တစ္ႏွစ္လွ်င္ သင္တန္းသားဦးေရ (၆၀၀)ဦးကို သင္ၾကားပို႔ခ်ႏိုင္ရန္ ကနဦးရည္ရြယ္ထားၿပီး အမ်ိဳးသမီးမ်ား၊ မသန္စြမ္းသူမ်ားႏွင့္ အျခားလိုအပ္ခ်က္ရွိေနသူမ်ားအတြက္ပါ အေလးထားေဆာင္ရြက္မည့္ စု အသက္ေမြးဝမ္းေက်ာင္းသိပၸံ (ေတာင္ဒဂံု)ကို အမွတ္၁(က)၊ ေဇယ်ာျမင့္လမ္း၊ ၅၄-ရပ္ကြက္၊ ေတာင္ဒဂံုျမိဳ႕နယ္၊ ရန္ကုန္ျမိဳ႕တြင္ တည္ေဆာက္ႏိုင္ရန္ ေျမသန္႔စင္ ပႏၷက္တင္မဂၤလာ အခမ္းနားကို ၂၀၁၉ခုႏွစ္၊ ဧျပီလ (၇)ရက္ နံနက္(၁၀)နာရီတြင္က်င္းပခဲ့ပါသည္။
စု အသက္ေမြးဝမ္းေက်ာင္းသိပၸံ ‘ေတာင္ဒဂံု’ ေက်ာင္း ေပၚေပါက္လာႏိုင္ေရးအတြက္ ပညာေရး ကြန္ယက္ (အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္)က အဓိကႀကိဳးပမ္းေနျခင္းျဖစ္ျပီး ကိုရီးယားျမန္မာ ဆုိရွယ္အင္တာပရိုက္ကကူညီ ေပးမည္ျဖစ္သည္။ စုအသက္ေမြးဝမ္းေက်ာင္းသိပၸံ(ေတာင္ဒဂံု) တည္ေထာင္လိုျခင္း၏ ရည္ရြယ္ခ်က္မွာလူငယ္မ်ား အသက္ေမြးဝမ္းေက်ာင္း ပညာရပ္မ်ားကို ကၽြမ္းက်င္တတ္ေျမာက္ေစေရး၊ ျမန္မာႏိုင္ငံ၏ ဖြံျဖိဳးတိုးတက္ေရးကို အေထာက္အကူျဖစ္ေစႏိုင္ေရးႏွင့္ ကိုရီးယားျမန္မာႏွစ္ႏိုင္ငံအၾကား ျပည္သူမ်ားအခ်င္းခ်င္း ခ်စ္ခင္ရင္းႏွီးမွဳမ်ား တိုးတက္ ခိုင္ၿမဲေစေရး တို႔အတြက္ ျဖစ္သည္။
စု အသက္ေမြးဝမ္းေက်ာင္းသိပၸံ (ေတာင္ဒဂံု)တြင္ သင္ၾကားေပးမည့္ဘာသာရပ္မ်ားမွာ (၁)ေမာ္ေတာ္ယာဥ္ ျပဳျပင္ထိန္္းသိမ္းေရးလုပ္ငန္း (၂) အိုင္တီနည္းပညာႏွင့္ လက္ကိုင္ဖုန္းနည္းပညာ သင္တန္း (၃)ဘာသာစကားႏွင့္ ယဥ္ေက်းမွဳသင္တန္း (၄)အထည္ခ်ဳပ္ကၽြမ္းက်င္မႈ သင္တန္းတို႔ ျဖစ္ၾကသည္။ သင္တန္းေက်ာင္းကိုစီမံအုပ္ခ်ဳပ္ရာတြင္ ပညာေရးကြန္ယက္ (အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္)က ျပည္တြင္းျပည္ပပညာေရးအဖြဲ႔မ်ားႏွင့္ ပူးေပါင္းေဆာင္ရြက္သြားရန္ ရည္ရြယ္ထားသည္ဟု သိရပါသည္။
စု အသက္ေမြးဝမ္းေက်ာင္းသိပၸံေတာင္ဒဂံုေက်ာင္း တည္ေဆာက္ႏိုင္ျခင္းအတြက္ ေျမသန္႔စင္ ပႏၷက္တင္ မဂၤလာအခမ္းနားကို အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ဗဟိုအလုပ္မွဳေဆာင္အဖြဲ႔ဝင္၊ အတြင္းေရးမွဴးအဖြဲ႔ဝင္ ဦးဥာဏ္ဝင္း ၊ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ဗဟိုအလုပ္မွဴေဆာင္အဖြဲ႔ဝင္ ၊ ရန္ကုန္တိုင္းေဒသၾကီးအစိုးရအဖြဲ႔ဝန္ၾကီးခ်ဳပ္ ဦးျဖိဳးမင္းသိန္း၊ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ဗဟိုေကာ္မတီဝင္၊ ရန္ကုန္တိုင္းေဒသၾကီး အစိုးရအဖြဲ႔ လူမွဳေရးဝန္ၾကီး ဦးႏိုင္ငံလင္းတို႔ တက္ေရာက္က်င္းပေပးခဲ့ပါသည္။
အခမ္းအနားတြင္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ဗဟိုအလုပ္မွဳေဆာင္အဖြဲ႔ဝင္ ၊အတြင္းေရးမွဴးအဖြဲ႔ဝင္ ဦးဥာဏ္ဝင္းႏွင့္ ကိုရီးယားသမၼတနိုင္ငံ သံအမတ္ၾကီး H.E.Mr.Lee Sang-hwa တို႔က ႏႈတ္ခြန္းဆက္ အမွာစကားေျပာၾကားခဲ့ပါသည္။
ထို႔ေနာက္ ပညာေရးကြန္္ယက္ (အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္)မွ ညိွႏိႈင္းေရးမွဳး ဦးေအာင္ေလးႏြယ္ႏွင့္ WOORI Consulting Corporation တို႔ နားလည္မႈစာခၽြန္လႊာ (MOU) ေရးထိုးၾကရာ အသိသက္ေသမ်ားအျဖစ္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ဗဟိုအလုပ္မွဳေဆာင္အဖြဲ႔ဝင္၊ ရန္ကုန္တိုင္းေဒသၾကီးအစိုးရအဖြဲ႔ ဝန္ၾကီးခ်ဳပ္ ဦးျဖိဳးမင္းသိန္း၊ ကိုရီးယားသမၼတႏိုင္ငံ သံအမတ္ၾကီး H.E.Mr.Lee Sang-hwa တို႔ႏွင့္အတူ WOORI HEEMANG အဖြဲ႔ေခါင္းေဆာင္ Prof.Park Joon Ho တို႔ကေဆာင္ရြက္ေပးခဲ့ပါသည္။
Zawgyi Version
————————————————————————————————————
အမျိုးသမီးများ၊ မသန်စွမ်းသူများနှင့် တခြားလိုအပ်ချက်ရှိသူများ တက်ရောက်နိုင်ရေးကို အလေးထားဆောင်ရွက်မည့် ‘စု’ အသက်မွေးဝမ်းကျောင်းသိပ္ပံ (တောင်ဒဂုံ) ကျောင်းဖွင့်လှစ်ရေး ပန္နက်တင် မင်္ဂလာအခမ်းနားကျင်းပ
တစ်နှစ်လျှင် သင်တန်းသားဦးရေ (၆၀၀)ဦးကို သင်ကြားပို့ချနိုင်ရန် ကနဦးရည်ရွယ်ထားပြီး အမျိုးသမီးများ၊ မသန်စွမ်းသူများနှင့် အခြားလိုအပ်ချက်ရှိနေသူများအတွက်ပါ အလေးထားဆောင်ရွက်မည့် စု အသက်မွေးဝမ်းကျောင်းသိပ္ပံ (တောင်ဒဂုံ)ကို အမှတ်၁(က)၊ ဇေယျာမြင့်လမ်း၊ ၅၄-ရပ်ကွက်၊ တောင်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့တွင် တည်ဆောက်နိုင်ရန် မြေသန့်စင် ပန္နက်တင်မင်္ဂလာ အခမ်းနားကို ၂၀၁၉ခုနှစ်၊ ဧပြီလ (၇)ရက် နံနက်(၁၀)နာရီတွင်ကျင်းပခဲ့ပါသည်။
စု အသက်မွေးဝမ်းကျောင်းသိပ္ပံ ‘တောင်ဒဂုံ’ ကျောင်း ပေါ်ပေါက်လာနိုင်ရေးအတွက် ပညာရေး ကွန်ယက် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)က အဓိကကြိုးပမ်းနေခြင်းဖြစ်ပြီး ကိုရီးယားမြန်မာ ဆိုရှယ်အင်တာပရိုက်ကကူညီ ပေးမည်ဖြစ်သည်။ စုအသက်မွေးဝမ်းကျောင်းသိပ္ပံ(တောင်ဒဂုံ) တည်ထောင်လိုခြင်း၏ ရည်ရွယ်ချက်မှာလူငယ်များ အသက်မွေးဝမ်းကျောင်း ပညာရပ်များကို ကျွမ်းကျင်တတ်မြောက်စေရေး၊ မြန်မာနိုင်ငံ၏ ဖွံဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေနိုင်ရေးနှင့် ကိုရီးယားမြန်မာနှစ်နိုင်ငံအကြား ပြည်သူများအချင်းချင်း ချစ်ခင်ရင်းနှီးမှုများ တိုးတက် ခိုင်မြဲစေရေး တို့အတွက် ဖြစ်သည်။
စု အသက်မွေးဝမ်းကျောင်းသိပ္ပံ (တောင်ဒဂုံ)တွင် သင်ကြားပေးမည့်ဘာသာရပ်များမှာ (၁)မော်တော်ယာဉ် ပြုပြင်ထိန််းသိမ်းရေး လုပ်ငန်း (၂) အိုင်တီနည်းပညာနှင့် လက်ကိုင်ဖုန်းနည်းပညာ သင်တန်း (၃)ဘာသာစကားနှင့် ယဉ်ကျေးမှုသင်တန်း (၄)အထည်ချုပ်ကျွမ်းကျင်မှု သင်တန်းတို့ ဖြစ်ကြသည်။ သင်တန်းကျောင်းကိုစီမံအုပ်ချုပ်ရာတွင် ပညာရေးကွန်ယက် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)က ပြည်တွင်းပြည်ပပညာရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်သွားရန် ရည်ရွယ်ထားသည်ဟု သိရပါသည်။
စု အသက်မွေးဝမ်းကျောင်းသိပ္ပံတောင်ဒဂုံကျောင်း တည်ဆောက်နိုင်ခြင်းအတွက် မြေသန့်စင် ပန္နက်တင် မင်္ဂလာအခမ်းနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်၊ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဥာဏ်ဝင်း ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှူဆောင်အဖွဲ့ဝင် ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းတို့ တက်ရောက်ကျင်းပပေးခဲ့ပါသည်။
အခမ်းအနားတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ၊အတွင်းရေးမှူးအဖွဲ့ဝင် ဦးဥာဏ်ဝင်းနှင့် ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr.Lee Sang-hwa တို့က နှုတ်ခွန်းဆက် အမှာစကားပြောကြားခဲ့ပါသည်။
ထို့နောက် ပညာရေးကွန််ယက် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)မှ ညှိနှိုင်းရေးမှုး ဦးအောင်လေးနွယ်နှင့် WOORI Consulting Corporation တို့ နားလည်မှုစာချွန်လွှာ (MOU) ရေးထိုးကြရာ အသိသက်သေများအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr.Lee Sang-hwa တို့နှင့်အတူ WOORI HEEMANG အဖွဲ့ခေါင်းဆောင် Prof.Park Joon Ho တို့ကဆောင်ရွက်ပေးခဲ့ပါသည်။
Unicode Version