ဝန်ဇင်းဟိုတယ်
မိတ္ထီလာမြို့
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး အဖွဲဝင်ဦးဝင်းထိန် သည် ယနေ့ နံနက် ၉း၀၀ နာရီတွင် မိထ္ထိလာမြို့ ဝန်ဇင်းဟိုတယ်တွင် ကျင်းပသည့် မိတ္ထီလာကန် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း အလုပ်ရုံဆွေးနွေးပွဲ သို့ တက်ရောက် ဆွေးနွေးခဲ့ပါသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသည် နယ်သာလန်နိုင်ငံနှင့်မြန်မာနိုင်ငံအကြား ၂၀၁၃ ခုနှစ် မေလတွင် ရေးထိုးသော ရေအရင်းအမြစ် စီမံခန့် ခွဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွှက်မှုနားလည်မှု စာချွန်လွှာအရ စီမံကိန်းကိုဆောင်ရွှက်ခြင်းဖြစ်ပြီး အဆိုပါစီမံကိန်းကို မိထ္ထီလာခရိုင် ဌာနဆိုင်ရာ အဖွဲအစည်းများက မိတ္ထီလာကန်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အတွက်ပိုင်းလော့ ပရော့ဂျက်ဆောင်ရွှက်မှုများကို ပြန်လည် တင်ပြဆွေးနွေးခဲ့ ကြသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ ခရိုင်အဆင့်ဌာနဆိုင်ရာအရာရှိကြီးများ၊ အရပ်ဖက် အဖွဲအစည်းများမှ တာဝန်ရှိသူများနှင်စီမံကိန်းတာဝန်ရှိသူများတက်ရောက် ကြသည်။
၁၂.၅.၂၀၁၇