အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ဥကၠ႒ေဟာင္း ဦးေအာင္ေ႐ႊကြယ္လြန္ျခင္း တစ္လျပည့္အထိမ္းအမွတ္ ဆြမ္းဆက္ကပ္လႉဒါန္းျခင္း အခမ္းအနားကို ယေန႔ ၂၀၁၇ စက္တင္ဘာလ ၁၂ ရက္ေန႔ နံနက္ ၁၀ နာရီက အဖြဲ႔ခ်ဳပ္ ဌာနခ်ဳပ္ခန္းမတြင္က်င္းပခဲ့ပါသည္။ ၎အခမ္းအနားသို႔ သဘာပတိအဖြဲ႕ဝင္ ဦးလွေဖ၊ အဖြဲ႕ခ်ဳပ္ဗဟိုအလုပ္အမႈေဆာင္မ်ားျဖစ္ၾကေသာ ဦးဝင္းျမင့္၊ ဦးဉာဏ္ဝင္း၊ ဦးဟံသာျမင့္၊ ဦးအုန္းႀကိဳင္၊ ေဒါက္တာေမဝင္းျမင့္၊ ဦးေအာင္စိုး၊ ေဒါက္တာမ်ိဳးၫြန႔္၊ ဦးၿဖိဳးမင္းသိန္းတို႔ႏွင့္ ဌာနခ်ဳပ္မွတာဝန္ရွိသူမ်ား၊ အဖြဲ႕ဝင္မ်ားတက္ေရာက္ၾကပါသည္။ အခမ္းအနားတြင္ ပ႑ိတာရာမေ႐ႊတာင္ကုန္းသာသနာ့ရိပ္သာ မဟာနာယက ဘီးလင္း ဆရာေတာ္ဘုရားႀကီး အမွဴးျပဳေသာ သံဃာေတာ္ ၅ ပါးကို ဆြမ္းဆက္ကပ္လွဴဒါန္းျခင္း၊ သကၤန္းပရိကၡရာမ်ားလွဴဒါန္းျခင္းတို႔ ျပဳလုပ္ခဲ့ၿပီး ဆရာေတာ္ဘုရားႀကီးမွ ဆြမ္းအႏုေမာဒနာတရားေတာ္ ခ်ီးျမႇင့္ခဲ့ပါသည္။
Unicode Version
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဟောင်း ဦးအောင်ရွှေကွယ်လွန်ခြင်း တစ်လပြည့် အထိမ်းအမှတ် ဆွမ်းဆက်ကပ် လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ ၂၀၁၇ စက်တင်ဘာလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီက အဖွဲ့ချုပ် ဌာနချုပ်ခန်းမ တွင်ကျင်းပ ခဲ့ပါသည်။ ၄င်းအခမ်းအနားသို့ သဘာပတိအဖွဲ့ဝင် ဦးလှဖေ၊အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသော ဦးဝင်းမြင့်၊ ဦးဉာဏ်ဝင်း၊ ဦးဟံသာမြင့်၊ ဦးအုန်းကြိုင်၊ ဒေါက်တာမေဝင်းမြင့်၊ ဦးအောင်စိုး၊ဒေါက်တာမျိုးညွန့်၊ ဦးဖြိုးမင်းသိန်းတို့နှင့် ဌာနချုပ်မှတာဝန်ရှိသူများ၊ အဖွဲ့ဝင်များတက်ရောက်ကြပါသည်။ အခမ်းအနားတွင် ပဏ္ဍိတာရာမရွှေတာင်ကုန်းသာသနာ့ရိပ်သာ မဟာနာယက ဘီးလင်း ဆရာတော်ဘုရားကြီးအမှူးပြုသော သံဃာတော် ၅ ပါးကို ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ သင်္ကန်းပရိက္ခရာများ လှူဒါန်းခြင်းတို့ပြုလုပ်ခဲ့ပြီး ဆရာတော်ဘုရားကြီးမှ ဆွမ်း အနုမောဒနာ တရားတော်ချီးမြှင့်ခဲ့ပါသည်။