နေပြည်တော် မတ် ၂၅
Coronavirus Disease 2019 (COVID-19) ရောဂါနှင့်စပ်လျဉ်းသည့် အစည်းအဝေးကိုယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိနိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ် များနှင့်ဝန်ကြီးများ၊တာဝန်ရှိသူများတက်ရောက်ကြသည်။
အစည်းအဝေးတွင် ဗဟိုကော်မတီဥက္ကဋ္ဌနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကအဖွင့်အမှာစကားပြောကြားသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများကမြန်မာနိုင်ငံတွင် တွေ့ရှိသည့် COVID-19လူနာ ၃ ဦး၏ ရောဂါဖြစ်ပွားမှု၊ ထိန်းချုပ်ကုသပေးနေမှု၊ ၎င်းတို့နှင့် ထိတွေ့ဆက်ဆံခဲ့သူများ၊ သွားလာခဲ့သည့်နေရာများတွင် ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ဆောင်ရွက်နေမှု၊ ထိုင်းနိုင်ငံတွင် အလုပ်သွားရောက် လုပ်ကိုင်သည့် မြန်မာနိုင်ငံသားများပြန်လည်ဝင်ရောက်လာမှုနှင့်ပတ်သက်ပြီး ၎င်းတို့အားနေရပ်ပြန်လည်ပို့ဆောင်ရေးအစီအစဉ်၊ စတင်ဝင်ရောက်ချိန်မှစပြီးနေရပ်ပြန်ချိန်အထိ ၎င်းတို့၏ နေထိုင်စားသောက်ရေးအစီအမံများ၊ နေရပ်ပြန်လည်ရောက်ရှိချိန်တွင် ပြည်သူလူထု၏ ဝိုင်းဝန်းပူးပေါင်းကူညီစောင့်ရှောက်ပေးမှုဖြင့် သတ်မှတ်နေရာအဆောက်အဦများတွင် ထားရှိပြီးအသွားအလာကန့်သတ်ခြင်းအစီအစဉ် (community based facility quarantine) များနှင့် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်သွားမည့် အစီအမံများကိုဆွေးနွေးတင်ပြကြသည်။
ထို့နောက် ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တင်ပြချက်များအပေါ် ဆုံးဖြတ်လမ်းညွှန်မှုများ ချမှတ်ပေးပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
(Unicode Version)
———————————————————————————————————————————————————————-
ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ Coronavirus Disease 2019 (COVID-19) ေရာဂါႏွင့္စပ္လ်ဥ္းသည့္အစည္းအေဝးသို႔ တက္ေရာက္အမွာစကားေျပာၾကား
ေနျပည္ေတာ္ မတ္ ၂၅
Coronavirus Disease 2019 (COVID-19) ေရာဂါႏွင့္စပ္လ်ဥ္းသည့္ အစည္းအေဝးကိုယေန႔နံနက္ ၁၀ နာရီတြင္ ေနျပည္ေတာ္ရွိႏိုင္ငံေတာ္သမၼတအိမ္ေတာ္ အစည္းအေဝးခန္းမ၌ က်င္းပရာ Coronavirus Disease 2019 (COVID-19) ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးအမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီဥကၠ႒ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ တက္ေရာက္အမွာစကားေျပာၾကားသည္။
အစည္းအေဝးသို႔ ျပည္ေထာင္စုဝန္ႀကီးမ်ား၊ တိုင္းေဒသႀကီး/ျပည္နယ္ ဝန္ႀကီးခ်ဳပ္ မ်ားႏွင့္ဝန္ႀကီးမ်ား၊တာဝန္ရွိသူမ်ားတက္ေရာက္ၾကသည္။
အစည္းအေဝးတြင္ ဗဟိုေကာ္မတီဥကၠ႒ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကအဖြင့္အမွာစကားေျပာၾကားသည္။
ယင္းေနာက္ အစည္းအေဝးသို႔ တက္ေရာက္လာၾကသူမ်ားကျမန္မာႏိုင္ငံတြင္ ေတြ႕ရွိသည့္ COVID-19လူနာ ၃ ဦး၏ ေရာဂါျဖစ္ပြားမႈ၊ ထိန္းခ်ဳပ္ကုသေပးေနမႈ၊ ၎တို႔ႏွင့္ ထိေတြ႕ဆက္ဆံခဲ့သူမ်ား၊ သြားလာခဲ့သည့္ေနရာမ်ားတြင္ ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးအတြက္ ေဆာင္႐ြက္ေနမႈ၊ ထိုင္းႏိုင္ငံတြင္ အလုပ္သြားေရာက္ လုပ္ကိုင္သည့္ ျမန္မာႏိုင္ငံသားမ်ားျပန္လည္ဝင္ေရာက္လာမႈႏွင့္ပတ္သက္ၿပီး ၎တို႔အားေနရပ္ျပန္လည္ပို႔ေဆာင္ေရးအစီအစဥ္၊ စတင္ဝင္ေရာက္ခ်ိန္မွစၿပီးေနရပ္ျပန္ခ်ိန္အထိ ၎တို႔၏ ေနထိုင္စားေသာက္ေရးအစီအမံမ်ား၊ ေနရပ္ျပန္လည္ေရာက္ရွိခ်ိန္တြင္ ျပည္သူလူထု၏ ဝိုင္းဝန္းပူးေပါင္းကူညီေစာင့္ေရွာက္ေပးမႈျဖင့္ သတ္မွတ္ေနရာအေဆာက္အဦမ်ားတြင္ ထားရွိၿပီးအသြားအလာကန္႔သတ္ျခင္းအစီအစဥ္ (community based facility quarantine) မ်ားႏွင့္ Coronavirus Disease 2019 (COVID-19) ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးလုပ္ငန္းစဥ္မ်ားႏွင့္စပ္လ်ဥ္း၍သက္ဆိုင္ရာက႑အလိုက္ ေဆာင္႐ြက္သြားမည့္ အစီအမံမ်ားကိုေဆြးေႏြးတင္ျပၾကသည္။
ထို႔ေနာက္ ဗဟိုေကာ္မတီဥကၠ႒ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က တင္ျပခ်က္မ်ားအေပၚ ဆုံးျဖတ္လမ္းၫႊန္မႈမ်ား ခ်မွတ္ေပးၿပီး အစည္းအေဝးကို ႐ုပ္သိမ္းလိုက္သည္။
(Zawgyi Version)