#(2-5.12.2019)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုလူငယ်လုပ်ငန်းအဖွဲ့ နှင့် ဗဟိုလူငယ်ဦးဆောင်အဖွဲ့ ကိုယ်စားလှယ်(၆)ဦး သည်ဂျပန်နိုင်ငံသို့ (၅) ရက်ကြာ သွားရောက်လေ့လာခဲ့သည်။
ထိုခရီးစဉ်တွင် ဂျပန်နိုင်ငံရှိ ထင်ရှားသော နေရာများ၊ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းရှင်းများ၏ ကူညီထောက်ပံ့ရေးအဖွဲ့ မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (JICA) မှတာဝန်ရှိပုဂ္ဂိုလ်များ ၊ (JMA) ဥက္ကဌ Mr.Watanabe ဦးဆောင်သော ဂျပန်-မြန်မာ ချစ်ကြည်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် အသီးသီးတွေ့ဆုံဆွေးနွေးခဲ့သည်။
လေ့လာရေးခရီးစဉ်အပြီး နှုတ်ဆက် ညစာစားပွဲတွင် (JMA)ဥက္ကဌ Mr.Watanabe ၊ ဂျပန်နိုင်ငံအစိုးရ၏ မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် Mr.Sasakawa တို့နှင့်အတူ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး U Myint Thu လည်းတက်ချီးမြှင့်ခဲ့ရာ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်များကို အပြန်အလှန်ဆွေးနွေးခဲ့သည်။
(unicode version)
——————————————————————————————————————————————-
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုလူငယ်လုပ်ငန်းအဖွဲ့ ဂျပန်နိုင်ငံသို့ လေ့လာရေးခရီးစဉ်
#(2-5.12.2019)
………………………………………………