(၂၆-၁၁-၂၀၁၉ ရက်၊ ဘူဆန်မြို့)
ကိုရီးယားသမ္မတနိုင်ငံ၊ ဘူဆန်မြို့သို့ ရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ၂၅-၁၁-၂၀၁၉ ရက်၊ နေ့လယ်ပိုင်းတွင် ဘူဆန်မြို့၊ ဘူဆန်နိုင်ငံခြားဘာသာသင်တက္ကသိုလ်နှင့် ဘူဂယောင်းအမျိုးသားတက္ကသိုလ်တို့၌ ပညာဆည်းပူးနေကြသော မြန်မာကျောင်းသား၊ ကျောင်းသူများနှင့် မြန်မာဘာသာအထူးပြု သင်ယူနေကြသည့် ကိုးရီးယားကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံခဲ့သည်။
ထိုသို့ တွေ့ဆုံရာတွင် ယဉ်ကျေးမှုရေးရာကိစ္စများ၊ နှစ်နိုင်ငံ ပြည်သူများနှင့် ကျောင်းသားများအကြား ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်နိုင်ရေး၊ ကျောင်းသားလူငယ်ထုများအကြား မူးယစ်ဆေးဝါးသုံးစွဲမှု ပပျောက်ရေးကိစ္စ၊ မြန်မာဘာသာ ပညာသင်ကြားနေမှုအခြေအနေများနှင့် မြန်မာနိုင်ငံ၏ လွတ်လပ်တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမှုဝါဒနှင့် စပ်လျဉ်း၍ ကျောင်းသား၊ ကျောင်းသူများမှ သိရှိလိုသည့် မေးမြန်းလာမှုများအပေါ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ရင်းနှီးစွာ ပြန်လည်ဖြေကြားခဲ့ကြောင်း သိရှိရပါသည်။
(unicode version)
——————————————————————————————————————
နိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ဘူဆန္နိုင္ငံျခားဘာသာသင္တကၠသိုလ္နွင့္ ဘူဂေယာင္းအမိ်ဳးသား တကၠသိုလ္တို႔မွ ေက်ာင္းသား၊ ေက်ာင္းသူမ်ားနွင့္ ေတြ႔ဆံု
(၂၆-၁၁-၂၀၁၉ ရက္၊ ဘူဆန္ျမိဳ႕)
ကိုရီးယားသမၼတနိုင္ငံ၊ ဘူဆန္ျမိဳ႕သို႔ ေရာက္ရိွေနသည့္ နိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္သည္ ၂၅-၁၁-၂၀၁၉ ရက္၊ ေန႔လယ္ပိုင္းတြင္ ဘူဆန္ျမိဳ႕၊ ဘူဆန္နိုင္ငံျခားဘာသာသင္ တကၠသိုလ္နွင့္ ဘူဂေယာင္းအမိ်ဳးသားတကၠသိုလ္တို႔၌ ပညာဆည္းပူးေနၾကေသာ ျမန္မာေက်ာင္းသား၊ ေက်ာင္းသူမ်ားနွင့္ ျမန္မာဘာသာအထူးျပဳ သင္ယူေနၾကသည့္ ကိုးရီးယားေက်ာင္းသား၊ ေက်ာင္းသူမ်ားနွင့္ ေတြ႔ဆံုခဲ့သည္။
ထိုသို႔ ေတြ႔ဆံုရာတြင္ ယဥ္ေက်းမႈေရးရာကိစၥမ်ား၊ နွစ္နိုင္ငံ ျပည္သူမ်ားနွင့္ ေက်ာင္းသားမ်ားအၾကား ခ်စ္ၾကည္ရင္းနီွးမႈ တိုးျမွင့္နိုင္ေရး၊ ေက်ာင္းသားလူငယ္ထုမ်ားအၾကား မူးယစ္ေဆးဝါးသံုးစဲြမႈ ပေပ်ာက္ေရးကိစၥ၊ ျမန္မာဘာသာ ပညာသင္ၾကားေနမႈအေျခအေနမ်ားနွင့္ ျမန္မာနိုင္ငံ၏ လြတ္လပ္တက္ၾကြျပီး ဘက္မလိုက္ေသာ နိုင္ငံျခားေရးမႈဝါဒနွင့္ စပ္လ်ဉ္း၍ ေက်ာင္းသား၊ ေက်ာင္းသူမ်ားမွ သိရိွလိုသည့္ ေမးျမန္းလာမႈမ်ားအေပၚ နိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္က ရင္းနီွးစြာ ျပန္လည္ေျဖၾကားခဲ့ေၾကာင္း သိရိွရပါသည္။
(zawgyi version)