၁၉ ဇူလိုင်လ ၂၀၂၀ တနင်္ဂနွေနေ့
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူး၍ ဘုရားအမှူးရှိ သံဃာတော်အရှင်သူမြတ်(၅)ပါးအား ကော့မှူးမြို့နယ်အဖွဲ့ချုပ်ရုံး၌ အာရုံဆွမ်းဆက်ကပ်လှူဒါန်းပြီး အာဇာနည်ခေါင်းဆောင်ကြီးများအတွက် ရေစက် သွန်းချ အမျှပေးဝေခဲ့ကြသည်။ ဆက်လက်ပြီး မြို့နယ်ဥက္ကဌ၊ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့၊ တိုင်းဒေသကြီး(၁) လွှတ်တော်ကိုယ်စား လှယ်၊ အမျိုးသမီးလုပ်ငန်းကော်မတီ၊ လူငယ်လုပ်ငန်းအဖွဲ့တို့မှ ကော့မှူးမြို့ ဗိုလ်ချုပ်ပန်းခြံရှိ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ရှေ့တွင် လွမ်းသူ့ပန်းခွေချအလေးပြုခဲ့ကြသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကော့မှူးမြို့နယ်ရုံး၌ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးချိန်နံနက်(၁၀း၃၇)မိနစ်တွင် ရုံးရှေ့မြက်ခင်းပြင်၌ နိုင်ငံတော်အလံ၊ အဖွဲ့ချုပ်အလံများအား ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တိုင် ဝက် လွှင့်ထူ အလေးပြုခဲ့ကြသည်။
(unicode)
——————————————————————————————————————–
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကော့မှူးမြို့နယ် အဖွဲ့ချုပ်ရုံး၌ အာရုံဆွမ်းဆက်ကပ်လှူဒါန်းပြီး အာဇာနည်ခေါင်းဆောင်ကြီးများအတွက် ရေစက်သွန်းချ အမျှပေးဝေ
(zawgyi)
#nldygn.org