အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် – ဗဟိုအမျိုးသမီးလုပ်ငန်းကော်မတီ ၏ – အမျိုးသမီး နှင့် နိုင်ငံရေး ( သင်ရိုးညွှန်းတမ်းနှင့် စွမ်းရည်မြှင့်သင်တန်း ) အပတ်စဉ် (၂) ကို ယနေ့စတင် ဖွင့်လှစ်ပါသည်။ သင်တန်းဖွင့်ပွဲ သို့ ဗဟိုအမျိုးသမီးလုပ်ငန်းကော်မတီ ဥက္ကဌ – ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် – ဒေါက်တာမေဝင်းမြင့် မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ၂၀၁၉ – နိုဝင်ဘာလ (၁၅) ရက် မှ (၂၀) ရက်နေ့ အထိ သင်တန်းကာလ (၆) ရက်ကြာမြင့်မည်ဖြစ်ပြီး ပြည်နယ်တိုင်း (၁၄) ခု အမျိုးသမီးလုပ်ငန်း ကော်မတီ ဝင် (၄၀) ဦး တက်ရောက်လျက်ရှိပါသည်။ အဆိုပါ သင်တန်း တက်ရောက်ပြီးပါက သက်ဆိုင်ရာ ပြည် နယ် တိုင်းများ အတွင်း ဆင့်ပွါး နိုင်ငံရေး သင်တန်းများ ဆက်လက် ပို့ချ သွားကြရမည်ဖြစ်သည်။
(unicode version)
————————————————————————————————–
အမိ်ဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ – ဗဟိုအမို်းသမီးလုပ္ငန္းေကာ္မတီ၏ – အမိ်ဳးသမီး နွင့္ နိုင္ငံေရး ( သင္ရိုညႊန္းတမ္းနွင့္ စြမ္းရည္ျမွင့္သင္တန္း ) အပတ္စဥ္ (၂) ကို ယေန႔စတင္ ဖြင့္လွစ္ပါသည္။ သင္တန္းဖြင့္ပဲြသို႔ ဗဟိုအမိ်ဳးသမီးလုပ္ငန္းေကာ္မတီ ဥကၠဌ – ဗဟိုအလုပ္အမႈေဆာင္အဖဲြ႔ဝင္ – ေဒါက္တာေမဝင္းျမင့္ မွ အဖြင့္အမွာစကားေျပာၾကားခဲ့ပါသည္။ ၂၀၁၉ – နိုဝင္ဘာလ (၁၅) ရက္ မွ (၂၀) ရက္ေန႔အထိ သင္တန္းကာလ (၆) ရက္ၾကာျမင့္မည္ျဖစ္ျပီး ျပည္နယ္တိုင္း (၁၄) ခု အမိ်ဳးသမီးလုပ္ငန္း ေကာ္မတီ ဝင္ (၄၀) ဦး တက္ေရာက္လ်က္ရိွပါသည္။ အဆိုပါ သင္တန္း တက္ေရာက္ျပီးပါက သက္ဆိုင္ရာ ျပည္နယ္/တိုင္းမ်ား အတြင္း ဆင့္ပြါး နိုင္ငံေရး သင္တန္းမ်ား ဆက္လက္ ပို႔ခ် သြားၾကရမည္ျဖစ္သည္။
(zawgyi version)