ဒီဇင္ဘာ ၂ ရက္
ယေန႔နံနက္ ၇ နာရီတြင္ ရန္ကုန္တိုင္း မရမ္းကုန္းၿမိဳ႕နယ္၊ ကမၻာေအးဘုရားလမ္း၊ ျမကၽြန္းသာအေရွ႕ရင္ျပင္၌ ၂၁ ရာစုပင္လံုညီလာခံ လူထုႀကိဳဆို ေထာက္ခံပြဲ ၊ တိုင္းရင္းသားရိုးရာ အစားအစာႏွင့္ အသံုးအေဆာင္ ပစၥည္းမ်ား ေဈးေရာင္းပြဲေတာ္အခမ္းအနား က်င္းပခဲ့ရာ အဖြဲ ့ခ်ဳပ္ဗဟုိအလုပ္အမႈေဆာင္အဖြဲ ့အတြင္းေရးမႉးအဖြဲ ့ဝင္ ဦးဟံသာျမင့္ႏွင့္ ဗဟုိအလုပ္အမႈေဆာင္အဖြဲ ့ဝင္မ်ားတက္ေရာက္ခဲ့ၾကသည္။
အခမ္းအနားကို အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဗဟိုအလုပ္အမႈေဆာင္အဖြဲ ့ အတြင္းေရးမွဴးအဖြဲ႔ဝင္ ဦးဟံသာျမင့္၊ ျငိမ္းခ်မ္းေရးေကာ္မရွင္ဥကၠဌ ေဒါက္တာတင္မ်ိဳးဝင္း ၊ ျပည္ေထာင္စု တိုင္းရင္းသား လူမ်ိဳးမ်ားေရး ရာဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးလွေမာ္ဦး၊ ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္ ဥကၠ႒ ဦးတင္ေမာင္ထြန္း၊ ရန္ကုန္ၿမိဳ႕ေတာ္ဝန္ ဦးေမာင္ေမာင္စိုး၊ လူမႈေရးဝန္ႀကီး ဦးႏိုင္ငံလင္း တို႔က ဖဲႀကိဳးျဖတ္ ဖြင့္လွစ္ခဲ့ၾကၾကသည္။
အခမ္းအနားတြင္ ၿငိမ္းခ်မ္းေရးေကာ္မရွင္ ဥကၠ႒ ေဒါက္တာတင္မ်ိဳးဝင္းက အဖြင့္အမွာစကား ေျပာၾကားၿပီး ၿငိမ္းခ်မ္းေရး ခ်ိဳးျဖဴငွက္မ်ား လႊတ္တင္ကာ ေဈးပြဲေတာ္ဆိုင္ခန္းမ်ားကို လွည့္လည္ၾကည့္ရႈ ခဲ့ၾကသည္။
ယင္းအခမ္းအနားကို ျပည္ေထာင္စုတိုင္းရင္းသားမ်ား အားလံုးပါဝင္ေသာ ၂၁ ရာစု ပင္လံုညီလာခံႀကီး ေအာင္ျမင္စြာ က်င္းပႏိုင္ေရး ၊ တိုင္းရင္းသားျပည္သူ အားလံုး၏ လူေနမႈဘဝျမင့္မားေရး အတြက္ ျပည္တြင္းစစ္အၿပီးတိုင္ ခ်ဳပ္ၿငိမ္းေရး ၊ေတာင္ေပၚေျမျပန္႔ တိုင္းရင္းသားညီအစ္ကိုေမာင္ႏွမမ်ား အားလံုး တရားမွ်တ၍ တန္းတူအခြင့္အေရး မ်ားရရွိေရး ၊၂၁-ရာစု ပင္လံုညီလာခံႀကီးမွသည္ ၿငိမ္းခ်မ္း၍ တရားမွ်တေသာ ဖက္ဒရယ္ ျပည္ေထာင္စုႀကီးေပၚ ေပါက္လာေရး ဟူသည့္ ရည္ရြယ္ခ်က္ မ်ားျဖင့္ ေဆာင္ရြက္ျခင္းျဖစ္ၿပီး ေဈးေရာင္းပြဲေတာ္ကို ႏိုဝင္ဘာ ၃၀ ရက္မွ ဒီဇင္ဘာ ၂ ရက္ေန႔ အထိ ေရာင္းခ်သြားမည္ျဖစ္သည္။
ယင္းအခမ္းအနားသို႔ အဖြဲ ့ခ်ဳပ္ဗဟိုအလုပ္အမႈေဆာင္အဖြဲ ့ အတြင္းေရးမႉးအဖြဲ ့ဝင္ ဦးဟံသာျမင့္၊ ဗဟုိအလုပ္အမႈေဆာင္ အဖြဲ ့ဝင္မ်ားျဖစ္ၾကေသာ ေဒါက္တာေမဝင္းျမင့္ ႏွင့္ ေဒါက္တာမ်ိဳးၫြန္႔၊ ၿငိမ္းခ်မ္းေရးေကာ္မရွင္ ဥကၠ႒ေဒါက္တာတင္မ်ိဳးဝင္း ၊ျပည္ေထာင္စု တိုင္းရင္းသားလူမ်ိဳးမ်ား ေရးရာဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးလွေမာ္ဦး၊ ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္ ဥကၠ႒ ဦးတင္ေမာင္ထြန္း ၊ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕ ရန္ကုန္ၿမိဳ႕ေတာ္ဝန္ဦးေမာင္ေမာင္စိုး၊ လူမႈေရးဝန္ႀကီး ဦးႏိုင္ငံလင္း၊ အဖြဲ႔ခ်ဳပ္ အဖြဲ ့ဝင္မ်ားႏွင့္ ျပည္သူမ်ား တက္ေရာက္ခဲ့ၾကသည္။
NLD CIC
Zawgyi Version
————————————————————————————————————–
၂၁ ရာစုပင်လုံညီလာခံ လူထုကြိုဆိုထောက်ခံပွဲ ၊တိုင်းရင်းသားရိုးရာ အစားအစာနှင့် အသုံးအဆောင်ပစ္စည်းများ ဈေးပွဲတော် သို့ အဖွဲ ့ချုပ်ဗဟိုအလုပ်အမှုဆောင်များ တက်ရောက်
ဒီဇင်ဘာ ၂ ရက်
ယနေ့နံနက် ၇ နာရီတွင် ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်း၊ မြကျွန်းသာအရှေ့ရင်ပြင်၌ ၂၁ ရာစုပင်လုံညီလာခံ လူထုကြိုဆို ထောက်ခံပွဲ ၊ တိုင်းရင်းသားရိုးရာ အစားအစာနှင့် အသုံးအဆောင် ပစ္စည်းများ ဈေးရောင်းပွဲတော်အခမ်းအနား ကျင်းပခဲ့ရာ အဖွဲ ့ချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ ့အတွင်းရေးမှူးအဖွဲ ့ဝင် ဦးဟံသာမြင့် နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ ့ဝင်များတက်ရောက်ခဲ့ကြသည်။
အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဟံသာမြင့်၊ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဌ ဒေါက်တာတင်မျိုးဝင်း ၊ ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများရေး ရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှမော်ဦး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြကြသည်။
အခမ်းအနားတွင် ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက အဖွင့်အမှာစကား ပြောကြားပြီး ငြိမ်းချမ်းရေး ချိုးဖြူငှက်များ လွှတ်တင်ကာ ဈေးပွဲတော်ဆိုင်ခန်းများကို လှည့်လည်ကြည့်ရှု ခဲ့ကြသည်။
ယင်းအခမ်းအနားကို ပြည်ထောင်စုတိုင်းရင်းသားများ အားလုံးပါဝင်သော ၂၁ ရာစု ပင်လုံညီလာခံကြီး အောင်မြင်စွာ ကျင်းပနိုင်ရေး ၊ တိုင်းရင်းသားပြည်သူ အားလုံး၏ လူနေမှုဘဝမြင့်မားရေး အတွက် ပြည်တွင်းစစ်အပြီးတိုင် ချုပ်ငြိမ်းရေး ၊တောင်ပေါ်မြေပြန့် တိုင်းရင်းသားညီအစ်ကိုမောင်နှမများ အားလုံး တရားမျှတ၍ တန်းတူအခွင့်အရေး များရရှိရေး ၊၂၁-ရာစု ပင်လုံညီလာခံကြီးမှသည် ငြိမ်းချမ်း၍ တရားမျှတသော ဖက်ဒရယ် ပြည်ထောင်စုကြီးပေါ် ပေါက်လာရေး ဟူသည့် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ဈေးရောင်းပွဲတော်ကို နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင်ဘာ ၂ ရက်နေ့ အထိ ရောင်းချသွားမည်ဖြစ်သည်။
ယင်းအခမ်းအနားသို့ အဖွဲ ့ချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ ့ အတွင်းရေးမှူးအဖွဲ ့ဝင် ဦးဟံသာမြင့်၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ ့ဝင်များဖြစ်ကြသော ဒေါက်တာမေဝင်းမြင့် နှင့် ဒေါက်တာမျိုးညွန့်၊ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌဒေါက်တာတင်မျိုးဝင်း ၊ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှမော်ဦး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုး၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ အဖွဲ့ချုပ် အဖွဲ ့ဝင်များနှင့် ပြည်သူများ တက်ရောက်ခဲ့ကြသည်။
NLD CIC
Unicode Version