လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် မကြာမီ ကျင်းပတော့မည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၂၁ ရာစု ပင်လုံ အောင်မြင်ရန် နှင့် တိုင်းပြည်၏ ငြိမ်းချမ်း ရေးကဏ္ဍ၊ ဖွံ့ ဖြိုးကဏ္ဍများ တွင် တိုးတက်စေရန် ကျရာနေရာမှ ပါဝင်၍ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်ရင်သားလက်နက်ကိုင်များ ၊နိုင်ငံရေးပါတီများ ၊ ပြည်သူများနှင့် ပူး ပေါင်း ဆောင်ရွက် ကြရန် ပြည်ထောင်စု လွှတ်တော်နာယကက မန်းဝင်း ခိုင်သန်က တိုက်တွန်းပြောကြားခဲ့သည်။
နှစ်လကျြာ်ကာရပ်နားထားသည့် လွှတ်တော်ပုံမှန်အစည်းအဝေးများကို မေ ၁၈ ရက်က ပြန်လည်စတင် ကျင်းပ ခပြီး ပြည်ထောင်စု လွှတ်တော်ပုံမှန် အစည်းအဝေး ပထမနေ့ ကျင်းပစဉ် လွှတ်တော်နာယက မန်း ဝင်း ခိုင်သန်က ကိုယ်စားလှယ်များသို့ နှုတ်ခွန်းဆက် စကားပြောကြားရာ၌ ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
နာယကက “ဒီ ၂၁ ရာစ ပင်လုံဟာ ဖက်ဒရယ်ပြည်ထောင်စုထူထောင်တဲ့အခါ အခြေခံမူတွေ ချမှတ်နိုင်ဖို့နဲ့ ပြည်ထောင်စုကြီးကို အခိုင်မာဆုံး၊ အကောင်းဆုံး၊ အငြိမ်းချမ်းဆုံး ဖြစ်အောင် ဖော်ဆောင်ပေးမယ့် အရေးကြီး တဲ့ညီလာခံ ကြီးဖြစ်ပါတယ။် ဒါကြောင့် ဒီညီလာခံကြီး အောင်မြင်အောင် ဆောင်ရွက်နိုင်ဖို့ ဆိုရင် ပြည်ထောင်စု အစိုးရအဖွဲ့၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊နိုင်ငံရေးပါတီးများ ပါဝင် သည့် အဖွဲ့ နှင့် အရပ်ဘက်က အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များအနေနဲ့ မိမိတို့ကျရာ ကဏ္ဍအသီးသီးမှာ ပူးပေါင်းပါဝင်ပြီး ဆက်လက်လုပ်ဆောင်သွားကြရမှာ ဖြစ်ပါတယ် ” ဟု ပြည်ထောင်စုလွှတ်တော်သို့ တိုက်တွန်း ပြောကြားခြင်း ဖြစ်သည။်
ထြို့ပင်၂၀၁၆-၁၇ခ၊ု ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဖွံဖြိုးရေး ရန်ပုံငွေဖြင့် ဒေသဖွံ့ ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားသည့် ဆောင်ရွက်ချက်များ ကိုလည်း ကိုယ်စားလှယ်များအနေဖြင့် စောလျင်စွာ တင်ပြရန် လွှတ်တော်နာ ယကက တိုက်တွန်း ပြောကြားလိုက်ပြီး အဆိုပါရန်ပုံငွေဖြင့် ဆောင်ရွက်ထား သည့်မြိုနယ်ပေါင်း ၃၂၅မြိုနယ်အနက် ယခုအထိ၂၂၃မြိုန့ယ်မှ လုပ်ငန်းပြီးစီးကြောင်း တင်ပြခဲ့ပြီး ၁၀၃ မြို့နယ် တင် ပြရန် ကျန်နေသေးကြောင်း သတိပေး ပြောကြားခဲ့သည်။
ယခုကျင်ပမည့် ပဉ္စမ ပုံမှန် အစည်းအဝေး ကာလအတွင်း နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန် လည်ပေးပို့လာသော ဥပဒေဆိုင်ရာ အထောက်အကုပေးရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအပါအဝင် ပြည် ထောင်စု လွှတ်တော်မှာ ဆောင်ရွက်ဆဲ ကျန်ရှိတဲ့ ဥပဒေကြမ်းများကို ဆွေး နွေးအဆုံးအဖြတ်ရယူခြင်း၊ ၂၀၁၆ ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံး ဆိုင်ရာ သီးသန့်ရန်ပုံငွေမှခွဲဝေသုံးစွဲခဲ့သည့်ကိစ္စ ၊ အရှေ့တောင် အာရှ သဘာဝ ဘေးအ္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာစီမံကိန်းကို အကောင်အထည်ဖော်ရန် အတွက် ကမ္ဘာဘဏ်ထံမှ ချေးငွေ အမေရိကန်ဒေါ်လာ ၁၂၅ သန်း ချေးယူရန်ကိစ္စ ၊ အာရှဒေသ သစ်တောပူးပေါင်း ဆောင်ရွက်မှု အဖွဲ့ အစည်း တည်းထောင်ခြင်းဆိုင်ရာ သဘောတူစာချုပ်မှာ မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ထိုးရန် ကိစ္စများအပါအ၀င် ပြည်ထောင်စု အစိုးရအဖွဲ့ မှ ပေးပို့ ထားတဲ့ အစီရင်ခံစာများကို ဆွေးနွေး ခြင်း၊ အတည်ပြုခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သက်အောင်-ပုလဲ