ေနျပည္ေတာ္ စက္တင္ဘာ ၁၀
ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္၊ ႏိုင္ငံျခားေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ေဒၚေအာင္ဆန္းစုၾကည္သည္ (၅၁)ႀကိမ္ေျမာက္ အာဆီယံေန႔အထိမ္းအမွတ္ အခမ္းအနားအျဖစ္ အာဆီယံေန႔လယ္စာစားပြဲကို ယေန႔မြန္းတည့္ (၁၂)နာရီတြင္ ေနျပည္ေတာ္ ရွိ M Gallery ဟိုတယ္၌ တည္ခင္းဧည့္ခံသည္။
အဆုိပါေန႔လယ္စာစားပြဲသုိ႔ အျပည္ျပည္ဆိုင္ရာပူးေပါင္းေဆာင္ရြက္ေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ဦးေက်ာ္တင္ႏွင့္ဇနီး၊ ရန္ကုန္ၿမိဳ႕ရွိ အာဆီယံအဖြဲ႕၀င္ႏိုင္ငံ သံ႐ုံးမ်ားမွ သံအမတ္ႀကီးမ်ားႏွင့္ ဇနီး /ခင္ပြန္းမ်ား တက္ေရာက္ၾကသည္။
အာဆီယံေန႔လယ္စာစားပြဲတြင္ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္၊ ႏိုင္ငံျခားေရး ၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ေဒၚေအာင္ဆန္းစုၾကည္၊ ျပည္ေထာင္စု၀န္ႀကီး ဦးေက်ာ္တင္ႏွင့္ အာဆီယံသံအမတ္ႀကီးမ်ားက အာဆီယံ၏လုပ္ငန္းေဆာင္ရြက္မႈမ်ားႏွင့္ အာဆီယံေရးရာ ကိစၥရပ္မ်ားကို ရင္းႏွီးပြင့္လင္းစြာ ေဆြးေႏြးၿပီး အျမင္ခ်င္းဖလွယ္ခဲ့ ၾကသည္။
အာဆီယံေန႔လယ္စာစားပြဲ မက်င္းပမီ အျပည္ျပည္ဆုိင္ရာပူးေပါင္းေဆာင္ရြက္ေရး ၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ဦးေက်ာ္တင္သည္ အာဆီယံသံအမတ္ႀကီးမ်ားႏွင့္ ေတြ႔ဆုံကာ ျမန္မာႏိုင္ငံ၏ ေနာက္ဆုံးျဖစ္ေပၚတုိးတက္မႈမ်ားကို ရွင္းလင္းအသိေပး ေျပာၾကားသည္။
ထို႔ေနာက္ ျပည္ေထာင္စု၀န္ႀကီးႏွင့္ သံအမတ္ႀကီးမ်ားသည္ ႏွစ္ႏို္င္ငံႏွင့္ အာဆီယံမူေဘာင္ ေအာက္တုိ႔မွ ဆက္ဆံေရးႏွင့္ပူးေပါင္းေဆာင္ရြက္မႈ တိုးျမႇင့္ေရးဆိုင္ရာ ကိစၥရပ္မ်ားအေပၚ အျမင္ခ်င္းဖလွယ္ခဲ့ၾကသည္။
Zawgyi Version
——————————————————————————————————–
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် အာဆီယံနေ့ အထိမ်းအမှတ် နေ့လယ်စာစားပွဲ တည်ခင်းဧည့်ခံ
နေပြည်တော် စက်တင်ဘာ ၁ဝ
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် သည် (၅၁)ကြိမ်မြောက် အာဆီယံနေ့အထိမ်းအမှတ် အခမ်းအနား အဖြစ် အာဆီယံနေ့လယ်စာစားပွဲကို ယနေ့မွန်းတည့် (၁၂)နာရီတွင် နေပြည်တော် ရှိ M Gallery ဟိုတယ်၌ တည်ခင်းဧည့်ခံသည်။
အဆိုပါနေ့လယ်စာစားပွဲသို့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့်ဇနီး၊ ရန်ကုန်မြို့ရှိ အာဆီယံအဖွဲ့ဝင်နိုင်ငံ သံရုံးများမှ သံအမတ်ကြီးများနှင့် ဇနီး /ခင်ပွန်းများ တက်ရောက်ကြသည်။
အာဆီယံနေ့လယ်စာစားပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် အာဆီယံသံအမတ်ကြီးများက အာဆီယံ၏လုပ်ငန်းဆောင်ရွက်မှုများ နှင့် အာဆီယံရေးရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးပြီး အမြင်ချင်းဖလှယ်ခဲ့ ကြသည်။
အာဆီယံနေ့လယ်စာစားပွဲ မကျင်းပမီ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် အာဆီယံသံအမတ်ကြီးများနှင့် တွေ့ဆုံကာ မြန်မာနိုင်ငံ၏ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများကို ရှင်းလင်းအသိပေး ပြောကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် သံအမတ်ကြီးများသည် နှစ်နိုင်ငံနှင့် အာဆီယံမူဘောင် အောက်တို့မှ ဆက်ဆံရေးနှင့်ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြသည်။
Unicode Version