ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ဗီယက္နမ္ႏိုင္ငံသမၼတ မစၥတာ ထရမ္ဒုိင္ကြမ္ ႏွင့္ ေတြ႕ဆုံ
ဒါနန္း(ဗီယက္နမ္) ၉
အာဆီယံႏိုင္ငံေခါင္းေဆာင္မ်ားႏွင့္ အာရွ- ပစိဖိတ္ စီးပြားေရးပူးေပါင္းေဆာင္ရြက္ မႈ (ေအပက္) အဖဲြ႕၀င္ႏိုင္ငံေခါင္းေဆာင္မ်ား သီးသန္႔ေတြ႔ဆုံပဲြသုိ႔ တက္ေရာက္ရန္ ဗီယက္နမ္ႏိုင္ငံ ဒါနန္းၿမိဳ႕၌ ေရာက္ရွိေနသည့္ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ သည္ ဗီယက္နမ္ ဆိုရွယ္လစ္သမၼတႏိုင္ငံ သမၼတ မစၥတာ ထရမ္ ဒုိင္ကြမ္ႏွင့္ ယေန႔ ညေန ၆ နာရီတြင္ ဒါနန္းၿမိဳ႕ရွိ ဒါနန္း Administration Center ဧည့္ခန္းမ၌ ခင္မင္ရင္းႏွီးစြာေတြ႕ဆုံၾကသည္။
ေတြ႔ဆုံပဲြတြင္ ႏွစ္ႏို္င္ငံ အၾကားအစဥ္အလာအရတည္ရွိခဲ့သည့္ ခ်စ္ၾကည္ရင္းႏွီး သည့္ ဆက္ဆံေရးကုိပုိမိုတိုးျမွင့္ရန္၊ စီးပြားေရးႏွင့္ရင္းႏွီးျမွပ့္ႏွံမႈ က႑မ်ားပုိမိုပူးေပါင္း ေဆာင္ရြက္သြားရန္၊ ကုန္သြယ္ေရးတုိးျမွင့္ရန္ႏွင့္ စုိက္ပ်ိဳးေရးက႑ပိုမိုပူးေပါင္းေဆာင္ ရြက္ရန္၊ ေဒသတြင္းႏွင့္ ႏိုင္ငံတကာ ကိစၥရပ္မ်ားတြင္ ပူးေပါင္းေဆာင္ရြက္သြားရန္တုိ႔ကုိ ခင္မင္စြာရင္းႏွီးစြာေဆြးေႏြးၾကသည္။
ေတြ႕ဆုံပဲြသုိ႔ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ႏွင့္အတူ အမ်ိဳးသားလုံၿခံဳေရးဆုိင္ရာ အႀကံေပးပုဂၢိဳလ္ ဦးေသာင္းထြန္း၊ ႏိုင္ငံျခားေရး၀န္ႀကီးဌာန ဒုတိယ၀န္ႀကီး ဦးေက်ာ္တင္၊ သံအမတ္ႀကီး ဦးေက်ာ္စုိး၀င္းႏွင့္ တာ၀န္ရွိသူမ်ားတက္ေရာက္ၾကၿပီး ဗီယက္နမ္သမၼတႏွင့္ အတူ ဗီယက္နမ္အစုိးရအဖဲြ႕ရုံး၀န္ႀကီး မစၥတာ ဒါေအာ့ဗီယက္က်ံဳး၊ ႏိုင္ငံျခားေရး၀န္ႀကီးဌာန ဒုတိယ၀န္ႀကီး မစၥတာ ဒန္းဒင့္ကီြ၊ စီးပြားေရးႏွင့္ကူးသန္းေရာင္း၀ယ္ေရး၀န္ႀကီးဌာန ဒုတိယ ၀န္ႀကီး မစၥတာ ေဒါ့ထန္ဟုိင္ႏွင့္ တာ၀န္ရွိသူမ်ား တက္ေရာက္ၾကသည္။
zawgyi version
………………………………………………………………………….
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဗီယက်နမ်နိုင်ငံသမ္မတ မစ္စတာ ထရမ်ဒိုင်ကွမ် နှင့် တွေ့ဆုံ
ဒါနန်း(ဗီယက်နမ်) ၉
အာဆီယံနိုင်ငံခေါင်းဆောင်များနှင့် အာရှ- ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက် မှု (အေပက်) အဖွဲ့၀င်နိုင်ငံခေါင်းဆောင်များ သီးသန့်တွေ့ဆုံပွဲသို့ တက်ရောက်ရန် ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ ထရမ် ဒိုင်ကွမ်နှင့် ယနေ့ ညနေ ၆ နာရီတွင် ဒါနန်းမြို့ရှိ ဒါနန်း Administration Center ဧည့်ခန်းမ၌ ခင်မင်ရင်းနှီးစွာတွေ့ဆုံကြသည်။
တွေ့ဆုံပွဲတွင် နှစ်နိ်ုင်ငံ အကြားအစဉ်အလာအရတည်ရှိခဲ့သည့် ချစ်ကြည်ရင်းနှီး သည့် ဆက်ဆံရေးကိုပိုမိုတိုးမြှင့်ရန်၊ စီးပွားရေးနှင့်ရင်းနှီးမြှပ့်နှံမှု ကဏ္ဍများပိုမိုပူးပေါင်း ဆောင်ရွက်သွားရန်၊ ကုန်သွယ်ရေးတိုးမြှင့်ရန်နှင့် စိုက်ပျိုးရေးကဏ္ဍပိုမို ပူးပေါင်းဆောင် ရွက်ရန်၊ ဒေသတွင်းနှင့် နိုင်ငံတကာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်သွားရန်တို့ကို ခင်မင်စွာရင်းနှီးစွာ ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း၊ နိုင်ငံခြားရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်တင်၊ သံအမတ်ကြီး ဦးကျော်စိုး၀င်းနှင့် တာ၀န်ရှိသူများတက်ရောက်ကြပြီး ဗီယက်နမ်သမ္မတနှင့် အတူ ဗီယက်နမ်အစိုးရအဖွဲ့ရုံး၀န်ကြီး မစ္စတာ ဒါအော့ဗီယက်ကျုံး၊ နိုင်ငံခြားရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီး မစ္စတာ ဒန်းဒင့်ကွီ၊ စီးပွားရေးနှင့်ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာန ဒုတိယ ၀န်ကြီး မစ္စတာ ဒေါ့ထန်ဟိုင်နှင့် တာ၀န်ရှိသူများ တက်ရောက်ကြသည်။
unicode version