ဆုံး ကိ်စ္စတွေ၊ ကျွန်မတို့ နိုင်ငံအတွက် အရေးကြီးဆုံး ကိစ္စတွေကို ဖြစ်မြောက်အောင်၊ အောင်မြင်အောင် လုပ်ပေးနေတာဟာ နိုင်ငံတော်အတိုင်ပင်ခံရုံးပဲဖြစ်ပါတယ်။
“ဒီလိုပြောခြင်းအားဖြင့် တခြားဝန်ကြီးဌာနတွေက အရေးမကြီးဘူးလို့ ပြောတာ မဟုတ်ပါဘူး။ နိုင်ငံတော်အတိုင်ပင်ခံရုံးက တခြားဌာနတွေကိုလည်း အားကိုး ရပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနကို အားကိုးရတယ်၊ စီမံ၊ ဘဏ္ဍာကို အားကိုးရတယ်၊ ကျန်းမာရေး၊ ပညာရေး၊ ရှေ့နေချုပ်ရုံးစသည့်ဖြင့်အားလုံးပါတယ်။ နောက်ဆုံးမှာ နိုင်ငံ တစ်နိုင်ငံအောင်မြင်ဖို့ဆိုတာ ဒီနိုင်ငံအပေါ်မှာ စေတနာရှိတဲ့ ပုဂ္ဂိုလ်တွေအားလုံးက ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အရည်အချင်းရှိရပါလိမ့်မယ်။ တစ်ယောက်ချင်း တစ်ယောက် ချင်းတော်နေပြီးတော့ တစ်ယောက်နဲ့ တစ်ယောက် ပူးပေါင်းဆောင်ရွက်မှုမရှိဘူး၊ တစ်ယောက်ကိုတစ်ယောက်တန်ဖိုးထားခြင်း မရှိဘူးဆိုရင် ဘယ်လိုပဲ တစ်ယောက်ချင်း တစ်ယောက်ချင်း တော်တော် တစ်ကယ့် ပြည့်စုံတဲ့အောင်မြင်မှု ရနိုင်မှာမဟုတ်ပါဘူး။
“ဒါကြောင့် အမျိုးသားရင့်ကြားစေ့ရေးဆိုတာ နောက်ဆုံးမှာ လူတိုင်းလူတိုင်းဟာ ကိုယ့်စိတ်ကိုယ်နဲ့ မွေးလာကြတယ်။ ကိုယ့်စိတ်ကိုယ်နဲ့ ကြီးလာကြတယ်။ ဒီမတူတဲ့အ တွေးအခေါ်တွေကို ပေါင်းစည်းပြီး မတူတဲ့အတွေးအခေါ်တွေကနေ အင်မတန်မှ ကောင်းတဲ့အင်အားဖြစ်အောင်လုပ်ခြင်းဟာ အမျိုးသားရင့်ကြားစေ့ခြင်းပါပဲ။ ဒါဟာ ကျွန် မတို့နိုင်ငံအတွက် အဓိကလိုအပ်ချက်ပါပဲ။ ငြိမ်းချမ်းရေးဆိုတာလည်း ဒါပါပဲ။ ရခိုင်ပြည် နယ်က ပြဿနာဆိုတာလည်း ဒါပါပဲ။ မတူညီတဲ့ သဘောထားတွေ၊ မတူညီတဲ့ ဆန္ဒတွေ၊ မတူညီတဲ့ လိုအပ်ချက်တွေ ဒီဟာတွေကို ပေါင်းစပ်ပြီးအများအတွက် အကောင်းဆုံးတွေ ဘယ်လိုရှာမလဲဆိုတာ ကြိုးစားပြီးတော့ လုပ်နေရတာဖြစ်ပါတယ်။
“ကျွန်မခဏခဏပြောပါတယ်။ ကိုယ်ဘာရနိုင်မလဲဆိုတာထက် ကိုယ်ဘာပေးနိုင် မလဲဆိုတာကို အားလုံးစဉ်းစားရင် ဒီနိုင်ငံကြီးဟာ မတိုးတက်စရာအကြောင်းမရှိပါဘူး။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာလည်း ကျွန်မဒီလိုပဲပြောပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲ စားပွဲ ဝိုင်းကိုရောက် လာတဲ့သူတွေအားလုံးဟာ ကိုယ်ဘာပေးနိုင်သလဲဆိုတာကို ပထမ စဉ်းစားပါ။ ကိုယ်ဘာရနိုင်မလဲဆ်ိုတာကို မစဉ်းစားပါနဲ့။ အဲဒီလိုမာနမျိုးရှိသင့်တယ်။ တချို့မာန ကတစ်မျိုးပါ။ ငါတို့ရနိုင်သလောက် ရအောင်လုပ်တယ်ဆိုတာကို ဂုဏ်ယူစရာလို့ ထင်ကြတယ်။ ငါတို့ပေးနိုင်သမျှပေးတယ်ဆိုတာက တစ်ကယ့်ဂုဏ်ယူ စရာ ဖြစ်မှန်းကို သဘောမပေါက်ကြဘူး။ ဒီလိုစိတ်တွေဖြစ်အောင်လို့ လုပ်ပေးရ တယ်ဆိုတာဟာ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနက ဦးဆောင်တဲ့ ငြိမ်းချမ်းရေးလမ်းစဉ်မှာ အင်မ တန်အဓိကကျတဲ့ တာဝန်ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့ဝန်ထမ်းများ အချင်း ချင်းလည်း ဒီလိုစိတ်တွေမွေးစေချင်ပါတယ်။
“ကျွန်မတို့ ဝန်ထမ်းတွေရဲ့ အခြေအနေကို ပိုပြီးကောင်းအောင်လို့ အများကြီးကြိုး စားပါတယ်။ ဝန်ထမ်းများကလည်း ကျွန်မတို့နိုင်ငံရဲ့အခြေအနေပိုပြီးတော့ ကောင်း အောင်ကြိုးစားကြပါ။ အပြန်အလှန်ကျွန်မတို့ ကြိုးစားမှသာ မြန်မြန်တိုးတက်နိုင်မယ်။ ဒီတိုးတက်မှု ကြောင့်လည်း ကျွန်မတို့ အများကြီးကျေနပ်မှုရနိုင်ပါတယ်။ တချို့က တော့အင်မတန် ဖွံ့ဖြိုးတိုးတက်ချမ်းသာတဲ့နိုင်ငံတွေမှာ ဝန်ထမ်းလုပ်ရတာကို အားကျရင်လည်း အားကျပါလိမ့်မယ်။ သို့သော်လည်း တစ်ကယ်လုပ်ပေးနိုင်တာ ကျွန်မတို့နိုင်ငံလိုအခြေအနေမျိုး မှာလုပ်ပေးနိုင်တာပါ။ နိုင်ငံတစ်နိုင်ငံရဲ့ ကံကြမ္မာကို ပြောင်းလဲပေးနိုင်တဲ့ အခြေအနေ ဆိုတာဟာ မျိုးဆက်တိုင်းမျိုးဆက်တိုင်းမှာ ရတဲ့အခွင့် အရေးမဟုတ်ပါဘူး။ ကျွန်မတို့ အခုမျိုးဆက်မှာ ကျွန်မတို့ခေတ်မှာသာ ဒီနိုင်ငံရဲ့ ကံကြမ္မာကို ပြောင်းပေးနိုင်တဲ့ အခွင့်အရေးကိုရတာပါ။ အဲဒီအခွင့်အရေးကို ကောင်း ကောင်းမွန်မွန်သုံးကြပါ။ နိုင်ငံ့ရဲ့ ကံကြမ္မာကို ကောင်းတဲ့ဘက်ကိုဖြစ်အောင်ပြောင်း ပေးခြင်းဖြင့် ကိုယ့်ရဲ့စိတ်တွေလည်း ပိုပြီးကျေနပ်မှုရှိပြီးတော့ ကိုယ့်ရဲ့ကံကြမ္မာလည်း ပိုပြီးတော့ ကောင်းတဲ့ဘက်ကို ရောက်သွားနိုင်မှာဖြစ်ပါတယ် လို့ပြောရင်း နိဂုံးချုပ်ပါ တယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်” ဟုပြောကြားသည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ၂၀၁၉-၂၀၂ဝပညာသင်နှစ်တွင် တက္ကသိုလ် အဆင့်၊ အခြေခံပညာ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့်တို့တွင် ပညာသင်ကြား နေကြသည့် ဝန်ထမ်းမိသားစုဝင် ကျောင်းသား၊ကျောင်းသူများအား ပညာသင်စရိတ်၊ ဗလာစာ အုပ်များနှင့် စာရေးကိရိယာများအား တာဝန်ရှိသူများထံထောက်ပံ့ပေးအပ်သည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ပြည်ထောင်စုဝန်ကြီးများနှင့်၎င်းတို့ ၏ဇနီးများ၊ ဒုတိယဝန်ကြီးများ၊ UEHRD နှင့် ICOE အဖွဲ့ဝင်များနှင့်လည်းကောင်း၊ ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေနှင့်ဇနီး၊ ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ ညွှန်ကြားရေးမှူးချုပ်များ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ဝန်ကြီးရုံးမှ ဝန်ထမ်းများနှင့်လည်းကောင်း၊ မူဝါဒရေးရာ ဦးစီးဌာနမှဝန်ထမ်းများနှင့်လည်းကောင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်လည်းကောင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၏ ၃ နှစ်ပြည့်နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်လာသူများနှင့်အတူ ညစာ သုံးဆောင်သည်။
(Unicode Version)