၂၀၁၈ ခုႏွစ္၊ ႏုိ၀င္ဘာလ ၃ ရက္ေန႔တြင္ က်င္းပသည့္ ၾကားျဖတ္ေရြးေကာက္ပြဲ၌ မႏၱေလးတိုင္းေဒသႀကီး ရွမ္းတိုင္းရင္းသားေရးရာဝန္ႀကီးေနရာအတြက္ မဲဆႏၵရွင္ ရွမ္းတိုင္းရင္းသားမ်ား လာေရာက္မဲေပးၾကသည္ကို ေတြ႔ရစဥ္။
ဓာတ္ပံု ဘိုဘို မဇၥ်ိမ
မႏၱေလးတိုင္းေဒသႀကီးတြင္ ရွမ္းတိုင္းရင္းသားေရးရာဝန္ႀကီးေနရာအတြက္ ဝင္ေရာက္အေရြးခံသည့္ပါတီမ်ားမွာ ရွမ္းတိုင္းရင္းသားမ်ားဒီမိုကရက္တစ္ပါတီ၊ အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ုပ္ပါတီ၊ ျပည္ေထာင္စုႀကံ႕ခိုင္ေရး ႏွင့္ဖြ႔ံၿဖိဳးေရးပါတီ၊ ရွမ္းတိုင္းရင္းသားမ်ားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ႏွင့္ တစ္သီးပုဂၢလတို႔ျဖစ္သည္။
မႏၱေလးတုိင္းေဒသႀကီးတြင္ က်င္းပသည့္ ၾကားျဖတ္ေရြးေကာက္ပြဲ၌ ရွမ္းတိုင္းရင္းသားေရးရာေနရာအတြက္ မဲေပးခြင့္ရွိသူ ၄၂၄၇၄ ဦး ၊ သပိတ္က်င္းၿမိဳ႕နယ္ တိုင္းေဒသႀကီး လႊတ္ေတာ္ မဲဆႏၵနယ္အမွတ္ ( ၁ )ေနရာအတြက္ မဲေပးခြင့္ရွိသူ ၄၉၆၈၁ ဦး ႏွင့္ ျမင္းၿခံၿမိဳ႕ နယ္ျပည္သူလႊတ္ေတာ္ ေနရာအတြက္ မဲေပးခြင့္ရွိသူ ၂၂၁၈၆၅ ဦး ရွိသည္။ ျမင္းၿခံၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကုိယ္စားလွယ္ေနရာအတြက္ ၀င္ေရာက္ယွဥ္ၿပိဳင္မည့္ ကုိယ္စားလွယ္ေလာင္း ၄ ဦးအတြက္ မဲရုံ ၂၆၈ ရုံ၊ သပိတ္က်င္းၿမိဳ႕နယ္ တုိင္းေဒသႀကီးလႊတ္ေတာ္နယ္ေျမတြင္ ၀င္ေရာက္ ယွဥ္ၿပိဳင္မည့္ လႊတ္ေတာ္ကုိယ္စားလွယ္ ေလာင္း ခုနစ္ဦးအတြက္ မဲရုံ ၄၅ ရုံႏွင့္ ရွမ္းတုိင္းရင္းသား လူမ်ိဳးမဲဆႏၵနယ္ေျမတြင္ ၀င္ေရာက္ယွဥ္ၿပိဳင္မည့္ ကုိယ္စားလွယ္ေလာင္း ၅ ဦးအတြက္ မဲရုံ ၃၆၄ ရုံတုိ႔ ဖြင့္လွစ္၍ မဲေပးႏိုင္ရန္ေဆာင္ရြက္ခဲ့ေၾကာင္း သိရသည္။
(zawgyi version)
——————————————————————————————————————————
၂၀၁၈ ခုနှစ်၊ နို၀င်ဘာလ ၃ ရက်နေ့တွင် ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲ၌ မန္တလေးတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် မဲဆန္ဒရှင် ရှမ်းတိုင်းရင်းသားများ လာရောက်မဲပေးကြသည်ကို တွေ့ရစဉ်။
ဓာတ်ပုံ ဘိုဘို မဇ္စျိမ
မန္တလေးတိုင်းဒေသကြီးတွင် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် ဝင်ရောက်အရွေးခံသည့်ပါတီများမှာ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်နှင့် တစ်သီးပုဂ္ဂလတို့ဖြစ်သည်။
မန္တလေးတိုင်းဒေသကြီးတွင် ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲ၌ ရှမ်းတိုင်းရင်းသားရေးရာနေရာအတွက် မဲပေးခွင့်ရှိသူ ၄၂၄၇၄ ဦး ၊ သပိတ်ကျင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ်အမှတ် ( ၁ )နေရာအတွက် မဲပေးခွင့်ရှိသူ ၄၉၆၈၁ ဦး နှင့် မြင်းခြံမြို့ နယ်ပြည်သူလွှတ်တော် နေရာအတွက် မဲပေးခွင့်ရှိသူ ၂၂၁၈၆၅ ဦး ရှိသည်။ မြင်းခြံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာအတွက် ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၄ ဦးအတွက် မဲရုံ ၂၆၈ ရုံ၊ သပိတ်ကျင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်နယ်မြေတွင် ၀င်ရောက် ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ် လောင်း ခုနစ်ဦးအတွက် မဲရုံ ၄၅ ရုံနှင့် ရှမ်းတိုင်းရင်းသား လူမျိုးမဲဆန္ဒနယ်မြေတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၅ ဦးအတွက် မဲရုံ ၃၆၄ ရုံတို့ ဖွင့်လှစ်၍ မဲပေးနိုင်ရန်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
(unicode version)
Source # LocalNews #MizzimaNewsInBurmese