နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဗြိတိန်ဝန်ကြီးချုပ် မစ္စတာ ဘောရစ်ဂျွန်ဆင် ထံ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့
နေပြည်တော် ဇူလိုင် ၂၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထံမှ ဗြိတိန်နိုင်ငံ၏ ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင်နှင့် ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရသော မစ္စတာ ဘောရစ်ဂျွန်ဆင် ထံသို့ ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့ခဲ့သည်။