၅.၆.၂၀၁၇
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှုးအဖွဲ့ဝင်ဦးဝင်းထိန်နှင့်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မွန်ပြည်နယ် လွတ်တော်ကိုယ်စားလှယ်များ-ပြည်နယ်-ခရိုင်-မြို့နယ် အလုပ်အမှုဆောင်များ နှင့် တွေ့ဆုံပွဲကို မော်လမြိုင်မြို့ ရှိ Royal Hinthar ဟိုတယ်တွင် နံနက် ၉း၀၀ နာရီတွင်ကျင်းပခဲ့ ပါသည်။
အဖွင့်နှုတ်ခွန်းဆက်ကို မွန်ပြည်နယ်ဥက္ကဋ္ဌ ဒေါက်တာခင်ဆောင် မှပြောကြားပြီးနောက် မွန်ပြည်နယ် ၀န်ကြီးချုပ်ဒေါက်တာအေးဇံ မှ နုတ်ခွန်းဆက်အမှာစကားပြောကြားပြီး၊ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ ငြိမ်းချမ်းရေးကော်မရှင်အဖွဲဝင်၊ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု့  ပူးတွဲကော်မတီ (UPJDC) မြေယာသံယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ကဏ္ဍဆိုင်ရာ ကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးအောင်စိုးမှ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ၂၁ရာစုပင်လုံ ဒုတိယ အစည်းအဝေး အတွေအကြုံ များရှင်းလင်းတင်ပြဆွေးနွေးပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့အတွင်းရေးမှုးအဖွဲ့ဝင်ဦးဝင်းထိန်မှ လက်ရှိ အဖွဲ့ ချုပ်၏ ဆောင်ရွှက်မှု့  များနှင့်  ပါတီ +လွှတ်တော်+အစိုး ပူးပေါင်းပြီးပြည်သူလူထု အကျိုးစီးပွါးကို စနစ်တကျဆောင်ရွက်နိုင်ဖို့ ကြိုးစားဆောင်ရွက်ရန်နှင့်၊ လွတ်တော်ကိုယ်စားလှယ်များ အနေဖြင့် မိမိမဲဆန္ဒနယ်များသို့ အမြဲတမ်းသွားရောက်ပြီး ဒေသခံများ၏ အကြိုးစီးပွါးကို ထိထိရောက်ဆောင်ရွက်ရန် အတွက် လူထုနှင့်တွေ့ဆုံရန် ကိစ္စများအား ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများမှ ဆွေးနွေး မေးမြန်းချက်များကို အတွင်းရေးမှုး အဖွဲ့ဝင်ဦးဝင်းထိန်နှင့် ဦးအောင်စီုး၊ မွန်ပြည်နယ် ၀န်ကြီးချုပ် ဒေါက်တာအေးဇံ၊ ပြည်နယ်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာခင်ဆောင် နှင့်  ဦးမောင်ဦးတို့ မှ ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြပြီး အတွင်းရေးမှုး အဖွဲ့ဝင် ဦးဝင်းထိန်မှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ ပါသည်။
အဆိုပါတွေဆုံပွဲသို့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှုးအဖွဲ့ဝင် ဦးဝင်းထိန်၊ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲဝင် ဦးအောင်စိုး၊ ဗဟိုကော်မတီဝင် ဦးမောင်မောင်ဦး၊ မွန်ပြည်နယ်အဖွဲ့ ချုပ် ဥက္ကဋ္ဌ ဒေါက်တာခင်ဆောင်နှင့် ပြည်နယ်၊ခရိုင်၊မြို့နယ်၊အလုပ်အမှု့ဆောင်များ၊၊ မွန်ပြည်နယ် ၀န်ကြီးချုပ်ဒေါက်တာအေးဇံ ၊မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိ ၊အစိုးရ အဖွဲ့ဝင် လူမှု့ရေးဝန်ကြီးDr.ထိန်လင်း၊ စိုက်မွေး၊ ပိုဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဋ္ဌေး၊ လျှပ်စစ်၊ စက်မှု့ဝန်ကြီး မင်းထင်အောင်ဟန်၊ ပအိုဝ်းတိုင်းရင်းသားရေးရာ ၀န်ကြီးဒေါ်စံဝင့်ခိုင်၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး စောအောင်မြင့်ခိုင်၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးရွှေမြင့် တို့  တက်ရောက်ခဲ့ကြပါသည်။