ေနျပည္ေတာ္ ဧၿပီ ၄
e-Government ဦးေဆာင္ေကာ္မတီ၏ ပထမအႀကိမ္ လုပ္ငန္းညႇိႏႈိင္းအစည္းအေ၀းကို ယေန႔နံနက္ ၉ နာရီခြဲတြင္ ေနျပည္ေတာ္ရွိ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရး၀န္ႀကီးဌာန အစည္း အေ၀းခန္းမ၌က်င္းပရာ e-Government ဦးေဆာင္ေကာ္မတီ နာယက ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢဳိလ္ ေဒၚေအာင္ဆန္းစုၾကည္ တက္ေရာက္၍ အမွာစကားေျပာၾကားသည္။
အစည္းအေ၀းတြင္ ဦးေဆာင္ေကာ္မတီ နာယက ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢဳိလ္ ေဒၚေအာင္ဆန္းစုၾကည္က “ e-Government ပတ္သက္လို႔ ကြ်န္မတို႔ အစကတည္းက စီးပြားေရးနဲ႔ ပတ္သက္ၿပီး ခ်ထားတဲ့ မူ၀ါဒ ၁၂ ခ်က္ထဲမွာ တစ္ခ်က္ပါ၀င္ပါတယ္။ အဲဒီအထဲမွာ ျဖစ္ေျမာက္ေအာင္ လုပ္မယ္ဆိုတာ ပါ၀င္ပါတယ္။ ဒါကို e-Government ျဖစ္ေျမာက္ေအာင္ လုပ္မယ္ဆိုရင္လည္း ကြ်န္မတို႔ရဲ႕ ဒီႏွစ္အတြင္းမွာ အဲဒီဘက္က ေႏွာင့္ေႏွးေနတာကိုလည္း သတိျပဳမိပါတယ္။ e-Government ျမန္ျမန္လုပ္ဖို႔၊ တုိးတက္ဖို႔ဆိုရင္ အခ်က္ ၃ ခ်က္က အဓိက ျဖစ္ပါတယ္။ ကြ်မ္းက်င္မႈလိုအပ္ခ်က္ရွိမယ္၊ ရွင္းႏွီးျမွဳပ္ႏွံမႈ လိုအပ္ခ်က္ရွိမယ္၊ ပူးေပါင္း ေဆာင္ရြက္မႈ လိုအပ္ခ်က္ရွိမယ္။
ဒီ လိုအပ္ခ်က္ ၃ ခုစလံုး ျဖည့္ဆည္းဖို႔ အခုလိုအစည္းအေ၀းေခၚတာလို႔ နားလည္ ပါတယ္။ ဦးေဆာင္ေကာ္မတီဥကၠ႒ႀကီးျဖစ္တဲ့ ဒုတိယသမၼတႀကီးဦးျမင့္ေဆြက ဦးေဆာင္ၿပီး လုပ္သြားမွာျဖစ္ပါတယ္။ သံုးခ်က္ထဲမွာ အဓိက အျမန္ဆံုးစတင္လုပ္ရမွာေတာ့ ပူးေပါင္း ေဆာင္ရြက္မႈပါပဲ။ အစိုးရအဖြဲ႕ဌာန အသီးသီး ျပည္နယ္၊ တိုင္းအစိုးရမ်ားနဲ႔ အားလံုး ပူးေပါင္းၿပီး မလုပ္ရင္ e-Government ဆိုတာ တကယ္ေတာ့ ျဖစ္ေျမာက္ႏိုင္မွာ မဟုတ္ပါဘူး။
ရင္းႏွီးျမွဳပ္ႏွံမႈ၊ ကြ်မ္းက်င္မႈေတြက်ေတာ့ ႏိုင္ငံေတာ္ရဲ႕ ဘ႑ာေငြ အေျခအေနအရ၊ ပညာေရးစနစ္အေျခအေနအရ ဒါေတြကို ေစာင့္ဆိုင္းၿပီးေတာ့ လုပ္ရမွာျဖစ္ပါတယ္။ ပူးေပါင္း ေဆာင္ရြက္ျခင္းဆိုတာကေတာ့ ဒီေန႔က စၿပီးလုပ္ႏိုင္တယ္လို႔ ကြ်န္မ ယံုၾကည္ပါတယ္။ ဒီလိုပူး ေပါင္း ေဆာင္ရြက္မႈရွိမွလည္း e-Government ရည္ရြယ္ခ်က္က ထေျမာက္ႏိုင္မွာပါ။
အဓိက ရည္ရြယ္ခ်က္ကေတာ့ ႏုိင္ငံနဲ႕ျပည္သူအတြက္ အက်ိဳးရွိဖို႔ပဲျဖစ္ပါတယ္။ ကမၻာ့နဲ႔ ရင္ေဘာင္တန္းၿပီး ေခတ္သစ္၊ စနစ္သစ္ေတြကို မသံုးလု႔ိလည္းမျဖစ္ပါဘူး။ အဲဒီလို မသံုးရင္ ကြ်န္မတို႔ႏိုင္ငံဟာ တစ္ျခားႏိုင္ငံေတြရဲ႕ေနာက္မွာ က်န္ရစ္ခဲ့မွာျဖစ္ပါတယ္။ ဒီအထဲမွာ e-Government နဲ႕ ပတ္သက္လို႔ ကြ်န္မကို အခ်က္အလက္ေတြေပးထားပါတယ္။ ဒီအခ်က္ အလက္ေတြကို ကြ်န္မတို႔ထက္ အေသးစိတ္သိမယ့္ ပုဂၢိဳလ္ေတြလည္း ဒီအစည္းအေ၀းမွာ ရွိပါတယ္။
ေစာေစာကေျပာသလို ပူးေပါင္းေဆာင္ရြက္ျခင္းကေတာ့ သိပ္အေရးႀကီးပါတယ္။ တစ္ဌာနနဲ႕ တစ္ဌာန ပူးေပါင္းေဆာင္ရြက္မႈမရွိရင္ e-Government ကိစၥမေျပာနဲ႔ တ ျခား ကိစၥေတြမွာလည္း ျမန္သင့္သေလာက္ ေအာင္ျမင္ႏႈန္းက မျမန္ႏိုင္ပါဘူး။ e- Government ဆိုတာ ကေတာ့ အစိုးရတစ္ခုလံုးနဲ႔ဆိုင္တယ္။ တကယ္ေတာ့ ေျပာမယ္ဆိုရင္ ႏိုင္ငံေတာ္ တစ္ခုလံုးနဲ႔ ဆိုင္တယ္။
e-Government လုပ္ေဆာင္ျခင္းရဲ႕ ရည္ရြယ္ခ်က္က ျပည္သူလူထုအတြက္ အဆင္ေျပဖို႔ ဆိုတဲ့အထဲမွာ ျမန္ျမန္ဆန္ဆန္ အလုပ္ၿပီးဖို႔လည္းပါတယ္။ ေနာက္ၿပီးေတာ့ အဂတိလိုက္စားမႈ ပေပ်ာက္သြားဖို႔လည္း ပါ၀င္ပါတယ္။ တခ်ိဳ႕ကေျပာတာေတာ့ အဂတိ လိုက္စားမႈ လံုး၀ပေပ်ာက္ တဲ့ႏိုင္ငံ ဒီကမၻာႀကီးမွာ မရွိဘူးေပ့ါ ။ ဒါေပမယ့္လည္း နည္းႏိုင္သမွ် နည္းသြားေအာင္လို ဦးတည္ၿပီးေတာ့ ႀကိဳးစားရမွာျဖစ္ပါတယ္။
ဒီဟာအတြက္ e-Government က အမ်ားႀကီး အေထာက္အကူေပးႏိုင္ပါတယ္။ ေနာက္တစ္ခုက ကြ်န္မတို႔ိႏိုင္ငံနဲ႔ အစိုးရနဲ႔ပတ္သက္လို႔ေျပာတာက လုပ္ငန္းေတြက ေႏွးေကြး တယ္၊ ျမန္ျမန္ဆန္ဆန္မၿပီးဘူး၊ မလိုအပ္တဲ့ ႀကိဳးနီစနစ္ေတြက ရႈပ္ေထြးေနတယ္။ ဒီဟာ ေတြကို ေရွာင္ရွားဖို႔ရာအတြက္ကို e-Government ျမန္ျမန္ဆန္ဆန္ အေကာင္အထည္ ေဖာ္ဖို႔က အေရးႀကီးပါတယ္။
တခ်ိန္တည္းမွာပဲ ယခုေခတ္ရဲ႕ တိုးတက္တဲ့ သိပၸံနည္းပညာေတြနဲ႔ ပတ္သက္ရင္ အက်ိဳးအျမတ္ေတြရွိသလို အႏၱရာယ္ေတြလည္းရွိပါတယ္။ ဒီဟာေတြကိုလည္း ေစာေစာစီးစီး သိရွိနားလည္ၿပီး ဒီအႏၱရာယ္ေတြကေန ေရွာင္ရွားႏိုင္ဖို႔အတြက္ သတိနဲ႕ စတင္ၿပီး စည္းမ်ဥ္း၊ စည္းကမ္းမ်ား၊ လုပ္ထံုး၊ လုပ္နည္းမ်ားကို ဆံုးျဖတ္သြားဖို႔ အေရးႀကီးပါတယ္။
ဆိုးက်ိဳး၊ ေကာင္းက်ိဳးကို တစ္ခ်ိန္လံုး ခ်င့္ခ်ိန္ၿပီးေတာ့ လုပ္သြားရမွာပါ။ ဒီ e-Government လုပ္ရင္ အားလံုးေကာင္းတယ္ဆိုၿပီး ဒါကိုဖိၿပီးေတာ့ လုပ္လို႔လည္း မျဖစ္ပါဘူး။ ဥပမာ – e-Government တင္မကဘူး၊ ေခတ္သစ္နည္းပညာေတြနဲ႕ ပတ္သက္လို႔ လူတိုင္း၊ လူတိုင္း ရဲ႕လံုၿခံဳမႈ၊ ပုဂၢိဳလ္ေရးလံုၿခံဳမႈေတြကို ထိခိုက္ႏိုင္တဲ့ အလားအလာေတြရွိတယ္ဆိုတာ အမ်ား သိၿပီးသားပါပဲ။ ဒါေပမယ့္လည္း ဒီလိုအလားအလာေတြရွိတယ္ဆိုတာ သိရက္နဲ႔ အခုက တည္းက ႀကိဳတင္ျပင္ဆင္ၿပီး ကာကြယ္တာမလုပ္ရင္ ေနာင္က်မွ မကိုင္တြယ္ႏိုင္တဲ့ အဆင့္ကို ေရာက္သြားႏုိင္ပါတယ္။
ဒီလို နည္းပညာေတြ၊ စနစ္သစ္ေတြကို အလြဲသံုးစားမလုပ္ဖို႔လည္း အင္မတန္ အေရးႀကီး ပါတယ္။ အလြဲသံုးစားမလုပ္ဖို႔ဆိုတာဟာ ကြ်န္မတို႔ရဲ႕ အစိုးရပိုင္းဆိုင္ရာကလည္း အလြဲသံုးစား မလုပ္ဖို႔၊ ျပည္သူဘက္ကလည္း အလြဲသံုးစားမလုပ္ဖို႔၊ ဒါေၾကာင့္ လုပ္ငန္း အသစ္တစ္ခုကို ေဖာ္ေဆာင္တဲ့ေနရာမွာ ဟိုဘက္ဒီဘက္ အဖက္ဖက္ကေန ၾကည့္ၿပီး ဆံုးျဖတ္ခ်က္ ခ်ေစခ်င္ ပါတယ္။
ကိုယ္ျမင္ခ်င္တာပဲ ျမင္လို႔မရပါဘူး။ လုပ္ခ်င္ေဇာနဲ႔ဘာမဆို ေအာင္ျမင္မယ္ ၊ တကယ္ေတာ့ ေအာင္ျမင္မယ္ဆိုတာ ေသေသခ်ာခ်ာ ေစ့ေစ့စပ္စပ္ ေလ့လာထားလို႔ မဟုတ္ပါဘူး။ လုပ္ခ်င္လို႔၊ လုပ္ခ်င္တဲ့ေဇာနဲ႔ အားနည္းခ်က္ေတြကို မသိခ်င္ေယာင္ေဆာင္ၿပီး၊ အားသာခ်က္ ေတြကိုဖိၿပီး ေနာင္က်ရင္ ျပႆနာေတြကို မကိုင္တြယ္ႏိုင္တဲ့အေနအထားကို ေရာက္သြား ႏိုင္ပါတယ္။
ဒုတိယသမၼတ ဦးျမင့္ေဆြ ရဲ႕ ဦးေဆာင္မႈရဲ႕ေအာက္မွာ e-Government နဲ႕ ပတ္သက္လို႔ ဆံုးျဖတ္ခ်က္ေတြ ခ်တဲ့အခါ ပြင့္ပြင့္လင္းလင္းေျဖာင့္ေျဖာင့္မတ္မတ္လုပ္ဖို႔ ကိုယ္ဘာ အားသာခ်က္၊ ဘာအားနည္းခ်က္ေတြရွိမလဲ၊ တခ်ိဳ႕ ကိစၥေတြက ကြ်န္မတို႔ႏိုင္ငံမွာ အခုအခ်ိန္အခါမွာ ေဖာ္ေဆာင္ဖို႔ မသင့္ေသးဘူး။ ဘာျဖစ္လို႔ မသင့္ေသးတာလဲ ၊ မသင့္ တာလား၊ မလုပ္ႏိုင္တာလား၊ မသင့္ေလ်ာ္လို႔ မလုပ္ႏိုင္တာလား၊ လုပ္ႏိုင္မယ့္အရည္အခ်င္း၊ ေငြေရး၊ ေၾကးေရး မရွိေသးလို႔ မလုပ္ႏိုင္တာလား ပြင့္ပြင့္လင္းလင္း ေဆြးေႏြးဖို႔ လိုပါတယ္။
ပြင့္ပြင့္လင္းလင္းေဆြးေႏြးၿပီး အေျဖရွာရမွာျဖစ္ပါတယ္။ ဒီမွာဆိုရင္ တုိင္းနဲ႔ ျပည္နယ္ အစိုးရက ၀န္ႀကီးခ်ဳပ္ေတြ အားလံုးေရာက္ေနတယ္လို႔ ထင္ပါတယ္။ ကိုယ္တိုင္း၊ ကိုယ့္ျပည္ နယ္မွာ တျခားတိုင္း၊ ျပည္နယ္ေတြနဲ႔အတူ စိန္ေခၚမႈေတြလည္း ရွိႏိုင္ပါတယ္။ ဒါေတြဟာ ယခုလို အစည္းအေ၀းမ်ိဳးမွာ တင္ျပဖို႔ အေကာင္းဆံုး အခြင့္အေရးပဲျဖစ္ပါတယ္။
ဒါေၾကာင့္ တင္ျပၾကပါ။ ကိုယ္ရဲ႕ တခ်ိဳ႕ တိုင္း၊ ျပည္နယ္ အစိုးရေတြကေတာ့ သူတို႔ တိုင္း၊ ျပည္နယ္ရဲ႕ အားနည္းခ်က္ကို ဖိၿပီးေတာ့ေျပာတယ္။ ဘာလို႔လဲဆိုေတာ့ ပိုၿပီးေတာ့ အေထာက္အကူ ယူခ်င္လို႔ ။ တခ်ိဳ႕က အားသာခ်က္ေတြကိုဖိၿပီး ေျပာတယ္၊ ဘာျဖစ္လို႔လဲ ဆိုေတာ့ ပိုၿပီးေတာ့ နည္းနည္း ၾကြားခ်င္လို႔။ ဒီႏွစ္ခု စလံုးကို ပိုၿပီးေတာ့ ေရွာင္ရမွာပါ။ ၾကြားဖို႔လည္းမလုပ္ပါနဲ႔ ၊ ပိုၿပီးေတာ့ ယူခ်င္လုိ႔ ၊ စာနာမလား၊ သနားမလား ဆိုၿပီးေတာ့ အားနည္းခ်က္ေတြကိုလည္း ထုတ္မျပပါနဲ႔ ။ မွန္မွန္ကန္ကန္ ဓမၼဓိ႒ာန္ က်က် သံုးသပ္ပါ။
e-Government ကို တည္ေဆာက္ဖို႔ e-Government ကို ျမန္ျမန္ဆန္ဆန္ ေအာင္ျမင္ ေအာင္ ေဖာ္ေဆာင္ႏိုင္ဖို႔ ဘယ္လိုလုပ္သင့္သလဲ၊ ဘယ္လို ကိုယ္ရဲ႕ဌာန အသီးသီး၊ ကိုယ္တိုင္း၊ ျပည္နယ္အသီးသီးကလည္း ဘယ္လိုနည္းနဲ႔ ကူညီႏိုင္မလဲဆိုတာကိုလည္း စဥ္းစားေစခ်င္ပါ တယ္။
အားလံုးမွာေတာ့ ကိုယ့္အားသာခ်က္၊ ကိုယ္အားနည္းခ်က္ေတြရွိၾကမွာပဲ။ ပူးေပါင္းၿပီး ေဆာင္ရြက္ဖို႔ပါပဲ။ ပို႔ေဆာင္ေရးနဲ႕ ဆက္သြယ္ေရး၀န္ႀကီးဌာနက e-Government နဲ႕ ပတ္သက္လို႔ အစိုးရႏွစ္ႏွစ္တာတာ၀န္ယူကတည္းက ဒါကို ႀကိဳးပမ္းခဲ့တာပါ၊ သို႔ေသာ္ျငား လည္း ပူးေပါင္းေဆာက္ရြက္မႈ၊ ခ်ိတ္ဆက္မႈ အားနည္းတာေတြေၾကာင့္ ေအာင္ျမင္သင့္ သေလာက္၊ ေမွ်ာ္မွန္းသေလာက္ တိုးတက္မႈမရွိပါဘူး။ အေကာင္အထည္ေဖာ္တဲ့ေနရာမွာ ယခု ဒီလိုဖြဲ႕လိုက္ၿပီဆိုရင္ ဒီလို စုေပါင္းၿပီးေဆြးေႏြးဖုိ႕လိုပါတယ္။ မ်က္ႏွာခ်င္းဆိုင္ ေဆြးေႏြးညွိႏိႈင္း တယ္ ဆိုတာ ခဏ ခဏ လုပ္လို႔မရပါဘူး။ ျပည္နယ္နဲ႕ တိုင္းနဲ႔ ျပည္နယ္ က ၀န္ႀကီးခ်ဳပ္ေတြ မိမိတို႔ရဲ႕ တိုင္း၊ ျပည္နယ္က တာ၀န္ေတြကို ခဏတျဖဳတ္ ထားခဲ့ၿပီးေတာ့ လာရတယ္ဆိုတာ ခဏခဏ လာလို႔ မရပါဘူး။
အခြင့္အေရးရွိတုန္းမွာ အခြင့္အေရးကို အျပည့္အ၀သံုးေစခ်င္ပါတယ္။ အခြင့္အေရးရွိ တုန္းေတာ့ ျပည့္ျပည့္စံုစံု ေဆြးေႏြးေစခ်င္ပါတယ္။ လံုၿခံဳေရးဘက္က ၾကည့္မယ္ဆိုရင္ ျပည္ထဲေရးတို႔ ကာကြယ္ေရးတို႔က ပါ၀င္ဖို႔ လိုပါတယ္။
ကြ်န္မတို႔ ႏိုင္ငံေတာ္အတြက္၊ လံုၿခံဳေရးအတြက္ အႀကံေပးအရာရွိျဖစ္တဲ့ ဦးေသာင္းထြန္းက လည္း လံုၿခံဳေရးဘက္ကလည္း ပါ၀င္ၿပီးေတာ့ ေဆြးေႏြးဖို႔လိုပါတယ္။ တျခားႏုိင္ငံေတြရဲ႕ အေတြ႕အႀကံဳေတြကိုလည္း ေလ့လာၿပီး သင္ခန္းစာေတြယူဖို႔ အင္မတန္ မွ အေရးႀကီးပါ တယ္။
ကြ်န္မကို ေပးထားတဲ့အခ်က္အလက္ေတြကေတာ့ ေစာေစာက ကြ်န္မေျပာသလို ယခုဆို ရင္ Mobile Telephone ကြန္ရက္ဟာ လူဦးေရရဲ႕ ၈၉ ရာခုိင္ႏႈန္းကို လႊမ္းၿခံဳသြားၿပီ။ ၂၀၂၀ က်ရင္ ၉၂ ရာခိုင္ႏႈန္းကို လႊမ္းၿခံဳဖို႔ ။ ပို႔ေဆာင္ေရးနဲ႔ ဆက္သြယ္ေရး၀န္ႀကီးက ပိုၿပီးေတာ့ တင္ျပႏိုင္မယ္လို႔လည္း သိၿပီးသားေတြျဖစ္မွာပါ။ e-Government မွာ ဆိုရင္ တ ခ်ိဳ႕ကိစၥေတြက ကိုယ္မစဥ္းစားမိတာေတြကို စဥ္းစားႏိုင္တာေတြ ေပၚလာပါလိမ့္မယ္။
ဥပမာ – က်န္းမာေရးနဲ႔ e-Government ဘယ္လို႔ အခ်ိတ္အဆက္ရွိတယ္ဆိုတာကို က်န္းမာေရးအတြက္ e-Government ဟာ ဘယ္ေလာက္အေထာက္ကူျပဳ ႏုိင္မယ္ဆိုတာ က်န္းမာေရး၀န္ႀကီးက တင္ျပလာမွ ကြ်န္မတို႔ အားလံုးက ဂဃနဏ သိမွာပါ။ ထိုနည္း၄င္းပဲ စိုက္ပ်ိဳးေရးနဲ႔ ပတ္သက္လို႔ စိုက္ပ်ိဳးေရးကို အေျချပဳတဲ့ႏိုင္ငံျဖစ္တဲ့အခါက်ေတာ့ စိုက္ပ်ိဳး ေရးက႑ တိုးတက္ေအာင္၊ ေအာင္ျမင္ေအာင္လို႔ e-Government က ဘယ္လို အေထာက္ အကူေပးနိုင္မလဲ၊ ဘယ္လိုပံုစံနဲ႔ခ်ိတ္ဆက္ႏိုင္မလဲဆိုတာကို စိုက္ပ်ိဳးေရး၊ ေမြးျမဴေရး နဲ႕ ဆည္ေျမာင္း၀န္ႀကီးဌာနက တင္ျပရမွာျဖစ္ပါတယ္။ ဒါေၾကာင့္ ကိုယ္ရဲ႕ဌာနအတြက္ အက်ိဳး အျမတ္ေတြရွိႏိုင္သလို ကိုယ္ရဲ႕ ဌာနကလည္း e-Government ေအာင္ျမင္ေရးအတြက္ ပ့ံပိုးႏိုင္မလား ဆိုတာကို ပြင့္ပြင့္လင္းလင္းတင္ျပၾကပါလို႔ ကြ်န္မအေနနဲ႔ ေမတၱာရပ္ခံရင္းနဲ႔ နိဂံုးခ်ဳပ္ပါတယ္ ဟု ေျပာၾကားသည္။
ထို႔ေနာက္ ဦးေဆာင္ေကာ္မတီ ဥကၠ႒ ဒုတိယသမၼတ ဦးျမင့္ေဆြက ျမန္မာႏိုင္ငံတြင္ e-Government လုပ္ငန္းစဥ္မ်ားကို ၂ဝဝ၀ ျပည့္ႏွစ္မွစတင္ၿပီး ႀကိဳးပမ္းအေကာင္အထည္ေဖာ္ ခဲ့ၾကေသာ္လည္း အေၾကာင္းအမ်ိဳးမ်ိဳး၊ လိုအပ္ခ်က္အမ်ိဳးမ်ိဳးေၾကာင့္ အေ႐ြ႕ေႏွးခဲ့သည္ကို အားလုံး အသိပင္ျဖစ္ပါေၾကာင္း၊ e – Government စနစ္ တိုးတက္ေကာင္းမြန္လာျခင္းသည္ ဒီမိုကေရစီအစိုးရတစ္ရပ္အတြက္ ျပည္သူလူထုက အစိုးရ၏ေဆာင္႐ြက္ခ်က္မ်ားကို ပိုမို ယုံၾကည္လာၿပီး ျပည္သူလူထုအားကိုးရသည့္ အစိုးရတစ္ရပ္ ျဖစ္လာမည္ျဖစ္ပါေၾကာင္း၊ e-Government စနစ္ တည္ေဆာက္သည့္အခါ ေခတ္မီဆန္းသစ္သည့္ နည္းပညာမ်ား တပ္ဆင္အသုံးျပဳၿပီး ဝန္ေဆာင္မႈေပး႐ုံသာမက e-Government စနစ္ ေအာင္ျမင္မႈကို တိုင္းတာသည့္ေနရာ၌ အဓိကအခ်က္ (၂)ခ်က္ ျဖစ္သည့္ ျပည္သူလူထုအမ်ားစုသည္ အစိုးရ၏ ျပည္သူ႕ေရးရာ Online ဝန္ေဆာင္မႈမ်ားကို ယုံယုံၾကည္ၾကည္ အသုံးျပဳလာၾကရန္ႏွင့္ ျပည္သူ လူထုအတြက္ အမွန္တကယ္ လိုအပ္သည့္ Online ဝန္ေဆာင္မႈမ်ားကို ဖန္တီးေပးႏိုင္ရန္ ျဖစ္ပါေၾကာင္း။
ထုိ႔ေၾကာင့္ e-Government လုပ္ငန္းစဥ္မ်ားကို ပိုမိုထိေရာက္ေအာင္ျမင္စြာ ေဆာင္႐ြက္ သြားႏိုင္ရန္အတြက္ လိုအပ္သည့္ မူဝါဒလမ္းစဥ္မ်ားကို ခ်မွတ္ေပးၿပီး စနစ္တက် အေကာင္ အထည္ေဖာ္ေဆာင္႐ြက္ႏိုင္ရန္ e-Government ဦးေဆာင္ေကာ္မတီႏွင့္ အေကာင္အထည္ေဖာ္ ေရး လုပ္ငန္းေကာ္မတီမ်ားကို ဖြဲ႕စည္းခဲ့ၿပီး ျဖစ္ပါေၾကာင္း၊ e- Government စနစ္ ရည္မွန္းခ်က္ ပန္းတိုင္ေရာက္ရွိႏိုင္ရန္ ေကာင္းမြန္ေသာ မဟာဗ်ဴဟာႏွင့္ မူဝါဒမ်ား၊ လုပ္ငန္းစဥ္မူေဘာင္မ်ား စနစ္တက်ေရးဆြဲခ်မွတ္ၿပီး အေကာင္အထည္ေဖာ္ေဆာင္ႏိုင္ေရးအတြက္ အာရွဖြံ႕ၿဖိဳးေရးဘဏ္၏ ေငြေၾကးအေထာက္အပံ့၊ အိႏၵိယႏိုင္ငံမွ Infosys Limited ၏ နည္းပညာကၽြမ္းက်င္မႈ အကူအညီ ႏွင့္ ျမန္မာႏိုင္ငံရွိအစိုးရဌာနမ်ား၊ ဝန္ႀကီးဌာနမ်ား၊ လုပ္ငန္းရွင္အဖြဲ႕မ်ား၊ သုေတသန အဖြဲ႕ အစည္းမ်ား၊ လုပ္ငန္းေအဂ်င္စီမ်ား၊ ျပည္တြင္း၊ ျပည္ပမွ e-Government ႏွင့္ ICT နည္းပညာ ကၽြမ္းက်င္သူပညာရွင္မ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္၍ ကမၻာ့ႏိုင္ငံအသီးသီး၏ အေတြ႕အႀကဳံ ေကာင္းမ်ားႏွင့္ ႏႈိင္းယွဥ္ေလ့လာကာ ျမန္မာႏိုင္ငံအတြက္ e-Governance Master Plan ကို ေရးဆြဲခဲ့ပါေၾကာင္း၊ ၎၏လုပ္ငန္းစဥ္မ်ားကို ေလ့လာသုံးသပ္ၿပီး ပထမဦးစားေပး ေဆာင္႐ြက္ သြားရမည့္ လုပ္ငန္းစဥ္မ်ား၊ ႏွစ္တိုကာလ၊ အလယ္အလတ္ အဆင့္ကာလႏွင့္ ႏွစ္ရွည္ကာလ အလိုက္ ေဆာင္႐ြက္သြားရမည့္ လုပ္ငန္းစဥ္မ်ားကို ေအာင္ျမင္ေအာင္ စီမံေဆာင္႐ြက္ၾကရန္ ေျပာၾကားလိုပါေၾကာင္း။
အေကာင္အထည္ေဖာ္ ေဆာင္ရြက္သည့္အခါ အာဆီယံႏိုင္ငံမ်ားအတြင္း ပူးေပါင္း အေကာင္အထည္ေဖၚေဆာင္လ်က္ရွိသည့္ ေဒသတြင္းဖြံ႕ၿဖိဳးတိုးတက္ေရး လုပ္ငန္းစဥ္မ်ားအရ မိမိတို႔ ႏိုင္ငံအေနျဖင့္ လိုက္ပါေဆာင္႐ြက္သြားၾကရမည့္ကိစၥမ်ားကိုလည္း မ်က္ေျခမျပတ္ ေလ့လာၿပီး အေကာင္အထည္ေဖာ္ ေဆာင္ရြက္ၾကရမည္ ျဖစ္ပါေၾကာင္း။
e-Government လုပ္ငန္းမ်ား ေအာင္ျမင္စြာ အေကာင္အထည္ေဖာ္ႏိုင္ရန္အတြက္ ပထမဦးဆုံး လိုအပ္ခ်က္မွာ မဟာဗ်ဴဟာေျမာက္ေရရွည္အျမင္ (Strategic Vision) ခ်မွတ္ေရးပင္ ျဖစ္ပါေၾကာင္း၊ အစိုးရဌာနမ်ားအၾကား (Government to Government – G2G)၊ အစိုးရမ်ား ႏွင့္ လုပ္ငန္းရွင္မ်ားအၾကား (Government to Business – G2B)ႏွင့္ အစိုးရႏွင့္ ျပည္သူမ်ား အၾကား (Government to Citizen – G2C) အစရွိသည့္ လုပ္ငန္းမ်ားကို အေကာင္အထည္ ေဖာ္ေဆာင္ရာ၌ ျပည္သူမ်ား အမွန္တကယ္လိုလားသည့္ ဝန္ေဆာင္မႈ အမ်ိဳးအစားမ်ားကို ေလ့လာဆန္းစစ္ၿပီးမွ ဦးစားေပးအေကာင္အထည္ေဖာ္ေစလိုပါေၾကာင္း၊ သို႔မွသာ ျပည္သူမ်ား အတြက္ ထိေရာက္ေသာ အက်ိဳးသက္ေရာက္မႈမ်ား ရရွိလာႏိုင္ေစမွာ ျဖစ္ၿပီး ေကာင္းမြန္ေသာ ျပည္သူ႕ဝန္ေဆာင္မႈမ်ားကို ေပးႏိုင္သည့္ ဝန္းက်င္တစ္ရပ္ကို ဖန္တီးလာႏိုင္မည္ျဖစ္ပါေၾကာင္း။
အခ်ိဳ႕လုပ္ငန္းစဥ္မ်ားကို အေကာင္အထည္ေဖၚေဆာင္ၾကသည့္အခါတြင္ ဌာနအခ်င္းခ်င္း ေသာ္လည္းေကာင္း၊ ဗဟို႐ုံးမ်ား၊ ျပည္ေထာင္စုအစိုးရအဖြဲ႕ႏွင့္ တိုင္းေဒသႀကီး/ျပည္နယ္ အစိုးရ အဖြဲ႕မ်ားႏွင့္ေသာ္လည္းေကာင္း ေပါင္းစပ္ၫွိႏႈိင္းေဆာင္႐ြက္ရမည့္ကိစၥမ်ား အမ်ားႀကီး ရွိလာမည္ ျဖစ္ပါေၾကာင္း၊ ထိုအခ်ိန္တြင္ ျပည္သူ႕အက်ိဳးကိုသာ ေရွး႐ႈေဆာင္႐ြက္ၾကရန္ အေရးႀကီးပါ ေၾကာင္း၊ တစ္ခ်ိဳ႕လုပ္ငန္းမ်ားသည္ ေရတိုအေနျဖင့္ သိသာျမင္လြယ္သည့္ အက်ိဳးရလဒ္ကို ခ်က္ခ်င္းမရရွိႏိုင္ေသာ္လည္း ေရရွည္ရလဒ္ကို ေမၽွာ္မွန္းၿပီး လုပ္ေဆာင္သြားရမည္ျဖစ္ပါ ေၾကာင္း၊ သက္ဆိုင္ရာအစိုးရ အဖြဲ႕အစည္းမ်ားမွာ e-Government (သို႔မဟုတ္) IT ဌာနခြဲမ်ား ဖြဲ႕စည္းၿပီး သတ္သတ္မွတ္မွတ္ တာဝန္ေပးအပ္ ေဆာင္႐ြက္သြားၾကရန္ လိုအပ္မည္ျဖစ္ပါ ေၾကာင္း၊ သို႔မွသာ e-Government လုပ္ငန္းမ်ားကို စဥ္ဆက္မျပတ္ လည္ပတ္အေကာင္ အထည္ ေဖာ္ေဆာင္ႏိုင္မည္ျဖစ္ပါေၾကာင္း။
ရည္႐ြယ္ခ်က္ႏွင့္ လုပ္ငန္းသေဘာသဘာဝတူညီၿပီး မွ်ေဝသုံးစြဲသြားႏိုင္သည့္ ICT အေျခခံ အေဆာက္အဦမ်ားကို တစ္ေနရာစီ၊ တစ္ခုခ်င္းစီ အေကာင္အထည္ေဖာ္ၾကမည့္ အစား စုစည္းတည္ေဆာက္ၿပီး မၽွေဝအသုံးျပဳသြားျခင္းအားျဖင့္ လုပ္ငန္းမ်ား ပိုမိုလ်င္ျမန္လာမည္ျဖစ္ၿပီး ပိုမိုထိေရာက္ေကာင္းမြန္မည္ျဖစ္ပါေၾကာင္း၊ ႏိုင္ငံတကာမွာလည္း ယခုကဲ့သို႔ေဆာင္႐ြက္ေနသည္ ကို ေလ့လာေတြ႕ရွိရမွာ ျဖစ္ပါေၾကာင္း။
e-Government ဝန္ေဆာင္မႈမ်ား ျဖန္႔ျဖဴးေပးရာတြင္ ဆိုက္ဘာလုံၿခဳံေရးႏွင့္ သတင္း အခ်က္အလက္လုံၿခဳံေရးကို အထူးအေလးထား ေဆာင္႐ြက္ၾကရန္ လိုအပ္မည္ျဖစ္ပါေၾကာင္း၊ သုံးစြဲသူျပည္သူမ်ား၏ ကိုယ္ေရးအခ်က္အလက္မ်ား လုံၿခဳံမႈရွိေအာင္ လုပ္ေပးႏိုင္မွသာ e – Government ဝန္ေဆာင္မႈမ်ားကို ယုံယုံၾကည္ၾကည္ႏွင့္ လက္ခံသုံးစြဲလာၾကမည္ျဖစ္ပါေၾကာင္း၊ ဆိုက္ဘာလုံၿခဳံေရးႏွင့္ သတင္းအခ်က္အလက္ လုံၿခဳံေရးအတြက္ လိုအပ္မည့္ဥပေဒမ်ား၊ လုပ္ငန္းစဥ္မ်ားကို ေရးဆြဲတင္ျပၿပီး အေကာင္အထည္ေဖာ္ ေဆာင္႐ြက္သြားၾကရန္ ေျပာၾကား လိုပါေၾကာင္း။
e-Government လုပ္ငန္းစဥ္ ေအာင္ျမင္ပါက အျခားပညာေရး၊ က်န္းမာေရး၊ လူမႈေရး၊ စီးပြားေရး အစရွိေသာ က႑အသီးသီးကလည္း ဖြံ႕ၿဖိဳးတိုးတက္လာမည္ျဖစ္ပါေၾကာင္း၊ ဖြံ႕ၿဖိဳးၿပီး ႏိုင္ငံမ်ား၏ ျပည္သူ႕ဝန္ေဆာင္မႈမ်ားကို ေလ့လာၾကည့္လွ်င္ ထင္ထင္ရွားရွား ျမင္ရမည္ျဖစ္ပါ ေၾကာင္း၊ ျမန္မာႏိုင္ငံတြင္ လူမႈစီးပြားဘဝမ်ား ဖြံ႕ၿဖိဳးတိုးတက္လာၿပီး လူေနမႈအဆင့္အတန္းမ်ား ျမင့္မားလာေစရန္၊ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္လာေစရန္၊ အစိုးရႏွင့္ ျပည္သူမ်ားအၾကား ပြင့္လင္းျမင္သာၿပီး သတင္းအခ်က္အလက္မ်ား ဖလွယ္ႏိုင္ရန္၊ ျပည္သူမ်ား လိုလားသည့္ သတင္းအခ်က္အလက္မ်ားကို အခ်ိန္ႏွင့္ တေျပးညီ ျဖန္႔ျဖဴးေပးႏိုင္ၾကရန္အတြက္ e-Government စနစ္ကို ေအာင္ျမင္စြာ အေကာင္အထည္ေဖာ္ႏိုင္ေရးအတြက္ ဦးေဆာင္ေကာ္မတီ နာယက၏ မွာၾကားခ်က္ႏွင့္အညီ အထူးအာ႐ုံစူးစိုက္ၿပီး ႀကိဳးပမ္းလုပ္ေဆာင္သြားၾကရန္ ေျပာၾကားလိုပါေၾကာင္း၊ ႏိုင္ငံေတာ္က ခ်မွတ္ထားေသာ စီးပြားေရးမူဝါဒမ်ားႏွင့္ အညီ ေရးဆြဲ ထားရွိသည့္ Master Plan တို႔ကို အေျခခံၿပီး ေဆာင္႐ြက္သင့္သည္မ်ားကို ပြင့္ပြင့္လင္းလင္း ေဆြးေႏြးတင္ျပၾကရန္ႏွင့္ အားလုံးေပါင္းစပ္ၫႇိႏႈိင္းေဆာင္႐ြက္ၾကရန္ မွာၾကားလိုပါေၾကာင္း ေျပာၾကားသည္။
ယင္းေနာက္ e-Government ဦးေဆာင္ေကာ္မတီ ဒုတိယဥကၠ႒ (၁) ျပည္ေထာင္စု၀န္ႀကီး ဦးေသာင္းထြန္းက e-Government စနစ္ တစ္ခု ေအာင္ျမင္လာရန္အတြက္ အေျခခံအေဆာက္ အဦမ်ား၊ ကြန္ျပဴတာစနစ္မ်ား တည္ေဆာက္တပ္ဆင္႐ံု၊ Web Page မ်ား ဖန္တီးတည္ေဆာက္ ေပး႐ံုသာမက ျပည္သူမ်ားအတြက္ အမွန္တကယ္ အက်ဳိးရွိမည့္ ၀န္ေဆာင္မႈမ်ားကို စဥ္ဆက္မျပတ္ ျဖည့္ဆည္းေဆာင္ရြက္ေပးႏိုင္ရန္ လိုအပ္ပါေၾကာင္း၊ ဖြဲ႕စည္းထားသည့္ ေကာ္မတီအလိုက္ ေဆာင္ရြက္ရမည့္ လုပ္ငန္းစဥ္မ်ား၊ စီမံကိန္းမ်ားကို ေရတိုေရရွည္ ကာလအပိုင္းအျခားအလိုက္ ေသခ်ာစြာ စိစစ္ခ်မွတ္ေဆာင္ရြက္ၿပီး အဂတိတရားေလ်ာ့ခ်ႏိုင္ ေရးႏွင့္ လာဘ္ေပးလာဘ္ယူမႈပေပ်ာက္ေရးကို အေထာက္အကူျပဳေစမည့္ ျပည္သူမ်ားအတြက္ အမွန္တကယ္ အက်ဳိးရွိမည့္ ၀န္ေဆာင္မႈမ်ားကို ျဖည့္ဆည္းေပးႏိုင္မည့္ e-Government စနစ္ ကို ေအာင္ျမင္စြာ အေကာင္အထည္ေဖာ္ေဆာင္သြားႏိုင္ရန္ ၀ိုင္း၀န္းညႇိႏႈိင္းေဆြးေႏြးၿပီး ပူးေပါင္း ေဆာင္ရြက္သြားၾကရန္လိုအပ္ပါေၾကာင္း ေဆြးေႏြးေျပာၾကားသည္။
ဆက္လက္၍ e-Government ဦးေဆာင္ေကာ္မတီ ဒုတိယဥကၠ႒ (၂) ျပည္ေထာင္စု၀န္ႀကီး ဦးသန္႔စင္ေမာင္က တိုးတက္မ်ားျပားလာမည့္ e-Government လုပ္ငန္းစဥ္မ်ားအား အမ်ဳိးသား အဆင့္သို႔ ဟန္ခ်က္ညီစြာ ေပါင္းစပ္အဆင့္ျမႇင့္တင္ၿပီး ႏိုင္ငံသားမ်ား ပိုမိုေကာင္းမြန္ေသာ အြန္လိုင္း၀န္ေဆာင္မႈမ်ား ေပးႏိုင္ရန္အတြက္ အမ်ဳိးသားအဆင့္ သတင္းအခ်က္အလက္ ဗဟိုဌာနႀကီးျဖစ္ေသာ e-Government Integrated Data Center (e-GIDC)ကို ကိုရီးယားႏိုင္ငံ EDCF ေခ်းေငြျဖင့္ ေနျပည္ေတာ္တြင္ တည္ေဆာက္သြားႏိုင္ရန္ ေဆာင္ရြက္ လ်က္ရွိရာ ျပည္ေထာင္စုအစိုးရအဖြဲ႕ အစည္းအေ၀းမွ သေဘာတူခြင့္ျပဳခ်က္ရရွိခဲ့သျဖင့္ Feasibility Study Report တင္ျပျခင္း၊ Loan Agreement ေရးထိုးျခင္းတို႔ ၿပီးစီးပါက လုပ္ငန္း လည္ပတ္ႏိုင္သည္အထိ ၂၀၂၀ ခုႏွစ္ ႏွစ္ကုန္ပိုင္းတြင္ စီမံကိန္းၿပီးစီးေအာင္ စီမံေဆာင္ရြက္ လ်က္ရွိပါေၾကာင္း စသျဖင့္ e-Government လုပ္ငန္းစဥ္မ်ားကို အက်ယ္တ၀င့္ ရွင္းလင္းတင္ျပ သည္။
ထို႔ေနာက္ အစည္းအေ၀းသို႔ တက္ေရာက္လာၾကသည့္ ျပည္ေထာင္စု၀န္ႀကီးမ်ား၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္၀န္ႀကီးခ်ဳပ္မ်ား၊ အသိပညာရွင္၊ အတတ္ပညာရွင္မ်ားက e-Government လုပ္ငန္းစဥ္မ်ားကို အျမန္ဆံုးအေကာင္အထည္ေဖာ္ ေဆာင္ရြက္ရန္ လိုအပ္ခ်က္ မ်ားႏွင့္ အႀကံျပဳခ်က္မ်ားကို ေဆြးေႏြးတင္ျပၾကရာ ဦးေဆာင္ေကာ္မတီ ဥကၠ႒ ဒုတိယသမၼတႏွင့္ တာ၀န္ရွိသူမ်ားက ျပန္လည္ရွင္းလင္း ေဆြးေႏြးၾကသည္။
ယင္းေနာက္ e-Government ဦးေဆာင္ေကာ္မတီ ဥကၠ႒ ဒုတိယသမၼတ ဦးျမင့္ေဆြက နိဂံုးခ်ဳပ္ အမွာစကားေျပာၾကားၿပီး အစည္းအေ၀းကို ႐ုပ္သိမ္းလိုက္သည္။
အစည္းအေဝးသုိ႔ e-Government ဦးေဆာင္ေကာ္မတီ၀င္မ်ားျဖစ္ၾကသည့္ ျပည္ေထာင္စုဝန္ႀကီးမ်ား၊ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္၊ ျပည္ေထာင္စုစာရင္းစစ္ခ်ဳပ္၊ ျပည္ေထာင္စု ရာထူးဝန္ဥကၠ႒၊ ေနျပည္ေတာ္ေကာင္စီ ဥကၠ႒၊ တုိင္းေဒသႀကီးႏွင့္ ျပည္နယ္ ဝန္ႀကီးခ်ဳပ္မ်ား၊ ျမန္မာႏိုင္ငံေတာ္ဗဟုိဘဏ္ ဥကၠ႒၊ ဒုတိယ၀န္ႀကီးမ်ား၊ ျမန္မာႏိုင္ငံကြန္ပ်ဴတာအသင္းခ်ဳပ္ နာယက ဦးေသာင္းတင္ ႏွင့္ တာဝန္ရွိသူမ်ား တက္ေရာက္ၾကသည္။
(Zawgyi Version)
————————————————————————————————————————————-
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် e-Government ဦးဆောင်ကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြား
နေပြည်တော် ဧပြီ ၄
e-Government ဦးဆောင်ကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပရာ e-Government ဦးဆောင်ကော်မတီ နာယက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်၍ အမှာစကားပြောကြားသည်။
အစည်းအဝေးတွင် ဦးဆောင်ကော်မတီ နာယက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ e-Government ပတ်သက်လို့ ကျွန်မတို့ အစကတည်းက စီးပွားရေးနဲ့ ပတ်သက်ပြီး ချထားတဲ့ မူဝါဒ ၁၂ ချက်ထဲမှာ တစ်ချက်ပါဝင်ပါတယ်။ အဲဒီအထဲမှာ ဖြစ်မြောက်အောင် လုပ်မယ်ဆိုတာ ပါဝင်ပါတယ်။ ဒါကို e-Government ဖြစ်မြောက်အောင် လုပ်မယ်ဆိုရင်လည်း ကျွန်မတို့ရဲ့ ဒီနှစ်အတွင်းမှာ အဲဒီဘက်က နှောင့်နှေးနေတာကိုလည်း သတိပြုမိပါတယ်။ e-Government မြန်မြန်လုပ်ဖို့၊ တိုးတက်ဖို့ဆိုရင် အချက် ၃ ချက်က အဓိက ဖြစ်ပါတယ်။ ကျွမ်းကျင်မှုလိုအပ်ချက်ရှိမယ်၊ ရှင်းနှီးမြှုပ်နှံမှု လိုအပ်ချက်ရှိမယ်၊ ပူးပေါင်း ဆောင်ရွက်မှု လိုအပ်ချက်ရှိမယ်။
ဒီ လိုအပ်ချက် ၃ ခုစလုံး ဖြည့်ဆည်းဖို့ အခုလိုအစည်းအဝေးခေါ်တာလို့ နားလည်ပါတယ်။ ဦးဆောင်ကော်မတီဥက္ကဋ္ဌကြီးဖြစ်တဲ့ ဒုတိယသမ္မတကြီးဦးမြင့်ဆွေက ဦးဆောင်ပြီး လုပ်သွားမှာ ဖြစ်ပါတယ်။ သုံးချက်ထဲမှာ အဓိက အမြန်ဆုံးစတင်လုပ်ရမှာတော့ ပူးပေါင်း ဆောင်ရွက်မှုပါပဲ။ အစိုးရအဖွဲ့ဌာန အသီးသီး ပြည်နယ်၊ တိုင်းအစိုးရများနဲ့ အားလုံး ပူးပေါင်းပြီး မလုပ်ရင် e-Government ဆိုတာ တကယ်တော့ ဖြစ်မြောက်နိုင်မှာ မဟုတ်ပါဘူး။
ရင်းနှီးမြှုပ်နှံမှု၊ ကျွမ်းကျင်မှုတွေကျတော့ နိုင်ငံတော်ရဲ့ဘဏ္ဍာငွေ အခြေအနေအရ၊ ပညာရေးစနစ် အခြေအနေအရ ဒါတွေကို စောင့်ဆိုင်းပြီးတော့ လုပ်ရမှာဖြစ်ပါတယ်။ ပူးပေါင်း ဆောင်ရွက်ခြင်း ဆိုတာကတော့ ဒီနေ့က စပြီးလုပ်နိုင်တယ်လို့ ကျွန်မ ယုံကြည်ပါတယ်။ ဒီလိုပူး ပေါင်း ဆောင်ရွက်မှုရှိမှလည်း e-Government ရည်ရွယ်ချက်က ထမြောက်နိုင်မှာပါ။
အဓိက ရည်ရွယ်ချက်ကတော့ နိုင်ငံနဲ့ပြည်သူအတွက် အကျိုးရှိဖို့ပဲဖြစ်ပါတယ်။ ကမ္ဘာ့နဲ့ ရင်ဘောင်တန်းပြီး ခေတ်သစ်၊ စနစ်သစ်တွေကို မသုံးလို့လည်းမဖြစ်ပါဘူး။ အဲဒီလို မသုံးရင် ကျွန်မတို့နိုင်ငံဟာ တစ်ခြားနိုင်ငံတွေရဲ့နောက်မှာ ကျန်ရစ်ခဲ့မှာဖြစ်ပါတယ်။ ဒီအထဲမှာ e-Government နဲ့ ပတ်သက်လို့ ကျွန်မကို အချက်အလက်တွေပေးထားပါတယ်။ ဒီအချက် အလက်တွေကို ကျွန်မတို့ထက် အသေးစိတ်သိမယ့် ပုဂ္ဂိုလ်တွေလည်း ဒီအစည်းအဝေးမှာ ရှိပါတယ်။
စောစောကပြောသလို ပူးပေါင်းဆောင်ရွက်ခြင်းကတော့ သိပ်အရေးကြီးပါတယ်။ တစ်ဌာနနဲ့ တစ်ဌာန ပူးပေါင်းဆောင်ရွက်မှုမရှိရင် e-Government ကိစ္စမပြောနဲ့ တ ခြား ကိစ္စတွေမှာလည်း မြန်သင့်သလောက် အောင်မြင်နှုန်းက မမြန်နိုင်ပါဘူး။ e- Government ဆိုတာ ကတော့ အစိုးရတစ်ခုလုံးနဲ့ဆိုင်တယ်။ တကယ်တော့ ပြောမယ်ဆိုရင် နိုင်ငံတော် တစ်ခုလုံးနဲ့ ဆိုင်တယ်။
e-Government လုပ်ဆောင်ခြင်းရဲ့ ရည်ရွယ်ချက်က ပြည်သူလူထုအတွက် အဆင်ပြေဖို့ ဆိုတဲ့အထဲမှာ မြန်မြန်ဆန်ဆန် အလုပ်ပြီးဖို့လည်းပါတယ်။ နောက်ပြီးတော့ အဂတိလိုက်စားမှု ပပျောက်သွားဖို့လည်း ပါဝင်ပါတယ်။ တချို့ကပြောတာတော့ အဂတိ လိုက်စားမှု လုံးဝပပျောက် တဲ့နိုင်ငံ ဒီကမ္ဘာကြီးမှာ မရှိဘူးပေါ့ ။ ဒါပေမယ့်လည်း နည်းနိုင်သမျှ နည်းသွားအောင်လို ဦးတည်ပြီးတော့ ကြိုးစားရမှာဖြစ်ပါတယ်။
ဒီဟာအတွက် e-Government က အများကြီး အထောက်အကူပေးနိုင်ပါတယ်။ နောက်တစ်ခုက ကျွန်မတို့နိုင်ငံနဲ့ အစိုးရနဲ့ပတ်သက်လို့ပြောတာက လုပ်ငန်းတွေက နှေးကွေး တယ်၊ မြန်မြန်ဆန်ဆန်မပြီးဘူး၊ မလိုအပ်တဲ့ ကြိုးနီစနစ်တွေက ရှုပ်ထွေးနေတယ်။ ဒီဟာ တွေကို ရှောင်ရှားဖို့ရာအတွက်ကို e-Government မြန်မြန်ဆန်ဆန် အကောင်အထည် ဖော်ဖို့က အရေးကြီးပါတယ်။
တချိန်တည်းမှာပဲ ယခုခေတ်ရဲ့ တိုးတက်တဲ့ သိပ္ပံနည်းပညာတွေနဲ့ ပတ်သက်ရင် အကျိုးအမြတ်တွေရှိသလို အန္တရာယ်တွေလည်းရှိပါတယ်။ ဒီဟာတွေကိုလည်း စောစောစီးစီး သိရှိနားလည်ပြီး ဒီအန္တရာယ်တွေကနေ ရှောင်ရှားနိုင်ဖို့အတွက် သတိနဲ့ စတင်ပြီး စည်းမျဉ်း၊ စည်းကမ်းများ၊ လုပ်ထုံး၊ လုပ်နည်းများကို ဆုံးဖြတ်သွားဖို့ အရေးကြီးပါတယ်။
ဆိုးကျိုး၊ ကောင်းကျိုးကို တစ်ချိန်လုံး ချင့်ချိန်ပြီးတော့ လုပ်သွားရမှာပါ။ ဒီ e-Government လုပ်ရင် အားလုံးကောင်းတယ်ဆိုပြီး ဒါကိုဖိပြီးတော့ လုပ်လို့လည်း မဖြစ်ပါဘူး။ ဥပမာ – e-Government တင်မကဘူး၊ ခေတ်သစ်နည်းပညာတွေနဲ့ ပတ်သက်လို့ လူတိုင်း၊ လူတိုင်း ရဲ့လုံခြုံမှု၊ ပုဂ္ဂိုလ်ရေးလုံခြုံမှုတွေကို ထိခိုက်နိုင်တဲ့ အလားအလာတွေရှိတယ်ဆိုတာ အများ သိပြီးသားပါပဲ။ ဒါပေမယ့်လည်း ဒီလိုအလားအလာတွေရှိတယ်ဆိုတာ သိရက်နဲ့ အခုက တည်းက ကြိုတင်ပြင်ဆင်ပြီး ကာကွယ်တာမလုပ်ရင် နောင်ကျမှ မကိုင်တွယ်နိုင်တဲ့ အဆင့်ကို ရောက်သွားနိုင်ပါတယ်။
ဒီလို နည်းပညာတွေ၊ စနစ်သစ်တွေကို အလွဲသုံးစားမလုပ်ဖို့လည်း အင်မတန် အရေးကြီး ပါတယ်။ အလွဲသုံးစားမလုပ်ဖို့ဆိုတာဟာ ကျွန်မတို့ရဲ့ အစိုးရပိုင်းဆိုင်ရာကလည်း အလွဲသုံးစား မလုပ်ဖို့၊ ပြည်သူဘက်ကလည်း အလွဲသုံးစားမလုပ်ဖို့၊ ဒါကြောင့် လုပ်ငန်း အသစ်တစ်ခုကို ဖော်ဆောင်တဲ့နေရာမှာ ဟိုဘက်ဒီဘက် အဖက်ဖက်ကနေ ကြည့်ပြီး ဆုံးဖြတ်ချက် ချစေချင် ပါတယ်။
ကိုယ်မြင်ချင်တာပဲ မြင်လို့မရပါဘူး။ လုပ်ချင်ဇောနဲ့ဘာမဆို အောင်မြင်မယ် ၊ တကယ်တော့ အောင်မြင်မယ်ဆိုတာ သေသေချာချာ စေ့စေ့စပ်စပ် လေ့လာထားလို့ မဟုတ်ပါဘူး။ လုပ်ချင်လို့၊ လုပ်ချင်တဲ့ဇောနဲ့ အားနည်းချက်တွေကို မသိချင်ယောင်ဆောင်ပြီး၊ အားသာချက် တွေကိုဖိပြီး နောင်ကျရင် ပြဿနာတွေကို မကိုင်တွယ်နိုင်တဲ့အနေအထားကို ရောက်သွား နိုင်ပါတယ်။
ဒုတိယသမ္မတ ဦးမြင့်ဆွေ ရဲ့ ဦးဆောင်မှုရဲ့အောက်မှာ e-Government နဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက်တွေ ချတဲ့အခါ ပွင့်ပွင့်လင်းလင်းဖြောင့်ဖြောင့်မတ်မတ်လုပ်ဖို့ ကိုယ်ဘာ အားသာချက်၊ ဘာအားနည်းချက်တွေရှိမလဲ၊ တချို့ ကိစ္စတွေက ကျွန်မတို့နိုင်ငံမှာ အခုအချိန်အခါမှာ ဖော်ဆောင်ဖို့ မသင့်သေးဘူး။ ဘာဖြစ်လို့ မသင့်သေးတာလဲ ၊ မသင့် တာလား၊ မလုပ်နိုင်တာလား၊ မသင့်လျော်လို့ မလုပ်နိုင်တာလား၊ လုပ်နိုင်မယ့်အရည်အချင်း၊ ငွေရေး၊ ကြေးရေး မရှိသေးလို့ မလုပ်နိုင်တာလား ပွင့်ပွင့်လင်းလင်း ဆွေးနွေးဖို့ လိုပါတယ်။
ပွင့်ပွင့်လင်းလင်းဆွေးနွေးပြီး အဖြေရှာရမှာဖြစ်ပါတယ်။ ဒီမှာဆိုရင် တိုင်းနဲ့ ပြည်နယ် အစိုးရက ဝန်ကြီးချုပ်တွေ အားလုံးရောက်နေတယ်လို့ ထင်ပါတယ်။ ကိုယ်တိုင်း၊ ကိုယ့်ပြည် နယ်မှာ တခြားတိုင်း၊ ပြည်နယ်တွေနဲ့အတူ စိန်ခေါ်မှုတွေလည်း ရှိနိုင်ပါတယ်။ ဒါတွေဟာ ယခုလို အစည်းအဝေးမျိုးမှာ တင်ပြဖို့ အကောင်းဆုံး အခွင့်အရေးပဲဖြစ်ပါတယ်။
ဒါကြောင့် တင်ပြကြပါ။ ကိုယ်ရဲ့ တချို့ တိုင်း၊ ပြည်နယ် အစိုးရတွေကတော့ သူတို့ တိုင်း၊ ပြည်နယ်ရဲ့ အားနည်းချက်ကို ဖိပြီးတော့ပြောတယ်။ ဘာလို့လဲဆိုတော့ ပိုပြီးတော့ အထောက်အကူ ယူချင်လို့ ။ တချို့က အားသာချက်တွေကိုဖိပြီး ပြောတယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ ပိုပြီးတော့ နည်းနည်း ကြွားချင်လို့။ ဒီနှစ်ခု စလုံးကို ပိုပြီးတော့ ရှောင်ရမှာပါ။ ကြွားဖို့လည်းမလုပ်ပါနဲ့ ၊ ပိုပြီးတော့ ယူချင်လို့ ၊ စာနာမလား၊ သနားမလား ဆိုပြီးတော့ အားနည်းချက်တွေကိုလည်း ထုတ်မပြပါနဲ့ ။ မှန်မှန်ကန်ကန် ဓမ္မဓိဋ္ဌာန် ကျကျ သုံးသပ်ပါ။
e-Government ကို တည်ဆောက်ဖို့ e-Government ကို မြန်မြန်ဆန်ဆန် အောင်မြင် အောင် ဖော်ဆောင်နိုင်ဖို့ ဘယ်လိုလုပ်သင့်သလဲ၊ ဘယ်လို ကိုယ်ရဲ့ဌာန အသီးသီး၊ ကိုယ်တိုင်း၊ ပြည်နယ်အသီးသီးကလည်း ဘယ်လိုနည်းနဲ့ ကူညီနိုင်မလဲဆိုတာကိုလည်း စဉ်းစားစေချင်ပါ တယ်။
အားလုံးမှာတော့ ကိုယ့်အားသာချက်၊ ကိုယ်အားနည်းချက်တွေရှိကြမှာပဲ။ ပူးပေါင်းပြီး ဆောင်ရွက်ဖို့ပါပဲ။ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက e-Government နဲ့ ပတ်သက်လို့ အစိုးရနှစ်နှစ်တာတာဝန်ယူကတည်းက ဒါကို ကြိုးပမ်းခဲ့တာပါ၊ သို့သော်ငြား လည်း ပူးပေါင်းဆောက်ရွက်မှု၊ ချိတ်ဆက်မှု အားနည်းတာတွေကြောင့် အောင်မြင်သင့် သလောက်၊ မျှော်မှန်းသလောက် တိုးတက်မှုမရှိပါဘူး။ အကောင်အထည်ဖော်တဲ့နေရာမှာ ယခု ဒီလိုဖွဲ့လိုက်ပြီဆိုရင် ဒီလို စုပေါင်းပြီးဆွေးနွေးဖို့လိုပါတယ်။ မျက်နှာချင်းဆိုင် ဆွေးနွေးညှိနှိုင်း တယ် ဆိုတာ ခဏ ခဏ လုပ်လို့မရပါဘူး။ ပြည်နယ်နဲ့ တိုင်းနဲ့ ပြည်နယ် က ဝန်ကြီးချုပ်တွေ မိမိတို့ရဲ့ တိုင်း၊ ပြည်နယ်က တာဝန်တွေကို ခဏတဖြုတ် ထားခဲ့ပြီးတော့ လာရတယ်ဆိုတာ ခဏခဏ လာလို့ မရပါဘူး။
အခွင့်အရေးရှိတုန်းမှာ အခွင့်အရေးကို အပြည့်အဝသုံးစေချင်ပါတယ်။ အခွင့်အရေးရှိ တုန်းတော့ ပြည့်ပြည့်စုံစုံ ဆွေးနွေးစေချင်ပါတယ်။ လုံခြုံရေးဘက်က ကြည့်မယ်ဆိုရင် ပြည်ထဲရေးတို့ ကာကွယ်ရေးတို့က ပါဝင်ဖို့ လိုပါတယ်။
ကျွန်မတို့ နိုင်ငံတော်အတွက်၊ လုံခြုံရေးအတွက် အကြံပေးအရာရှိဖြစ်တဲ့ ဦးသောင်းထွန်းက လည်း လုံခြုံရေးဘက်ကလည်း ပါဝင်ပြီးတော့ ဆွေးနွေးဖို့လိုပါတယ်။ တခြားနိုင်ငံတွေရဲ့ အတွေ့အကြုံတွေကိုလည်း လေ့လာပြီး သင်ခန်းစာတွေယူဖို့ အင်မတန် မှ အရေးကြီးပါ တယ်။
ကျွန်မကို ပေးထားတဲ့အချက်အလက်တွေကတော့ စောစောက ကျွန်မပြောသလို ယခုဆို ရင် Mobile Telephone ကွန်ရက်ဟာ လူဦးရေရဲ့ ၈၉ ရာခိုင်နှုန်းကို လွှမ်းခြုံသွားပြီ။ ၂၀၂၀ ကျရင် ၉၂ ရာခိုင်နှုန်းကို လွှမ်းခြုံဖို့ ။ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးက ပိုပြီးတော့ တင်ပြနိုင်မယ်လို့လည်း သိပြီးသားတွေဖြစ်မှာပါ။ e-Government မှာ ဆိုရင် တ ချို့ကိစ္စတွေက ကိုယ်မစဉ်းစားမိတာတွေကို စဉ်းစားနိုင်တာတွေ ပေါ်လာပါလိမ့်မယ်။
ဥပမာ – ကျန်းမာရေးနဲ့ e-Government ဘယ်လို့ အချိတ်အဆက်ရှိတယ်ဆိုတာကို ကျန်းမာရေးအတွက် e-Government ဟာ ဘယ်လောက်အထောက်ကူပြု နိုင်မယ်ဆိုတာ ကျန်းမာရေးဝန်ကြီးက တင်ပြလာမှ ကျွန်မတို့ အားလုံးက ဂဃနဏ သိမှာပါ။ ထိုနည်း၎င်းပဲ စိုက်ပျိုးရေးနဲ့ ပတ်သက်လို့ စိုက်ပျိုးရေးကို အခြေပြုတဲ့နိုင်ငံဖြစ်တဲ့အခါကျတော့ စိုက်ပျိုး ရေးကဏ္ဍ တိုးတက်အောင်၊ အောင်မြင်အောင်လို့ e-Government က ဘယ်လို အထောက် အကူပေးနိုင်မလဲ၊ ဘယ်လိုပုံစံနဲ့ချိတ်ဆက်နိုင်မလဲဆိုတာကို စိုက်ပျိုးရေး၊ မွေးမြူရေး နဲ့ ဆည်မြောင်းဝန်ကြီးဌာနက တင်ပြရမှာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ရဲ့ဌာနအတွက် အကျိုး အမြတ်တွေရှိနိုင်သလို ကိုယ်ရဲ့ ဌာနကလည်း e-Government အောင်မြင်ရေးအတွက် ပံ့ပိုးနိုင်မလား ဆိုတာကို ပွင့်ပွင့်လင်းလင်းတင်ပြကြပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံရင်းနဲ့ နိဂုံးချုပ်ပါတယ် ဟု ပြောကြားသည်။
ထို့နောက် ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက မြန်မာနိုင်ငံတွင် e-Government လုပ်ငန်းစဉ်များကို ၂ဝဝ၀ ပြည့်နှစ်မှစတင်ပြီး ကြိုးပမ်းအကောင်အထည်ဖော် ခဲ့ကြသော်လည်း အကြောင်းအမျိုးမျိုး၊ လိုအပ်ချက်အမျိုးမျိုးကြောင့် အရွေ့နှေးခဲ့သည်ကို အားလုံး အသိပင်ဖြစ်ပါကြောင်း၊ e – Government စနစ် တိုးတက်ကောင်းမွန်လာခြင်းသည် ဒီမိုကရေစီအစိုးရတစ်ရပ်အတွက် ပြည်သူလူထုက အစိုးရ၏ဆောင်ရွက်ချက်များကို ပိုမို ယုံကြည်လာပြီး ပြည်သူလူထုအားကိုးရသည့် အစိုးရတစ်ရပ် ဖြစ်လာမည်ဖြစ်ပါကြောင်း၊ e-Government စနစ် တည်ဆောက်သည့်အခါ ခေတ်မီဆန်းသစ်သည့် နည်းပညာများ တပ်ဆင်အသုံးပြုပြီး ဝန်ဆောင်မှုပေးရုံသာမက e-Government စနစ် အောင်မြင်မှုကို တိုင်းတာသည့်နေရာ၌ အဓိကအချက် (၂)ချက် ဖြစ်သည့် ပြည်သူလူထုအများစုသည် အစိုးရ၏ ပြည်သူ့ရေးရာ Online ဝန်ဆောင်မှုများကို ယုံယုံကြည်ကြည် အသုံးပြုလာကြရန်နှင့် ပြည်သူ လူထုအတွက် အမှန်တကယ် လိုအပ်သည့် Online ဝန်ဆောင်မှုများကို ဖန်တီးပေးနိုင်ရန် ဖြစ်ပါကြောင်း။
ထို့ကြောင့် e-Government လုပ်ငန်းစဉ်များကို ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက် သွားနိုင်ရန်အတွက် လိုအပ်သည့် မူဝါဒလမ်းစဉ်များကို ချမှတ်ပေးပြီး စနစ်တကျ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန် e-Government ဦးဆောင်ကော်မတီနှင့် အကောင်အထည်ဖော် ရေး လုပ်ငန်းကော်မတီများကို ဖွဲ့စည်းခဲ့ပြီး ဖြစ်ပါကြောင်း၊ e- Government စနစ် ရည်မှန်းချက် ပန်းတိုင်ရောက်ရှိနိုင်ရန် ကောင်းမွန်သော မဟာဗျူဟာနှင့် မူဝါဒများ၊ လုပ်ငန်းစဉ်မူဘောင်များ စနစ်တကျရေးဆွဲချမှတ်ပြီး အကောင်အထည်ဖော်ဆောင်နိုင်ရေးအတွက် အာရှဖွံ့ဖြိုးရေးဘဏ်၏ ငွေကြေးအထောက်အပံ့၊ အိန္ဒိယနိုင်ငံမှ Infosys Limited ၏ နည်းပညာကျွမ်းကျင်မှု အကူအညီ နှင့် မြန်မာနိုင်ငံရှိအစိုးရဌာနများ၊ ဝန်ကြီးဌာနများ၊ လုပ်ငန်းရှင်အဖွဲ့များ၊ သုတေသန အဖွဲ့ အစည်းများ၊ လုပ်ငန်းအေဂျင်စီများ၊ ပြည်တွင်း၊ ပြည်ပမှ e-Government နှင့် ICT နည်းပညာ ကျွမ်းကျင်သူပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်၍ ကမ္ဘာ့နိုင်ငံအသီးသီး၏ အတွေ့အကြုံ ကောင်းများနှင့် နှိုင်းယှဉ်လေ့လာကာ မြန်မာနိုင်ငံအတွက် e-Governance Master Plan ကို ရေးဆွဲခဲ့ပါကြောင်း၊ ၎င်း၏လုပ်ငန်းစဉ်များကို လေ့လာသုံးသပ်ပြီး ပထမဦးစားပေး ဆောင်ရွက် သွားရမည့် လုပ်ငန်းစဉ်များ၊ နှစ်တိုကာလ၊ အလယ်အလတ် အဆင့်ကာလနှင့် နှစ်ရှည်ကာလ အလိုက် ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များကို အောင်မြင်အောင် စီမံဆောင်ရွက်ကြရန် ပြောကြားလိုပါကြောင်း။
အကောင်အထည်ဖော် ဆောင်ရွက်သည့်အခါ အာဆီယံနိုင်ငံများအတွင်း ပူးပေါင်း အကောင်အထည်ဖေါ်ဆောင်လျက်ရှိသည့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များအရ မိမိတို့ နိုင်ငံအနေဖြင့် လိုက်ပါဆောင်ရွက်သွားကြရမည့်ကိစ္စများကိုလည်း မျက်ခြေမပြတ် လေ့လာပြီး အကောင်အထည်ဖော် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။
e-Government လုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် ပထမဦးဆုံး လိုအပ်ချက်မှာ မဟာဗျူဟာမြောက်ရေရှည်အမြင် (Strategic Vision) ချမှတ်ရေးပင် ဖြစ်ပါကြောင်း၊ အစိုးရဌာနများအကြား (Government to Government – G2G)၊ အစိုးရများ နှင့် လုပ်ငန်းရှင်များအကြား (Government to Business – G2B)နှင့် အစိုးရနှင့် ပြည်သူများ အကြား (Government to Citizen – G2C) အစရှိသည့် လုပ်ငန်းများကို အကောင်အထည် ဖော်ဆောင်ရာ၌ ပြည်သူများ အမှန်တကယ်လိုလားသည့် ဝန်ဆောင်မှု အမျိုးအစားများကို လေ့လာဆန်းစစ်ပြီးမှ ဦးစားပေးအကောင်အထည်ဖော်စေလိုပါကြောင်း၊ သို့မှသာ ပြည်သူများ အတွက် ထိရောက်သော အကျိုးသက်ရောက်မှုများ ရရှိလာနိုင်စေမှာ ဖြစ်ပြီး ကောင်းမွန်သော ပြည်သူ့ဝန်ဆောင်မှုများကို ပေးနိုင်သည့် ဝန်းကျင်တစ်ရပ်ကို ဖန်တီးလာနိုင်မည်ဖြစ်ပါကြောင်း။
အချို့လုပ်ငန်းစဉ်များကို အကောင်အထည်ဖေါ်ဆောင်ကြသည့်အခါတွင် ဌာနအချင်းချင်း သော်လည်းကောင်း၊ ဗဟိုရုံးများ၊ ပြည်ထောင်စုအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရ အဖွဲ့များနှင့်သော်လည်းကောင်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရမည့်ကိစ္စများ အများကြီး ရှိလာမည် ဖြစ်ပါကြောင်း၊ ထိုအချိန်တွင် ပြည်သူ့အကျိုးကိုသာ ရှေးရှုဆောင်ရွက်ကြရန် အရေးကြီးပါ ကြောင်း၊ တစ်ချို့လုပ်ငန်းများသည် ရေတိုအနေဖြင့် သိသာမြင်လွယ်သည့် အကျိုးရလဒ်ကို ချက်ချင်းမရရှိနိုင်သော်လည်း ရေရှည်ရလဒ်ကို မျှော်မှန်းပြီး လုပ်ဆောင်သွားရမည်ဖြစ်ပါ ကြောင်း၊ သက်ဆိုင်ရာအစိုးရ အဖွဲ့အစည်းများမှာ e-Government (သို့မဟုတ်) IT ဌာနခွဲများ ဖွဲ့စည်းပြီး သတ်သတ်မှတ်မှတ် တာဝန်ပေးအပ် ဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ်ပါ ကြောင်း၊ သို့မှသာ e-Government လုပ်ငန်းများကို စဉ်ဆက်မပြတ် လည်ပတ်အကောင် အထည် ဖော်ဆောင်နိုင်မည်ဖြစ်ပါကြောင်း။
ရည်ရွယ်ချက်နှင့် လုပ်ငန်းသဘောသဘာဝတူညီပြီး မျှဝေသုံးစွဲသွားနိုင်သည့် ICT အခြေခံ အဆောက်အဦများကို တစ်နေရာစီ၊ တစ်ခုချင်းစီ အကောင်အထည်ဖော်ကြမည့် အစား စုစည်းတည်ဆောက်ပြီး မျှဝေအသုံးပြုသွားခြင်းအားဖြင့် လုပ်ငန်းများ ပိုမိုလျင်မြန်လာမည်ဖြစ်ပြီး ပိုမိုထိရောက်ကောင်းမွန်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတကာမှာလည်း ယခုကဲ့သို့ဆောင်ရွက်နေသည် ကို လေ့လာတွေ့ရှိရမှာ ဖြစ်ပါကြောင်း။
e-Government ဝန်ဆောင်မှုများ ဖြန့်ဖြူးပေးရာတွင် ဆိုက်ဘာလုံခြုံရေးနှင့် သတင်း အချက်အလက်လုံခြုံရေးကို အထူးအလေးထား ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ သုံးစွဲသူပြည်သူများ၏ ကိုယ်ရေးအချက်အလက်များ လုံခြုံမှုရှိအောင် လုပ်ပေးနိုင်မှသာ e – Government ဝန်ဆောင်မှုများကို ယုံယုံကြည်ကြည်နှင့် လက်ခံသုံးစွဲလာကြမည်ဖြစ်ပါကြောင်း၊ ဆိုက်ဘာလုံခြုံရေးနှင့် သတင်းအချက်အလက် လုံခြုံရေးအတွက် လိုအပ်မည့်ဥပဒေများ၊ လုပ်ငန်းစဉ်များကို ရေးဆွဲတင်ပြပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် ပြောကြား လိုပါကြောင်း။
e-Government လုပ်ငန်းစဉ် အောင်မြင်ပါက အခြားပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး အစရှိသော ကဏ္ဍအသီးသီးကလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးပြီး နိုင်ငံများ၏ ပြည်သူ့ဝန်ဆောင်မှုများကို လေ့လာကြည့်လျှင် ထင်ထင်ရှားရှား မြင်ရမည်ဖြစ်ပါ ကြောင်း၊ မြန်မာနိုင်ငံတွင် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာပြီး လူနေမှုအဆင့်အတန်းများ မြင့်မား လာစေရန်၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန်၊ အစိုးရနှင့် ပြည်သူများအကြား ပွင့်လင်းမြင်သာပြီး သတင်းအချက်အလက်များ ဖလှယ်နိုင်ရန်၊ ပြည်သူများ လိုလားသည့် သတင်းအချက်အလက်များကို အချိန်နှင့် တပြေးညီ ဖြန့်ဖြူးပေးနိုင်ကြရန်အတွက် e-Government စနစ်ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ဦးဆောင်ကော်မတီ နာယက၏ မှာကြားချက်နှင့်အညီ အထူးအာရုံစူးစိုက်ပြီး ကြိုးပမ်းလုပ်ဆောင်သွားကြရန် ပြောကြားလိုပါကြောင်း၊ နိုင်ငံတော်က ချမှတ်ထားသော စီးပွားရေးမူဝါဒများနှင့် အညီ ရေးဆွဲ ထားရှိသည့် Master Plan တို့ကို အခြေခံပြီး ဆောင်ရွက်သင့်သည်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြကြရန်နှင့် အားလုံးပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း ပြောကြားသည်။
ယင်းနောက် e-Government ဦးဆောင်ကော်မတီ ဒုတိယဥက္ကဋ္ဌ (၁) ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက e-Government စနစ် တစ်ခု အောင်မြင်လာရန်အတွက် အခြေခံအဆောက် အဦများ၊ ကွန်ပြူတာစနစ်များ တည်ဆောက်တပ်ဆင်ရုံ၊ Web Page များ ဖန်တီးတည်ဆောက် ပေးရုံသာမက ပြည်သူများအတွက် အမှန်တကယ် အကျိုးရှိမည့် ဝန်ဆောင်မှုများကို စဉ်ဆက်မပြတ် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် လိုအပ်ပါကြောင်း၊ ဖွဲ့စည်းထားသည့် ကော်မတီအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ စီမံကိန်းများကို ရေတိုရေရှည် ကာလအပိုင်းအခြားအလိုက် သေချာစွာ စိစစ်ချမှတ်ဆောင်ရွက်ပြီး အဂတိတရားလျော့ချနိုင် ရေးနှင့် လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကို အထောက်အကူပြုစေမည့် ပြည်သူများအတွက် အမှန်တကယ် အကျိုးရှိမည့် ဝန်ဆောင်မှုများကို ဖြည့်ဆည်းပေးနိုင်မည့် e-Government စနစ် ကို အောင်မြင်စွာ အကောင် အထည်ဖော်ဆောင်သွားနိုင်ရန် ဝိုင်းဝန်းညှိနှိုင်းဆွေးနွေးပြီး ပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ် ပါကြောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ e-Government ဦးဆောင်ကော်မတီ ဒုတိယဥက္ကဋ္ဌ (၂) ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က တိုးတက်များပြားလာမည့် e-Government လုပ်ငန်းစဉ်များအား အမျိုးသား အဆင့်သို့ ဟန်ချက်ညီစွာ ပေါင်းစပ်အဆင့်မြှင့်တင်ပြီး နိုင်ငံသားများ ပိုမိုကောင်းမွန်သော အွန်လိုင်းဝန်ဆောင်မှုများ ပေးနိုင်ရန်အတွက် အမျိုးသားအဆင့် သတင်းအချက်အလက် ဗဟိုဌာနကြီးဖြစ်သော e-Government Integrated Data Center (e-GIDC)ကို ကိုရီးယားနိုင်ငံ EDCF ချေးငွေဖြင့် နေပြည်တော်တွင် တည်ဆောက်သွားနိုင်ရန် ဆောင်ရွက် လျက်ရှိရာ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးမှ သဘောတူခွင့်ပြုချက်ရရှိခဲ့သဖြင့် Feasibility Study Report တင်ပြခြင်း၊ Loan Agreement ရေးထိုးခြင်းတို့ ပြီးစီးပါက လုပ်ငန်း လည်ပတ်နိုင်သည်အထိ ၂၀၂၀ ခုနှစ် နှစ်ကုန်ပိုင်းတွင် စီမံကိန်းပြီးစီးအောင် စီမံဆောင်ရွက် လျက်ရှိပါကြောင်း စသဖြင့် e-Government လုပ်ငန်းစဉ်များကို အကျယ်တဝင့် ရှင်းလင်းတင်ပြ သည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ အသိပညာရှင်၊ အတတ်ပညာရှင်များက e-Government လုပ်ငန်းစဉ် များကို အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ချက်များနှင့် အကြံပြုချက်များကို ဆွေးနွေးတင်ပြကြရာ ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးကြသည်။
ယင်းနောက် e-Government ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက နိဂုံးချုပ် အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
အစည်းအဝေးသို့ e-Government ဦးဆောင်ကော်မတီဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စု ရာထူးဝန်ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် နာယက ဦးသောင်းတင် နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
(Unicode Version)