နေပြည်တော် ဖေဖော်ဝါရီ ၂၈
မြန်မာနိုင်ငံကင်းထောက်အဖွဲ့ချုပ်၏ အကြီးအကဲ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အားအာရှပစိဖိတ်ဒေသဆိုင်ရာကမ္ဘာ့ကင်းထောက်အဖွဲ့ချုပ်မှ First Vice Chairman Mr. Hiroshi Shimada နှင့်အဖွဲ့သည် ယနေ့မွန်းလွဲ ၂ နာရီတွင်နေပြည်တော် ရှိနိုင်ငံခြားရေးဝန်ကြီးဌာန၌ လာရောက်တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ်မြန်မာနိုင်ငံကင်းထောက်အကြီးအကဲအားအာရှပစိဖိတ်ဒေသဆိုင်ရာကမ္ဘာ့ကင်းထောက်အဖွဲ့ချုပ်၏ အာရှပစိဖိတ်ဒေသအတွင်း လူငယ်များအတွက် စခန်းသွင်းလေ့ကျင့်ပေးမှုများ၊ ကင်းထောက်လုပ်ငန်းစဉ် ရှင်သန်ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ၎င်းတို့အဖွဲ့ချုပ်အနေဖြင့် မြန်မာနိုင်ငံတွင် ကင်းထောက်လုပ်ငန်းရပ်များ ပိုမို တိုးတက်အောင်မြင်စေရန် ပါဝင်ကူညီဆောင်ရွက်ပေးနိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးပြောကြားကြသည်။
(Unicode Version)
————————————————————————————————————————————————-
မြန်မာနိုင်ငံကင်းထောက်အဖွဲ့ချုပ်၏ အကြီးအကဲ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ကမ္ဘာ့ကင်းထောက်အဖွဲ့ချုပ်မှ ကိုယ်စားလှယ်များ လာရောက်တွေ့ဆုံ
(Zawgyi Version)