ဘားအံ ၂၀၁၉ ဒီဇင်ဘာ (၂)ရက်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို ပညာရေးကွန်ယက်၊ ကရင်ပြည်နယ် ပညာရေးကွန်ယက် နှင့် ဘားအံမြို့နယ် NLD တို့ စီစဉ်ဖွင့်လှစ်သော အခမဲ့ ကွန်ပျူတာ သင်တန်းဆင်း အခမ်းအနားနှင့် သင်တန်းသစ် ဖွင့်လှစ်ခြင်းတို့ကို ယနေ့ နေ့လည်ပိုင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး ကရင်ပြည်နယ်၌ ကျင်းပခဲ့ပြီး၊
ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီးဌာန ဝန်ကြီး ဦးမင်းကိုခိုင်၊ ဘားအံမြို့နယ် အလုပ်အမှုဆောင်အဖွဲ့ ဒု-ဥက္ကဌ ဦးအောင်ဆန်းလင်းနှင့် အမှုဆောင်များ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြ၍ သင်တန်းဆင်း လက်မှတ်များ ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။
လစဉ် ဖွင့်လှစ်ပို့ချလျှက်ရှိသော နည်းပညာဆိုင်ရာ အခမဲ့ သင်တန်းများကို တက်ရောက်လိုပါက ဘားအံမြို့နယ် NLD ရုံး၊ သရဖီလမ်း၊ အမှတ် (၄)ရပ်ကွက်၊ ဘားအံမြို့မှာ နေ့စဉ်နေ့တိုင်း နံနက် (၀၉း၃၀)နာရီမှ ညနေ (၀၄း၃၀)နာရီ အတွင်း သင်တန်း လျောက်လွှာတွေကို အခမဲ့ လာရောက် ထုတ်ယူ လျောက်ထားနိုင်ပါတယ်။
စုံစမ်းရန်။ ။ ဖုန်း၊ ၊ ၀၉ – ၄၂၅၀၀၉၆၅၉
(Unicode version)
——————————————————————————————————————————————-
ဗဟို ပညာရေးကွန်ယက်၊ ကရင်ပြည်နယ် ပညာရေးကွန်ယက် နှင့် ဘားအံမြို့နယ် NLD တို့စီစဉ်ဖွင့်လှစ်သော အခမဲ့ ကွန်ပျူတာသင်တန်း၊ သင်တန်း အမှတ်စဉ် (၁၈) သင်တန်းဆင်းခြင်း၊ အမှတ်စဉ် (၁၉) သင်တန်း ဖွင့်လှစ်ခြင်း
စုံစမ်းရန်။ ။ ဖုန်း၊ ၊ ၀၉ – ၄၂၅၀၀၉၆၅၉
(zawgyi version)