ေနျပည္ေတာ္ စက္တင္ဘာ ၃
ႏုိင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ကိုရီးယားသမၼတႏုိင္ငံ သမၼတ မစၥတာ မြန္ေဂ်အင္းတို႔သည္ ယေန႔ညေန ၄ နာရီတြင္ ႏုိင္ငံေတာ္သမၼတအိမ္ေတာ္ သံတမန္ေဆာင္ ဧည့္ခန္းမ၌ သီးသန္႔ေတြ႕ဆုံၾကသည္။
ထို႔ေနာက္ ျမန္မာ-ကုိရီးယားႏွစ္ႏုိင္ငံ ေတြ႕ဆုံေဆြးေႏြးပြဲကို ႏုိင္ငံေတာ္သမၼတအိမ္ေတာ္ရွိ အစည္းအေ၀းခန္းမ၌ က်င္းပရာ ႏုိင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ကိုရီးယား သမၼတႏုိင္ငံ သမၼတ မစၥတာ မြန္ေဂ်အင္းတို႔ တက္ေရာက္ေဆြးေႏြးၾကသည္။
ႏွစ္ႏုိင္ငံေတြ႕ဆုံေဆြးေႏြးပြဲတြင္ ႏွစ္ႏုိင္ငံျပည္သူအခ်င္းခ်င္း ထိေတြ႕ဆက္ဆံမႈ ပိုမိုတိုးျမွင့္ေရး၊ ႏွစ္ႏိုင္ငံအၾကား ယဥ္ေက်းမႈက႑၊ ပညာေရးက႑၊ ကုန္သြယ္မႈက႑၊ ရင္းႏွီးျမႇဳပ္ႏွံမႈက႑၊ အေျခခံအေဆာက္အဦ၊ စြမ္းအင္၊ ေငြေၾကးႏွင့္ ဘ႑ာေရးက႑မ်ားတြင္ ပိုမိုပူးေပါင္းေဆာင္ရြက္ သြားေရး၊ ျမန္မာႏုိင္ငံ၏ ေက်းလက္ေဒသဖြံ႕ၿဖိဳးေရးအတြက္ လယ္ယာက႑တြင္ အေတြ႕အႀကံဳႏွင့္ နည္းပညာမ်ား ဖလွယ္ျခင္းျဖင့္ ဆက္လက္အကူအညီေပးအပ္ေရး၊ ကိုရီးယားႏိုင္ငံမွ ျမန္မာႏိုင္ငံတြင္ လာေရာက္ရင္းႏွီးျမႇဳပ္ႏွံမႈ ျပဳလုပ္ရာတြင္ ပိုမိုလြယ္ကူေခ်ာေမြ႕ေစရန္အတြက္ ရန္ကုန္ၿမိဳ႕တြင္ သတင္းအခ်က္အလက္ စင္တာတစ္ခု တည္ေထာင္သြားေရး၊ သဘာ၀ပတ္၀န္းက်င္ႏွင့္ ဇီ၀မ်ိဳးစံုမ်ိဳးကြဲ ထိန္းသိမ္းေစာင့္ေရွာက္ေရးဆိုင္ရာ ပူးေပါင္းေဆာင္ရြက္ေရး၊ ခရီးသြားလုပ္ငန္း တိုးျမႇင့္ႏုိင္ေရး အတြက္ ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာ ၁ရက္က ဗီဇာကင္းလြတ္ခြင့္ျပဳခဲ့ၿပီးေနာက္ပိုင္း ကိုရီးယား ႏုိင္ငံမွ ခရီးသြားဧည့္သည္မ်ား သိသာစြာ တိုးျမင့္လာသည့္အတြက္ ကိုရီးယားခရီးသြားမ်ားအတြက္ ဗီဇာကင္းလြတ္ခြင့္ကို တစ္ႏွစ္ထပ္မံ သက္တမ္းတိုးျမွင့္ေပးခဲ့သည့္ ကိစၥရပ္မ်ား။
အာဆီယံ-ကိုရီးယား၊ အာဆီယံ- မဲေခါင္ ပူးေပါင္းေဆာင္ရြက္မႈ တိုးျမွင့္ေရးတြင္ ျမန္မာႏုိင္ငံက ပိုမိုတက္ၾကြစြာ အေထာက္ အကူျပဳေရး၊ ၂၀၁၉ ခုႏွစ္ ႏုိ၀င္ဘာလတြင္ ကိုရီးယားသမၼတႏုိင္ငံ ဘူဆန္ၿမိဳ႕၌ က်င္းပျပဳလုပ္မည့္ အာဆီယံ-ကိုရီးယား ေဆြးေႏြးဖက္၊ မိတ္ဖက္ဆက္ဆံမႈ ႏွစ္ ၃၀ ေျမာက္ ထိပ္သီးအစည္းအေ၀းႏွင့္ ကိုရီးယား-မဲေခါင္ ပူးေပါင္းေဆာင္ရြက္မႈ ပထမအႀကိမ္ ထိပ္သီးအစည္းအေ၀းသို႔ ျမန္မာႏုိင္ငံမွ ႏုိင္ငံေတာ္အဆင့္ ပါ၀င္တက္ေရာက္ေရး၊ ျမန္မာႏုိင္ငံႏွင့္ ပတ္သက္၍ ကိုရီးယားျပည္သူမ်ား ပိုမိုသိရွိလာေစေရးအတြက္ ဘူဆန္ၿမိဳ႕ရွိ အာဆီယံယဥ္ေက်းမႈ စင္တာတြင္ ကမၻာ့ယဥ္ေက်းမႈ အေမြအႏွစ္ စာရင္း၀င္ ပုဂံေဒသ၏ ယဥ္ေက်းမႈႏွင့္ သဘာ၀ ရႈခင္းမ်ားအား ဒစ္ဂ်စ္တယ္နည္းပညာ ျဖင့္ ပံုေဖာ္ျပသေရး၊ ရန္ကုန္ တကၠသိုလ္ ႏွစ္ ၁၀၀ ျပည့္အခမ္း အနားမ်ား က်င္းပရာတြင္ ကိုရီးယား ႏုိင္ငံမွ လိုအပ္သည့္ အကူအညီမ်ား ပါ၀င္ကူညီေရး၊ ရခုိင္ျပည္ နယ္ အေရးကိစၥႏွင့္ပတ္သက္၍ ျမန္မာအစိုးရ၏ ႀကိဳးပမ္းေဆာင္ရြက္မႈမ်ားကို ပါ၀င္အေထာက္ အကူျပဳႏုိင္ရန္အတြက္ ကိုရီးယား သမၼတႏုိင္ငံမွ အျပဳသေဘာ ေဆာင္သည့္ အကူအညီမ်ား ေပးအပ္ ေရး၊ ကိုရီးယား-ျမန္မာ စီးပြားေရး ပူးေပါင္းေဆာင္ရြက္မႈ စက္မႈဇုန္စီမံကိန္း(KMIC) ထူေထာင္ႏုိင္ေရး အတြက္ စတင္သည့္ အထိမ္း အမွတ္အခမ္းအနားကို ရန္ကုန္ၿမိဳ႕တြင္ က်င္းပျပဳလုပ္မည့္ကိစၥ၊ ႏွစ္ႏိုင္ငံ သေဘာတူညီခ်က္ႏွင့္အညီ ကိုရီးယားႏုိင္ငံတြင္ အလုပ္လုပ္ကိုင္ႏုိင္ေရးအတြက္ ျမန္မာ အလုပ္သမားမ်ား တိုးျမွင့္ေခၚယူႏုိင္ေရး ကိစၥရပ္မ်ားႏွင့္ စပ္လ်ဥ္း၍ ေဆြးေႏြးၾကသည္။
ေတြ႕ဆုံေဆြးေႏြးပြဲသို႔ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ႏွင့္အတူ ျပည္ေထာင္စုဝန္ႀကီးမ်ား ျဖစ္ၾကသည့္ ဦးေက်ာ္တင့္ေဆြ၊ ေဒါက္တာေဖျမင့္၊ ဦးမင္းသူ၊ ဦးသန္႔စင္ေမာင္၊ ေဒါက္တာသန္းျမင့္၊ ေဒါက္တာမ်ိဳးသိမ္းႀကီး၊ ဦးစိုး၀င္း၊ ဦးေသာင္းထြန္းႏွင့္ ဦးေက်ာ္တင္၊ ကုိရီးယားသမၼတႏိုင္ငံဆိုင္ရာ ျမန္မာႏိုင္ငံသံအမတ္ႀကီး ဦးသန္႔စင္ႏွင့္ တာဝန္ရွိသူမ်ားတက္ေရာက္ၾကၿပီး ဧည့္သည္ေတာ္ ကုိရီးယားသမၼတႏိုင္ငံ သမၼတ ဦးေဆာင္သည့္ ကိုယ္စားလွယ္အဖြဲ႕ႏွင့္အတူ ျမန္မာႏိုင္ငံဆိုင္ရာ ကုိရီးယားသမၼတႏိုင္ငံ သံအမတ္ႀကီး Mr.Lee Sang-Hwa လည္း တက္ေရာက္သည္။
ေဆြးေႏြးပြဲအၿပီးတြင္ ႏုိင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ႏွင့္ ကိုရီးယားသမၼတႏုိင္ငံ သမၼတတို႔သည္ ျမန္မာ-ကုိရီးယား ႏွစ္ႏုိင္ငံနားလည္မႈစာခၽြန္လႊာ လက္မွတ္ေရးထုိးပြဲႏွင့္ စာခ်ဳပ္လဲလွယ္ပြဲသို႔ တက္ေရာက္ၾကသည္။
အဆိုပါ လက္မွတ္ေရးထိုးပြဲႏွင့္ စာခ်ဳပ္လဲလွယ္ပြဲတြင္ ႏုိင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ႏွင့္ ကိုရီးယားသမၼတႏုိင္ငံ သမၼတတို႔ေရွ႕ေမွာက္၌ ၂၀၁၈ခုႏွစ္မွ ၂၀၂၂ ခုႏွစ္အထိ စီးပြားေရးဖြံ႕ၿဖိဳး တိုးတက္ေရးဆိုင္ရာ ပူးေပါင္းေဆာင္ရြက္မႈအတြက္ ေခ်းေငြဆိုင္ရာမူေဘာင္သေဘာတူညီခ်က္ကို ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏုိင္ငံျခားစီးပြားဆက္သြယ္ေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ဦးေသာင္းထြန္းႏွင့္ ကိုရီးယားသမၼတႏုိင္ငံ ႏိုင္ငံျခားေရး၀န္ႀကီး Ms.Kang Kyung-wha တို႔ကလည္းေကာင္း၊ ကုန္သြယ္ ေရးႏွင့္ စက္မႈဆိုင္ရာ ပူးေပါင္းေဆာင္ရြက္ေရး နားလည္မႈစာခၽြန္လႊာႏွင့္ ကိုရီးယားႏိုင္ငံမွ ျမန္မာႏိုင္ငံ၌ လာေရာက္ ရင္းႏွီးျမႇဳပ္ႏွံမႈ ျပဳလုပ္ရာတြင္ ပိုမိုလြယ္ကူေခ်ာေမြ႕ေစရန္အတြက္ ရန္ကုန္ၿမိဳ႕တြင္ သတင္းအခ်က္အလက္စင္တာတစ္ခု တည္ေထာင္ေရးဆိုင္ရာ နားလည္မႈစာခၽြန္လႊာ တို႔ကို စီးပြားေရးႏွင့္ကူးသန္း ေရာင္း၀ယ္ေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ေဒါက္တာသန္းျမင့္ႏွင့္ ကိုရီးယားသမၼတႏုိင္ငံ ကုန္သြယ္ေရး၀န္ႀကီး Ms.Yoo Myung-hee တို႔ကလည္းေကာင္း လက္မွတ္ ေရးထိုးၾကၿပီး အျပန္အလွန္လဲလွယ္ၾကသည္။
ထုိ႔ေနာက္ သေဘၤာလိုင္း၊ သေဘၤာက်င္း အဆင့္ျမႇင့္တင္ေရး၊ ေထာက္ပံ့ပို႔ေဆာင္ေရး၊ ဆိပ္ကမ္းတည္ေဆာက္ေရးႏွင့္ စီမံခန္႔ခြဲေရးကိစၥရပ္မ်ားတြင္ ပူးေပါင္း ေဆာင္ရြက္မႈနားလည္မႈ စာခၽြန္လႊာကို ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ဦးသန္႔စင္ေမာင္ႏွင့္ ျမန္မာႏိုင္ငံဆိုင္ရာ ကုိရီးယားသမၼတႏိုင္ငံ သံအမတ္ႀကီး Mr. Lee Sang-Hwa တို႔ကလည္းေကာင္း၊ သိပၸံႏွင့္ နည္းပညာဆိုင္ရာ ပူးေပါင္းေဆာင္ရြက္ေရးနားလည္မႈစာခၽြန္လႊာကို ပညာေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ေဒါက္တာမ်ဳိးသိမ္းႀကီးႏွင့္ ျမန္မာႏိုင္ငံဆိုင္ရာ ကုိရီးယားသမၼတႏိုင္ငံ သံအမတ္ႀကီး Mr. Lee Sang-Hwa တို႔ကလည္းေကာင္း၊ ထြန္းသစ္စလုပ္ငန္းမ်ားႏွင့္ တီထြင္ ဆန္းသစ္ျခင္းနယ္ပယ္တြင္ ပူးေပါင္းေဆာင္ရြက္ေရး နားလည္မႈစာခၽြန္လႊာကို စက္မႈ၀န္ႀကီးဌာန အၿမဲတမ္းအတြင္း၀န္ ဦးကိုကိုလြင္ႏွင့္ ျမန္မာႏိုင္ငံဆိုင္ရာ ကုိရီးယားသမၼတႏိုင္ငံ သံအမတ္ႀကီး Mr. Lee Sang-Hwa တို႔ကလည္းေကာင္း အျပန္အလွန္လဲလွယ္ၾကသည္။
ယင္းေနာက္ ကုိရီးယားသမၼတႏုိင္ငံမွ ပညာေရး၀န္ႀကီးဌာနအတြက္ ေပးအပ္လွဴဒါန္းသည့္ ေက်ာင္းကား အစီး (၆၀) ကို ကုိရီးယားသမၼတႏုိင္ငံ ႏုိင္ငံျခားေရး၀န္ႀကီးက ပညာေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီးထံ လႊဲေျပာင္းေပးအပ္သည္။
ယင္းေနာက္ ႏုိင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ႏွင့္ ကိုရီးယားသမၼတႏုိင္ငံ သမၼတတို႔သည္ ႏုိင္ငံေတာ္သမၼတအိမ္ေတာ္၌ က်င္းပသည့္ ႏွစ္ႏုိင္ငံ ပူးတြဲသတင္းစာရွင္းလင္းပြဲသို႔ တက္ေရာက္ ၾကသည္။
သတင္းစာရွင္းလင္းပြဲတြင္ ႏုိင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ယေန႔ေဆြးေႏြးပြဲတြင္ သေဘာတူညီခ်က္ႏွင့္ နားလည္မႈစာခၽြန္လႊာမ်ား လက္မွတ္ေရးထုိးႏုိင္မႈ အေျခအေန၊ ကိုရီးယား ခရီးသြားမ်ား ပိုမို၀င္ေရာက္လာသည့္အတြက္ ဗီဇာကင္းလြတ္ခြင့္ သက္တမ္း တစ္ႏွစ္ ထပ္မံတိုးျမွင့္ေပးခဲ့မႈအေျခအေန၊ ကိုရီးယားသမၼတႏုိင္ငံ၏ ကိုရီးယားကၽြန္းဆြယ္ ၿငိမ္းခ်မ္းေရးအတြက္ ႀကိဳးပမ္းေဆာင္ရြက္ေနမႈကို ႀကိဳဆိုေထာက္ခံမႈႏွင့္ ပညာေရး၀န္ႀကီးဌာနသို႔ ေက်ာင္းကား အစီး ၆၀ ေပးအပ္လွဴဒါန္းမႈအတြက္ ေက်းဇူးတင္ရွိေၾကာင္း ေျပာၾကားသည္။
ဆက္လက္၍ ကိုရီးယားသမၼတႏုိင္ငံ သမၼတ မစၥတာ မြန္ေဂ်အင္းက ကိုရီးယားသမၼတႏုိင္ငံႏွင့္ ျမန္မာႏုိင္ငံတို႔ ဒီမိုကေရစီႀကိဳးပမ္းေဆာင္ရြက္သည့္ သမိုင္းေၾကာင္းတူညီမႈ၊ ကိုရီးယားစစ္ပြဲအၿပီး ျမန္မာႏုိင္ငံမွ ဆန္ကူညီေပးအပ္ခဲ့မႈအေပၚ ေက်းဇူတင္ရွိမႈ၊ ျမန္မာႏုိင္ငံ၏ အေျခခံအေဆာက္အအံုမ်ား ဖြံ႕ၿဖိဳးတုိးတက္ေရးအတြက္ ကူညီေပးသြားမည့္ အေျခအေနမ်ား၊ ႏွစ္ႏုိင္ငံ ကုန္သြယ္မႈ တိုးျမွင့္ေရး အတြက္ ဆက္လက္ပူးေပါင္းေဆာင္ရြက္သြားမည့္ ကိစၥရပ္မ်ား၊ ကိုရီးယား-ျမန္မာ စီးပြားေရး ပူးေပါင္းေဆာင္ရြက္မႈ စက္မႈဇုန္စီမံကိန္းတြင္ ကိုရီးယားစီးပြားေရးလုပ္ငန္းမ်ား ပိုမိုရင္းႏွီး ျမွဳပ္ႏွံလာေစရန္ တိုက္တြန္းေပးသြားမည့္ အေျခအေနမ်ား ႏွင့္ စပ္လ်ဥ္း၍ ေျပာၾကားသည္။
ႏွစ္ႏုိင္ငံ ပူးတြဲသတင္းစာရွင္းလင္းပြဲ အၿပီးတြင္ ႏုိင္ငံေတာ္၏အတုိင္ပင္ခံပုဂၢိဳလ္ႏွင့္ ကိုရီးယား သမၼတႏုိင္ငံ သမၼတတို႔သည္ ကိုရီးယားသမၼတႏုိင္ငံမွ ပညာေရး၀န္ႀကီးဌာနသို႔ လွဴဒါန္းသည့္ ေက်ာင္းကားမ်ားကို ၾကည့္ရႈၾကသည္။
(Zawgyi Version)
—————————————————————————————————————————-
မြန်မာ- ကိုရီးယားနှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲကျင်းပ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကိုရီးယားသမ္မတနိုင်ငံ သမ္မတ မစ္စတာ မွန်ဂျေအင်းတို့ တက်ရောက်ဆွေးနွေး
နေပြည်တော် စက်တင်ဘာ ၃
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကိုရီးယားသမ္မတနိုင်ငံ သမ္မတ မစ္စတာ မွန်ဂျေအင်းတို့သည် ယနေ့ညနေ ၄ နာရီတွင် နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ သီးသန့်တွေ့ဆုံကြသည်။
ထို့နောက် မြန်မာ- ကိုရီးယားနှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲကို နိုင်ငံတော်သမ္မတအိမ်တော်ရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကိုရီးယား သမ္မတနိုင်ငံ သမ္မတ မစ္စတာ မွန်ဂျေအင်းတို့ တက်ရောက်ဆွေးနွေးကြသည်။
နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲတွင် နှစ်နိုင်ငံပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု ပိုမိုတိုးမြှင့်ရေး၊ နှစ်နိုင်ငံအကြား ယဉ်ကျေးမှုကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ကုန်သွယ်မှုကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ အခြေခံအဆောက်အဦ၊ စွမ်းအင်၊ ငွေကြေးနှင့် ဘဏ္ဍာရေးကဏ္ဍများတွင် ပိုမိုပူးပေါင်းဆောင်ရွက် သွားရေး၊ မြန်မာနိုင်ငံ၏ ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် လယ်ယာကဏ္ဍတွင် အတွေ့အကြုံနှင့် နည်းပညာများ ဖလှယ်ခြင်းဖြင့် ဆက်လက်အကူအညီပေးအပ်ရေး၊ ကိုရီးယားနိုင်ငံမှ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရာတွင် ပိုမိုလွယ်ကူချောမွေ့စေရန်အတွက် ရန်ကုန်မြို့တွင် သတင်းအချက်အလက် စင်တာတစ်ခု တည်ထောင်သွားရေး၊ သဘာဝပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ ခရီးသွားလုပ်ငန်း တိုးမြှင့်နိုင်ရေး အတွက် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ရက်က ဗီဇာကင်းလွတ်ခွင့်ပြုခဲ့ပြီးနောက်ပိုင်း ကိုရီးယား နိုင်ငံမှ ခရီးသွားဧည့်သည်များ သိသာစွာ တိုးမြင့်လာသည့်အတွက် ကိုရီးယားခရီးသွားများအတွက် ဗီဇာကင်းလွတ်ခွင့်ကို တစ်နှစ်ထပ်မံ သက်တမ်းတိုးမြှင့်ပေးခဲ့သည့် ကိစ္စရပ်များ။
အာဆီယံ-ကိုရီးယား၊ အာဆီယံ- မဲခေါင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးတွင် မြန်မာနိုင်ငံက ပိုမိုတက်ကြွစွာ အထောက် အကူပြုရေး၊ ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် ကိုရီးယားသမ္မတနိုင်ငံ ဘူဆန်မြို့၌ ကျင်းပပြုလုပ်မည့် အာဆီယံ-ကိုရီးယား ဆွေးနွေးဖက်၊ မိတ်ဖက်ဆက်ဆံမှု နှစ် ၃၀ မြောက် ထိပ်သီးအစည်းအဝေးနှင့် ကိုရီးယား-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ပထမအကြိမ် ထိပ်သီးအစည်းအဝေးသို့ မြန်မာနိုင်ငံမှ နိုင်ငံတော်အဆင့် ပါဝင်တက်ရောက်ရေး၊ မြန်မာနိုင်ငံနှင့် ပတ်သက်၍ ကိုရီးယားပြည်သူများ ပိုမိုသိရှိလာစေရေးအတွက် ဘူဆန်မြို့ရှိ အာဆီယံယဉ်ကျေးမှု စင်တာတွင် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင် ပုဂံဒေသ၏ ယဉ်ကျေးမှုနှင့် သဘာ၀ ရှုခင်းများအား ဒစ်ဂျစ်တယ်နည်းပညာ ဖြင့် ပုံဖော်ပြသရေး၊ ရန်ကုန် တက္ကသိုလ် နှစ် ၁၀၀ ပြည့်အခမ်း အနားများ ကျင်းပရာတွင် ကိုရီးယား နိုင်ငံမှ လိုအပ်သည့် အကူအညီများ ပါဝင်ကူညီရေး၊ ရခိုင်ပြည် နယ် အရေးကိစ္စနှင့်ပတ်သက်၍ မြန်မာအစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုများကို ပါဝင်အထောက် အကူပြုနိုင်ရန်အတွက် ကိုရီးယား သမ္မတနိုင်ငံမှ အပြုသဘော ဆောင်သည့် အကူအညီများ ပေးအပ် ရေး၊ ကိုရီးယား-မြန်မာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု စက်မှုဇုန်စီမံကိန်း(KMIC) ထူထောင်နိုင်ရေး အတွက် စတင်သည့် အထိမ်း အမှတ်အခမ်းအနားကို ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်မည့်ကိစ္စ၊ နှစ်နိုင်ငံ သဘောတူညီချက်နှင့်အညီ ကိုရီးယားနိုင်ငံတွင် အလုပ်လုပ်ကိုင်နိုင်ရေးအတွက် မြန်မာ အလုပ်သမားများ တိုးမြှင့်ခေါ်ယူနိုင်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးကျော်တင့်ဆွေ၊ ဒေါက်တာဖေမြင့်၊ ဦးမင်းသူ၊ ဦးသန့်စင်မောင်၊ ဒေါက်တာသန်းမြင့်၊ ဒေါက်တာမျိုးသိမ်းကြီး၊ ဦးစိုးဝင်း၊ ဦးသောင်းထွန်းနှင့် ဦးကျော်တင်၊ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသန့်စင်နှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ဧည့်သည်တော် ကိုရီးယားသမ္မတနိုင်ငံ သမ္မတ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး Mr.Lee Sang-Hwa လည်း တက်ရောက်သည်။
ဆွေးနွေးပွဲအပြီးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကိုရီးယားသမ္မတနိုင်ငံ သမ္မတတို့သည် မြန်မာ-ကိုရီးယား နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲနှင့် စာချုပ်လဲလှယ်ပွဲသို့ တက်ရောက်ကြသည်။
အဆိုပါ လက်မှတ်ရေးထိုးပွဲနှင့် စာချုပ်လဲလှယ်ပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကိုရီးယားသမ္မတနိုင်ငံ သမ္မတတို့ရှေ့မှောက်၌ ၂၀၁၈ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက် ချေးငွေဆိုင်ရာမူဘောင်သဘောတူညီချက်ကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့် ကိုရီးယားသမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Ms.Kang Kyung-wha တို့ကလည်းကောင်း၊ ကုန်သွယ် ရေးနှင့် စက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာနှင့် ကိုရီးယားနိုင်ငံမှ မြန်မာနိုင်ငံ၌ လာရောက် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရာတွင် ပိုမိုလွယ်ကူချောမွေ့စေရန်အတွက် ရန်ကုန်မြို့တွင် သတင်းအချက်အလက်စင်တာတစ်ခု တည်ထောင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ တို့ကို စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် ကိုရီးယားသမ္မတနိုင်ငံ ကုန်သွယ်ရေးဝန်ကြီး Ms.Yoo Myung-hee တို့ကလည်းကောင်း လက်မှတ် ရေးထိုးကြပြီး အပြန်အလှန်လဲလှယ်ကြသည်။
ထို့နောက် သင်္ဘောလိုင်း၊ သင်္ဘောကျင်း အဆင့်မြှင့်တင်ရေး၊ ထောက်ပံ့ပို့ဆောင်ရေး၊ ဆိပ်ကမ်းတည်ဆောက်ရေးနှင့် စီမံခန့်ခွဲရေးကိစ္စရပ်များတွင် ပူးပေါင်း ဆောင်ရွက်မှုနားလည်မှု စာချွန်လွှာကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး Mr. Lee Sang-Hwa တို့ကလည်းကောင်း၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနားလည်မှုစာချွန်လွှာကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး Mr. Lee Sang-Hwa တို့ကလည်းကောင်း၊ ထွန်းသစ်စလုပ်ငန်းများနှင့် တီထွင် ဆန်းသစ်ခြင်းနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာကို စက်မှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကိုကိုလွင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး Mr. Lee Sang-Hwa တို့ကလည်းကောင်း အပြန်အလှန်လဲလှယ်ကြသည်။
ယင်းနောက် ကိုရီးယားသမ္မတနိုင်ငံမှ ပညာရေးဝန်ကြီးဌာနအတွက် ပေးအပ်လှူဒါန်းသည့် ကျောင်းကား အစီး (၆၀) ကို ကိုရီးယားသမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးက ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံ လွှဲပြောင်းပေးအပ်သည်။
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကိုရီးယားသမ္မတနိုင်ငံ သမ္မတတို့သည် နိုင်ငံတော်သမ္မတအိမ်တော်၌ ကျင်းပသည့် နှစ်နိုင်ငံ ပူးတွဲသတင်းစာရှင်းလင်းပွဲသို့ တက်ရောက် ကြသည်။
သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ဆွေးနွေးပွဲတွင် သဘောတူညီချက်နှင့် နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးနိုင်မှုအခြေအနေ၊ ကိုရီးယား ခရီးသွားများ ပိုမိုဝင်ရောက်လာသည့်အတွက် ဗီဇာကင်းလွတ်ခွင့် သက်တမ်း တစ်နှစ် ထပ်မံတိုးမြှင့်ပေးခဲ့မှုအခြေအနေ၊ ကိုရီးယားသမ္မတနိုင်ငံ၏ ကိုရီးယားကျွန်းဆွယ်ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုကို ကြိုဆိုထောက်ခံမှုနှင့် ပညာရေးဝန်ကြီးဌာနသို့ ကျောင်းကား အစီး ၆၀ ပေးအပ်လှူဒါန်းမှုအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။
ဆက်လက်၍ ကိုရီးယားသမ္မတနိုင်ငံ သမ္မတ မစ္စတာ မွန်ဂျေအင်းက ကိုရီးယားသမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံတို့ ဒီမိုကရေစီကြိုးပမ်းဆောင်ရွက်သည့် သမိုင်းကြောင်းတူညီမှု၊ ကိုရီးယားစစ်ပွဲအပြီး မြန်မာနိုင်ငံမှ ဆန်ကူညီပေးအပ်ခဲ့မှုအပေါ် ကျေးဇူတင်ရှိမှု၊ မြန်မာနိုင်ငံ၏ အခြေခံအဆောက်အအုံ များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီပေးသွားမည့် အခြေအနေများ၊ နှစ်နိုင်ငံ ကုန်သွယ်မှု တိုးမြှင့်ရေးအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များ၊ ကိုရီးယား-မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု စက်မှုဇုန်စီမံကိန်းတွင် ကိုရီးယားစီးပွားရေးလုပ်ငန်းများ ပိုမိုရင်းနှီး မြှုပ်နှံလာစေရန် တိုက်တွန်းပေးသွားမည့် အခြေအနေများ နှင့် စပ်လျဉ်း၍ ပြောကြားသည်။
နှစ်နိုင်ငံ ပူးတွဲသတင်းစာရှင်းလင်းပွဲ အပြီးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကိုရီးယား သမ္မတနိုင်ငံ သမ္မတတို့သည် ကိုရီးယားသမ္မတနိုင်ငံမှ ပညာရေးဝန်ကြီးဌာနသို့ လှူဒါန်းသည့် ကျောင်းကားများကို ကြည့်ရှုကြသည်။
(Unicode Version)
Crd#Myanmar State Counsellor Office