နေပြည်တော် မတ် ၄
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည်ထိုင်းနိုင်ငံဗန်ကောက်အခြေစိုက် International Union for Conservation of Nature (IUCN) ၏ အာရှဆိုင်ရာဒေသတွင်းညွှန်ကြားရေးမှူးနှင့် အာရှ-သမုဒ္ဒရာဒေသများဆိုင်ရာညွှန်ကြားရေးမှူးMs. Aban Marker Kabrajiအားယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိနိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ဂေဟစနစ်ထိန်းသိမ်းစောင့်ရှောက်ရေး၊ ပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးလုပ်ငန်းများအတွက် IUCN နှင့် ပူးပေါင်းဆောင်ရွက် နေမှုများကိုဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနပြည်ထောင်စု ဝန်ကြီးဦးအုန်းဝင်းနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက် ကြသည်။
(unicode)
————————————————————————————————————————————————————-
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် IUCN၏ အာရှဆိုင်ရာ ဒေသတွင်း ညွှန်ကြားရေးမှူးနှင့် အာရှ-သမုဒ္ဒရာဒေသများဆိုင်ရာ ညွှန်ကြားရေးမှူးအား လက်ခံတွေ့ဆုံ
နေပြည်တော် မတ် ၎
(zawgyi)