(ဘူဆန်မြို့၊၂၀၁၉ခုနှစ်၊နိုဝင်ဘာလ၂၅ရက်)
ကြွရောက်လာကြတဲ့ ဂုဏ်သရေရှိဧည့်သည်တော်များရှင့်၊
အနုပညာ၊ယဉ်ကျေးမှုနဲ့နည်းပညာဆိုင်ရာနယ်ပယ်များမှကိုယ်စားလှယ်များစွာနဲ့တွေ့ဆုံရတဲ့အတွက်ဝမ်းမြောက်မိပါတယ်။
ယဉ်ကျေးမှုလုပ်ငန်းရဲ့အောင်မြင်မှုဟာ ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုသိသိသာသာ အထောက်အကူပြုလျက် ရှိပါတယ်။ ၂၀၁၄ခုနှစ်မှာဆိုရင်ယဉ်ကျေးမှုလုပ်ငန်းများဟာကမ္ဘာ့ဝင်ငွေအမေရိကန်ဒေါ်လာ၂,၂၅၀ဘီလီယံနဲ့အလုပ်အကိုင်၂၉.၅သန်းကိုဖန်တီးပေးနိုင်ခဲ့ပြီး၊ကိုရီးယား နိုင်ငံရဲ့ယဉ်ကျေးမှုပို့ကုန်တန်ဖိုးဟာ ၂၀၁၇ ခုနှစ်မှာအမေရိကန်ဒေါ်လာ၈.၂ဘီလီယံအထိရှိခဲ့ပါ တယ်။
ယဉ်ကျေးမှုဆိုင်ရာကုန်သွယ်ရေးမှာဖွံ့ဖြိုးဆဲနိုင်ငံတွေပါဝင်လာမှု တိုးတက်လာပေမယ့် အာဆီယံနိုင်ငံများ ဟာတန်ဖိုးကွင်းဆက်ရဲ့ သုံးစွဲမှုပိုင်းမှာသာရှိနေဆဲဖြစ်တဲ့အတွက် ကမ္ဘာ့ ယဉ်ကျေးမှု ကုန်သွယ်ခြင်းကဏ္ဍရဲ့အောင်မြင်မှု ရလဒ်ကို အပြည့်အဝ ခံစားနိုင်ခြင်းမရှိသေးတာ ကို တွေ့မြင်ရပါတယ်။
ဒါကြောင့်ဒီနေ့ကျင်းပတဲ့ ယဉ်ကျေးမှုဆိုင်ရာတီထွင်ဆန်းသစ်မှုထိပ်သီး အစည်းအဝေး ဟာ ဆိုရင်ယဉ်ကျေးမှုနဲ့ နည်းပညာ ပိုင်းဆိုင်ရာ ကျွမ်းကျင်သူများ အကြားပူးပေါင်းဆောင်ရွက် မှုမြှင့်တင်ရေးအတွက်အသင့်လျော်ဆုံးသောအစည်းအဝေးတစ်ခုဖြစ်ပါတယ်။
ဒီကနေ့မှာ မိမိအနေနဲ့ အချက်အလက်အချို့ကိုဆွေးနွေးသွားလိုပါတယ်။
ပထမအချက်အနေနဲ့ ယဉ်ကျေးမှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ပင်ကိုယ် စွမ်းရည်နဲ့နည်းပညာတို့ဟာ မောင်းနှင်အား တစ်ခုဖြစ်တယ်ဆိုတဲ့ အချက်ကို ဆွေးနွေးလို ပါတယ်။
ယဉ်ကျေးမှုကဏ္ဍဟာ အခြားလုပ်ငန်များနှင့်မတူဘဲ တစ်မူထူးခြားပါတယ်။ဒီကဏ္ဍမှာ တီထွင်မှုနဲ့ဆန်းသစ်မှုဟာ အဓိကကျပြီး ပင်ကိုစွမ်းရည်နဲ့ ကျွမ်းကျင်မှုတွေက ယဉ်ကျေးမှု လုပ်ငန်း ရဲ့အသက်သွေးကြောပဲဖြစ်ပါတယ်။
ဒီယဉ်ကျေးမှုလုပ်ငန်းမှာ လုပ်ကိုင်ကြသူများအနေနဲ့အနုပညာဖန်တီးမှုတန်ဖိုးမှာသာမက ပရိသတ်များနဲ့ ထိတွေ့ဆက်ဆံရေးအတွက်နဲ့ လုပ်ငန်းများစီမံခန့်ခွဲနိုင်ရေးတို့မှာလည်း တီထွင်ဆန်းသစ်တဲ့နည်းလမ်းများအမြဲမပြတ် ရှာဖွေနေဖို့ လိုပါတယ်။
ဒါကြောင့်ယဉ်ကျေးမှုလုပ်ငန်းမှာလိုအပ်တဲ့ပင်ကိုစွမ်းရည်ဟာဖန်တီးမှုဆိုင်ရာပညာရေးနဲ့ယဉ်ကျေးမှုဆိုင်ရာကျွမ်းကျင်မှုအထိသာ ကန့်သတ်မထားပဲ ယဉ်ကျေးမှုလုပ်ငန်းအနေနဲ့ သတင်းအချက်အလက်နည်းပညာ၊အချင်းချင်း ကွန်ယက်ဖြန့်ကျက်ဆက်သွယ်နိုင်တဲ့ အရည် အသွေးနဲ့ စီမံခန့်ခွဲမှုဆိုင်ရာကျွမ်းကျင်မှု အရည်အချင်းများလည်း လိုအပ်လျက်ရှိပါတယ်။
အင်တာနက်ရဲ့ ထိုးဖောက်ဝင်ရောက်မှုနဲ့မိုဘိုင်းဖုန်းအသုံးပြုနိုင်မှုတိုးတက်လာတာနဲ့အမျှ ယဉ်ကျေးမှုတန်ဖိုးတွေကို ခံစားမှုပုံစံများလဲ ပြောင်းလဲလာတဲ့အတွက်ယဉ်ကျေးမှုလုပ်ငန်း အနေနဲ့လည်းဒစ်ဂျစ်တယ်နည်းပညာ အသုံးချမှုစွမ်းရည်နဲ့နည်းပညာပိုင်း တို့မှာ ပိုမိုရင်းနှီးမြှုပ်နှံဖို့လိုအပ်လျက် ရှိပါတယ်။
ဧည့်သည်တော်များရှင့်
ဒုတိယအချက်အနေနဲ့ ငြိမ်းချမ်းမှုမြှင့်တင်ခြင်းနဲ့၂၁ရာစုမှာ ရင်ဆိုင်နေရတဲ့ ကိစ္စရပ် များကိုဖြေရှင်းရေးမှာ ယဉ်ကျေးမှုလုပ်ငန်းများရဲ့ အရေးပါတဲ့အခန်းကဏ္ဍကိုဆွေနွေးလိုပါတယ်။
မတူကွဲပြားတဲ့လူ့အဖွဲ့အစည်းအသီးသီးအပေါ်မှာ လွှမ်းမိုးနိုင်စွမ်းရှိတဲ့ ယဉ်ကျေးမှု လုပ်ငန်းများဟာကမ္ဘာတစ်ဝှမ်းမှာ ယဉ်ကျေးမှုဖလှယ်ခြင်းတွေကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ မျှမျှ တတဆောင်ရွက်နိုင်ဖို့အတွက် အရေးပါတဲ့အနေအထားမှာ ရှိပြီး၊ မတူကွဲပြားတဲ့ ယဉ်ကျေးမှု များအကြား အပြန်အလှန်လေးစားမှုကို ဖြစ်ထွန်းစေကာငြိမ်းချမ်းစွာနေထိုင်တဲ့ အလေ့ အကျင့်ကောင်းများကို ထွန်းကားစေပါတယ်။
ယနေ့မိမိတို့ရင်ဆိုင်နေရတဲ့ပြဿနာတွေဟာနေရာအနှံ့ စိမ့်ဝင်ပျံ့နှံ့နေတဲ့ သဘောသဘာဝရှိတဲ့အတွက် လူမှုအဖွဲ့အစည်း တစ်ရပ်လုံးဘက်စုံမှ ချဉ်းကပ်အဖြေရှာရေး ဟာမရှိ မဖြစ်လိုအပ်ပါတယ်။အစိုးရအသီးသီး အနေနဲ့လည်းလူမှုအဖွဲ့အစည်းများနဲ့ လုပ်ငန်း များရဲ့ ပိုမို ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီပံ့ပိုးမှုများလိုအပ်လျက်ရှိပါတယ်။
မီဒီယာ၊အနုပညာရှင်များနဲ့ ပြည်သူကို လွှမ်းမိုးနိုင်စွမ်းရှိသူတို့ရဲ့နူးညံ့သိမ်မွေ့တဲ့ စွမ်းအားတိုးတက်လာတာနဲ့အမျှ ယဉ်ကျေးမှုနဲ့တီထွင်ဆန်းသစ်မှုလုပ်ငန်းနယ်ပယ် များဟာ ငြိမ်းချမ်း ရေးမြှင့်တင်ရေးနဲ့ပြဿနာများဖြေရှင်းရေးမှာ ပိုမို အရေးပါလာပါတယ်။
ရာသီဥတုပြောင်းလဲခြင်းလို ပြသာနာမျိုးကိုကိုင်တွယ်ရာမှာ ယဉ်ကျေးမှုဆိုင်ရာလုပ်ငန်း များ ကလည်းသိသိသာသာ ပါဝင်ကူညီပံ့ပိုးပေးနိုင်ပါတယ်။ရာသီဉတုပြောင်းလဲမှုရဲ့တိုးမြင့်လာတဲ့ ခြိမ်းခြောက်မှုတွေကို လူတစ်ဦးတစ်ယောက်စီရဲ့ အမူအကျင့်များပြောင်းလဲခြင်းဖြင့်သာ ပိုမိုထိ ရောက်စွာတုန့်ပြန်နိုင်မှာဖြစ်တဲ့အတွက်၊ မှန်ကန်တဲ့အပြောင်းအလဲတွေ ဖြစ်ပေါ်စေဖို့ အတွက်ဆန်းသစ်တဲ့ နည်းလမ်းတွေကို မိမိတို့အနေနဲ့ ရှာဖွေဖို့လိုအပ်လျက် ရှိပါတယ်။
ဒါနဲ့စပ်လျဉ်းလို့မကြာသေးခင်ကဂျာမနီနိုင်ငံမှာဂန္ထဝင်သံစုံတီးဝိုင်းတစ်ခုကရာသီဥတုပြောင်းလဲမှုအကြောင်းကို ဖော်ကျူးရာမှာ Antonio Vivaldi ရဲ့လေးရာသီ(The Four Seasons)တယောဖျော်ဖြေပွဲကရာသီဥတုအချက်အလက်များကို အခြေခံပြီးတင်ဆက်ခဲ့တာ ဟာအလွန်ဆန်းသစ်ပြီးအကျိုးသက်ရောက်မှုရှိပါတယ်။ရာသီဥတုပြောင်းလဲမှုဆိုင်ရာအသိပညာဗဟုသုတများမြှင့်တင်နိုင်ဖို့ ဒီလိုအစီအစဉ်သစ်တွေ များစွာလိုအပ်လျက် ရှိပါတယ်။
အစွန်းရောက်မှု တိုက်ဖျက်ရေးဟာလည်း ယဉ်ကျေးမှုနယ်ပယ်မှာ ပြည်သူကို လွှမ်းမိုး နိုင်စွမ်းရှိသူများအနေနဲ့ ပါဝင်အကူအညီပေးနိုင်တဲ့နယ်ပယ်တစ်ခုဖြစ်ပါတယ်။ ယဉ်ကျေးမှု ကွဲပြားခြားနားမှုကို ပဋိပက္ခများ၊ အစွန်းရောက်မှုများ ဖြစ်ပွားစေတဲ့ အကြောင်းရင်း ခံတစ်ခုအနေနဲ့ ရှုမြင်လေ့ရှိတတ်ကြပေမယ့်တစ်ခါတစ်ရံမှာပဋိပက္ခအတွက်အကြောင်းပြချက် သက်သက်သာဖြစ်တတ်ပါတယ်။
ပဋိပက္ခများ ဖြစ်ပွားရတဲ့အကြောင်းရင်းခံများကိုနက်နက်နဲနဲ ရှာဖွေဖို့ လိုအပ်တဲ့အပြင် မတူကွဲပြားတဲ့ ယဉ်ကျေးမှုတွေကို အသိအမှတ်ပြုလေးစားတန်ဖိုးထားတတ်ဖို့အတွက် မိမိတို့ အနေနဲ့ ယဉ်ကျေးမှုဆိုင်ရာအသိပညာနဲ့ကွဲပြားတဲ့ ယဉ်ကျေးမှုအကြား ဆက်ဆံရေး စွမ်းရည်တို့ကို အသုံးချရမှာ ဖြစ်ပါတယ်။ သို့မှသာ အားလုံးရဲ့ စိတ်နဲ့နှလုံးသားတို့ဟာ တစ်လုံး တစ်ဝတည်း စုစည်းပေါင်းစပ်လာကြမှာ ဖြစ်ပါတယ်။
ယဉ်ကျေးမှုလုပ်ငန်းဟာမညီမျှမှုတွေကို လျှော့ချရာမှာလည်းများစွာအကျိုးသက်ရောက်မှု ရှိပါတယ်။
ယဉ်ကျေးမှုကဏ္ဍဟာလူငယ်လူရွယ်တွေကိုအလုပ်အကိုင်ရရှိစေပြီး၊အမျိုးသမီးများကိုဦးစားပေးတဲ့အပြင်၊ ယဉ်ကျေးမှုလုပ်ငန်းကို အသေးစားစီးပွားရေးလုပ်ငန်းများနဲ့ တစ်ဉီးချင်း စီကဆောင်ရွက်တာဖြစ်တဲ့အတွက် ယဉ်ကျေးမှုဆိုင်ရာလုပ်ငန်းများဟာ နုပျိုလန်းဆန်းတယ်၊အားလုံးပါဝင်တယ်၊စီးပွားရေးစွမ်းဆောင်မှုရှိတယ်လို့လေ့လာတွေ့ရှိချက်တွေကဆိုပါတယ်။
ဒါကြောင့်၊တီထွင်ဆန်းသစ်မှုလုပ်ငန်းကလူငယ်များ၊ အမျိုးသမီးများ၊ အသေးစား စီးပွားရေးလုပ်ငန်းများအတွက် စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများဖန်တီးပေးရုံသာမက လူမှုရေး မညီမျှမှု နဲ့ နိုင်ငံနဲ့ဒေသများအကြား ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်များကို ကျဉ်းမြောင်း စေဖို့ အတွက် အလားအလာများစွာ ရှိတာကြောင့် တီထွင်ဆန်းသစ်မှုလုပ်ငန်းကဟာ ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်စေတဲ့ အင်အားကြီးအရာတစ်ခု ဖြစ်ပါတယ်။
ဧည့်သည်တော်များရှင့်
တတိယအချက်အနေနဲ့ ယဉ်ကျေးမှုကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးကို အလေးထား ပြောကြားလိုပါတယ်။
ယဉ်ကျေးမှုကဏ္ဍမှာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဉီးဆောင်နေတဲ့ကိုရီးယား သမ္မတနိုင်ငံဟာ အာဆီယံရဲ့ တန်ဖိုးရှိတဲ့မိတ်ဖက်နိုင်ငံတစ်နိုင်ငံဖြစ်တာကြောင့် နှစ်ဖက် အကျိုးရှိမယ့် ပူးပေါင်းဆောင်ရွက်မှုတွေ တိုးတက်ခိုင်မာစေဖို့ အခွင့်အလမ်းများစွာ ရှိနေပါတယ်။
မိမိတို့ဒေသမှာရှိတဲ့ စုံလင်ပြီး မတူကွဲပြားတဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေဟာအနုပညာ တန်ဖိုးတွေကို ပူးတွဲဖန်တီးဖို့၊ ပူးတွဲထုတ်လုပ်ဖို့နဲ့ ပူးတွဲဖြန့်ဝေဖို့အတွက်အခွင့်အလမ်းများဖြစ်ပါတယ်။
ဒီလိုပူးတွဲဖန်တီးထုတ်လုပ်ခြင်းဟာစရိတ်မျှဝေကျခံဖို့အတွက်သာမကရုပ်ရှင်နဲ့ ရုပ်မြင်သံကြား လုပ်ငန်းများအတွက် ပိုမိုကြီးမားတဲ့ ဈေးကွက်နဲ့မတူကွဲပြားတဲ့အကြောင်းအရာ တွေကို ပိုမိုရရှိဖို့အတွက် အခွင့်အလမ်းများကိုလည်း ဖော်ဆောင်ပေးလျက် ရှိပါတယ်။
မြန်မာနိုင်ငံနဲ့ ကိုရီးယားနိုင်ငံတို့အကြားအနုပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ စတင်နေရာကို တွေ့မြင်ရတဲ့အတွက် မိမိအနေနဲ့ များစွာအားရကျေနပ်မိပါတယ်။
ကိုရီးယားနိုင်ငံရဲ့JBJ Entertainment ၊ SBS Medianetတို့နဲ့ မြန်မာနိုင်ငံရဲ့BIG5 Film Production ၊Fortune TV တို့အကြား ပူးတွဲထုတ်လုပ်ထားတဲ့“A Winter once upon a time” ၊ “A Flower above the Clouds” နဲ့“My Music Teacher Mingalabar” အမည်ရှိ ရုပ်ရှင်များဟာ အနာဂတ်မှာ ရုပ်ရှင်ထုတ်လုပ်မှုကဏ္ဍမှာပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်သွားနိုင်ဖို့ အပြုသဘောဆောင် တဲ့ခြေလှမ်းများဖြစ်ပါတယ်။
မြန်မာ့ရုပ်ရှင်လုပ်ငန်းဟာ၎င်းရဲ့ရွှေခေတ်ကာလမှာအရှေ့တောင်အာရှမှာ အကြီးမားဆုံး နဲ့ အအောင်မြင်ဆုံး ဖြစ်ခဲ့ပါတယ်။ လာမယ်နှစ်မှာဆိုရင်မြန်မာရုပ်ရှင်ဟာနှစ် ၁၀၀ ပြည့်မြောက် မှာဖြစ်တဲ့အတွက်မြန်မာ့ရုပ်ရှင်လုပ်ငန်းအနေဲ့တောက်ပတဲ့ အနာဂတ်ကို ဖန်တီးရာမှာ ဒေသတွင်းနိုင်ငံများနဲ့ပိုမိုပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့်အတိတ်ရဲ့အောင်မြင်မှုများအပေါ် တည်ဆောက်သွားလိမ့်မယ်လို့ ယုံကြည်ပါတယ်။
ဒီလအစောပိုင်းက ဘူဆန်မြို့မှာ ကျင်းပခဲ့တဲ့ ASEAN Cinema Week 2019နဲ့ASEAN-ROK Film Organization ထူထောင်ဖို့ ကြိုးပမ်းမှုများဟာလည်းရုပ်ရှင်ကဏ္ဍမှာ အနာဂတ်ပူးပေါင်းဆောင်ရွက်မှုများအတွက် အလားအလာကောင်းများဖြစ်ပါတယ်။
ဧည့်သည်တော်များရှင့်
ဂီတကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်မဲ့ အလားအလာဟာလည်းအားရစရာကောင်းပါတယ်။ ဂီတဟာကွဲပြားခြားနားတဲ့လူပုဂ္ဂိုလ်များနဲ့ ယဉ်ကျေးမှုများအကြား မှာတည်ရှိတဲ့ အတား အဆီးများကို ကျော်လွန်နိုင်ဖို့အတွက် အင်အားကြီးမားတဲ့ တန်ဆာပလာတစ်ခု ဖြစ်ပါတယ်။
မြန်မာ၊ ထိုင်းနဲ့ ကိုရီးယားသမ္မတနိုင်ငံတွေက အဆိုတော်များနဲ့ ဖွဲ့စည်းထားတဲ့ ကိုရီးယားမိန်းကလေးအဆိုတော်အဖွဲ့ဖြစ်တဲ့“Rose Quartz” ဟာဆိုရင်လည်း ဂီတနဲ့ ပေါင်းစည်းထားတဲ့ ချစ်ခင်ရင်းနှီးမှုရဲ့ ပြယုဂ်တစ်ခုဖြစ်ပါတယ်။
မြန်မာနိုင်ငံအနေနဲ့မကြာသေးမီက “Gongs and Skins” အမည်ရှိ နိုင်ငံတကာ သံစုံတူရိယာတီးဝိုင်းအစီအစဉ်တစ်ရပ်ကို လက်ခံကျင်းပခဲ့ပါတယ်။ အဲဒီ တီးဝိုင်းမှာ မြန်မာနိုင်ငံက တိုင်းရင်းသားမျိုးစုံ အပြင် အာရှ၊ အာဖရိကနဲ့ ဥရောပတိုက်တို့မှ တူရိယာ ပညာရှင်များပါဝင်ပြီး၊ ဒေသအတွင်းမှာရှိတဲ့စုံလင်တဲ့ ယဉ်ကျေးမှုများအကြား ငြိမ်းချမ်းသော ထိတွေ့ဆက်ဆံမှုကို တိုးမြှင့်ခဲ့ပါတယ်။
K-Pop လိုအလားတူ ဖွဲ့စည်းထားတဲ့ မြန်မာ အမျိုးသားလေးများရဲ့ ဂီတအဖွဲ့ဖြစ်တဲ့ Project K ဆိုရင် လူငယ်များအကြားမှာသာ လူကြိုက်များ ထင်ရှားရုံသာမက၊ ဒီအဖွဲ့ကို နှစ်ခြိုက်သူများအထဲမှာ မိမိလည်း တစ်ဉီး အပါအဝင်ဖြစ်ပါတယ်။
အာဆီယံနဲ့ ကိုရီးယားသမ္မတနိုင်ငံတို့အကြား တိုးတက်လာတဲ့ ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ အပြင် ယဉ်ကျေးမှုဖလှယ်ခြင်းကကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးနဲ့ ညီညွှတ်ရေးကို သိသိသာသာ အထောက်အကူပြုတာကို အသိအမှတ်ပြုလျက်ဒေသတွင်းရှိ ပြည်သူများအကြားတွင်သာမက၊တစ်ကမ္ဘာလုံးတွင် ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးကို တိုးမြှင့်နိုင်ဖို့အတွက် ယဉ်ကျေးမှုကဏ္ဍမှာပါဝင်သူများအားလုံးပိုမို ပူးပေါင်းဆောင်ရွက် နိုင်မဲ့ အခွင့်အလမ်းများကို ရှာဖွေဖော်ထုတ်သွားရန် တိုက်တွန်းရင်းနိဂုံးချုပ်ပါတယ်။
ပျော်ရွှင်ဖွယ်ကောင်းပြီး၊ရလဒ်ကောင်းများပေးမယ့် ထိပ်သီးအစည်းအဝေးဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။
ကျေးဇူးတင်ပါတယ်။
(Unicode Version)
—————————————————————————————————————————-
ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ အာဆီယံ-ကိုရီးယားယဥ္ေက်းမႈဆိုင္ရာတီထြင္ဆန္းသစ္မႈထိပ္သီးအစည္းအေဝးတြင္
“Growing with Art” ေခါင္းစဥ္ျဖင့္ေျပာၾကားခဲ့သည့္မိန္႔ခြန္း
(ဘူဆန္ၿမိဳ႕၊၂၀၁၉ခုႏွစ္၊ႏိုဝင္ဘာလ၂၅ရက္)
ႂကြေရာက္လာၾကတဲ့ ဂုဏ္သေရရွိဧည့္သည္ေတာ္မ်ားရွင့္၊
အႏုပညာ၊ယဥ္ေက်းမႈနဲ႔နည္းပညာဆိုင္ရာနယ္ပယ္မ်ားမွကိုယ္စားလွယ္မ်ားစြာနဲ႔ေတြ႕ဆုံရတဲ့အတြက္ဝမ္းေျမာက္မိပါတယ္။
ယဥ္ေက်းမႈလုပ္ငန္းရဲ႕ေအာင္ျမင္မႈဟာ ကမၻာ့စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈကိုသိသိသာသာ အေထာက္အကူျပဳလ်က္ရွိပါတယ္။၂၀၁၄ခုႏွစ္မွာဆိုရင္ယဥ္ေက်းမႈလုပ္ငန္းမ်ားဟာကမၻာ့ဝင္ေငြအေမရိကန္ေဒၚလာ၂,၂၅၀ဘီလီယံနဲ႔အလုပ္အကိုင္၂၉.၅သန္းကိုဖန္တီးေပးႏိုင္ခဲ့ၿပီး၊ကိုရီးယား ႏိုင္ငံရဲ႕ယဥ္ေက်းမႈပို႔ကုန္တန္ဖိုးဟာ ၂၀၁၇ ခုႏွစ္မွာအေမရိကန္ေဒၚလာ၈.၂ဘီလီယံအထိရွိခဲ့ပါ တယ္။
ယဥ္ေက်းမႈဆိုင္ရာကုန္သြယ္ေရးမွာဖြံ႕ၿဖိဳးဆဲႏိုင္ငံေတြပါဝင္လာမႈ တိုးတက္လာေပမယ့္ အာဆီယံႏိုင္ငံမ်ားဟာတန္ဖိုးကြင္းဆက္ရဲ႕သုံးစြဲမႈပိုင္းမွာသာရွိေနဆဲျဖစ္တဲ့အတြက္ ကမၻာ့ ယဥ္ေက်းမႈ ကုန္သြယ္ျခင္းက႑ရဲ႕ေအာင္ျမင္မႈ ရလဒ္ကို အျပည့္အဝ ခံစားႏိုင္ျခင္းမရွိေသးတာ ကို ေတြ႕ျမင္ရပါတယ္။
ဒါေၾကာင့္ဒီေန႔က်င္းပတဲ့ ယဥ္ေက်းမႈဆိုင္ရာတီထြင္ဆန္းသစ္မႈထိပ္သီး အစည္းအေဝး ဟာ ဆိုရင္ယဥ္ေက်းမႈနဲ႔နည္းပညာပိုင္းဆိုင္ရာကၽြမ္းက်င္သူမ်ား အၾကားပူးေပါင္းေဆာင္႐ြက္ မႈျမႇင့္တင္ေရးအတြက္အသင့္ေလ်ာ္ဆုံးေသာအစည္းအေဝးတစ္ခုျဖစ္ပါတယ္။
ဒီကေန႔မွာ မိမိအေနနဲ႔ အခ်က္အလက္အခ်ိဳ႕ကိုေဆြးေႏြးသြားလိုပါတယ္။
ပထမအခ်က္အေနနဲ႔ ယဥ္ေက်းမႈလုပ္ငန္း ဖြံ႕ၿဖိဳးတိုးတက္ဖို႔အတြက္ပင္ကိုယ္ စြမ္းရည္နဲ႔နည္းပညာတို႔ဟာ ေမာင္းႏွင္အားတစ္ခုျဖစ္တယ္ဆိုတဲ့ အခ်က္ကို ေဆြးေႏြးလို ပါတယ္။
ယဥ္ေက်းမႈက႑ဟာ အျခားလုပ္ငန္မ်ားႏွင့္မတူဘဲ တစ္မူထူးျခားပါတယ္။ဒီက႑မွာ တီထြင္မႈနဲ႔ဆန္းသစ္မႈဟာအဓိကက်ၿပီးပင္ကိုစြမ္းရည္နဲ႔ ကၽြမ္းက်င္မႈေတြက ယဥ္ေက်းမႈ လုပ္ငန္း ရဲ႕အသက္ေသြးေၾကာပဲျဖစ္ပါတယ္။
ဒီယဥ္ေက်းမႈလုပ္ငန္းမွာ လုပ္ကိုင္ၾကသူမ်ားအေနနဲ႔အႏုပညာဖန္တီးမႈတန္ဖိုးမွာသာမက ပရိသတ္မ်ားနဲ႔ ထိေတြ႕ဆက္ဆံေရးအတြက္နဲ႔ လုပ္ငန္းမ်ားစီမံခန္႔ခြဲႏိုင္ေရးတို႔မွာလည္း တီထြင္ဆန္းသစ္တဲ့နည္းလမ္းမ်ားအၿမဲမျပတ္ ရွာေဖြေနဖို႔ လိုပါတယ္။
ဒါေၾကာင့္ယဥ္ေက်းမႈလုပ္ငန္းမွာလိုအပ္တဲ့ပင္ကိုစြမ္းရည္ဟာဖန္တီးမႈဆိုင္ရာပညာေရးနဲ႔ယဥ္ေက်းမႈဆိုင္ရာကၽြမ္းက်င္မႈအထိသာ ကန္႔သတ္မထားပဲ ယဥ္ေက်းမႈလုပ္ငန္းအေနနဲ႔ သတင္းအခ်က္အလက္နည္းပညာ၊အခ်င္းခ်င္း ကြန္ယက္ျဖန္႔က်က္ဆက္သြယ္ႏိုင္တဲ့ အရည္ အေသြးနဲ႔ စီမံခန္႔ခြဲမႈဆိုင္ရာကၽြမ္းက်င္မႈ အရည္အခ်င္းမ်ားလည္း လိုအပ္လ်က္ရွိပါတယ္။
အင္တာနက္ရဲ႕ ထိုးေဖာက္ဝင္ေရာက္မႈနဲ႔မိုဘိုင္းဖုန္းအသုံးျပဳႏိုင္မႈတိုးတက္လာတာနဲ႔အမၽွ ယဥ္ေက်းမႈတန္ဖိုးေတြကို ခံစားမႈပုံစံမ်ားလဲ ေျပာင္းလဲလာတဲ့အတြက္ယဥ္ေက်းမႈလုပ္ငန္း အေနနဲ႔လည္းဒစ္ဂ်စ္တယ္နည္းပညာအသုံးခ်မႈစြမ္းရည္နဲ႔နည္းပညာပိုင္းတို႔မွာပိုမိုရင္းႏွီးျမႇဳပ္ႏွံဖို႔လိုအပ္လ်က္ ရွိပါတယ္။
ဧည့္သည္ေတာ္မ်ားရွင့္
ဒုတိယအခ်က္အေနနဲ႔ ၿငိမ္းခ်မ္းမႈျမႇင့္တင္ျခင္းနဲ႔၂၁ရာစုမွာ ရင္ဆိုင္ေနရတဲ့ ကိစၥရပ္ မ်ားကိုေျဖရွင္းေရးမွာ ယဥ္ေက်းမႈလုပ္ငန္းမ်ားရဲ႕ အေရးပါတဲ့အခန္းက႑ကိုေဆြေႏြးလိုပါတယ္။
မတူကြဲျပားတဲ့လူ႕အဖြဲ႕အစည္းအသီးသီးအေပၚမွာ လႊမ္းမိုးႏိုင္စြမ္းရွိတဲ့ ယဥ္ေက်းမႈ လုပ္ငန္းမ်ားဟာကမၻာတစ္ဝွမ္းမွာ ယဥ္ေက်းမႈဖလွယ္ျခင္းေတြကို က်ယ္က်ယ္ျပန္႔ျပန္႔နဲ႔ မၽွမၽွ တတေဆာင္႐ြက္ႏိုင္ဖို႔အတြက္ အေရးပါတဲ့အေနအထားမွာ ရွိၿပီး၊ မတူကြဲျပားတဲ့ ယဥ္ေက်းမႈ မ်ားအၾကား အျပန္အလွန္ေလးစားမႈကို ျဖစ္ထြန္းေစကာၿငိမ္းခ်မ္းစြာေနထိုင္တဲ့ အေလ့ အက်င့္ေကာင္းမ်ားကို ထြန္းကားေစပါတယ္။
ယေန႔မိမိတို႔ရင္ဆိုင္ေနရတဲ့ျပႆနာေတြဟာေနရာအႏွံ႔ စိမ့္ဝင္ပ်ံ႕ႏွံ႔ေနတဲ့ သေဘာသဘာဝရွိတဲ့အတြက္ လူမႈအဖြဲ႕အစည္းတစ္ရပ္လုံးဘက္စုံမွ ခ်ဥ္းကပ္အေျဖရွာေရး ဟာမရွိ မျဖစ္လိုအပ္ပါတယ္။အစိုးရအသီးသီး အေနနဲ႔လည္းလူမႈအဖြဲ႕အစည္းမ်ားနဲ႔ လုပ္ငန္း မ်ားရဲ႕ ပိုမို ပူးေပါင္းေဆာင္႐ြက္မႈနဲ႔ ကူညီပံ့ပိုးမႈမ်ားလိုအပ္လ်က္ရွိပါတယ္။
မီဒီယာ၊အႏုပညာရွင္မ်ားနဲ႔ ျပည္သူကို လႊမ္းမိုးႏိုင္စြမ္းရွိသူတို႔ရဲ႕ႏူးညံ့သိမ္ေမြ႕တဲ့ စြမ္းအားတိုးတက္လာတာနဲ႔အမၽွ ယဥ္ေက်းမႈနဲ႔တီထြင္ဆန္းသစ္မႈလုပ္ငန္းနယ္ပယ္ မ်ားဟာ ၿငိမ္းခ်မ္း ေရးျမႇင့္တင္ေရးနဲ႔ျပႆနာမ်ားေျဖရွင္းေရးမွာ ပိုမို အေရးပါလာပါတယ္။
ရာသီဥတုေျပာင္းလဲျခင္းလို ျပသာနာမ်ိဳးကိုကိုင္တြယ္ရာမွာ ယဥ္ေက်းမႈဆိုင္ရာလုပ္ငန္း မ်ား ကလည္းသိသိသာသာ ပါဝင္ကူညီပံ့ပိုးေပးႏိုင္ပါတယ္။ရာသီဉတုေျပာင္းလဲမႈရဲ႕တိုးျမင့္လာတဲ့ ၿခိမ္းေျခာက္မႈေတြကို လူတစ္ဦးတစ္ေယာက္စီရဲ႕အမူအက်င့္မ်ားေျပာင္းလဲျခင္းျဖင့္သာ ပိုမိုထိ ေရာက္စြာတုန္႔ျပန္ႏိုင္မွာျဖစ္တဲ့အတြက္၊ မွန္ကန္တဲ့အေျပာင္းအလဲေတြ ျဖစ္ေပၚေစဖို႔ အတြက္ဆန္းသစ္တဲ့ နည္းလမ္းေတြကို မိမိတို႔အေနနဲ႔ ရွာေဖြဖို႔လိုအပ္လ်က္ ရွိပါတယ္။
ဒါနဲ႔စပ္လ်ဥ္းလို႔မၾကာေသးခင္ကဂ်ာမနီႏိုင္ငံမွာဂႏၴဝင္သံစုံတီးဝိုင္းတစ္ခုကရာသီဥတုေျပာင္းလဲမႈအေၾကာင္းကို ေဖာ္က်ဴးရာမွာ Antonio Vivaldi ရဲ႕ေလးရာသီ(The Four Seasons)တေယာေဖ်ာ္ေျဖပြဲကရာသီဥတုအခ်က္အလက္မ်ားကို အေျခခံၿပီးတင္ဆက္ခဲ့တာ ဟာအလြန္ဆန္းသစ္ၿပီးအက်ိဳးသက္ေရာက္မႈရွိပါတယ္။ရာသီဥတုေျပာင္းလဲမႈဆိုင္ရာအသိပညာဗဟုသုတမ်ားျမႇင့္တင္ႏိုင္ဖို႔ ဒီလိုအစီအစဥ္သစ္ေတြ မ်ားစြာလိုအပ္လ်က္ ရွိပါတယ္။
အစြန္းေရာက္မႈ တိုက္ဖ်က္ေရးဟာလည္း ယဥ္ေက်းမႈနယ္ပယ္မွာ ျပည္သူကို လႊမ္းမိုး ႏိုင္စြမ္းရွိသူမ်ားအေနနဲ႔ ပါဝင္အကူအညီေပးႏိုင္တဲ့နယ္ပယ္တစ္ခုျဖစ္ပါတယ္။ ယဥ္ေက်းမႈ ကြဲျပားျခားနားမႈကို ပဋိပကၡမ်ား၊ အစြန္းေရာက္မႈမ်ား ျဖစ္ပြားေစတဲ့ အေၾကာင္းရင္း ခံတစ္ခုအေနနဲ႔ ႐ႈျမင္ေလ့ရွိတတ္ၾကေပမယ့္တစ္ခါတစ္ရံမွာပဋိပကၡအတြက္အေၾကာင္းျပခ်က္ သက္သက္သာျဖစ္တတ္ပါတယ္။
ပဋိပကၡမ်ား ျဖစ္ပြားရတဲ့အေၾကာင္းရင္းခံမ်ားကိုနက္နက္နဲနဲ ရွာေဖြဖို႔ လိုအပ္တဲ့အျပင္ မတူကြဲျပားတဲ့ ယဥ္ေက်းမႈေတြကို အသိအမွတ္ျပဳေလးစားတန္ဖိုးထားတတ္ဖို႔အတြက္ မိမိတို႔ အေနနဲ႔ ယဥ္ေက်းမႈဆိုင္ရာအသိပညာနဲ႔ကြဲျပားတဲ့ ယဥ္ေက်းမႈအၾကား ဆက္ဆံေရး စြမ္းရည္တို႔ကို အသုံးခ်ရမွာ ျဖစ္ပါတယ္။ သို႔မွသာ အားလုံးရဲ႕ စိတ္နဲ႔ႏွလုံးသားတို႔ဟာ တစ္လုံး တစ္ဝတည္း စုစည္းေပါင္းစပ္လာၾကမွာ ျဖစ္ပါတယ္။
ယဥ္ေက်းမႈလုပ္ငန္းဟာမညီမၽွမႈေတြကို ေလၽွာ႔ခ်ရာမွာလည္းမ်ားစြာအက်ိဳးသက္ေရာက္မႈ ရွိပါတယ္။
ယဥ္ေက်းမႈက႑ဟာလူငယ္လူ႐ြယ္ေတြကိုအလုပ္အကိုင္ရရွိေစၿပီး၊အမ်ိဳးသမီးမ်ားကိုဦးစားေပးတဲ့အျပင္၊ ယဥ္ေက်းမႈလုပ္ငန္းကို အေသးစားစီးပြားေရးလုပ္ငန္းမ်ားနဲ႔ တစ္ဉီးခ်င္း စီကေဆာင္႐ြက္တာျဖစ္တဲ့အတြက္ယဥ္ေက်းမႈဆိုင္ရာလုပ္ငန္းမ်ားဟာႏုပ်ိဳလန္းဆန္းတယ္၊အားလုံးပါဝင္တယ္၊စီးပြားေရးစြမ္းေဆာင္မႈရွိတယ္လို႔ေလ့လာေတြ႕ရွိခ်က္ေတြကဆိုပါတယ္။
ဒါေၾကာင့္၊တီထြင္ဆန္းသစ္မႈလုပ္ငန္းကလူငယ္မ်ား၊ အမ်ိဳးသမီးမ်ား၊ အေသးစား စီးပြားေရးလုပ္ငန္းမ်ားအတြက္ စီးပြားေရးဆိုင္ရာ အခြင့္အလမ္းမ်ားဖန္တီးေပး႐ုံသာမက လူမႈေရး မညီမၽွမႈ နဲ႔ ႏိုင္ငံနဲ႔ေဒသမ်ားအၾကား ဖြံ႕ၿဖိဳးတိုးတက္မႈ ကြာဟခ်က္မ်ားကို က်ဥ္းေျမာင္း ေစဖို႔ အတြက္ အလားအလာမ်ားစြာ ရွိတာေၾကာင့္ တီထြင္ဆန္းသစ္မႈလုပ္ငန္းကဟာ ဖြံ႕ၿဖိဳးတိုးတက္မႈကို ျဖစ္ေစတဲ့ အင္အားႀကီးအရာတစ္ခု ျဖစ္ပါတယ္။
ဧည့္သည္ေတာ္မ်ားရွင့္
တတိယအခ်က္အေနနဲ႔ ယဥ္ေက်းမႈက႑မွာ ပူးေပါင္းေဆာင္႐ြက္မႈမ်ား ျမႇင့္တင္ေရးကို အေလးထား ေျပာၾကားလိုပါတယ္။
ယဥ္ေက်းမႈက႑မွာ တစ္ကမၻာလုံးအတိုင္းအတာနဲ႔ဉီးေဆာင္ေနတဲ့ကိုရီးယား သမၼတႏိုင္ငံဟာ အာဆီယံရဲ႕ တန္ဖိုးရွိတဲ့မိတ္ဖက္ႏိုင္ငံတစ္ႏိုင္ငံျဖစ္တာေၾကာင့္ ႏွစ္ဖက္ အက်ိဳးရွိမယ့္ ပူးေပါင္းေဆာင္႐ြက္မႈေတြ တိုးတက္ခိုင္မာေစဖို႔ အခြင့္အလမ္းမ်ားစြာ ရွိေနပါတယ္။
မိမိတို႔ေဒသမွာရွိတဲ့ စုံလင္ၿပီး မတူကြဲျပားတဲ့ ယဥ္ေက်းမႈအေမြအႏွစ္ေတြဟာအႏုပညာ တန္ဖိုးေတြကို ပူးတြဲဖန္တီးဖို႔၊ပူးတြဲထုတ္လုပ္ဖို ႔နဲ႔ပူးတြဲျဖန္႔ေဝဖို႔အတြက္အခြင့္အလမ္းမ်ားျဖစ္ပါတယ္။
ဒီလိုပူးတြဲဖန္တီးထုတ္လုပ္ျခင္းဟာစရိတ္မၽွေဝက်ခံဖို႔အတြက္သာမက႐ုပ္ရွင္နဲ႔ ႐ုပ္ျမင္သံၾကား လုပ္ငန္းမ်ားအတြက္ ပိုမိုႀကီးမားတဲ့ေဈးကြက္ နဲ႔မတူကြဲျပားတဲ့အေၾကာင္းအရာ ေတြကို ပိုမိုရရွိဖို႔အတြက္ အခြင့္အလမ္းမ်ားကိုလည္း ေဖာ္ေဆာင္ေပးလ်က္ ရွိပါတယ္။
ျမန္မာႏိုင္ငံနဲ႔ ကိုရီးယားႏိုင္ငံတို႔အၾကားအႏုပညာဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္မႈမ်ား စတင္ေနရာကို ေတြ႕ျမင္ရတဲ့အတြက္ မိမိအေနနဲ႔ မ်ားစြာအားရေက်နပ္မိပါတယ္။
ကိုရီးယားႏိုင္ငံရဲ႕JBJ Entertainment ၊ SBS Medianetတို႔နဲ႔ ျမန္မာႏိုင္ငံရဲ႕BIG5 Film Production ၊Fortune TV တို႔အၾကား ပူးတြဲထုတ္လုပ္ထားတဲ့“A Winter once upon a time” ၊ “A Flower above the Clouds” နဲ႔“My Music Teacher Mingalabar” အမည္ရွိ ႐ုပ္ရွင္မ်ားဟာ အနာဂတ္မွာ ႐ုပ္ရွင္ထုတ္လုပ္မႈက႑မွာပူးေပါင္းေဆာင္႐ြက္မႈေတြ ျမႇင့္တင္သြားႏိုင္ဖို႔ အျပဳသေဘာေဆာင္ တဲ့ေျခလွမ္းမ်ားျဖစ္ပါတယ္။
ျမန္မာ့႐ုပ္ရွင္လုပ္ငန္းဟာ၎ရဲ႕ေ႐ႊေခတ္ကာလမွာအေရွ႕ေတာင္အာရွမွာ အႀကီးမားဆုံး နဲ႔ အေအာင္ျမင္ဆုံးျဖစ္ခဲ့ပါတယ္။ လာမယ္ႏွစ္မွာဆိုရင္ျ မန္မာ႐ုပ္ရွင္ဟာႏွစ္ ၁၀၀ ျပည့္ေျမာက္ မွာျဖစ္တဲ့အတြက္ျမန္မာ့႐ုပ္ရွင္လုပ္ငန္းအေနဲ႔ေတာက္ပတဲ့ အနာဂတ္ကို ဖန္တီးရာမွာ ေဒသတြင္းႏိုင္ငံမ်ားနဲ႔ပိုမိုပူးေပါင္းေဆာင္႐ြက္မႈမွတစ္ဆင့္အတိတ္ရဲ႕ေအာင္ျမင္မႈမ်ားအေပၚ တည္ေဆာက္သြားလိမ့္မယ္လို႔ ယုံၾကည္ပါတယ္။
ဒီလအေစာပိုင္းက ဘူဆန္ၿမိဳ႕မွာ က်င္းပခဲ့တဲ့ ASEAN Cinema Week 2019နဲ႔ASEAN-ROK Film Organization ထူေထာင္ဖို႔ ႀကိဳးပမ္းမႈမ်ားဟာလည္း႐ုပ္ရွင္က႑မွာ အနာဂတ္ပူးေပါင္းေဆာင္႐ြက္မႈမ်ားအတြက္ အလားအလာေကာင္းမ်ားျဖစ္ပါတယ္။
ဧည့္သည္ေတာ္မ်ားရွင့္
ဂီတက႑မွာ ပူးေပါင္းေဆာင္႐ြက္မဲ့ အလားအလာဟာလည္းအားရစရာေကာင္းပါတယ္။ ဂီတဟာကြဲျပားျခားနားတဲ့လူပုဂၢိဳလ္မ်ားနဲ႔ ယဥ္ေက်းမႈမ်ားအၾကား မွာတည္ရွိတဲ့ အတား အဆီးမ်ားကို ေက်ာ္လြန္ႏိုင္ဖို႔အတြက္ အင္အားႀကီးမားတဲ့ တန္ဆာပလာတစ္ခု ျဖစ္ပါတယ္။
ျမန္မာ၊ ထိုင္းနဲ႔ ကိုရီးယားသမၼတႏိုင္ငံေတြက အဆိုေတာ္မ်ားနဲ႔ ဖြဲ႕စည္းထားတဲ့ ကိုရီးယားမိန္းကေလးအဆိုေတာ္အဖြဲ႕ျဖစ္တဲ့“Rose Quartz” ဟာဆိုရင္လည္း ဂီတနဲ႔ ေပါင္းစည္းထားတဲ့ ခ်စ္ခင္ရင္းႏွီးမႈရဲ႕ ျပယုဂ္တစ္ခုျဖစ္ပါတယ္။
ျမန္မာႏိုင္ငံအေနနဲ႔မၾကာေသးမီက “Gongs and Skins” အမည္ရွိ ႏိုင္ငံတကာ သံစုံတူရိယာတီးဝိုင္းအစီအစဥ္တစ္ရပ္ကို လက္ခံက်င္းပခဲ့ပါတယ္။ အဲဒီ တီးဝိုင္းမွာ ျမန္မာႏိုင္ငံက တိုင္းရင္းသားမ်ိဳးစုံ အျပင္ အာရွ၊ အာဖရိကနဲ႔ ဥေရာပတိုက္တို႔မွ တူရိယာ ပညာရွင္မ်ားပါဝင္ၿပီး၊ ေဒသအတြင္းမွာရွိတဲ့စုံလင္တဲ့ ယဥ္ေက်းမႈမ်ားအၾကား ၿငိမ္းခ်မ္းေသာ ထိေတြ႕ဆက္ဆံမႈကို တိုးျမႇင့္ခဲ့ပါတယ္။
K-Pop လိုအလားတူ ဖြဲ႕စည္းထားတဲ့ ျမန္မာ အမ်ိဳးသားေလးမ်ားရဲ႕ ဂီတအဖြဲ႕ျဖစ္တဲ့ Project K ဆိုရင္ လူငယ္မ်ားအၾကားမွာသာ လူႀကိဳက္မ်ား ထင္ရွား႐ုံသာမက၊ ဒီအဖြဲ႕ကို ႏွစ္ၿခိဳက္သူမ်ားအထဲမွာ မိမိလည္း တစ္ဉီး အပါအဝင္ျဖစ္ပါတယ္။
အာဆီယံနဲ႔ ကိုရီးယားသမၼတႏိုင္ငံတို႔အၾကား တိုးတက္လာတဲ့ ယဥ္ေက်းမႈဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္မႈမ်ား အျပင္ယဥ္ေက်းမႈဖလွယ္ျခင္း ကကမၻာလုံးဆိုင္ရာ ၿငိမ္းခ်မ္းေရးနဲ႔ ညီၫႊတ္ေရးကို သိသိသာသာ အေထာက္အကူျပဳတာကို အသိအမွတ္ျပဳလ်က္ေဒသတြင္းရွိ ျပည္သူမ်ားအၾကားတြင္သာမက၊တစ္ကမၻာလုံးတြင္ ၿငိမ္းခ်မ္းေရးႏွင့္ သာယာဝေျပာေရးကို တိုးျမႇင့္ႏိုင္ဖို႔အတြက္ ယဥ္ေက်းမႈက႑မွာပါဝင္သူမ်ားအားလုံးပိုမို ပူးေပါင္းေဆာင္႐ြက္ ႏိုင္မဲ့ အခြင့္အလမ္းမ်ားကို ရွာေဖြေဖာ္ထုတ္သြားရန္ တိုက္တြန္းရင္းနိဂုံးခ်ဳပ္ပါတယ္။
ေပ်ာ္႐ႊင္ဖြယ္ေကာင္းၿပီး၊ရလဒ္ေကာင္းမ်ားေပးမယ့္ ထိပ္သီးအစည္းအေဝးျဖစ္ပါေစေၾကာင္း ဆုမြန္ေကာင္းေတာင္း လိုက္ရပါတယ္။
ေက်းဇူးတင္ပါတယ္။
(Zawgyi Version)