ပြည်မြို့ ၊ စက်တင်ဘာလ (၄) ရက်
(zawgyi version)
—————————————————————————————————————
ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းမှ ပြည်မြို့နယ်အတွင်းရှိ ရေဘေးရှောင်ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများ ပေးလှူ
ပြည်မြို့ ၊ စက်တင်ဘာလ (၄) ရက်
ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ် ဇီးအုပ်အုပ်စု မတောင့်တကျေးရွာ ရေဘေးရှောင်ပြည်သူ အိမ်ထောင်စု ၉၇ အိမ်ထောင်စုအတွက် ထောက်ပံ့ပစ္စည်းများကို ရေဘေးရှောင်စခန်း ဘုရားကြီးဘုရား ဓမ္မာရုံတွင် ပေးအပ်လှူဒါန်းခဲ့သည်။
ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းမှ
ရှေးဦးစွာ ဘုရားကြီးဘုရားကျောင်း ဆရာတော်အတွက် သဃ်န်း ၃ စုံနှင့် ဇီးအုပ်ကျောင်း ဆရာတော်အတွက် သဃ်န်း ၂ စုံတို့ကို ဆက်ကပ်လှူဒါန်းခဲ့ပြီးနောက် ကြက်ခြေနီတပ်ဖွဲ့အတွက် ဆေးမျိုးစုံပါ ဆေးပုံး ၂ ပုံးတို့ကို ပေးအပ်လှူဒါန်းခဲ့သည်။
ဆက်လက်ပြီး ရေဘေးရှောင်ပြည်သူများအတွက် အိမ်ထောင်စု တစ်စုလျှင် ဆန် ၅ ပြီ၊ ရေသန့် ၆ လီတာ(ကြီး ၁ +သေး ၁) ၊ ဆီ ၁ ပိသာ ၅၀ သား၊ ငါးသေတ္တာ ၄ ဗူး၊ ဝါးလားလားးခေါက်ဆွဲခြောက် ၁၊ Happy ဘီစကစ် ၈ ထုပ်၊ ကော်ဖီ+မောမစ် အကြီး ၂ ထုပ် အသေး ၄ ထုပ်၊ ဆပ်ပြာ ၁ ဗူး၊ မုန့်ပေါင်းစုံ ထုပ်ကြီး ၂ ထုပ်၊ ငါပိ ၁ ထုပ်တို့ကို ပေးလှူဒါန်းခဲ့ပါသည်။
(unicode version)
#Bago Infomation Committee NLD