(၆-၁၀-၂၀၁၇ ရက္၊ ဘန္ဒါဆရီဘီဂါဝန္ၿမိဳ႕)
ျပည္ေထာင္စုသမၼတျမန္မာနိုင္ငံေတာ္ နိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ျမန္မာကိုုယ္စားလွယ္အဖြဲ႔သည္ ယေန႔ ေဒသစံေတာ္ခ်ိန္ (၂၀:၀၀) နာရီတြင္ ဘ႐ူႏိုင္းဒါ႐ူဆလမ္ႏုိင္ငံ ဘန္ဒါဆရီ ဘီဂါဝန္ၿမိဳ႕ Istana Nurul Imam ဘုရင့္နန္းေတာ္၌ က်င္းပသည့္ ဘ႐ူႏိုင္းဒါ႐ူ ဆလမ္ႏုိင္ငံ ဘုရင္မင္းျမတ္ ဆူလ္တန္ ဟာဂီ် ဟာဆာနယ္လ္ ဘိုလ္ကီးယား မူအစ္ဇာဒင္ ဝါဒူလာ နန္းေမြ ဆက္ခံသည့္ ႏွစ္(၅ဝ)ျပည့္ ေရႊရတုအထိမ္းအမွတ္ ဂုဏ္ျပဳညစာစားပြဲ အခမ္းအနားသို႔ တက္ေရာက္ခဲ့ပါသည္။
အဆိုုပါ ဘရူႏိုုင္းဘုုရင္မင္းျမတ္၏ နန္းေမြဆက္ခံသည့္ ႏွစ္(၅ဝ)ျပည့္ ေရႊရတုအထိမ္းအမွတ္ ဂုဏ္ျပဳညစာစားပြဲ အခမ္းအနားသို႔ အာဆီယံႏိုုင္ငံမ်ားမွ သမၼတ၊ ဒုုတိယသမၼတ၊ ဝန္ႀကီးခ်ဳပ္ ႏွင့္ ဒုုတိယဝန္ႀကီးခ်ဳပ္မ်ား၊ ဥေရာပႏွင့္ အေရွ႕အလယ္ပိုုင္း ႏိုုင္ငံမ်ားမွ ေတာ္ဝင္ မိသားစုုဝင္မ်ားႏွင့္ အထူးဖိတ္ၾကားထားသူမ်ား တက္ေရာက္ခဲ့ၾကေၾကာင္း သိရွိရပါသည္။
ဓါတ္ပုုံ-ျပန္/ဆက္
သတင္း-ျမန္မာကိုုယ္စားလွယ္အဖြဲ႕
(Unicode Version)
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ဘုရင်မင်းမြတ် နန်းမွေဆက်ခံသည့် နှစ်(၅ဝ)ပြည့် ရွှေရတုအထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့ တက်ရောက်
(၆-၁၀-၂၀၁၇ ရက်၊ ဘန်ဒါဆရီဘီဂါဝန်မြို့)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့ဒေသစံတော်ချိန် (၂၀ဝ၀)နာရီတွင် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ဘန်ဒါဆရီ ဘီဂါဝန်မြို့ Istana Nurul Imam ဘုရင့်နန်းတော်၌ ကျင်းပသည့် ဘရူနိုင်းဒါရူ ဆလမ်နိုင်ငံ ဘုရင်မင်းမြတ် ဆူလ်တန် ဟာဂျီ ဟာဆာနယ်လ် ဘိုလ်ကီးယား မူအစ်ဇာဒင် ဝါဒူလာ နန်းမွေဆက်ခံသည့် နှစ်(၅ဝ)ပြည့် ရွှေရတုအထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
အဆိုပါ ဘရူနိုင်းဘုရင်မင်းမြတ်၏ နန်းမွေဆက်ခံသည့် နှစ်(၅ဝ)ပြည့် ရွှေရတုအထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားသို့ အာဆီယံနိုင်ငံများမှ သမ္မတ၊ ဒုတိယသမ္မတ၊ ဝန်ကြီးချုပ် နှင့် ဒုတိယဝန်ကြီးချုပ်များ၊ ဥရောပနှင့် အရှေ့အလယ်ပိုင်း နိုင်ငံများမှ တော်ဝင်မိသားစုဝင်များနှင့် အထူးဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြ ကြောင်း သိရှိရပါသည်။
ဓါတ်ပုံ-ပြန်/ဆက်
သတင်း – မြန်မာကိုယ်စားလှယ်အဖွဲ့