ေနျပည္ေတာ္ ဒီဇင္ဘာ ၁၁
ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ အိႏၵိယသမၼတႏိုင္ငံ သမၼတ ရွရီ ရမ္နက္သ္ ကိုဗင့္ဒ္ ဦးေဆာင္ေသာ ကိုယ္စားလွယ္အဖြဲ႕တို႔သည္ ယေန႔ နံနက္ ၁၁ နာရီ ၁၅ မိနစ္တြင္ ေနျပည္ေတာ္ရွိ ႏိုင္ငံေတာ္သမၼတအိမ္ေတာ္ သံတမန္ ေဆာင္ဧည့္ခန္းမ၌ ေတြ႕ဆုံေဆြးေႏြးၾကသည္။
ေတြ႕ဆုံစဥ္ ခ်စ္ၾကည္ရင္းႏွီးမႈသမိုင္းေၾကာင္းရွည္လ်ားသည့္ ျမန္မာ-အိႏၵိယ ႏွစ္ႏိုင္ငံ အၾကား ဆက္ဆံေရးႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈတိုးျမႇင့္ေရး၊ ျမန္မာႏိုင္ငံ၏ ဒီမိုကေရစီ အသြင္ကူးေျပာင္းေရးႏွင့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္တို႔အား အိႏၵိယသမၼတႏိုင္ငံမွ ေထာက္ခံၿပီး ဆက္လက္ အကူအညီ ေပးအပ္သြားေရး၊ ႏွစ္ႏိုင္ငံနယ္စပ္ေဒသေန ျပည္သူမ်ား တည္ၿငိမ္ေအးခ်မ္းမႈႏွင့္ ဖြံ႕ၿဖိဳးတိုးတက္မႈရရွိေရးအတြက္ နယ္စပ္ေဒသ ဖြံ႕ၿဖိဳးတိုးတက္ေရး၊ ကုန္သြယ္မႈ အျပန္အလွန္ ျမႇင့္တင္ေရးႏွင့္ အေျခခံအေဆာက္ အအုံမ်ား ပိုမိုေကာင္းမြန္ေရးတို႔အတြက္ ဆက္လက္ပူးေပါင္း ေဆာင္႐ြက္သြားေရး၊ ႏွစ္ႏိုင္ငံအၾကား ပညာေရး၊ က်န္းမာေရး၊ စိုက္ပ်ိဳးေရးႏွင့္ စီးပြားေရး ဆိုင္ရာ ကိစၥမ်ားတြင္ ပူးေပါင္းေဆာင္႐ြက္မႈျမႇင့္တင္ေရး၊ အိႏၵိယသမၼတႏိုင္ငံ သံ႐ုံး ေနျပည္ေတာ္သို႔ ေျပာင္းေ႐ႊ႕ဖြင့္လွစ္ႏိုင္ေရးအတြက္ ေနျပည္ေတာ္တြင္ ယာယီဆက္ဆံေရး႐ုံး ဖြင့္လွစ္ေရး၊ ရခိုင္ျပည္နယ္မွ ေနရပ္စြန္႔ခြာသြားသူမ်ား ျပန္လည္လက္ခံေရး လုပ္ငန္းစဥ္ႏွင့္ တရားဥပေဒစိုးမိုးေရးဆိုင္ရာကိစၥရပ္မ်ားအတြက္ ျမန္မာႏိုင္ငံ၏ ႀကိဳးပမ္း ေဆာင္႐ြက္မႈမ်ားတြင္ အိႏၵိယသမၼတႏိုင္ငံမွ ဆက္လက္ပူးေပါင္းေဆာင္႐ြက္ေရး ကိစၥရပ္တို႔ႏွင့္စပ္လ်ဥ္း၍ ခင္မင္ရင္းႏွီးစြာ အျမင္ခ်င္း ဖလွယ္ေဆြးေႏြးၾကသည္။
ထို႔ျပင္ ႏွစ္ႏိုင္ငံျပည္သူမ်ားအၾကားပိုမိုထိေတြ႕ဆက္ဆံေရးႏွင့္ ကမၻာလွည့္ခရီးသြား လုပ္ငန္း တိုးျမင့္လာေစေရးအတြက္ ျမန္မာႏိုင္ငံသို႔ ေလေၾကာင္းခရီးျဖင့္ လာေရာက္ လည္ပတ္သည့္ အိႏၵိယႏိုင္ငံသား ကမၻာလွည့္ခရီးသည္မ်ားအား ဆိုက္ေရာက္ ဗီဇာ (ကမၻာလွည့္)အား ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ ၁ ရက္ေန႔မွ စတင္၍ ခြင့္ျပဳလ်က္ရွိမႈအေပၚ အိႏၵိယသမၼတႏိုင္ငံ သမၼတက ေက်းဇူးတင္ရွိေၾကာင္း ေျပာၾကားခဲ့သည္။
ေတြ႕ဆုံေဆြးေႏြးပြဲသို႔ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ႏွင့္အတူ ျပည္ေထာင္စု ဝန္ႀကီး ဦးေက်ာ္တင့္ေဆြ၊ ဦးမင္းသူ၊ ေဒါက္တာသန္းျမင့္၊ ေဒါက္တာမ်ိဳးသိမ္းႀကီး၊ ဦးေသာင္းထြန္း၊ ဦးဟန္ေဇာ္၊ ဦးေက်ာ္တင္၊ အိႏၵိယသမၼတႏိုင္ငံဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးမိုးေက်ာ္ေအာင္ႏွင့္ တာဝန္ရွိသူမ်ား တက္ေရာက္ၾကၿပီး ဧည့္သည္ေတာ္ အိႏၵိယသမၼတႏိုင္ငံ သမၼတ ရွရီ ရမ္နက္သ္ ကိုဗင့္ဒ္ ဦးေဆာင္သည့္ ကိုယ္စားလွယ္အဖြဲ႕ႏွင့္ အတူ ျမန္မာႏိုင္ငံဆိုင္ရာ အိႏၵိယႏိုင္ငံ သံအမတ္ႀကီး ရွရီ ဗစ္ခရမ္ မစ္ဆရီ လည္း တက္ေရာက္သည္။
(Zawgi Version)
—————————————————————————————–
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယသမ္မတနိုင်ငံ သမ္မတ နှင့်တွေ့ဆုံ
နေပြည်တော် ဒီဇင်ဘာ ၁၁
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အိန္ဒိယသမ္မတနိုင်ငံ သမ္မတ ရှရီ ရမ်နက်သ် ကိုဗင့်ဒ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့သည် ယနေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန် ဆောင်ဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေးကြသည်။
တွေ့ဆုံစဉ် ချစ်ကြည်ရင်းနှီးမှုသမိုင်းကြောင်းရှည်လျားသည့် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ အကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တို့အား အိန္ဒိယသမ္မတနိုင်ငံမှ ထောက်ခံပြီး ဆက်လက် အကူအညီ ပေးအပ်သွားရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသနေ ပြည်သူများ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုရရှိရေးအတွက် နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်သွယ်မှု အပြန်အလှန် မြှင့်တင်ရေးနှင့် အခြေခံအဆောက် အအုံများ ပိုမိုကောင်းမွန်ရေးတို့အတွက် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားရေး၊ နှစ်နိုင်ငံအကြား ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးနှင့် စီးပွားရေး ဆိုင်ရာ ကိစ္စများတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ အိန္ဒိယသမ္မတနိုင်ငံ သံရုံး နေပြည်တော်သို့ ပြောင်းရွှေ့ဖွင့်လှစ်နိုင်ရေးအတွက် နေပြည်တော်တွင် ယာယီဆက်ဆံရေးရုံး ဖွင့်လှစ်ရေး၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်နှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စရပ်များအတွက် မြန်မာနိုင်ငံ၏ ကြိုးပမ်း ဆောင်ရွက်မှုများတွင် အိန္ဒိယသမ္မတနိုင်ငံမှ ဆက်လက်ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်တို့နှင့်စပ်လျဉ်း၍ ခင်မင်ရင်းနှီးစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးကြသည်။
ထို့ပြင် နှစ်နိုင်ငံပြည်သူများအကြားပိုမိုထိတွေ့ဆက်ဆံရေးနှင့် ကမ္ဘာလှည့်ခရီးသွား လုပ်ငန်း တိုးမြင့်လာစေရေးအတွက် မြန်မာနိုင်ငံသို့ လေကြောင်းခရီးဖြင့် လာရောက် လည်ပတ်သည့် အိန္ဒိယနိုင်ငံသား ကမ္ဘာလှည့်ခရီးသည်များအား ဆိုက်ရောက် ဗီဇာ (ကမ္ဘာလှည့်)အား ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့မှ စတင်၍ ခွင့်ပြုလျက်ရှိမှုအပေါ် အိန္ဒိယသမ္မတနိုင်ငံ သမ္မတက ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။
တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဦးမင်းသူ၊ ဒေါက်တာသန်းမြင့်၊ ဒေါက်တာမျိုးသိမ်းကြီး၊ ဦးသောင်းထွန်း၊ ဦးဟန်ဇော်၊ ဦးကျော်တင်၊ အိန္ဒိယသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော် အိန္ဒိယသမ္မတနိုင်ငံ သမ္မတ ရှရီ ရမ်နက်သ် ကိုဗင့်ဒ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် အတူ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး ရှရီ ဗစ်ခရမ် မစ်ဆရီ လည်း တက်ရောက်သည်။
(Unicode Version)