ပြည်ထောင်စုလွှတ်တော်မှ ရန်ပုံငွေဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ဇွန်လ ၅ ရက် နံနက် ၁၁ နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ၌ ကျင်းပရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာလှမိုး၊ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ညီမင်းဟန်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးဝင်းလှိုင်၊ ဒုတိယအုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေးနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများတက်ရောက်ကြသည်။ ရှေးဦးစွာ ဒေါက်တာလှမိုးက ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ပြည်ထောင်စုလွှတ်တော်ရန်ပုံငွေကျပ် သိန်း ၁၀၀၀ ဖြင့် လုပ်ငန်း ၂၁ ခု အကောင်အထည်ဖော် နိုင်ခဲ့ပါကြောင်း၊ ယခုဘဏ္ဍာနှစ်အတွက် လုပ်ငန်းကြိုတင်ညှိနှိုင်းပြီး တင်ပြသွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းများစိစစ်ရန် မြို့နယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရေးကော်မတီ ဖွဲ့စည်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရှင်းလင်းတင်ပြသည်။ ထို့နောက် ဒေါက်တာလှမိုးပါဝင်သော လုပ်ငန်းကော်မတီကို လေးဦးဖြင့် ဖွဲ့စည်း၍ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ပါတီကိုယ်စားလှယ်များက ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပြည်ထောင်စုလွှတ်တော်ရန်ပုံငွေကျပ် သိန်း ၁၀၀၀ ဖြင့် ရရှိမည့်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆွေးနွေးတင်ပြကြရာ မြို့နယ်အုပ်ချုပ်ရေးမှူးက မြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် လုပ်ငန်းများ ရှင်းလင်းတင်ပြကာ မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည် ဖော်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမိုးက ပေါင်းစပ်ညှိနှိုင်း ဆာင်ရွက်ပေးကြသည်။
