အမ်ဳိးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဗဟိုအလုပ္အမႈေဆာင္၊ ဗဟိုျပန္ၾကားေရး ေကာ္မတီ ဥကၠ႒ ဦးဥာဏ္ဝင္းႏွင့္ လြတ္လပ္သည့္ အာရွအသံ (RFA) ေတြ႕ဆံုေမးျမန္းခန္းကို ၾသဂုတ္ ၃၁ရက္ ညပိုင္း RFA သတင္းဌာန၏ ေဖ့စ္ဘြတ္ စာမ်က္ႏွာတြင္ ေဖာ္ျပထားသည္။
ယင္းေတြ႕ဆံုေမးျမန္းခန္းတြင္ ဦးဥာဏ္ဝင္းက ရခိုင္ျပည္နယ္အေရးနဲ႔ ပတ္သက္ၿပီး ဒီဥစၥာက အင္မတန္ အႏၲရာယ္ႀကီးတဲ့ကိစၥျဖစ္ေၾကာင္း၊ ရခိုင္ ျပည္နယ္မွာ အခုလိုဘဂၤါလီေတြ လာေရာက္ၿပီးအလုပ္လုပ္ေနထိုင္ၿပီး ေနာက္ပိုင္းမွာ ေနထိုင္တဲ့အဆင့္ကေန ေနာက္တစ္ဆင့္တက္ၿပီးေတာ့ အၾကမ္းဖက္မႈေတြလုပ္လာေၾကာင္း၊ တပ္မေတာ္ကိုဝင္တိုက္၊ ရဲကိုဝင္တိုက္ တာေတြက ေစာ္ကားမႈျဖစ္ေၾကာင္းေျပာဆိုခဲ့သည္။ ဆက္လက္ၿပီး ”႐ိုဟင္ဂ်ာ ဆိုတာ တိုင္းရင္းသားလူမ်ဳိးတစ္မ်ဳိးလို႔ သူတို႔ ဒီလိုအဆိုျပဳေနၾကတယ္၊ အဲဒါ လံုးဝမမွန္ဘူး၊ မမွန္ဘူးဆိုတာ ကြၽန္ေတာ္ တို႔စိတ္ထဲရွိတဲ့ ခံစားခ်က္နဲ႔ ေျပာေန တာမဟုတ္ဘူး၊ ကြၽန္ေတာ္တို႔လည္း ဖတ္ပါတယ္၊ ရွာေဖြၿပီးဖတ္ပါတယ္၊
႐ိုဟင္ဂ်ာဆိုတဲ့ပုဂၢိဳလ္တစ္ေယာက္ေရးတဲ့စာအုပ္ေတြလည္း ကြၽန္ေတာ္တို႔ ကို လာျပပါတယ္၊ ကၽြန္ေတာ္အေသအခ်ာဖတ္ၾကည့္တယ္၊ သမိုင္း အေထာက္ အထား မရွိဘူး။ စိတ္ကူးနဲ႔သမိုင္းကို ဆက္သြယ္ၿပီးေတာ့ ေျပာတာပဲရွိတယ္၊
ေနာက္တစ္ခုက လူတိုင္း ေတြ႕ဖူးၾကမယ္ထင္ပါတယ္၊ ဒီဘဂၤလီေတြ ကြၽန္ေတာ္ တို႔လို မ်က္ႏွာမ်ဳိး ဒီလိုအသား အေရာင္မ်ဳိး ကြၽန္ေတာ္တို႔ ဗမာျပည္မွာ ဘယ္ေနရာမွမရွိဘူး၊ ဒါအခ်ိန္မေရြး ၾကည့္လို႔ရတဲ့ကိစၥ။ အဲ့ဒါေၾကာင့္ ႐ိုဟင္ ဂ်ာလို႔ေခၚတာကေတာ့ တမင္တကာ ကြၽန္ေတာ္တို႔ရဲ႕ ျပည္တြင္းေရးကို အခ်ဳပ္အျခာအာဏာကို ထိပါးေစတဲ့ အသံုး အႏႈန္းလို႔အဲဒီလိုပဲျမင္ပါတယ္” ဟု ေျပာၾကားခဲ့သည္။
unicode version
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်၊ ဗဟိုပြန်ကြားရေး ကော်မတီ ဥက္ကဋ္ဌ ဦးဥာဏ်ဝင်းနှင့် လွတ်လပ်သည့် အာရှအသံ (RFA) တွေ့ဆုံမေးမြန်းခန်းကို သြဂုတ် ၃၁ရက် ညပိုင်း RFA သတင်းဌာန၏ ဖေ့စ်ဘွတ် စာမျက်နှာတွင် ဖော်ပြထားသည်။
ယင်းတွေ့ဆုံမေးမြန်းခန်းတွင် ဦးဥာဏ်ဝင်းက ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး ဒီဥစ္စာက အင်မတန် အန္တရာယ်ကြီးတဲ့ကိစ္စဖြစ်ကြောင်း၊ ရခိုင် ပြည်နယ်မှာ အခုလိုဘင်္ဂါလီတွေ လာရောက်ပြီးအလုပ်လုပ်နေထိုင်ပြီး နောက်ပိုင်းမှာ နေထိုင်တဲ့အဆင့်ကနေ နောက်တစ်ဆင့်တက်ပြီးတော့ အကြမ်းဖက်မှုတွေလုပ်လာကြောင်း၊ တပ်မတော်ကိုဝင်တိုက်၊ ရဲကိုဝင်တိုက် တာတွေက စော်ကားမှုဖြစ်ကြောင်းပြောဆိုခဲ့သည်။ ဆက်လက်ပြီး ”ရိုဟင်ဂျာ ဆိုတာ တိုင်းရင်းသားလူမျိုးတစ်မျိုးလို့ သူတို့ ဒီလိုအဆိုပြုနေကြတယ်၊ အဲဒါ လုံးဝမမှန်ဘူး၊ မမှန်ဘူးဆိုတာ ကျွန်တော် တို့စိတ်ထဲရှိတဲ့ ခံစားချက်နဲ့ ပြောနေ တာမဟုတ်ဘူး၊ ကျွန်တော်တို့လည်း ဖတ်ပါတယ်၊ ရှာဖွေပြီးဖတ်ပါတယ်၊
ရိုဟင်ဂျာဆိုတဲ့ပုဂ္ဂိုလ်တစ်ယောက်ရေးတဲ့စာအုပ်တွေလည်း ကျွန်တော်တို့ ကို လာပြပါတယ်၊ ကျွန်တော်အသေအချာဖတ်ကြည့်တယ်၊ သမိုင်း အထောက် အထား မရှိဘူး။ စိတ်ကူးနဲ့သမိုင်းကို ဆက်သွယ်ပြီးတော့ ပြောတာပဲရှိတယ်၊
နောက်တစ်ခုက လူတိုင်း တွေ့ဖူးကြမယ်ထင်ပါတယ်၊ ဒီဘင်္ဂလီတွေ ကျွန်တော် တို့လို မျက်နှာမျိုး ဒီလိုအသား အရောင်မျိုး ကျွန်တော်တို့ ဗမာပြည်မှာ ဘယ်နေရာမှမရှိဘူး၊ ဒါအချိန်မရွေး ကြည့်လို့ရတဲ့ကိစ္စ။ အဲ့ဒါကြောင့် ရိုဟင် ဂျာလို့ခေါ်တာကတော့ တမင်တကာ ကျွန်တော်တို့ရဲ့ ပြည်တွင်းရေးကို အချုပ်အခြာအာဏာကို ထိပါးစေတဲ့ အသုံး အနှုန်းလို့အဲဒီလိုပဲမြင်ပါတယ်” ဟု ပြောကြားခဲ့သည်။