နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နေပြည်တော်သို့ ပြန်လည်ထွက်ခွာ
သြဂုတ် ၂၁ ရက်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့၊ ညနေ(၄)နာရီခွဲတွင် ရန်ကုန်မြို့မှ နေပြည်တော်သို့ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာခဲ့သည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနှင့် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးတို့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။