မော်လမြိုင် ဖေဖော်ဝါရီ ၂၄
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ သူရဦးအောင်ကို၊ ဒေါက်တာ အောင်သူ ၊ဦးအုန်းဝင်း၊ ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီး ဦးလှမော်ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီးအောင်ဝင်းဦး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ပိုင်းတွင် နေပြည်တော်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာကြရာ မွန်ပြည်နယ် မော်လ မြိုင်မြို့သို့ ရောက်ရှိကြသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့အား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံ၊ ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ ဒေသခံတိုင်းရင်းသား၊ တိုင်းရင်းသူများက မော်လမြိုင်လေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် ကရင်ပြည်နယ် ဝန်ကြီးချုပ်နှင့်အတူ ရဟတ်ယာဉ်များဖြင့် ဆက်လက်ထွက်ခွာကြရာ ကော့ကရိတ်မြို့သို့ ရောက်ရှိကြသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့အား ကရင်ပြည်နယ်တရားသူကြီးချုပ် ဦးစောစံလင်း၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် ဒေသခံတိုင်ရင်းသား၊ တိုင်း ရင်းသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကော့ကရိတ်မြို့ကရင်နှစ်သစ်ကူးကွင်း၌ ကော့ကရိတ်ခရိုင်အတွင်းရှိ မြို့နယ်များမှ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က “ကျွန်မတို့အနေနဲ့ကော့ကရိတ်ခရိုင်အတွင်း ကပြည်သူလူထုနဲ့ တွေ့ဆုံပွဲပြုလုပ်နိုင်တဲ့အတွက် ဝမ်းသာပါတယ်။ ကျွန်မတို့ကိုနွေးနွေးထွေးထွေးနဲ့ကြိုဆိုတဲ့အတွက်ကျေးဇူးတင်ပါတယ်။ ကျွန်မတို့ပြည်သူလူထုနဲ့ တွေ့ဆုံပွဲပြုလုပ်ရခြင်းရဲ့ အဓိက ရည်ရွယ်ချက်က ပြည်သူလူထုနဲ့ မျှဝေချင်လို့ပါ။ မျှဝေချင်တယ်ဆိုတာနိုင်ငံရဲ့အကောင်းအဆိုး၊ အကြောင်းအကျိုးအားလုံးကို ကျွန်မတို့ပြည်သူလူထုနဲ့ မျှဝေချင်လို့ဖြစ်ပါတယ်။ ကောင်းတယ် ဆိုရင်လည်း ကောင်းတာတွေကိုမျှဝေချင်လို့ပါ။ ဆိုးတာဆိုရင်လည်း ဆိုးတာတွေကိုမျှဝေပြီး အတူခံမယ်၊ အတူစံမယ်။ဒါ နိုင်ငံသူနိုင်ငံသားတွေရဲ့တာဝန်နဲ့ လုပ်ပိုင်ခွင့်ပါ။
ကိုယ်တိုင်စံရတယ်ဆိုတာက ကိုယ့်ရဲ့အခွင့်အရေး၊ ခံရတယ်ဆိုတာက ကိုယ့်ရဲ့တာဝန်ပါ။ ကျွန်မတို့တစ်တိုင်းပြည်လုံးမှာ ပြည်သူလူထုနဲ့တွေ့ဆုံပွဲတွေ လုပ်တယ်ဆိုတာ ဒီရည်ရွယ်ချက်နဲ့ ဖြစ်ပါတယ်။ ပြည်သူတွေပါဝင်ပြီး တာဝန်ယူစောင့်ရှောက်ပေးနိုင်တဲ့၊ အကာအကွယ် စောင့်ရှောက်မှု လည်းပေးနိုင်တဲ့ အစိုးရမျိုးကို ကျွန်မတို့ ထူထောင်ချင်ပါတယ်။ ဒီလိုအစိုးရမျိုး ထူထောင်ချင်တယ်ဆိုရင် အစိုးရနဲ့ပြည်သူကြားမှာအမြဲတစေ ထိတွေ့မှု လိုအပ်ပါတယ်။ ဒါကြောင့်ကျွန်မတို့ ဒီလိုတွေ့ဆုံပွဲတွေလုပ်တာပါ။ အဲဒီလိုတွေ့ဆုံပွဲတွေ လုပ်တဲ့အခါမှာ ပြည်သူတွေရဲ့အသံကိုလည်း ကြားချင်တယ်။ ကျွန်မတို့ရဲ့အဖြေတွေကိုလည်း ပြည်သူတွေက ပြန်ပြီးကြားစေချင်ပါတယ်။ ကျွန်မတို့တစ်တိုင်းပြည်လုံးထဲကနေ ပြီးတချို့နေရာတွေကပိုပြီး အရေးကြီးပါတယ်။ ဥပမာကော့ကရိတ်လိုနေရာမျိုးဆို ပိုပြီးအရေးကြီးတယ်လို့ကျွန်မ တွေးမိပါတယ်။ ဘာဖြစ်လို့ပိုပြီး အရေးကြီးတယ်လို့သတ်မှတ်ရလဲဆိုရင် ကျွန်မတို့ရဲ့နိုင်ငံသူနိုင်ငံသားတွေကို တစ်နေရာကပိုပြီးအရေးပါတယ်။ တစ်နေရာကပိုပြီးအရေးမပါဘူးဆိုပြီး အဲဒီလိုခွဲခြားဆက်ဆံဖို့ မဟုတ်ပါဘူး။ သမိုင်းကြောင်းအရ ကရင်ပြည်နယ်ဟာပြည်တွင်းစစ်ရဲ့ ဒဏ်တွေကိုက ောင်းကောင်းခံစားခဲ့ရတဲ့ ပြည်နယ်လည်းဖြစ်ပါတယ်။ အခုဆိုရင်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေကြောင့်တချို့န ေရာတွေမှာအေးချမ်းသွားတဲ့အခါ အရင်တုန်းကငြိမ်း ချမ်းရေးမရှိခင်တုန်းက အတွေ့အကြုံနဲ့ ငြိမ်းချမ်းရေးရပြီးတဲ့ အတွေ့အကြုံနှစ်မျိုးစလုံးကို ကရင်ပြည်နယ်ကပြည်သူပြည်သားတွေ သိကြပါတယ်။ ဒါကြောင့်ကျွန်မတို့နိုင်ငံအတွက် အရေးကြီးတယ်လို့ ပြောတာပါ။
ပြည်တွင်းစစ်ကြောင့်ဖွံ့ဖြိုးမှုန ောက်ကျခဲ့တဲ့ကိစ္စတွေကိုလည်း ကျွန်မတို့ပြန်ပြင်ဖို့လိုပါတယ်။ ပြည်သူတွေချမ်းသာလာဖို့နဲ့ လုံခြုံလာဖို့ဒီဟာတွေလုပ်ဖို့ကြိုးစားတဲ့ နေရာမှာပြည်သူ တွေပါမှကျွန်မတို့လည်း အောင်မြင်နိုင်မှာပါ။ ကျွန်မစောစောကပြောသလို ငြိမ်းချမ်းရေးရှိခြင်းနဲ့ မရှိခြင်းရဲ့ အကျိုးဆက်တွေကို ငြိမ်းချမ်းရေး ရှိခြင်းကိုလည်းသိတယ်။ မရှိခြင်းကိုလည်း ခံစားခဲ့ရတဲ့ ပြည်သူတွေသာနားလည်ပါတယ်။ ကျွန်မပထမဦးဆုံး အကြိမ်လူငယ်တွေနဲ့ လုပ်တဲ့ငြိမ်းချမ်းရေးဆွေးနွေး ပွဲမှာဆိုရင်ကရင် ပြည်နယ်က လူငယ်တွေပြောသွားတဲ့စကားကို ကျွန်မအခုထက်ထိမှတ်မိနေပါတယ်။
ဒီကလေးတွေဟာနှစ်ဆယ်က ျော်ကျော်လေးတွေ၊နှစ် ဆယ်ကျော်တွေဆိုတော့ အပစ်အခတ်ရပ်စဲရေးမရခင်တုန်းကအချိန်နဲ့ ရပြီးတဲ့အချိန်တွေကို သိပါတယ်။ ဒီတော့ကျွန်မမေး ပါတယ် ဘယ်လိုကွာခြားသလဲ၊ခံစားမှုရှိသလားဆိုတော့၊ ဘယ်လိုအကျိုးရှိတယ်ဆိုတာကို သူတို့ကလူငယ်တွေဆိုတော့ ရိုးရိုးရှင်းရှင်းပဲပြောပါတယ်။ လမ်းတွေသိပ်ကောင်းလာတယ်၊ သွားရေးလာရေးသိပ်အဆင်ပြေလာတယ်လို့ ပြောပါတယ်။ အဲဒီတော့ကျွန်မရှင်းပြပါတယ်။ သူတို့အတွက် သွားရေး အဆင်ပြေတယ် ဆိုတာလမ်းကောင်းယုံတင် မဟုတ်ပါဘူး အလုပ်လုပ်ရတာ၊ စာသင်ရတာ၊ စီးပွားရေးလုပ်ရတာနဲ့ကျန်းမာရေးစောင့်ရှောက်မှုပိုပြီးလွယ်လာပါတယ်။ ဒါက ဒီလမ်းလေး ကောင်းလာတာနဲ့ အများကြီးအကျိုးဆက်တွေရှိပါတယ်။ ဒီလမ်းတွေကောင်းဖို့ဆိုတာ ကျွန်မတို့ကအများကြီးလုပ်ယူရပါတယ်။
ထိုနည်းလည်းကောင်းပဲ လျှပ်စစ်ဓာတ်အားမရှိတဲ့နေရာနဲ့ရှိတဲ့ နေရာကအခြေအနေသိပ်ကွာ ပါတယ်။ ဘာဖြစ်လို့ဒီလိုအခြေအနေကွာလဲဆိုရင် လျှပ်စစ် ဓာတ်အားရှိတယ်ဆိုရင် ကိုယ့်အလုပ်ကို လုပ်ချင်သလောက် လုပ်လို့ရပါတယ်။ ကိုယ်ကြိုက်သလို ကိုယ့်ရဲ့န ေ့ကိုကိုယ်ကန ေပြီးစီစဉ်လို့ရပါတယ်။ အဲဒီလိုအကျိုးဆက်တွေဖြစ်ဖို့ငြိမ်း ချမ်းရေးက အရေးကြီးပါတယ်။ ငြိမ်းချမ်းရေးရှိမှဖွံ့ဖြိုးတိုးတက်ရေးကို ရရှိနိုင်မှာပါ။
မြန်မာနိုင်ငံရဲ့ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းထဲမှာ ငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးရေးဟာ ဘယ်လိုမှခွဲ ခြားလို့ မရဘူးဆိုတာ သေသေချာချာအသိအမှတ်ပြုထားပါတယ်။ ငြိမ်းချမ်းမှ ဖွံ့ဖြိုးမယ်။ ဖွံ့ဖြိုးမှငြိမ်းချမ်းရေးကို ဆက်ပြီးခိုင်မာအောင်လုပ်နိုင်မယ်။ ဒါကိုကရင်ပြည်နယ် မှာရှိတဲ့ ပြည်ထောင်စုဖွား တိုင်းရင်းသားတွေအားလုံးကဝိုင်းပြီးကြိုး စားပေးစေချင်ပါတယ်။ ငြိမ်းချမ်းရေး ဆိုတာ နောက်ဆုံးကိုယ့်စိတ်ထဲကစတာပါ။ မငြိမ်းချမ်းတဲ့နေရာနဲ့ပုဂ္ဂိုလ်တွေဟာစိတ်ထဲကစတာပါ။
ငြိမ်းချမ်းနိုင်တဲ့ အရည်အချင်းရှိတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်ဖို့ ပထမလိုပါတယ်။ ဒါကြောင့် ယုံကြည်မှုတည်ဆောက်ရေးလို့ ကျွန်မထပ်တလဲလဲပြောပါတယ်။ ယုံကြည်မှု တည်ဆောက်နိုင်မှငြိမ်းချမ်းနိုင်မယ်။ ယုံကြည်မှုတည်ဆောက်တယ်ဆိုတာ ပထမဆုံး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတည်ဆောက်ရမယ်။ ငါဟာ ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်တဲ့လူဆိုတာကို ယုံကြည်မှုရှိရမယ်။ငါဟာ ငြိမ်းချမ်းရေးကို လက်ကိုင်ပြီး နိုင်ငံငြိမ်းချမ်းရေးကို သွားသင့်သွားထိုက်တဲ့ နေရာကိုသွားအောင်လို့ လုပ်နိုင်တဲ့လူမျိုးဆိုတာ ကိုလက်ခံနိုင်ရမယ်။ ငါဟာ ငြိမ်းချမ်းရေး လက်နက်ကလွဲလို့ ဘာတခြားနည်းကိုမှမလိုဘူးဆိုတဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေရှိလာရမယ်။
အဲဒီလိုယုံကြည်မှုတွ ေပြည်သူပြည်သားတွေရဲ့ ကြားထဲမှာကလေးဘဝကတည်းက တစ်ခါထဲထည့်ပေးစေချင်ပါတယ်။ ဒီလိုစိတ်ဓာတ်တွေရှိရမယ်။ ကိုယ့်ရဲ့အရည်အချင်းအပေါင်း လက္ခဏာဆောင်တဲ့အရည်အချင်းတွေ၊ မေတ္တာ စေတနာတွေကို အခြေခံပြီးကိုယ်လိုချင်တဲ့ ပန်းတိုင်ရောက်အောင်သွားနိုင်တယ်ဆိုတဲ့ ယုံကြည်ချက်ကိုအားလုံးရဲ့ စိတ်ထဲမှာရ ှိဖို ့လိုအပ်ပါတယ်။
ပြည်သူတွေအနေနဲ့ ယုံကြည်ချက်ရှိဖို့ဆိုတာ အစိုးရကလည်း အများကြီး ကူညီဆောင်ရွက် ပေးရမယ်။ အစိုးရရဲ့အဓိကဦးတည်ချက်တွေထဲမှာ တရားဥပဒေစိုးမိုးရေးဆိုတာပါပါတယ်။ တရားဥပဒေစိုးမိုးရေးကို တချို့ကဘယ်လိုထင်လည်းဆိုတော့ တရားဥပဒေစိုးမိုးရေးဆိုတာ ရဲတွေ၊ တရားရုံးတွေနဲ့ဆိုင်တဲ့ ကိစ္စလို့မြင်ကြပါတယ်။ တရားဥပဒေစိုးမိုးရေးကိုကျဉ်းကျဉ်းလေး မြင်က ြပါတယ်။
ကျွန်မပြောချင်တဲ့ တရားဥပဒေစိုးမိုးရေးဆိုတာ ပြည်သူလူထုတွေကိုလုံခြုံမှုပေးတဲ့ တရားဥပဒေ စိုးမိုးရေးကိုပြောတာပါ။ လုံခြုံမှုဆိုတာရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာလုံခြုံမှုပါ။ တရားဥပဒေ စိုးမိုးရေးရှိတာကို ကျွန်မအနေနဲ့ပြည်သူတွေကို ရိုးရိုးလေးပြောရမယ်ဆိုရင် အိပ်နိုးချမ်းသာပါ။ အိပ်တဲ့အခါကျရင် စိတ်ချမ်းချမ်းသာသာနဲ့ အိပ်နိုင်တယ်။ နိုးလာတဲ့အခါကျရင်လည်း စိတ်ချမ်းချမ်းသာသာနဲ့ နိုးနိုင်တယ်။ ညအိပ်တဲ့အခါမှာငါ့အိမ်ကလုံခြုံတယ်။ ငါ့ဝင်းကလုံခြုံတယ်။ ငါဘာမှ စဉ်းစားစရာမရှိဘူး။ လုံခြုံရေးရှိလား/မရှိလားစဉ်းစားဖို့မလို ပါဘူးဆိုတဲ့စိတ်ဓာတ်၊ ပြည်သူတွေထဲမှာ ဖြစ်ပြီဆိုရင်တရားဥပဒေစိုးမိုးရေးရှိလို့ပါ။ ကိုယ့်ရဲ့အိမ်ထဲမှာလုံခြုံမှုရှိတဲ့အပြင် အိမ်အပြင်ထွက်ပြီး အလုပ်လုပ်တဲ့အခါ၊ ကျောင်းသွားတဲ့အခါ၊ ဈေးသွားတဲ့အခါ လုံခြုံတယ်ဆိုတဲ့ စိတ်က တရားဥပဒေစိုးမိုးရေးရှိလို့ပါ။ ဒါတွေကိုကျွန်မတို့ဦးတည်ပါတယ်။
ဒီလိုဦးတည်တဲ့အခါမှာ ပြည်သူလူထုရဲ့ ပူးပေါင်းဆောင်ရွက်မှုကတော့ အဓိကပါပဲ။ ဘယ်အစိုးရမှဘယ်လောက်ကောင်းတယ်၊ တော်တယ်ပြောပြော၊ ပြည်သူလူထုရဲ့ ထောက်ခံမှု၊ ပူးပေါင်းဆောင်ရွက်မှုမရှိဘဲနဲ့ တကယ့်ကြီးကျယ်တဲ့စီမံကိန်းကြီးတွေကို အောင်မြင်အောင် မလုပ်နိုင်ပါဘူး။ အစိုးရတွေက ပြည်သူတွေမလိုဘူး၊ ငါတို့ဘာသာငါတို့ လုပ်နိုင်တယ်ဆိုတဲ့ အစိုးရတွေဟာ ဒီမိုကရေစီအစိုးရလည်း မဟုတ်ဘူး။ ရေရှည်မှာလည်း အောင်မြင်မယ့် အစိုးရမဟုတ်ဘူး။ ပြည်သူရဲ့ထောက်ခံမှုမရှိဘဲနဲ့၊ ပြည်သူရဲ့ ပူးပေါင်းဆောင်ရွက်မှုမရှိဘဲနဲ့ ရေတိုမှာအောင်မြင်နိုင်မယ်၊ရေရှည်မှာဘယ်တော့မှမအောင်မြင်နိုင်ပါဘူး။
ဒါကြောင့်ပြည်သူတွေဟာနိုင်ငံအတွက်အဓိကကျပါတယ်။ပြည်သူလူထုရဲ့အရည်အချင်းဟာနိုင်ငံရဲ့အရည်အချင်းပါ။ပြည်သူလူထုရဲ့တန်ဖိုးဟာနိုင်ငံရဲ့တန်ဖိုးပါ။ဒါကြောင့်ကျန်းမာရေး၊ပညာရေးကိုအလေးထားတယ်ဆိုတာကျွန်မတို့ရဲ့ကလေးတွေကိုတန်ဖိုးရှိတဲ့လူကြီးတွေဖြစ်အောင်လို့ပါ။ကျွန်မတို့ ကလေးတွေဟာ ကျန်းမာတယ်ဆိုရင် ရုပ်ပိုင်း ဆိုင်ရာတန်ဖိုးပြည့်တာပါ။
ပညာရှိတယ်ဆိုရင်စိတ်ပိုင်းဆိုင်ရာတန်ဖိုးပြည့်တာပါ။ပညာရှိတယ်ဆိုတဲ့နေရာမှာတက္ကသိုလ်ဘွဲ့ရတာတွေပြောနေတာမဟုတ်ပါဘူး။ပညာရှိတယ်ဆိုတာဘဝပြဿနာတွေကိုရင်ဆိုင်ကျော်လွှားနိုင်တဲ့အရည်အချင်းတွေကိုဆိုလိုတာပါ။ဒါကြောင့်အသက်မွေးဝမ်းကျောင်းပညာကိုကျွန်မ အလွန်အားပေးပါတယ်။ တစ်ကမ္ဘာလုံးကို ပြန်ကြည့်လိုက်ရင် ဖွံ့ဖြိုးတဲ့နိုင်ငံ၊အဖွံ့ဖြိုးဆုံးနိုင်ငံတွေမှာတက္ကသိုလ်ပညာရထားပြီးအလုပ်မရတဲ့ပုဂ္ဂိုလ်တွေ၊သူတို့ကြိုက်တဲ့အလုပ်ကိုကျေကျေနပ်နပ်နဲ့လုပ်နိုင်တဲ့အလုပ်မရသူတွေရဲ့နှုန်းဟာများများလာတယ်ဆိုတာတွေ့ရပါတယ်။
ဒါကြောင့်တိုးတက်တဲ့နိုင်ငံတွေမှာအသက်မွေးဝမ်းကျောင်းပညာကိုပိုပြီးအလေးထားရမယ်ဆိုတာကိုနားလည်လာပါပြီ။ကျွန်မတို့ရဲ့နိုင်ငံကပညာရေးအရအနောက်မှာကျန်ရစ်ခဲ့တဲ့နိုင်ငံဆိုတော့တခြားသူတွေရဲ့အမှားတွေနဲ့ပြဿနာတွေကိုကြည့်ပြီးသင်ခန်းစာယူနိုင်ပါတယ်။ဒါကြောင့်ပညာရေးစနစ်ကိုထူထောင်တဲ့အခါမှာတက္ကသိုလ်ပညာရေးနဲ့အသက်မွေးဝမ်းကျောင်းပညာရေးနှစ်ခုစလုံးကိုတန်းတူယှဉ်တွဲပြီးကျွန်မတို့ကဖော်ဆောင်ဖို့ကြိုးစားနေတာဖြစ်ပါတယ်။အဲဒီမှာပြည်သူလူထုနားလည်ပြီးကျွန်မတို့နဲ့ပူးပေါင်းဖို့အင်မတန်မှအရေးကြီးပါတယ်။ပြည်သူတွေကအခုဆိုရင်အသက်မွေးဝမ်းကျောင်းသင် ကျောင်းတွေဖွင့်ပေးဖို့နဲ့ပညာသင်ယူနိုင်အောင်အခွင့်အရေးတွေပေးဖို့ဆိုပြီး တောင်းဆိုလာ တာကိုကျွန်မတို့မြင်ရပါတယ်။ဒါတက္ကသိုလ်ပညာသာလျှင်ပညာမဟုတ်ဘူးဆိုတာကိုပြည်သူတွေကလက်တွေ့ကျကျကိုယ့်ဘဝကိုယ်ကြည့်မြင်နေပြီလို့ပြောလို့ရပါတယ်။
ဒါနိုင်ငံရဲ့ဖွံ့ဖြိုးမှုနောက်ကျခြင်းအကျိုးတစ်ခုပါ။ဖွံ့ဖြိုးမှုနောက်ကျခြင်းရဲ့ဆိုးကျိုးတွေကို အားလုံးသိကြပါတယ်။ ဒါပေမယ့်ကောင်းကျိုးတွေလည်း ရှိတယ်ဆိုတာကို နားလည်စေချင်ပါတယ်။ကျွန်မဒီလိုလာတဲ့အခါမှာပြည်သူလူထုတွေဆီကမေးခွန်းတွေမေးဖို့နဲ့ ပြောချင်တဲ့အချက်တွေကိုတင်ပြဖို့ ဖိတ်ခေါ်ပါတယ်။ ဒီလိုလုပ်ရတဲ့ အကြောင်းကပြည်သူနဲ့ အစိုးရနီးကပ်မှုရှိအောင်လို့ပါ။ဒါဒီမိုကရေစီအရပြည်သူကနေ ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရဖြစ်တာကြောင့် ပြည်သူနဲ့ ဘယ်တော့မှ ကင်းကွာလို့မဖြစ်ပါဘူး။
ပြည်သူလူထုရဲ့အသံနဲ့ကင်းကွာဖို့ဆိုတာလည်းမဖြစ်ပါဘူး။ဒါကြောင့် ကျွန်မတို့ရဲ့ပြည်သူပြည်သားတွေမှာ ဘာစိုးရိမ်ကြောင့်ကြမှုတွေရှိသလဲ၊ ဘာပြဿနာတွေ ရှိသလဲ၊ဘာမျှော်လင့်ချက်တွေရှိသလဲဆိုတာကို သိအောင်လုပ်ရပါ တယ်။ ဒီစိုးရိမ်ကြောင့်ကြမှုတွေ ပျောက်ကွယ်သွားအောင် ကျွန်မတို့ဘယ်လိုလုပ်ပေးနိုင်မလဲ၊ မျှော်လင့်ချက်တွေကိုဘယ်လိုပုံစံနဲ့ဖြည့်ဆည်းပေးနိုင်မလဲဆိုတဲ့ အဖြေကိုရှာဖို့အတွက်ကျွန်မတို့ကမေးခွန်းတွေနဲ့ တင်ပြ ချက်တွေကိုဖိတ်ခေါ်ရခြင်း ဖြစ်ပါတယ်။
ဒီလိုဖိတ်ခေါ်တဲ့အခါမှာတစ်နေရာနဲ့တစ်နေရာမတူဘူးဆိုတာကိုကျွန်မသတိပြုမိပါတယ်။တချို့ပရိသတ်တွေကအင်မတန်မှစည်းကမ်းရှိတယ်။ပေးထားတဲ့အခွင့်အရေးကိုလေးလေးစားစားမှန်မှန်ကန်ကန်သူတို့သုံးပါတယ်။ဒါဟာနိုင်ငံကတကယ့်ကိုစစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုဖြစ်နိုင်တဲ့နိုင်ငံဖြစ်နေပြီ၊စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုတစ်ခုကိုထူထောင်နိုင်တဲ့ပြည်သူတွေဖြစ်နေပြီလို့ကျွန်မစိတ်ထဲမှာဖြစ်ပါတယ်။
တချို့ကတော့တခါတလေပေးထားတဲ့အခွင့်အရေးကိုအလွဲသုံးစားလုပ်ချင်ပါ တယ်။စည်းနဲ့ကမ်းနဲ့မလုပ်ချင်ဘူး။ဥပမာမဲမပေါက်ပေမယ့်လဲပြောချင်တယ်ဆိုပြီးအတင်းပြော၊ အတင်းတောင်းဆိုတာတွေကိုကျွန်မတို့မြင်ခဲ့ရပါတယ်။နောက်ပြီးကျွန်မတို့တွေခဏခဏပြောပါတယ်။အများအတွက်အကျိုးဖြစ်မယ့်မေးခွန်းတွေကိုမေးပါ။အများအတွက်အကျိုးဖြစ်မယ့်တင်ပြချက်တွေတင်ပြကြတာကို ကျွန်မအားရပါတယ်။ ဒါပေမယ့်တချို့တလေအနည်းစုကသူတို့အတွက် ပုဂ္ဂိုလ်ရေးကိစ္စတွေ နောက်ပြီးနဲနဲတိုက်ချင်ခိုက်ချင်တဲ့ ကိစ္စတွေကို ဦးစားပေးပြီးမလုပ်ပါနဲ့လို့ကျွန်မအနေနဲ့မေတ္တာရပ်ခံပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တကယ်တိုးတက်တဲ့နိုင်ငံဖြစ်ချင်ရင်အများအတွက်စဉ်းစားနိုင်ရမယ့်လို့ ကျွန်မခဏခဏပြောပါတယ်။
ပရဟိတ၊အတ္တဟိတနှစ်ခုစလုံးရှိရမယ်ဆိုတာအတ္တဟိတဆိုတာကိုယ်အတွက်၊ပရဆိုတာအခြားသူတွေအတွက်လည်းစဉ်းစားနိုင်ရမယ်။အခြားသူတွေအတွက်စဉ်းစားနိုင်ရမယ်ဆိုတာကလေးတွေငယ်ငယ်ကတည်းကကိုယ့်အိမ်မှာ၊ ကိုယ်ရဲ့မိသားစုထဲမှာကြီးလာကတည်းကနားလည်ရမယ့်ကိစ္စပါ။ မိသားစုဆိုကတည်းက တစ်ယောက်ထဲမဟုတ်ဘူး တစ်ယောက်ထဲဆိုမိသားစုမဟုတ်ပါဘူး။မိသားစုဆိုကတည်းကမိဘတွေ၊ အဘိုးအဘွားတွေ၊ ညီအစ်ကိုမောင်နှမတွေ၊ ဒေါ်ကြီးဘကြီးတွေနဲ့အတူနေတာပါ။ အစကတည်းကအခြားသူတွေနဲ့နေရင်အခြားသူတွေရဲ့ အကျိုးကိုလဲစဉ်းစားတန်ဖိုးထားတတ်ရမယ်။ဒါကြောင့် ကလေးတွေကိုငယ်ငယ်ကတည်းက ကိုယ်အကျိုး ရှိသလိုတခြားသူတွေလဲအကျိုးရှိရမယ်။အခြားသူတွေရဲ့အကျိုးရှိမှလည်းကိုယ်အကျိုးကိုအောင်မြင်နိုင်မယ် ဆိုတာကို မိဘတွေကသင်ပေးရမယ့်အပြင် ကိုယ်တိုင်လည်း လုပ်ပြစေချင်ပါတယ်။
ကျွန်မရဲ့အတွေ့အကြုံအရမိဘတွေအနေနဲ့ ကလေးတွေကို သင်ပြပေးရင် “ငါပြောသလိုလုပ်၊ငါလုပ်သလိုမလုပ်နဲ့ဆိုပြီး” ပြောလို့မရပါဘူး။ကိုယ်တိုင်က လုပ်ပုံ၊ ကိုင်ပုံ မမှန်လို့ရှိရင်ကလေးတွေကသွန်သင်ဆုံးမလို့ရမှာမဟုတ်ဘူး။ကိုယ်ကနေပြီးကလေးတွေကိုဖြောင့်မတ်စေချင်ရင်ကိုယ့်ကိုယ်တိုင်ဖြောင့်မတ်ပါ။ကိုယ့်ကလေးတွေကိုကြိုးစားစေချင်ရင်ကိုယ့်ကိုယ်တိုင်ကြိုးစားပါ။ကိုယ်ကကလေးတွေကိုယဉ်ကျေးစေချင်တယ်ဆိုရင်ကိုယ်ကိုယ် တိုင်ယဉ်ကျေးပါ။ အဲ့ဒီလိုနည်းနဲ့ကလေးတွေကို သင်ပေးတာ အထိရောက်ဆုံး ပဲလို့ကျွန်မအနေနဲ့ပြောချင်ပါတယ်။
အခုကျွန်မတို့ကိုတင်ပြကြတဲ့မေးခွန်းတွေကိုပထမကျွန်မဖြေပါမယ်။ဒါလည်းကျွန်မခဏခဏပြောတဲ့ကိစ္စပါ။မေးခွန်းတွေမေးတဲ့သူတွေကတိုတိုနဲ့လိုရင်းမေးဖို့လိုသလိုဖြေတဲ့အစိုးရဖက်ကပုဂ္ဂိုလ်တွေကလည်းတိုတိုနဲ့လိုရင်းဖြေဖို့လိုပါတယ်။
ကျွန်မတို့အစိုးရအဖွဲ့တွေမှာတာဝန်ရှိပါတယ်။မေးခွန်းတစ်ခုမေးတယ်ဆိုတာအဖြေတစ်ခုလိုချင်လို့ပါ။အဲဒီတော့အဖြေကိုရှင်းရှင်းလင်းလင်းနဲ့တိတိကျကျဖြေစေချင်ပါတယ်။အစိုးရအဖွဲ့တွေကိုမေတ္တာရပ်ခံချင်ပါတယ်။လုပ်ပေးနိုင်တယ်ဆိုရင်လုပ်ပေးနိုင်တယ်လို့ ပြောပါ။ ဘယ်လောက်အချိန်အတွင်းမှာ လုပ်ပေးနိုင်တယ်လို့ပြောပါ။ မလုပ်ပေးနိုင်ဘူး ဆိုရင်ဘာဖြစ်လို့မလုပ်ပေးနိုင်ဘူးလို့ပြောပါ။အခုမလုပ်ပေးနိုင်ဘူးနောက်ကြာမှလုပ်ပေးနိုင်မယ်ဆိုရင်ဘယ်လောက်ကြာမှလုပ်ပေးနိုင်မယ်၊ဘယ်လိုအခြေအနေမှာလုပ်ပေးနိုင်မယ် ဆိုတာကိုရှင်းရှင်းလင်းလင်းပြောစေချင်ပါတယ်။တဆက်တည်းမှာ ပြည်သူလူထုနားလည်သင့် ၊နားလည်ထိုက်တဲ့အစိုးရရဲ့ မူဝါဒစည်းမျဉ်းစည်းကမ်းတွေကိုလည်း တိုတိုနဲ့လိုရင်းပဲရှင်းပြသွားစေချင်ပါတယ်။အခုထုံးစံအတိုင်းပဲပထမဦးဆုံးရေးပြီးတင်ထားတဲ့မေးခွန်းတွေကိုကျွန်မတို့ဖြေပါမယ်။ဖြေပြီးမှမဲနှိုက်ပြီးမဲပေါက်တဲ့သူတွေရဲ့မေးခွန်းတွေနဲ့ တင်ပြချက်တွေကိုကျွန်မတို့ဖိတ်ခေါ်ပါမယ်။ကျေးဇူးတင်ပါတယ်”ဟု ပြောကြားသည်။
ထို့နောက် တွေ့ဆုံပွဲသို့ ကြိုတင်တင်ပြမေးမြန်းထားသည့် ကော့ကရိတ်မြို့အမှတ်(၇)ရပ်ကွက်မှ ဦးမောင်မာ၏ အမှတ်(၇)ရပ်ကွက် နတ်စင်မြောင်းမကြီးအား အုတ်စီရေမြောင်းပြုလုပ်ပေးရေး၊ ထီဟူးသံကျေးရွာမှ ဦးစောကျော်လွင်၏ ထီဟူးသံ-မိခွမ်းကျေးရွာလမ်းအား ကတ္တရာလမ်းခင်းပေးနိုင်ရေး၊ ခရင်းကျေးရွာမှ ဦစောလေး မင်း၏ ဝင်းက-ပီကုန်း-မူးဝါ-ဝင်သလွှဲ-အုန်းနှစ်ပင်-လှိုင်သ မြေသားလမ်းအားကတ္တ ရာလမ်းအဖြစ်ဆောင်ရွက်ပေးရန်၊ ကော့ပေါက်ကျေးရွာမှ ဦးတင်အေးထွန်း၏ ကော့ဘိန်းတိုက်နယ်အတွင်းရှိ ကျေးရွာ၁၁ရွာအတွက် လျှပ်စစ်မီးရရှိရေးအတွက် ဓာတ်အားခွဲရုံတည်ဆောက်ပေးရေး၊ ကော့ပေါက်ကျေးရွာမှ ဦးကျော်စိုး၏ ကျုံဒိုး-ကမ်းနီ မြစ်ကူးတံတားတည်ဆောက်ပေးရေး၊ ကော့ပေါက်ကျေးရွာမှ ဦးမောင်မောင်၏ ကော့ဘိန်းတိုက်နယ်ဆေးရုံတွင် ဓာတ်မှန်ဆောင်နှင့်ဒစ်ဂျစ်တယ်ဓာတ်မှန်စက်ဆောင်ရွက်ပေးရေး၊ နဘူးကျေးရွာမှ ဦးသက်ဦး၏ နဘူးနှစ်ခြားကျေးရွာ လျှပ်စစ်မီးရရှိရေး၊ တံတားကျိုး-မြပတိုင်၊ နဘူး-ညောင်ကုန်း ကတ္တရာလမ်းအား လမ်းတိုးချဲ့ပေးရေးနှင့် ကော့ကရိတ်-နဘူး-ပိုင်ကျိုးလမ်းပေါ်ရှိ နဘူတံတားအား ကွန်ကရစ်တံတားတည်ဆောက်ပေးရေး၊ အမှတ်(၁)ရပ်ကွက်မှ ဦးစောမြတ်လေး၏ ကော့ကရိတ်အမှတ်(၁)ရပ်ကွက်လမ်းဆုံ၌ အချက်ပြမီးတပ်ဆင်ပေးရေး၊ အမှတ်(၂)ရပ်ကွက်မှ ဦးထွန်းညွှန့်၏ ကော့ကရိတ်ပြည်သူ့ဆေးရုံကြီး၌ အထူးဆရာဝန်များ ဖြည့်ဆည်းပေးနိုင်ရေး၊ ဆေးရုံသုံးပစ္စည်းများ ပြည့်ဝစွာရရှိရေးနှင့် ဆရာဝန်၊သူနာပြု၊ဝန်ထမ်းများ ဖွဲ့စည်းပုံအပြည့်ခန့်ထားပေးနိုင်ရေးမေးခွန်းများနှင့်စပ်လျဉ်း၍လည်းကောင်း။
တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများထဲမှ မေးခွန်းမေးမြန်းလိုသူ(၂၉)ဦးအနက် မဲပေါက်သူ (၇)ဦးဖြစ် သည့် အမှတ်(၂)ရပ်ကွက်မှ ဒေါ်ခင်ထွေးမော်၏ အမှတ်(၂) ရပ်ကွက်ရှိ ပိတ်သိမ်းထားသော သင်္ချိုင်းမြေအား ပြန်လည်ခွင့်ပြုပေးရန်၊ ခရာအတွင်းကျေးရွာမှ ဦးငွေလှိုင်၏ သိမ်းဆည်းခံလယ်ယာမြေများပြန်လည်ရရှိရေး၊ ဇာသပြင်ကျေးရွာမှ ဦးတင်လှ၏ သိမ်းဆည်းခံလယ်ယာမြေများပြန်လည်ရရှိရေး၊ ကော့ရိတ်မြို့ ကရင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ ဦးစောကျော်ဝင်း၏ ကရင်စာပေနှင့်ယဉ်ကျေးမှုခန်းမဆောင်ရွက်ပေးနိုင်ရေး၊ အမှတ်၃ရပ်ကွက်မှ ဒေါ်ချိုချိုထိုက်၏ သိမ်းဆည်းခံလယ်ယာမြေများပြန်လည်ရရှိရေး၊ ကော့ကရိတ်မြို့နယ် ဘာသာပေါင်းစုံချစ်ကြည် ညီညွှတ်ရေးအဖွဲ့ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်သန်း၏ ကော့ကရိတ်မြို့နယ် သာသာပေါင်းစုံ ချစ်ကြည်ညီညွှတ်ရေးအဖွဲ့အတွက် ရုံးမြေနေရာ၊ အဆောက်အဦနှင့် မော်တော်ယာဉ်လိုအပ်ချက်အား ပံ့ပိုးဆောင်ရွက်ပေးနိုင်ရေး၊ ကျုံဖဲကျေးရွာမှ ဦးရဲထွန်း၏ ကျုံဖဲကျေးရွာအား လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်ပေးနိုင်ရေးမေးခွန်း များကိုလည်းကောင်း မေးမြန်းတင်ပြကြရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ချက်ချင်း ဆောင်ရွက်ပေးနိုင်မည့်အခြေအနေများ၊ ရေရှည်ဆောင်ရွက်ပေးရမည့်အခြေအနေ များ၊ စိစစ်ဆောင်ရွက်ပေးသွားရမည့်အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ယခုတွေ့ဆုံပွဲတွင် မေးမြန်း တင်ပြကြသူများအနေဖြင့် တိတိကျကျ မေးမြန်းတင်ပြခဲ့သည့်အတွက် ကျေးဇူးတင် ပါကြောင်း၊ တွေ့ဆုံပွဲတွင် ကိစ္စ၃ခုတင်ပြခဲ့ကြပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေးနှင့် လယ်ယာမြေကိစ္စတို့ဖြစ်ပါကြောင်း၊ လယ်ယာမြေကိစ္စနှင့် ပတ်သက်ပြီး လွှတ်တော်က ဥပဒေများ ပြဌာန်းပြီးနောက်ပိုင်း ပိုင်ဆိုင်မှုကိစ္စများ ထပ်တလဲလဲ တစ်နိုင်ငံလုံးတွင်ဖြစ်နေပါကြောင်း၊ ယင်းကိစ္စမှာ အမွေဆိုးများဖြစ်ပါ ကြောင်း၊ အမွေဆက်ခံရာတွင် အကောင်းသာယူပြီးအဆိုးကိုဖယ်ထား၍မရပါကြောင်း၊ မိမိတို့ရွေးချယ်ပိုင်ခွင့်မရှိပါကြောင်း၊ ပြည်သူများအနေဖြင့် နားလည်ပေးစေလို ကြောင်း၊ တစ်နိုင်ငံလုံး၌ မိမိတို့ ပြည်သူများအနေဖြင့် ညီညွတ်ကြပါကြောင်း၊ ပြည်သူများအနေဖြင့် မိမိတို့ ဒေသအတွက်၊ နိုင်ငံအတွက် ဆောင်ရွက်နိုင်သည် ဆိုသည့် စိတ်ဓာတ်ကို မွေးမြူ ကြစေလိုကြောင်း၊ ပြည်သူများအနေဖြင့်လည်း မိမိတို့တာဝန်ကို ကျေပွန်ကြစေလိုကြောင်း၊ ပြည်သူများအနေဖြင့် ရွေးချယ်ပိုင်ခွင့်ကို မှန်မှန်ကန်ကန် အသုံးချစေလိုကြောင်း၊ ထို့ပြင် မိမိအတွက်သာမက အခြားသူများအတွက်ပါ ရွေးချယ်ကြစေလိုကြောင်း၊ ပြည်သူများကို ယခုလိုတွေ့ဆုံသည်မှာ မိမိ၏အသိ၊ ခံစားချက်များကို မျှဝေလို၍ဖြစ်ပါကြောင်းပြောကြားပြီး တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူ တိုင်းရင်းသား၊ တိုင်းရင်းသူများနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် ကော့ကရိတ်မြို့မှ ရဟတ်ယာဉ်များဖြင့် ဆက်လက်ထွက်ခွာကြပြီး ကြအင်းဆိပ်ကြီးမြိုသို့ရောက်ရှိကြရာ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်းသား၊ တိုင်းရင်းသူများက ကရင်ရိုးရာဒုံးယိမ်းအကအဖွဲ့နှင့်အတူ ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့ပြင် ကြာအင်းဆိပ်ကြီးမြို့တွင်း လမ်းမတစ်လျှောက်၌ ဒေသခံတိုင်းရင်း သား ပြည်သူများက သောင်းသောင်းဖြဖြကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကြာအင်းဆိပ်ကြီးမြို့နယ် ခန်းမ၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က“ပြည်သူတွေနဲ့ဆွေးနွေးပွဲတွေလုပ်ခြင်းက ပြည်သူတွေရဲ့ အသံတွေကိုကြားချင်လို့ပါ။ ကျွန်မတို့ရဲ့ အမြင်တွေကိုလည်း သိစေချင်လို့ပါ။စောစောတုန်းက ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်ပြီး မေးချင်တဲ့မေးခွန်းတွေရှိတယ်။ မမေးဖို့ပြောရမလားလို့ မေးပါတယ်။ ကျွန်မက မမေးဖို့မပြောပါနဲ့လို့ ပြန်ပြောလိုက် ပါတယ်။ပြည်သူတွေအနေနဲ့မေးပိုင်ခွင့်၊ သိပိုင်ခွင့်လည်းရှိပါတယ်။ ဘာတွေကိုသိချင်တာလဲဆိုတော့ အဓိကလွှတ်တော်တွေထဲမှာတပ်မတော်ကိုယ်စားလှယ်တွေ၂၅ရာခိုင်နှုန်းပါတဲ့ကိစ္စနဲ့၅၉(စ)ကိစ္စကိုသိချင်ပါတယ်လို့ ပြောပါတယ်။ ဒါတွေကိုကျွန်မတို့ပြန်ဖြေပါ့မယ်။ ဒါဟာပြည်သူအားလုံးနဲ့ဆိုင်တဲ့ကိစ္စဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာပြည်သူအားလုံးနဲ့ ဆိုင်တဲ့ကိစ္စဖြစ်ပါတယ်။ တခြားဘယ်တွေ့ဆုံပွဲမှာမှ ဒီလိုမျိုး မမေးပါဘူး။ပြည်သူလူထုတွေအကြားဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်လို့စိတ်ဝင်စားတာကြိုက်ပါတယ်။မေးချင်တာကိုကျွန်မသဘောကျပါတယ်။ဒီလိုပြည်သူတွေက ကိုယ့်ရဲ့နိုင်ငံမှာဘာတွေဖြစ်နေသလဲဆိုတာ စိတ်ဝင်စားပြီးသိချင်မှ ကျွန်မတို့နိုင်ငံဟာတိုးတက်နိုင်မှာဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ အားလုံးသိတဲ့အတိုင်း နိုင်ငံတစ်နိုင်ငံရဲ့အခြေခံဥပဒေဖြစ်ပါတယ်။နိုင်ငံဟာဘယ်လိုနိုင်ငံမျိုးဖြစ်မယ်ဆိုတာအဓိကဆုံးဖြတ်တာဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ပါတယ်။မြန်မာနိုင်ငံလွတ်လပ်ရေးကို ပြည်ထောင်စုမြန်မာနိုင်ငံတော်ဆိုပြီး ရယူခဲ့ပါတယ်။ အဲဒီကတည်းကကျွန်မတို့ရဲ့ လွတ်လပ်ရေးခေါင်းဆောင်ကြီးတွေဟာ ပြည်ထောင်စုဆိုတဲ့ အတွေးအခေါ်ကို လက်ခံထားပါတယ်။ပြည်ထောင်စုနိုင်ငံတစ်ခုကိုလိုလားတောင့်တပြီး တန်ဖိုးထားတယ်ဆိုတာအင်မတန်မှရှင်းပါတယ်။
ကျွန်မတို့နိုင်ငံက ပြည်ထောင်စုဖြစ်ပါတယ်။ နိုင်ငံသူနိုင်ငံသားတွေအနေနဲ့ပြည်ထောင်စုသားချင်းတွေဖြစ်တယ်ဆိုတာကို နှလုံးသွင်းပါဆိုပြီး ကျွန်မခဏခဏ သတိပေး ပါတယ်။ဘာဖြစ်လို့အဲဒီလိုပြောရသလဲဆိုရင်ကျွန်မတို့နိုင်ငံဟာတိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ဖွဲ့စည်းထားတဲ့နိုင်ငံပါ။ဒီလိုနိုင်ငံတစ်ခုတည်တံ့ခိုင်မြဲဖို့၊တိုးတက်ဖို့၊အေးချမ်းဖို့ဆိုရင်ပြည်ထောင်စုစိတ်ဓာတ်ဟာအင်မတန်မှအရေးကြီးပါတယ်။ပြည်ထောင်စုစိတ်ဓာတ်ရှိမှကျွန်မတို့နိုင်ငံဟာတကယ်ကိုတောင့်တင်းခိုင်မာမှာပါ။
ပြည်ထောင်စုစိတ်ဓာတ်ဆိုတာညီညွတ်တဲ့စိတ်ဓာတ်ပါ။ညီညွတ်ချင်း၊သွေးစည်းချင်းဆိုတာတစ်စိတ်ထဲ၊တစ်ဝမ်းတည်းရယ်လို့အားလုံးက မဟုတ်ပါဘူး။ တစ်သွေး၊တစ်သံ၊ တစ်မိန့်မဟုတ်ပါဘူး။သွေးစည်းတယ်၊ညီညွတ်တယ်ဆိုတာမတူတဲ့သဘောထားတွေ ညှိနှိုင်း နိုင်တဲ့အရည်အချင်းတွေ အပေါ်မှာအခြခံပါတယ်။ ကျွန်မတို့အားလုံးဟာ တစ်ယောက်နဲ့တစ်ယောက်မတူတဲ့သဘောထားတွေရှိတယ်။ဒီမတူတဲ့သဘောထားတွေကြောင့်တစ်ယောက်နဲ့တစ်ယောက်ရန်ပြုနေမယ်၊သတ်ဖြတ်နေမယ်ဆိုရင်နိုင်ငံဟာဘယ်တော့မှမအေးချမ်းနိုင်ပါ ဘူး။
မတူတဲ့သဘောထားတွေကိုညှိနှိုင်းနိုင်တဲ့အရည်အချင်းရှိဖို့ကပြည်ထောင်စုသားအားလုံးရဲ့လိုအပ်ချက်တစ်ခုပါ။ဒါကို ကြီးငယ်မရွေးသဘောပေါက်စေချင်ပါတယ်။ ပြည်ထောင်စု စိတ်ဓာတ်ဆိုတာမတူတဲ့စိတ်ဓာတ်တွေကိုညှိနှိုင်းတာ၊ဘယ်သူကမှငါလိုချင်တာကိုတစ်ရာရာခိုင်နှုန်းရမှဖြစ်မယ်ဆိုတဲ့စိတ်ဓာတ်ကိုမကိုင်စွဲထားပါနဲ့။တစ်ယောက်ချင်း၊ တစ်ယောက်ချင်းဟာငါလိုချင်တာကိုပဲတစ်ရာရာခိုင်နှုန်းရမယ်ဆိုတဲ့စိတ်ဓာတ်ကိုကိုင်စွဲထားရင်ကျွန်မတို့နိုင်ငံဘယ်တော့မှတည်ငြိမ်နိုင်မှာ၊တိုးတက်နိုင်မှာမဟုတ်ပါဘူး။ဥပမာဒီခန်းမထဲမှာအားလုံးကရှေ့တန်းကနေထိုင်ရမှကျေနပ်မယ်ဆိုရင်ကျွန်မတို့ဘယ်အခမ်းအနားကိုမှပြုလုပ်နိုင်မှာ၊ ကျင်းပနိုင်မှာမဟုတ်ပါဘူး။ဒါကြောင့်အပေးအယူဆိုတာရှိရပါ တယ်။ညှိယူရပါတယ်။ကလေးတွေကိုရှေ့မှာထားတာကကျွန်မတို့တွေ့ဆုံပွဲတွေမှာအစဉ်အလာလိုဖြစ်လာပါတယ်။
တချို့နေရာတွေမှာဆိုရင်ကလေးတွေကလည်းပါချင်တယ်။နေရာကလည်းမရှိတဲ့အခါကလေးတွေကိုရှေ့မှာခေါ်ပြီးဒီလိုပဲထိုင်ခိုင်းပါတယ်။တချို့ကထင်ကြပါတယ်။ ကလေးတွေကဘာမှလည်းစိတ်ဝင်စားတာမဟုတ်ဘူး။နားလည်တာလည်း မဟုတ်ဘူး။ဒါပေမယ့်ကျွန်မအနေနဲ့ ငယ်ငယ်ကတည်းက ကလေးတွေကို နိုင်ငံရေးကို စိတ်ဝင်စားအောင်လို့လုပ်ပေးရမယ်ဆိုတဲ့ယုံကြည်ချက်နဲ့ကလေးတွေရဲ့ပါဝင်မှုကိုအားပေးတာဖြစ်ပါတယ်။
ကြားအင်းဆိပ်ကြီးကပြည်သူတွေကနေပြီးဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်လို့သိချင်တာကို ကျွန်မသဘောကျကြိုဆိုပါတယ်။ ပြည်သူတွေသိချင်တဲ့ အချက်နှစ်ချက်ကိုကျွန်မပြောပါ့မယ်။ ပထမတစ်ချက်က လွှတ်တော်တွေထဲမှာ၂၅ရာခိုင်နှုန်းတပ်မတော်သားကိုယ်စားလှယ်ပါတဲ့ကိစ္စပါ။ ဒုတိယကိစ္စက၅၉(စ)ကိစ္စပါ။ ဒီနှစ်ခုမှာကျွန်မတို့လွှတ်တော်ထဲမှာဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်လို့လုပ်ဆောင်နေတယ်ဆိုတာကိုတချို့သိရင်လည်းသိမယ်။မသိရင်လည်းမသိဘူး။သိတဲ့သူတွေကလည်းဒီဟာကိုလေ့လာပြီးဘာတွေဖြစ်နေသလဲ၊ဘာတွေပြောနေသလဲဆိုတာကိုသေချာသတင်းစာထဲမှာဖတ်ထားလို့ဖြစ်မှာပါ။
ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရေးကိုဘာဖြစ်လို့ကျွန်မတို့အစိုးရကလုပ်နေ သလဲဆိုရင် လွယ်လွယ်ပြောရရင် ပြည်သူတွေကိုပေးခဲ့တဲ့ ကတိကဝတ်ပါ။ ကျွန်မတို့ ရွေးကောက်ပွဲဝင်ပြိုင်တုန်းကဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရေးကိုလုပ်မယ်ဆိုတာကတိကဝတ်တစ်ခုဖြစ်ပါတယ်။အလွယ်ဖြေလိုက်တာမဟုတ်ပါဘူး။ဘာ့ကြောင့်ကျွန်မတို့ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြောင်းချင်တာလဲဆိုတာကပိုပြီးအရေးကြီးပါတယ်။ဒါကိုပြည်သူတွေနားလည်ဖို့လိုအပ်ပါတယ်။အတိုင်းအတာတစ်ခုအထိနားလည်တယ်လို့ကျွန်မယုံကြည်ပါတယ်။ဘာဖြစ်လို့ဒီလိုပြောရသလဲဆိုတော့၅၉(စ)ပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်လို့ကရင်ပြည်နယ်ကိုလာခဲ့တဲ့အခါတုန်းကကျွန်မတို့အံ့အားသင့်ရလောက်အောင်ရွာကကလေးတွေကပါဒီကိစ္စကိုစိတ်ဝင်စားပြီး ထောက်ခံကြတာကိုတွေ့ခဲ့ရပါတယ်။
ကရင်ပြည်နယ်ဘက်မှာ သာမန်ရွာသူရွာသားတွေက နိုင်ငံ့ရဲ့အရေးကိုစိတ်ဝင်စားတယ်ဆိုတာကိုပြတာပါ။ ကျွန်မတို့ကဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြုပြင်ပြောင်းလဲချင်တယ် ဆိုတာရည်ရွယ်ချက်မရှိဘဲလုပ်တာမဟုတ်ပါဘူး။နိုင်ငံကိုစစ်မှန်တဲ့ဒီမိုကရေစီဖက်ဒရယ်နိုင်ငံဖြစ်စေချင်လို့ဒီဖွဲ့စည်းပုံအခြေခံဥပဒေကိုပြောင်းလဲချင်တာပါ။စစ်မှန်တဲ့ဒီမိုကရေစီဖက်ဒရယ်နိုင်ငံဖြစ်ဖို့လိုတဲ့အချက်အလက်တွေကိုကျွန်မတို့ကဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာပါဝင်စေချင်တာဖြစ်ပါတယ်။
ဒီလိုလုပ်နေတဲ့အချိန်မှာမမေ့ဘဲ ဦးတည်ဆောင်ရွက်နေတာက အမျိုးသားရင်ကြားစေ့ရေးဖြစ်တယ်ဆိုတာကို ကျွန်မတို့ဘယ်တော့မှမမေ့ပါဘူး။ ဒါကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်စတင်ထူထောင်ကတည်းကအမျိုးသားပြန်လည်ရင်ကြားစေ့ရေးကိုဦးတည်မယ်ဆိုပြီးကျွန်မတို့ပြောထားတာပါ။ အဲဒီတုန်းက အမျိုးသားရင်ကြားစေ့ရေးဆိုပြီး ပြောတာကဘာကိုပြောတာလဲဆိုရင် ဒီမိုကရေစီကိုယုံကြည်တဲ့အသိုင်းအဝိုင်းတွေနဲ့ ဒီမိုကရေစီကိုမယုံကြည်တဲ့အသိုင်းအဝိုင်းတွေကြားထဲမှာ ရင်ကြားစေ့ရေးကိုကျွန်မတို့အဓိကပြောခဲ့တာပါ။ဘာဖြစ်လို့လဲဆိုတော့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က၁၉၈၈ခုနှစ်ဒီမိုကရေစီလှုပ်ရှားမှုကနေပေါက်ဖွားလာတာပါ။အဲဒီတုန်းကတည်းကကျွန်မတို့ဟာဒီမိုကရေစီကိုယုံကြည်တယ်။ဒီမိုကရေစီကိုယုံကြည်ရတဲ့အကြောင်းကလည်းရိုးရိုးလေးပါ။ဒီမိုကရေစီဆိုတာကိုအားလုံးသိတယ်လို့ကျွန်မထင်ပါတယ်။
ဒီမိုကရေစီဆိုတာပြည်သူရဲ့အုပ်ချုပ်ရေးလို့ အဓိပ္ပာယ် သက်ရောက်ပါတယ်။ပြည်သူရဲ့အုပ်ချုပ်ရေးဆိုပြီးအဓိပ္ပာယ် သက်ရောက်တဲ့အတွက်ပြည်သူတွေကနေ တကယ်ပဲတစ်နိုင်ငံ လုံးကိုအုပ်ချုပ်နိုင်မှာလားဆိုတာ လက်တွေ့ကျကျမဖြစ်နိုင်ပါဘူး။ဒါကြောင့်ကိုယ်စားပြုဒီမိုကရေစီဆိုပြီးပြည်သူတွေကနေရွေးချယ်တင်မြှောက်လိုက်တဲ့ပုဂ္ဂိုလ်တွေနဲ့အစိုးရဖွဲ့တာဖြစ်ပါတယ်။
လူသားတွေဟာခြောက်ပစ်ကင်းသဲလည်းစင်မဟုတ်ပါဘူး။လူသားတွေဟာအပြစ်အနာအဆာတွေရှိပါတယ်။ဒီတော့လူသားတွေဖန်တီးတဲ့စနစ်တစ်ခုဟာလည်းအပြစ်အနာအဆာတွေရှိမှာြဖစ်ပါတယ်။ဘယ်လိုမှချောချောမွေ့မွေ့နဲ့အပြစ်အနာအဆာကင်း တယ်ဆိုတာ မဖြစ်နိုင်ဘူး။ဒါပေမယ့်ကမ္ဘာကျော်နိုင်ငံရေးသုခမိန်ကြီး တစ်ဉီးပြောခဲ့သလို ဒီမိုကရေစီဟာအပြစ်အနာအဆာရှိပေမယ့်၊လူတွေထွင်ခဲ့တဲ့စနစ်တွေထဲမှာအခုထိအကောင်းဆုံးပါ။ လူတွေထွင်ခဲ့တဲ့နိုင်ငံရေးစနစ်တွေထဲမှာဒီမိုကရေစီကအကောင်းဆုံး ဆိုပေမယ့်၊အပြစ်မဲ့တယ်လို ဆိုလိုတာ မဟုတ်ပါဘူး။ဒါကိုကျွန်မလက်ခံပါတယ်။အပြစ်မဲ့မဟုတ်ပါဘူး၊ဒီမိုကရေစီမှာအားနည်းချက်ရှိပါတယ်။
ဒါပေမယ့်လူသားတွေထွင်ခဲ့တဲ့နိုင်ငံရေးစနစ်တွေအားလုံးထဲမှာဒီမိုကရေစီစနစ်ကအကောင်းဆုံးပါ။ဘာဖြစ်လို့ အကောင်းဆုံးဆိုပြီး ကျွန်မပြောရသလဲဆိုရင်ပြည်သူကို လေးစားတန်ဖိုးထားရတဲ့စနစ်မို့ပါ။ပြည်သူကိုတန်ဖိုးထားတယ်၊ပြည်သူကိုလေးစားတယ်ဆိုတာကိုရှင်းရှင်းလေးပြောရရင်အများကိုလေးစားတယ်၊အများကိုတန်ဖိုးထားတယ်ဆိုတာပါ။
ဒီမိုကရေစီစနစ်ကိုပိုပြီးအနှစ်သာရရှိအောင်ဘယ်လိုထည့်ပြောသလဲဆိုရင်အများရဲ့ဆန္ဒအရဖြစ်ရမယ်၊အနည်းစုရဲ့အခွင့်အရေးတွေကိုလည်းကာကွယ်ရမယ်ဒါဒီမိုကရေစီပါ။ရှင်းရှင်းလေးပြောရရင်ဘာလို့ကျွန်မတို့ဒီစနစ်ကိုလိုချင်သလဲ။အများရဲ့ဆန္ဒအရနိုင်ငံတစ်နိုင်ငံကိုအုပ်ချုပ်တဲ့စနစ်ဖြစ်ပြီး လူနည်းစုရဲ့အခွင့်အရေးတွေကိုကာကွယ်ပေးတဲ့စနစ် လည်း ဖြစ်ပါတယ်။ဒါအခုအထိလူသားတွေထွင်ခဲ့တဲ့စနစ်တွေထဲမှာအကောင်းဆုံးစနစ် ဆိုပြီး ကျွန်မတို့ယူဆလို့ဒီမိုကရေစီကိုထောက်ခံတာပါ။
ဒီမိုကရေစီကိုမထောက်ခံတဲ့လူတွေနဲ့ အားမပေးတဲ့လူတွေရှိပါတယ်။ ဒီမိုကရေစီဆိုတာဒီနိုင်ငံကပေါက်ဖွားလာတာမဟုတ်ပါဘူး။ တိုင်းတစ်ပါးကပေါက်ဖွားလာတဲ့ စနစ်ဖြစ်တယ်ဆိုပြီး မြင်တဲ့သူတွေရှိပါတယ်။၁၉၈၈ခုနှစ်ဒီမိုကရေစီအရေးတော်ပုံကြီးနောက်ပိုင်းကို တိုတိုနဲ့ပြောရမယ်၊ ရှင်းအောင်ပြောရမယ်ဆိုရင် ဒီမိုကရေစီကိုယုံကြည်တဲ့သူတွေနဲ့ ဒီမိုကရေစီကိုမယုံကြည်တဲ့သူတွေဆိုပြီးအဲဒီလိုအင်အားစုနှစ်ခုကကျွန်မတို့ရဲ့နိုင်ငံအတွင်းမှာပေါ်နေပါတယ်။ဒါကြောင့်အမျိုးသားရင်ကြားစေ့ရေးဆိုပြီးအဲဒီတုန်းကကျွန်မတို့ပြောတာကဒီမိုကရေစီကိုမလိုလားတဲ့အင်အားစုနဲ့ဒီမိုကရေစီကိုလိုလားတဲ့အင်အားစုတွေ ကြားမှာရင်ကြားစေ့ရေးဖြစ်ပါတယ်။ အားလုံးကကျွန်မတို့ရဲ့နိုင်ငံသူ၊နိုင်ငံသားတွေပါ။
ပြည်ထောင်စုဖွားသားချင်းတွေအားလုံးကြားထဲမှာရင်ကြားစေ့ရေးကိုဦးတည်မယ်ဆိုပြီးကျွန်မတို့မူအဖြစ်နဲ့ကိုင်ခဲ့တာဖြစ်ပါတယ်။အခုနောက်ပိုင်းအမျိုးသားရင်ကြားစေ့ရေးဆိုတာကျွန်မတို့ရဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့လည်းဆက်စပ်ပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြန်ပြီးပြင်မယ်ဆိုရင် ၅၉(စ)နဲ့ပတ်သက်ပြီး ဒီကိုလာပြီးစည်းရုံးရေးဆင်းတဲ့ အချိန်ကာလတုန်းက ပြောထားတဲ့အတိုင်းကျွန်မပြောပါမယ်။၅၉(စ)ဆိုတာ ကိုယ့်ရဲ့ခင်ပွန်းဖြစ်ဖြစ်၊သားသမီးတွေဖြစ်ဖြစ်တခြားနိုင်ငံသားအဖြစ် ခံယူထားလို့ရှိရင်ဒုသမ္မတတို့၊ သမ္မတတို့အဆင့်ကိုမလုပ်နိုင်ပါဘူး။
ခတ်တိုတိုပဲပြောရရင်အများကကျွန်မကိုရည်ရွယ်ပြီးထည့်ထားတယ်ဆိုတာသဘောပေါက်မှာပါ။ကျွန်မလည်းအဲဒီလိုနည်းနည်းသဘောပေါက် ပါတယ်။
၅၉(စ)ကိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ကန့်ကွက်ခဲ့တာကပုဂ္ဂိုလ်ရေးအရမဟုတ်ဘူးဒီမိုကရေစီမူအရပါ။ဒီမိုကရေစီမူအရဆိုတာလူတိုင်းလူတိုင်း၊တစ်ယောက်ချင်းတစ်ယောက်ချင်းရဲ့ရပိုင်ခွင့်တန်ဖိုးနဲ့အခွင့်အရေးတွေကိုကျွန်မတို့အလေးထားရမယ်၊ တန်းတူညီမျှထားရမယ်။ အဲဒီလိုလုပ်တဲ့အခါမှာ ကျွန်မတို့ရဲ့ အခြေခံဥပဒေတွေထဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောတာမဟုတ်ပါဘူး။ ကျွန်မတို့ကျင့်သုံးနေတဲ့တည်ဆဲဥပဒေထဲမှာလူတစ်ယောက်ဟာအသက် ၁၈နှစ်ကျော်သွားရင်လူလားမြောက်ပါပြီ။ လူလားမြောက်သွားလို့ရှိရင်သူ့ရဲ့ကံကြမ္မာအတွက်သူကတာဝန်ယူရပါမယ်။အသက် ၁၈နှစ်အောက် ကလေးတစ်ယောက်လုပ်တဲ့ကိစ္စကို မိဘတွေက တာဝန်ယူရပါမယ် တာဝန်ရှိပါတယ်။ ဒါပေမဲ့သူဟာအသက်ပြည့်သွားလို့ရှိရင်မိဘတွေက တာဝန်မရှိတော့ပါဘူး။မိဘတွေအနေနဲ့ ဒီကလေးတွေရဲ့လုပ်ရပ်အတွက်ကို တာဝန်ယူစရာလဲမလိုပါဘူး။ အဲဒီကလေးကပြဿနာဖြစ်လို့ရှိရင်မိဘတွေကိုဒီကလေးတွေကြောင့်ဆိုပြီးအပြစ်ပေးလို့လည်းမရပါဘူး။ဒါကို ရှင်းရှင်းပြောရမယ်ဆိုရင်လူလားမြောက်လာတဲ့ကလေး တွေရဲ့ဘဝနဲ့မိဘရဲ့ဘဝနဲ့ဒွန်တွဲပြီးဥပဒေတစ်ခုလုပ်တယ်ဆိုတာကအခြေခံစံနှုန်းစံထား တွေနဲ့မကိုက်ညီပါဘူး။ဒါကြောင့်အခြေခံဒီမိုကရေစီမူနဲ့မကိုက်ညီဘူးဆိုပြီး ကျွန်မတို့ကကန့်ကွက်တာဖြစ်ပါတယ်။ကျွန်မကိုဦးတည်လို့မဟုတ်ပါဘူး။
ဒုတိယကိစ္စဖြစ်တဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်၂၅ရာခိုင်နှုန်း လွှတ်တော်တွေထဲမှာရှိတယ်ဆိုတာကို ကျွန်မတို့က တပ်မတော်ရယ်လို့မဟုတ်ပါဘူး။ ဒီမိုကရေစီစနစ်ကိုတကယ်ကျင့်သုံးတဲ့နိုင်ငံမှာပြည်သူလူထုကရွေးချယ်တင်မြှောက်တဲ့ကိုယ်စားလှယ်မဟုတ်တဲ့ပုဂ္ဂိုလ်၊ ဘယ်အဖွဲ့အစည်းကလာလာ လွှတ်တော်ကို လွှမ်းမိုးနိုင်ခွင့်မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီမိုကရေစီဆိုတာ ပြည်သူကနေပြီး အုပ်ချုပ်တဲ့စနစ်ပြည်သူရွေးချယ်တင်မြှောက်တဲ့ ကိုယ်စားလှယ်တွေကသာ စိုးမိုးရမယ်၊ ဩဇာရှိရမယ်။ ပြည်သူရွေးချယ်တင်မြှောက်ခြင်းမရှိတဲ့ ကိုယ်စားလှယ်တွေမပါဘူးလားဆိုတော့ပါနိုင်ပါတယ်။သို့သော်သူတို့ရဲ့ လုပ်ပိုင်ခွင့်တွေက အကန့်အသတ်နဲ့ပါ။ ကျွန်မတို့ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အဲဒီလိုလိုအပ်တဲ့ အကန့်အသက်တွေမရှိပါဘူး။ ဒါကြောင့်ဒီကိစ္စကိုပြောင်းရမယ်လို့ ကျွန်မတို့ပြောတာပါ။ ကျွန်မတို့က တပ်မတော်ကိုရည်ရွယ်တာမဟုတ်ပါဘူး။တစ်ခြားအဖွဲ့အစည်းတွေကိုလည်းဒီလိုအခွင့်အရေးပေးရင်ကျွန်မတို့ကန့်ကွက်မှာပါ။ဘယ်အဖွဲ့အစည်းမဆိုဒီမိုကရေစီကိုယုံကြည်လို့ရှိရင်ဒီမိုကရေစီမူတွေနဲ့မကိုက်ညီတဲ့အခွင့်အရေးတွေကိုမယူသင့်ပါဘူး။ဒါတွေကိုကျွန်မတို့ကန့်ကွက်မှာဖြစ်ပါတယ်။
ဒါကို၂၀၁၅ခုနှစ် မတိုင်ခင်၂၀၁၄ခုနှစ်ကဆိုရင် ကျွန်မတို့လွှတ်တော်ထဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်လို့ အခြေအတင်ပြောတုန်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ဒီကိစ္စကိုပြောင်းလဲချင်တဲ့အချက်အနေနဲ့တင်ပြခဲ့ပါတယ်။ဒါကိုကျွန်မတို့ခိုးကြောင်ခိုးဝှက်နဲ့လုပ်တာမဟုတ်ဘူး။အားလုံးကိုအသိပေးပြီး ကျွန်မတို့ပွင့်ပွင့်လင်းလင်းနဲ့ လုပ်တဲ့ကိစ္စဖြစ်ပါတယ်။ လက်ရှိအချိန်အခါမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီးကျွန်မတို့လွှတ်တော်ထဲမှာ တင်ပြလိုတဲ့ကိစ္စလည်း ဖြစ်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီးရှင်းပြဖို့ကျွန်မဝန်မလေးပါဘူး။ဒါကိုကျွန်မတို့ကတပ်မတော်ကိုကပ်ချင်တဲ့စိတ်၊ ရန်လိုချင်တဲ့စိတ်နဲ့ လုပ်တာမဟုတ်ပါဘူး။ ဖွဲ့စည်းပုံအခြေခံ ဥပဒေဟာ တကယ်စစ်မှန်တဲ့ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတစ်ခုနဲ့ကိုက်ညီအောင်ပြောင်းလဲရမယ်ဆိုပြီးကျွန်မတို့အဲဒီလိုခံယူချက်နဲ့လုပ်တာဖြစ်ပါတယ်။ဒီလိုလုပ်တဲ့အထဲမှာကျွန်မတို့ကနိုင်ငံရဲ့တည်ငြိမ်ရေးနဲ့အမျိုးသားရင်ကြားစေ့ရေးကိုဦးတည်ပြီးတစ်ဆင့်ပြီး တစ်ဆင့်လုပ်သွားမယ်ဆိုပြီး လုပ်တာပါ။ လက်ရှိမှာ ၂၅ရာခိုင်နှုန်းနဲ့ပတ်သက်ပြီး တစ်ဆင့်ပြီး တစ်ဆင့် လျော့ဖို့ကျွန်မတို့အနေနဲ့အဆိုပြုတာပဲရှိပါတယ်။ကျွန်မတို့ဒီမိုကရေစီနိုင်ငံရေးလုပ်တယ်ဆိုရင်အလျော့အတင်းဆိုတာရှိရမယ်။နိုင်ငံတည်ငြိမ်ရေးအတွက်၊ ပြည်သူတွေ အေးချမ်းဖို့အတွက်ကျွန်မတို့ရဲ့နိုင်ငံလွတ်လပ်ရေးနဲ့ ညီညွတ်ရေးအတွက် အလျော့အတင်းဆိုတာလုပ်ရပါတယ်။ ငါလိုချင်တာရမှ၊ ငါ့အဖွဲ့လိုချင်တာရမှ အဲဒီလိုမျိုးစိတ်တွေနဲ့ ဆိုရင်ကျွန်မတို့ရဲ့နိုင်ငံဟာဘယ်လိုမှအေးချမ်းနိုင်မှာမဟုတ်ပါဘူး။မအေးချမ်းရင်မတိုးတက်ဘူး၊မတိုးတက်ရင်မအေးချမ်းပါဘူး၊ ဒီသံသရာမှာ ကျွန်မတို့ဆက်လည်နေမှာပါ။ဒါကြောင့်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်ရင်ဒီနှစ်ချက်ကိုကြားအင်းဆိပ်ကြီးကပြည်သူတွေကသိချင်တာ၊ စိတ်ဝင်စားတာကို ကျွန်မသဘောကျပါတယ်။
ကျွန်မတို့ရဲ့နိုင်ငံဟာဘယ်အခြေအနေမှာရောက်နေသလဲ၊ဘယ်ခရီးတွေသွားနေသလဲဆိုတာကိုစိတ်ဝင်စားကြပါ။တစ်ယောက်နဲ့တစ်ယောက်ဆွေးနွေးကြပါ။ကိုယ်ဖြစ်စေချင်တာတွေ၊ဖြစ်သင့်ဖြစ်ထိုက်တာတွေကိုတတ်နိုင်သမျှဝန်းရံကြပါ။တချို့ကအစိုးရအားလုံးလုပ်ပါစေ၊အစိုးရကဟိုဟာမလုပ်ဘူးလား၊ဒီဟာမလုပ်ဘူးလားဆိုပြီး ပြောကြပါတယ်။ အစိုးရလုပ်ငန်းတွေအောင်မြင်အောင်လို့ပြည်သူလူထုရဲ့ပံ့ပိုးမှုကအရေးကြီးတယ်ဆိုတာကိုနှလုံးသွင်းစေချင်ပါတယ်။ကိုယ့်ရဲ့တန်ဖိုးကိုလျော့မတွက်ပါနဲ့၊လူတစ်ဦးချင်းစီမှာတန်ဖိုးရှိတယ်ဆိုတာကိုကျွန်မမမေ့စေချင်ပါဘူး။
ဒါကို နောက်ဆုံးဘာနဲ့ပြလဲဆိုရင်ရွေးကောက်ပွဲနဲ့ပြရပါမယ်။ရွေးကောက်ပွဲမှာပြည်သူတစ်ယောက်ချင်းစီကမဲတစ်ပြားစီ ရပါတယ်။ ဒါကတစ်ယောက်ချင်း တစ်ယောက်ချင်းမှာ တန်ဖိုးရှိတယ်ဆိုတာကိုပြတာပါ။ရွေးကောက်ပွဲမှာနိုင်ငံတော်သမ္မတကလည်းမဲတစ်ပြားပဲရပါတယ်။တခြားသာမန်မဲပေးပိုင်ခွင့်ရှိတဲ့ပြည်သူတွေကလည်းမဲတစ်ပြားပဲရပါတယ်။နောက်ဆုံးကျတော့ကိုယ့်တန်ဖိုးဟာအဲဒီနေရာမှာကြည့်လိုက်လို့ရှိရင်နိုင်ငံတော်အထွတ်အထိပ်ရဲ့တန်ဖိုးနဲ့အတူတူဖြစ်သွားပါတယ်။ ဒါကြောင့် ဒီမိုကရေစီစနစ်အောက်မှာ ပြည်သူတိုင်း၊ပြည်သူတိုင်းကတန်ဖိုးရှိပါတယ်။ကိုယ့်တန်ဖိုးကိုမှန်မှန်ကန်ကန်သုံးပါ၊ကိုယ့်အတွက်လည်းသုံးပါကိုယ့်နိုင်ငံအတွက်လည်းသုံးပါ၊ကိုယ့်ရဲ့ပြည်နယ်အတွက်လည်းသုံးပါ။ဒီလိုစိတ်တွေနဲ့လုပ်မယ်ဆိုရင်အများကြီးတိုးတက်မှာဖြစ်ပါတယ်။ပြည်သူတွေအတွက်လိုအပ်ချက်တွေအများကြီးရှိသေးတယ်ဆိုတာကို ကျွန်မတို့သိပါတယ်။ အဲဒီလိုအပ်ချက်တွေဖြည့်ဆည်းနိုင်ဖို့အတွက်လည်းဝိုင်းဝန်းပြီးအားလုံးက ကူညီကြပါ။ ကျွန်မတို့ဘက်ကလည်း ကြိုးစားမယ်၊ ပြည်သူတွေဘက်ကလည်း ကြိုးစားပါ။တိုးတက်တဲ့ဘယ်နိုင်ငံမဆိုပြည်သူတော်လို့တိုးတက်တာပါ။အစိုးရတော်လို့တိုးတက်တယ်ဆိုတာမရှိပါဘူး။
အစိုးရဘယ်လောက်တော်တော်ပြည်သူကမပါလို့ရှိရင်မတိုးတက်နိုင်ပါဘူး။ဒုတိယကမ္ဘာစစ်ကြီးနောက်ပိုင်းမှာထိပ်ဆုံးထိတိုးတက်သွားတဲ့နိုင်ငံတွေရှိပါတယ်။ စစ်ရှုံးတဲ့နိုင်ငံတွေ လည်းပါတယ်။စစ်နိုင်တဲ့နိုင်ငံတွေလည်းပါတယ်။နောက်ဆုံးအရှုံးအနိုင်ဆိုတာတခဏပါ။ဒီအရှုံးအနိုင်ကိုရေရှည်မှာပြန်ပြီးကိုယ့်ရဲ့တိုးတက်မှုတစ်ခု၊အောင်မြင်မှုတစ်ခုဖြစ်အောင်လုပ်ဖို့ဆိုတာပြည်သူတွေရဲ့အရည်အချင်းပါ။
ပြည်သူတွေအရည်အချင်းရှိရင်ဘယ်နှစ်ခါရှုံးရှုံးပြန်ပြီးနိုင်မှာပါ။နောက်ဆုံးအရှုံးထက်အနိုင်ကများပြီးအောင်မြင်မှုကိုရမှာပါ။ဒါကြောင့်ကျွန်မအနေနဲ့ကြာအင်းဆိပ်ကြီးကို ခင်မင်ရတာက အရင်တုန်းကခက်ခက်ခဲခဲနဲ့လာခဲ့ရတဲ့ဒေသဖြစ်တဲ့အတွက် သံယောဇဉ်ရှိနေတာပါပါတယ်။နိုင်ငံတိုးတက်ရေးနဲ့ အမျိုးသားရင်ကြားစေ့ရေး၊ ညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးရဖို့အတွက်အားလုံးက ဝိုင်းဝန်းပြီးပူးပေါင်းဆောင်ရွက်ကြပါလို့ကျွန်မအနေနဲ့မေတ္တာရပ်ခံချင်ပါတယ်” ဟု ပြောကြားသည်။
ယင်းနောက် တွေ့ဆုံပွဲသို့ ကြိုတင်တင်ပြမေးမြန်းထားသည့် ကြာအင်းဆိပ် ကြီးမြို့ အမှတ်(၅)ရပ်ကွက်မှ ဦးသိန်းဇော်ဦး၏ ကြာအင်းဆိပ်ကြီးမြို့သောက်သုံးရေ လုံလောက်စွာ ရရှိရေးအတွက် ဇမိမြစ်ရေတင်စီမံကိန်းအား အမြန်ဆုံးဆောင်ရွက် ပေးနိုင်ရေး၊ အမှတ်(၆)ရပ်ကွက်မှဦးမောင်မောင်ညွှန့်၏ ကူးတို့ဆိပ်ကျေးရွာသို့ ဆက်သွယ်မည့် ဇမိမြစ်ကူးတံတားဆောင်ရွက်ပေးရေး၊ နတ်ချောင်းကျေးရွာမှ ဦးလှ ဝင်း၏ ကြာအင်းဆိပ်ကြီး-ဘုရားသုံး ဆူ ကားလမ်းပေါ်ရှိ တံတားဦးချောင်းကူး သစ်သားတံတား အဆင့်မြှင့်တင်ပေးရေး၊ အမှတ်၂ရပ်ကွက်မှ ဦးအောင်သွင်လှိုင်၏ ချောင်း၀ချောင်းကူးတံတားနှင့် ချဉ်းကပ်လမ်းအဆင့်မြှင့်တင်ပေးရေး၊ အမှတ်(၄) ရပ်ကွက်မှ ဦးထိန်လင်း၏ ကြာအင်းဆိပ်ကြီး-ချောင်းနှစ်ခွကားလမ်းအား အဆင့်မြှင့်တင်ပေးရေး၊ အမှတ်(၃)ရပ်ကွက်မှ ဦးငြိမ်းမင်း၏ ကြာအင်းဆိပ်ကြီးမြို့ စားသုံးသူရေးရာဦးစီးဌာနပိုင်မြေမှာ လုပ်ငန်းများဆောင်ရွက်ခြင်းမရှိသည့်အတွက် အာဇာနည်နေ့အခမ်းအနားကျင်းပနိုင်ရန်နေရာအဖြစ် ဆောင်ရွက်ခွင့်ပြုရေး၊ အမှတ်(၃)ရပ်ကွက်မှ ဦးဟိန်းမိုးဦး၏ ကြာအင်းဆိပ်ကြီး ကုတင်၅ဝဆံ့ဆေးရုံအား ကုတင်၁၀ဝဆံ့ဆေးရုံအဖြစ် အဆင့်မြှင့်တင်ပေးရေး၊ အမှတ်(၂)ရပ်ကွက်မှ ဦးသန်းစိုးမြင့်၏ ကြာအင်းဆိပ်ကြီး- မဲသရောလမ်း(ကြားအင်ဆိပ်ကြီးမြို့ အဝိုင်းအပိုင်း) အား အဆင့်မြှင့်တင်ပေးရေး၊ ကော့ကသောင်ကျေးရွာမှ ဦးလှရွှေ၏ ကော့ကသောင်ကျေးရွာနှင့် ဝင်ကကျေးရွာချင်းဆက်လမ်းအား အဆင့်မြှင့်တင်ပေးရေး၊ အမှတ်(၆)ရပ်ကွက်မှ ဦးစောညွှန့်၏ ကျိုက်ဒုံမြို့ တောင်ကလေး ကျေးရွာအုပ်စုရှိ လျာထားမြေနေရာ၌ ခနောက်စိမ်းသတ္တုရိုင်း အသေးစားဓာတ်သတ္တုစမ်းသပ် တိုင်းတာခွင့် လုပ်ငန်းလိုင်စင်ချထားပေးရေး၊ အမှတ်(၂)ရပ်ကွက်မှ ဦးသောင်း တင်၏ ဘုရားသုံးဆူ-သံဖြူဇရပ် လမ်းပိုင်းအနက် ၂၅မိုင်၅ဖာလုံအား အဆင့်မြှင့် တင်ပေးရေး၊ ဘုရားသုံးဆူမြို့ အမှတ်(၁)ရပ်ကွက်၌ မြန်မာ-ထိုင်းနယ်စပ်ဂိတ်အားပြန်လည်ဖွင့်လှစ်ပေးရေး၊ ကရင်စုရပ်ကွက်မှ ဦးစောသိန်းမြိုင်၏ ဘုရားသုံးဆူမြို့အား လျှပ်စစ်မီးရရှိရန်ဆောင်ရွက်ပေးရေး၊ အမှတ်၁ရပ်ကွက်မှ ဦးကျော်ခိုင်ထွေး၏ ဘုရားသုံးဆူမြို့ ဆေးရုံ၌ ဆရာဝန်တစ်ဦးထပ်မံခန့်ထားပေးရေး၊ အမှတ်၆ရပ်ကွက်မှ ဒေါ်ကြည်စိန်၏ ကျိုက်ဒုံမြို့ အဝင်ဟောင်သရောမြစ်ကူးတံတားအား ကွန်ကရစ်တံတားတည်ဆောက်ပေးရေး၊ အမှတ်၄ရပ်ကွက်မှ ဦးအောင် ကျော်ဆန်း၏ ကျိုက်ဒုံမြို့အား လျှပ်စစ်မီးရရှိရန်ဆောင်ရွက်ပေးရေး၊ အဇင်းကျေးရွာမှ ဦးစိုးနိုင်၏ ကျိုက်ဒုံ- အဇင်း- ဂျိုးဖြူ-တောင်ကလေးလမ်းပိုင်း ကျန်၁၅မိုင်အား ကတ္တရာခင်းပေးနိုင်ရေးနှင့် KPF/BGF ကြီးကြပ်ကွပ်ကဲရေးအဖွဲ့မှ စောဒေါဒေါက ကျိုက်ဒုံ- ကော့ကရိတ် လမ်းအရှည် (၄၃)မိုင် ၁ဖာလုံအနက် ၂၃မိုင် ၁ဖာလုံအား ကွန်ကရစ်လမ်းဆောင်ရွက်ပေးနိုင်ရေး မေးခွန်းတို့နှင့် စပ်လျဉ်း၍ လည်းကောင်း။
တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများထဲမှ မေးခွန်းမေးမြန်းလိုသူ (၁၁) ဦးအနက် မဲပေါက်သူ (၅)ဦးဖြစ်သည့် ကြာအင်းဆိပ်ကြီး အမှတ်(၆)ရပ်ကွက်မှ ဒေါ်သန်းအေး၏ လွှတ်တော်များတွင်ပါဝင်နေသည့် တပ်မတော်သားကိုယ်စားလှယ် (၂၅)ရာခိုင်နှုန်းအားလျော့ချလိုခြင်းကိစ္စ၊ အမှတ်(၆)ရပ်ကွက်မှ ဒေါ်သီတာလွင်၏ တိုင်းရင်းသား ဒေသများအတွက် ဖက်ဒရယ်ပေးနိုင်သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ (၂၆၁)အားပြင်ဆင်ရန် မည်သည့်အတွက်ကြောင့် ကြန့်ကြာနေခြင်းကိစ္စ၊ အမှတ်(၄)ရပ်ကွက်မှ ဒေါ်သီတာချို၏ ဘုရားသုံးဆူမြို့ လမ်းများပြုပြင်ပေးနိုင်ရေးနှင့် လျှပ်စစ်မီးရရှိရေး၊ ထီးမံထိုးကျေးရွာမှ ဦးစောလှမိုး၏ ထိမံထိုး-ထိဖိုးနိုင်းလမ်းအား အဆင့်မြှင့်တင်ပေးနိုင်ရေး၊ အမှတ်(၆)ရပ်ကွက်မှ ဒေါ်ရီရီဝင်း၏ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ(၅၉)(စ)အားမည့်သည့်အတွက်ကြောင့် ပြင်ဆင်လိုခြင်းကိစ္စမေးခွန်းတို့ကိုလည်းကောင်း မေးမြန်းတင်ပြကြရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့် ဒေါက်တာမြင့်ထွေး၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ချက်ချင်းဆောင်ရွက်ပေးနိုင်မည့်အခြေအနေများ၊ ရေရှည်ဆောင်ရွက်ပေးရမည့်အခြေအနေများ၊ စိစစ်ဆောင်ရွက်ပေးသွားရမည့် အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မိမိတို့လက်ထက်တွင် နောင်လာ နောင်သားများအတွက် ကောင်းမွန်သည့်အမွေများကိုချထားပေးခဲ့လိုပါကြောင်း၊ ထို့အတွက် မိမိတို့ပြည်သူများအနေဖြင့် နောင်လာနောင်သားများအတွက် တန်ဖိုးရှိသည့်အမွေများကို သေချာထိန်းသိမ်းပြီး အလေးထားရမည့်အမွေများကို ထားခဲ့နိုင်အောင် ဝိုင်းဝန်းကူညီကြစေလိုကြောင်းပြောကြားပြီး တွေ့ဆုံပွဲသို့တက်ရောက်လာကြသူ တိုင်းရင်းသား၊ တိုင်းရင်းသူ များနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကြာအင်းဆိပ်ကြီးမြို့ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦစီးဌာန နယ်စပ်ဒေသတိုင်းရင်း သားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးသင်တန်းကျောင်းသို့ရောက်ရှိပြီး ကျောင်းသား လူငယ်များအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ကျောင်းသားများ၏ ပညာရေး၊ ကျန်းမာရေး၊ စိတ်ဝင်စားသည့် ဘာသာရပ်များနှင့် စပ်လျဉ်း၍ သိလိုသည်များကို မေးမြန်းကာ ကျောင်းသားများအတွက် စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများကို ပေးအပ် သည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် စာကြည့်တိုက်၊ သင်တန်း ကျောင်းသားအိပ်ဆောင်နှင့် စားရိပ်သာတို့ကို လိုက်လံကြည့်ရှုသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် ကြာအင်းဆိပ်ကြီး မြို့မှ ရဟတ်ယာဉ်များဖြင့် ပြန်လည်ထွက်ခွာခဲ့ကြရာ ညနေပိုင်းတွင် မော်လမြိုင်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။
ညပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် မော်လမြိုင်မြို့ Stand Walking Street သို့ရောက်ရှိပြီး ဈေးဆိုင်ခန်းများရောင်းချနေမှုကို ကြည့်ရှုအားပေးကာ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး Culture Show ၌ မွန်ရိုးရာယဉ်ကျေးမှုအဖွဲ့များ၏ ကပြဖျော်ဖြေမှုကို ကြည့်ရှုအားပေးသည်။
(unicode)
———————————————————————————————————————————————————————–
ေမာ္လျမိုင္ ေဖေဖာ္ဝါရီ ၂၄
နယ္စပ္ေဒသနွင့္ တိုင္းရင္းသားလူမို်းမ်ား ဖံြ့ျဖိုးတိုးတက္ေရးဗဟိုေကာ္မတီ ဥကၠ႒ နိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိုလ္ ေဒၚေအာင္ဆန္းစုၾကည္သည္ ျပည္ေထာင္စု ဝန္ၾကီး ဒုတိယဗိုလ္ခု်ပ္ၾကီးစိုးထြဋ္၊ ဒုတိယဗိုလ္ခု်ပ္ၾကီးရဲေအာင္၊ သူရဦးေအာင္ကို၊ ေဒါက္တာ ေအာင္သူ ၊ဦးအုန္းဝင္း၊ ေဒါက္တာျမင့္ေထြး၊ ဒုတိယဝန္ၾကီး ဦးလွေမာ္ဦး၊ ျမန္မာနိုင္ငံရဲတပ္ဖဲြ့ ရဲခု်ပ္ ဒုတိယရဲဗိုလ္ခု်ပ္ၾကီးေအာင္ဝင္းဦး၊ တာဝန္ရိွသူမ်ားနွင့္အတူ ယေန့နံနက္ ပိုင္းတြင္ ေနျပည္ေတာ္မွ အထူးေလယာဉ္ျဖင့္ ထြက္ခြာၾကရာ မြန္ျပည္နယ္ ေမာ္လ ျမိုင္ျမို့သို့ ေရာက္ရိွၾကသည္။
နိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိုလ္နွင့္အဖဲြ့အား လူမႈဝန္ထမ္းကယ္ဆယ္ေရးနွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ၾကီးဌာန ျပည္ေထာင္စုဝန္ၾကီး ေဒါက္တာဝင္းျမတ္ေအး၊ ကရင္ျပည္နယ္ဝန္ၾကီးခု်ပ္ ေဒၚနန္းခင္ေထြးျမင့္၊ မြန္ျပည္နယ္ ဝန္ၾကီးခု်ပ္ ေဒါက္တာ ေအးဇံ၊ ျပည္နယ္ဝန္ၾကီးမ်ား၊ လွြတ္ေတာ္ ကိုယ္စားလွယ္မ်ား၊ ဌာနဆိုင္ရာ တာဝန္ရိွ သူမ်ား၊ ေဒသခံတိုင္းရင္းသား၊ တိုင္းရင္းသူမ်ားက ေမာ္လျမိုင္ေလဆိပ္၌ ၾကိုဆို နႈတ္ဆက္ၾကသည္။
ထို့ေနာက္ နိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိုလ္နွင့္အဖဲြ့သည္ ကရင္ျပည္နယ္ ဝန္ၾကီးခု်ပ္နွင့္အတူ ရဟတ္ယာဉ္မ်ားျဖင့္ ဆက္လက္ထြက္ခြာၾကရာ ေကာ့ကရိတ္ျမို့သို့ ေရာက္ရိွၾကသည္။
နိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိုလ္နွင့္အဖဲြ့အား ကရင္ျပည္နယ္တရားသူၾကီးခု်ပ္ ဦးေစာစံလင္း၊ ျပည္နယ္ဝန္ၾကီးမ်ား၊ တာဝန္ရိွသူမ်ားနွင့္ ေဒသခံတိုင္ရင္းသား၊ တိုင္း ရင္းသူမ်ားက ၾကိုဆိုနႈတ္ဆက္ၾကသည္။
ယင္းေနာက္ နိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိုလ္သည္ ေကာ့ကရိတ္ျမို့ကရင္နွစ္သစ္ကူးကြင္း၌ ေကာ့ကရိတ္ခရိုင္အတြင္းရိွ ျမို့နယ္မ်ားမွ ေဒသခံျပည္သူမ်ားနွင့္ ေတြ့ဆံုသည္။
ေတြ့ဆံုပဲြတြင္ နိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိုလ္က “ကြ်န္မတို့အေနနဲ့ေကာ့ကရိတ္ခရိုင္အတြင္း ကျပည္သူလူထုနဲ့ ေတြ့ဆံုပဲြျပုလုပ္နိုင္တဲ့အတြက္ ဝမ္းသာပါတယ္။ ကြ်န္မတို့ကိုေနြးေနြးေထြးေထြးနဲ့ၾကိုဆိုတဲ့အတြက္ေက်းဇူးတင္ပါတယ္။ ကြ်န္မတို့ျပည္သူလူထုနဲ့ ေတြ့ဆံုပဲြျပုလုပ္ရျခင္းရဲ့ အဓိက ရည္ရြယ္ခ်က္က ျပည္သူလူထုနဲ့ မွ်ေဝခ်င္လို့ပါ။ မွ်ေဝခ်င္တယ္ဆိုတာနိုင္ငံရဲ့အေကာင္းအဆိုး၊ အေၾကာင္းအကို်းအားလံုးကို ကြ်န္မတို့ျပည္သူလူထုနဲ့ မွ်ေဝခ်င္လို့ျဖစ္ပါတယ္။ ေကာင္းတယ္ ဆိုရင္လည္း ေကာင္းတာေတြကိုမွ်ေဝခ်င္လို့ပါ။ ဆိုးတာဆိုရင္လည္း ဆိုးတာေတြကိုမွ်ေဝျပီး အတူခံမယ္၊ အတူစံမယ္။ဒါ နိုင္ငံသူနိုင္ငံသားေတြရဲ့တာဝန္နဲ့ လုပ္ပိုင္ခြင့္ပါ။
ကိုယ္တိုင္စံရတယ္ဆိုတာက ကိုယ့္ရဲ့အခြင့္အေရး၊ ခံရတယ္ဆိုတာက ကိုယ့္ရဲ့တာဝန္ပါ။ ကြ်န္မတို့တစ္တိုင္းျပည္လံုးမွာ ျပည္သူလူထုနဲ့ေတြ့ဆံုပဲြေတြ လုပ္တယ္ဆိုတာ ဒီရည္ရြယ္ခ်က္နဲ့ ျဖစ္ပါတယ္။ ျပည္သူေတြပါဝင္ျပီး တာဝန္ယူေစာင့္ေရွာက္ေပးနိုင္တဲ့၊ အကာအကြယ္ ေစာင့္ေရွာက္မႈ လည္းေပးနိုင္တဲ့ အစိုးရမို်းကို ကြ်န္မတို့ ထူေထာင္ခ်င္ပါတယ္။ ဒီလိုအစိုးရမို်း ထူေထာင္ခ်င္တယ္ဆိုရင္ အစိုးရနဲ့ျပည္သူၾကားမွာအျမဲတေစ ထိေတြ့မႈ လိုအပ္ပါတယ္။ ဒါေၾကာင့္ကြ်န္မတို့ ဒီလိုေတြ့ဆံုပဲြေတြလုပ္တာပါ။ အဲဒီလိုေတြ့ဆံုပဲြေတြ လုပ္တဲ့အခါမွာ ျပည္သူေတြရဲ့အသံကိုလည္း ၾကားခ်င္တယ္။ ကြ်န္မတို့ရဲ့အေျဖေတြကိုလည္း ျပည္သူေတြက ျပန္ျပီးၾကားေစခ်င္ပါတယ္။ ကြ်န္မတို့တစ္တိုင္းျပည္လံုးထဲကေန ျပီးတခို့်ေနရာေတြကပိုျပီး အေရးၾကီးပါတယ္။ ဥပမာေကာ့ကရိတ္လိုေနရာမို်းဆို ပိုျပီးအေရးၾကီးတယ္လို့ကြ်န္မ ေတြးမိပါတယ္။ ဘာျဖစ္လို့ပိုျပီး အေရးၾကီးတယ္လို့သတ္မွတ္ရလဲဆိုရင္ ကြ်န္မတို့ရဲ့နိုင္ငံသူနိုင္ငံသားေတြကို တစ္ေနရာကပိုျပီးအေရးပါတယ္။ တစ္ေနရာကပိုျပီးအေရးမပါဘူးဆိုျပီး အဲဒီလိုခဲြျခားဆက္ဆံဖို့ မဟုတ္ပါဘူး။ သမိုင္းေၾကာင္းအရ ကရင္ျပည္နယ္ဟာျပည္တြင္းစစ္ရဲ့ ဒဏ္ေတြကိုက ောင္းေကာင္းခံစားခဲ့ရတဲ့ ျပည္နယ္လည္းျဖစ္ပါတယ္။ အခုဆိုရင္အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္ေတြေၾကာင့္တခို့်န ေရာေတြမွာေအးခ်မ္းသြားတဲ့အခါ အရင္တုန္းကျငိမ္း ခ်မ္းေရးမရိွခင္တုန္းက အေတြ့အၾကံုနဲ့ ျငိမ္းခ်မ္းေရးရျပီးတဲ့ အေတြ့အၾကံုနွစ္မို်းစလံုးကို ကရင္ျပည္နယ္ကျပည္သူျပည္သားေတြ သိၾကပါတယ္။ ဒါေၾကာင့္ကြ်န္မတို့နိုင္ငံအတြက္ အေရးၾကီးတယ္လို့ ေျပာတာပါ။
ျပည္တြင္းစစ္ေၾကာင့္ဖံြ့ျဖိုးမႈန ောက္က်ခဲ့တဲ့ကိစၥေတြကိုလည္း ကြ်န္မတို့ျပန္ျပင္ဖို့လိုပါတယ္။ ျပည္သူေတြခ်မ္းသာလာဖို့နဲ့ လံုျခံုလာဖို့ဒီဟာေတြလုပ္ဖို့ၾကိုးစားတဲ့ ေနရာမွာျပည္သူ ေတြပါမွကြ်န္မတို့လည္း ေအာင္ျမင္နိုင္မွာပါ။ ကြ်န္မေစာေစာကေျပာသလို ျငိမ္းခ်မ္းေရးရိွျခင္းနဲ့ မရိွျခင္းရဲ့ အကို်းဆက္ေတြကို ျငိမ္းခ်မ္းေရး ရိွျခင္းကိုလည္းသိတယ္။ မရိွျခင္းကိုလည္း ခံစားခဲ့ရတဲ့ ျပည္သူေတြသာနားလည္ပါတယ္။ ကြ်န္မပထမဦးဆံုး အၾကိမ္လူငယ္ေတြနဲ့ လုပ္တဲ့ျငိမ္းခ်မ္းေရးေဆြးေနြး ပဲြမွာဆိုရင္ကရင္ ျပည္နယ္က လူငယ္ေတြေျပာသြားတဲ့စကားကို ကြ်န္မအခုထက္ထိမွတ္မိေနပါတယ္။
ဒီကေလးေတြဟာနွစ္ဆယ္က ်ော္ေက်ာ္ေလးေတြ၊နွစ္ ဆယ္ေက်ာ္ေတြဆိုေတာ့ အပစ္အခတ္ရပ္စဲေရးမရခင္တုန္းကအခိ်န္နဲ့ ရျပီးတဲ့အခိ်န္ေတြကို သိပါတယ္။ ဒီေတာ့ကြ်န္မေမး ပါတယ္ ဘယ္လိုကြာျခားသလဲ၊ခံစားမႈရိွသလားဆိုေတာ့၊ ဘယ္လိုအကို်းရိွတယ္ဆိုတာကို သူတို့ကလူငယ္ေတြဆိုေတာ့ ရိုးရိုးရွင္းရွင္းပဲေျပာပါတယ္။ လမ္းေတြသိပ္ေကာင္းလာတယ္၊ သြားေရးလာေရးသိပ္အဆင္ေျပလာတယ္လို့ ေျပာပါတယ္။ အဲဒီေတာ့ကြ်န္မရွင္းျပပါတယ္။ သူတို့အတြက္ သြားေရး အဆင္ေျပတယ္ ဆိုတာလမ္းေကာင္းယံုတင္ မဟုတ္ပါဘူး အလုပ္လုပ္ရတာ၊ စာသင္ရတာ၊ စီးပြားေရးလုပ္ရတာနဲ့က်န္းမာေရးေစာင့္ေရွာက္မႈပိုျပီးလြယ္လာပါတယ္။ ဒါက ဒီလမ္းေလး ေကာင္းလာတာနဲ့ အမ်ားၾကီးအကို်းဆက္ေတြရိွပါတယ္။ ဒီလမ္းေတြေကာင္းဖို့ဆိုတာ ကြ်န္မတို့ကအမ်ားၾကီးလုပ္ယူရပါတယ္။
ထိုနည္းလည္းေကာင္းပဲ လွ်ပ္စစ္ဓာတ္အားမရိွတဲ့ေနရာနဲ့ရိွတဲ့ ေနရာကအေျခအေနသိပ္ကြာ ပါတယ္။ ဘာျဖစ္လို့ဒီလိုအေျခအေနကြာလဲဆိုရင္ လွ်ပ္စစ္ ဓာတ္အားရိွတယ္ဆိုရင္ ကိုယ့္အလုပ္ကို လုပ္ခ်င္သေလာက္ လုပ္လို့ရပါတယ္။ ကိုယ္ၾကိုက္သလို ကိုယ့္ရဲ့န ေ့ကိုကိုယ္ကန ေျပီးစီစဉ္လို့ရပါတယ္။ အဲဒီလိုအကို်းဆက္ေတြျဖစ္ဖို့ျငိမ္း ခ်မ္းေရးက အေရးၾကီးပါတယ္။ ျငိမ္းခ်မ္းေရးရိွမွဖံြ့ျဖိုးတိုးတက္ေရးကို ရရိွနိုင္မွာပါ။
ျမန္မာနိုင္ငံရဲ့ေရရွည္ ဖံြ့ျဖိုးတိုးတက္ေရးစီမံကိန္းထဲမွာ ျငိမ္းခ်မ္းေရးနဲ့ဖံြ့ျဖိုးေရးဟာ ဘယ္လိုမွခဲြ ျခားလို့ မရဘူးဆိုတာ ေသေသခ်ာခ်ာအသိအမွတ္ျပုထားပါတယ္။ ျငိမ္းခ်မ္းမွ ဖံြ့ျဖိုးမယ္။ ဖံြ့ျဖိုးမွျငိမ္းခ်မ္းေရးကို ဆက္ျပီးခိုင္မာေအာင္လုပ္နိုင္မယ္။ ဒါကိုကရင္ျပည္နယ္ မွာရိွတဲ့ ျပည္ေထာင္စုဖြား တိုင္းရင္းသားေတြအားလံုးကဝိုင္းျပီးၾကိုး စားေပးေစခ်င္ပါတယ္။ ျငိမ္းခ်မ္းေရး ဆိုတာ ေနာက္ဆံုးကိုယ့္စိတ္ထဲကစတာပါ။ မျငိမ္းခ်မ္းတဲ့ေနရာနဲ့ပုဂၢိုလ္ေတြဟာစိတ္ထဲကစတာပါ။
ျငိမ္းခ်မ္းနိုင္တဲ့ အရည္အခ်င္းရိွတယ္ဆိုတာ ကိုယ့္ကိုယ္ကိုယ္ယံုၾကည္ဖို့ ပထမလိုပါတယ္။ ဒါေၾကာင့္ ယံုၾကည္မႈတည္ေဆာက္ေရးလို့ ကြ်န္မထပ္တလဲလဲေျပာပါတယ္။ ယံုၾကည္မႈ တည္ေဆာက္နိုင္မွျငိမ္းခ်မ္းနိုင္မယ္။ ယံုၾကည္မႈတည္ေဆာက္တယ္ဆိုတာ ပထမဆံုး ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္မႈတည္ေဆာက္ရမယ္။ ငါဟာ ျငိမ္းျငိမ္းခ်မ္းခ်မ္း ေနနိုင္တဲ့လူဆိုတာကို ယံုၾကည္မႈရိွရမယ္။ငါဟာ ျငိမ္းခ်မ္းေရးကို လက္ကိုင္ျပီး နိုင္ငံျငိမ္းခ်မ္းေရးကို သြားသင့္သြားထိုက္တဲ့ ေနရာကိုသြားေအာင္လို့ လုပ္နိုင္တဲ့လူမို်းဆိုတာ ကိုလက္ခံနိုင္ရမယ္။ ငါဟာ ျငိမ္းခ်မ္းေရး လက္နက္ကလဲြလို့ ဘာတျခားနည္းကိုမွမလိုဘူးဆိုတဲ့ ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္မႈေတြရိွလာရမယ္။
အဲဒီလိုယံုၾကည္မႈတြ ေျပည္သူျပည္သားေတြရဲ့ ၾကားထဲမွာကေလးဘဝကတည္းက တစ္ခါထဲထည့္ေပးေစခ်င္ပါတယ္။ ဒီလိုစိတ္ဓာတ္ေတြရိွရမယ္။ ကိုယ့္ရဲ့အရည္အခ်င္းအေပါင္း လကၡဏာေဆာင္တဲ့အရည္အခ်င္းေတြ၊ ေမတၱာ ေစတနာေတြကို အေျခခံျပီးကိုယ္လိုခ်င္တဲ့ ပန္းတိုင္ေရာက္ေအာင္သြားနိုင္တယ္ဆိုတဲ့ ယံုၾကည္ခ်က္ကိုအားလံုးရဲ့ စိတ္ထဲမွာရ ိွဖို ့လိုအပ္ပါတယ္။
ျပည္သူေတြအေနနဲ့ ယံုၾကည္ခ်က္ရိွဖို့ဆိုတာ အစိုးရကလည္း အမ်ားၾကီး ကူညီေဆာင္ရြက္ ေပးရမယ္။ အစိုးရရဲ့အဓိကဦးတည္ခ်က္ေတြထဲမွာ တရားဥပေဒစိုးမိုးေရးဆိုတာပါပါတယ္။ တရားဥပေဒစိုးမိုးေရးကို တခို့်ကဘယ္လိုထင္လည္းဆိုေတာ့ တရားဥပေဒစိုးမိုးေရးဆိုတာ ရဲေတြ၊ တရားရံုးေတြနဲ့ဆိုင္တဲ့ ကိစၥလို့ျမင္ၾကပါတယ္။ တရားဥပေဒစိုးမိုးေရးကိုက်ဉ္းက်ဉ္းေလး ျမင္က ျပါတယ္။
ကြ်န္မေျပာခ်င္တဲ့ တရားဥပေဒစိုးမိုးေရးဆိုတာ ျပည္သူလူထုေတြကိုလံုျခံုမႈေပးတဲ့ တရားဥပေဒ စိုးမိုးေရးကိုေျပာတာပါ။ လံုျခံုမႈဆိုတာရုပ္ပိုင္းနဲ့ စိတ္ပိုင္းဆိုင္ရာလံုျခံုမႈပါ။ တရားဥပေဒ စိုးမိုးေရးရိွတာကို ကြ်န္မအေနနဲ့ျပည္သူေတြကို ရိုးရိုးေလးေျပာရမယ္ဆိုရင္ အိပ္နိုးခ်မ္းသာပါ။ အိပ္တဲ့အခါက်ရင္ စိတ္ခ်မ္းခ်မ္းသာသာနဲ့ အိပ္နိုင္တယ္။ နိုးလာတဲ့အခါက်ရင္လည္း စိတ္ခ်မ္းခ်မ္းသာသာနဲ့ နိုးနိုင္တယ္။ ညအိပ္တဲ့အခါမွာငါ့အိမ္ကလံုျခံုတယ္။ ငါ့ဝင္းကလံုျခံုတယ္။ ငါဘာမွ စဉ္းစားစရာမရိွဘူး။ လံုျခံုေရးရိွလား/မရိွလားစဉ္းစားဖို့မလို ပါဘူးဆိုတဲ့စိတ္ဓာတ္၊ ျပည္သူေတြထဲမွာ ျဖစ္ျပီဆိုရင္တရားဥပေဒစိုးမိုးေရးရိွလို့ပါ။ ကိုယ့္ရဲ့အိမ္ထဲမွာလံုျခံုမႈရိွတဲ့အျပင္ အိမ္အျပင္ထြက္ျပီး အလုပ္လုပ္တဲ့အခါ၊ ေက်ာင္းသြားတဲ့အခါ၊ ေဈးသြားတဲ့အခါ လံုျခံုတယ္ဆိုတဲ့ စိတ္က တရားဥပေဒစိုးမိုးေရးရိွလို့ပါ။ ဒါေတြကိုကြ်န္မတို့ဦးတည္ပါတယ္။
ဒီလိုဦးတည္တဲ့အခါမွာ ျပည္သူလူထုရဲ့ ပူးေပါင္းေဆာင္ရြက္မႈကေတာ့ အဓိကပါပဲ။ ဘယ္အစိုးရမွဘယ္ေလာက္ေကာင္းတယ္၊ ေတာ္တယ္ေျပာေျပာ၊ ျပည္သူလူထုရဲ့ ေထာက္ခံမႈ၊ ပူးေပါင္းေဆာင္ရြက္မႈမရိွဘဲနဲ့ တကယ့္ၾကီးက်ယ္တဲ့စီမံကိန္းၾကီးေတြကို ေအာင္ျမင္ေအာင္ မလုပ္နိုင္ပါဘူး။ အစိုးရေတြက ျပည္သူေတြမလိုဘူး၊ ငါတို့ဘာသာငါတို့ လုပ္နိုင္တယ္ဆိုတဲ့ အစိုးရေတြဟာ ဒီမိုကေရစီအစိုးရလည္း မဟုတ္ဘူး။ ေရရွည္မွာလည္း ေအာင္ျမင္မယ့္ အစိုးရမဟုတ္ဘူး။ ျပည္သူရဲ့ေထာက္ခံမႈမရိွဘဲနဲ့၊ ျပည္သူရဲ့ ပူးေပါင္းေဆာင္ရြက္မႈမရိွဘဲနဲ့ ေရတိုမွာေအာင္ျမင္နိုင္မယ္၊ေရရွည္မွာဘယ္ေတာ့မွမေအာင္ျမင္နိုင္ပါဘူး။
ဒါေၾကာင့္ျပည္သူေတြဟာနိုင္ငံအတြက္အဓိကက်ပါတယ္။ျပည္သူလူထုရဲ့အရည္အခ်င္းဟာနိုင္ငံရဲ့အရည္အခ်င္းပါ။ျပည္သူလူထုရဲ့တန္ဖိုးဟာနိုင္ငံရဲ့တန္ဖိုးပါ။ဒါေၾကာင့္က်န္းမာေရး၊ပညာေရးကိုအေလးထားတယ္ဆိုတာကြ်န္မတို့ရဲ့ကေလးေတြကိုတန္ဖိုးရိွတဲ့လူၾကီးေတြျဖစ္ေအာင္လို့ပါ။ကြ်န္မတို့ ကေလးေတြဟာ က်န္းမာတယ္ဆိုရင္ ရုပ္ပိုင္း ဆိုင္ရာတန္ဖိုးျပည့္တာပါ။
ပညာရိွတယ္ဆိုရင္စိတ္ပိုင္းဆိုင္ရာတန္ဖိုးျပည့္တာပါ။ပညာရိွတယ္ဆိုတဲ့ေနရာမွာတကၠသိုလ္ဘဲြ့ရတာေတြေျပာေနတာမဟုတ္ပါဘူး။ပညာရိွတယ္ဆိုတာဘဝျပႆနာေတြကိုရင္ဆိုင္ေက်ာ္လွြားနိုင္တဲ့အရည္အခ်င္းေတြကိုဆိုလိုတာပါ။ဒါေၾကာင့္အသက္ေမြးဝမ္းေက်ာင္းပညာကိုကြ်န္မ အလြန္အားေပးပါတယ္။ တစ္ကမၻာလံုးကို ျပန္ၾကည့္လိုက္ရင္ ဖံြ့ျဖိုးတဲ့နိုင္ငံ၊အဖံြ့ျဖိုးဆံုးနိုင္ငံေတြမွာတကၠသိုလ္ပညာရထားျပီးအလုပ္မရတဲ့ပုဂၢိုလ္ေတြ၊သူတို့ၾကိုက္တဲ့အလုပ္ကိုေက်ေက်နပ္နပ္နဲ့လုပ္နိုင္တဲ့အလုပ္မရသူေတြရဲ့နႈန္းဟာမ်ားမ်ားလာတယ္ဆိုတာေတြ့ရပါတယ္။
ဒါေၾကာင့္တိုးတက္တဲ့နိုင္ငံေတြမွာအသက္ေမြးဝမ္းေက်ာင္းပညာကိုပိုျပီးအေလးထားရမယ္ဆိုတာကိုနားလည္လာပါျပီ။ကြ်န္မတို့ရဲ့နိုင္ငံကပညာေရးအရအေနာက္မွာက်န္ရစ္ခဲ့တဲ့နိုင္ငံဆိုေတာ့တျခားသူေတြရဲ့အမွားေတြနဲ့ျပႆနာေတြကိုၾကည့္ျပီးသင္ခန္းစာယူနိုင္ပါတယ္။ဒါေၾကာင့္ပညာေရးစနစ္ကိုထူေထာင္တဲ့အခါမွာတကၠသိုလ္ပညာေရးနဲ့အသက္ေမြးဝမ္းေက်ာင္းပညာေရးနွစ္ခုစလံုးကိုတန္းတူယွဉ္တဲြျပီးကြ်န္မတို့ကေဖာ္ေဆာင္ဖို့ၾကိုးစားေနတာျဖစ္ပါတယ္။အဲဒီမွာျပည္သူလူထုနားလည္ျပီးကြ်န္မတို့နဲ့ပူးေပါင္းဖို့အင္မတန္မွအေရးၾကီးပါတယ္။ျပည္သူေတြကအခုဆိုရင္အသက္ေမြးဝမ္းေက်ာင္းသင္ ေက်ာင္းေတြဖြင့္ေပးဖို့နဲ့ပညာသင္ယူနိုင္ေအာင္အခြင့္အေရးေတြေပးဖို့ဆိုျပီး ေတာင္းဆိုလာ တာကိုကြ်န္မတို့ျမင္ရပါတယ္။ဒါတကၠသိုလ္ပညာသာလွ်င္ပညာမဟုတ္ဘူးဆိုတာကိုျပည္သူေတြကလက္ေတြ့က်က်ကိုယ့္ဘဝကိုယ္ၾကည့္ျမင္ေနျပီလို့ေျပာလို့ရပါတယ္။
ဒါနိုင္ငံရဲ့ဖံြ့ျဖိုးမႈေနာက္က်ျခင္းအကို်းတစ္ခုပါ။ဖံြ့ျဖိုးမႈေနာက္က်ျခင္းရဲ့ဆိုးကို်းေတြကို အားလံုးသိၾကပါတယ္။ ဒါေပမယ့္ေကာင္းကို်းေတြလည္း ရိွတယ္ဆိုတာကို နားလည္ေစခ်င္ပါတယ္။ကြ်န္မဒီလိုလာတဲ့အခါမွာျပည္သူလူထုေတြဆီကေမးခြန္းေတြေမးဖို့နဲ့ ေျပာခ်င္တဲ့အခ်က္ေတြကိုတင္ျပဖို့ ဖိတ္ေခၚပါတယ္။ ဒီလိုလုပ္ရတဲ့ အေၾကာင္းကျပည္သူနဲ့ အစိုးရနီးကပ္မႈရိွေအာင္လို့ပါ။ဒါဒီမိုကေရစီအရျပည္သူကေန ေရြးခ်ယ္တင္ေျမွာက္ထားတဲ့ အစိုးရျဖစ္တာေၾကာင့္ ျပည္သူနဲ့ ဘယ္ေတာ့မွ ကင္းကြာလို့မျဖစ္ပါဘူး။
ျပည္သူလူထုရဲ့အသံနဲ့ကင္းကြာဖို့ဆိုတာလည္းမျဖစ္ပါဘူး။ဒါေၾကာင့္ ကြ်န္မတို့ရဲ့ျပည္သူျပည္သားေတြမွာ ဘာစိုးရိမ္ေၾကာင့္ၾကမႈေတြရိွသလဲ၊ ဘာျပႆနာေတြ ရိွသလဲ၊ဘာေမွ်ာ္လင့္ခ်က္ေတြရိွသလဲဆိုတာကို သိေအာင္လုပ္ရပါ တယ္။ ဒီစိုးရိမ္ေၾကာင့္ၾကမႈေတြ ေပ်ာက္ကြယ္သြားေအာင္ ကြ်န္မတို့ဘယ္လိုလုပ္ေပးနိုင္မလဲ၊ ေမွ်ာ္လင့္ခ်က္ေတြကိုဘယ္လိုပံုစံနဲ့ျဖည့္ဆည္းေပးနိုင္မလဲဆိုတဲ့ အေျဖကိုရွာဖို့အတြက္ကြ်န္မတို့ကေမးခြန္းေတြနဲ့ တင္ျပ ခ်က္ေတြကိုဖိတ္ေခၚရျခင္း ျဖစ္ပါတယ္။
ဒီလိုဖိတ္ေခၚတဲ့အခါမွာတစ္ေနရာနဲ့တစ္ေနရာမတူဘူးဆိုတာကိုကြ်န္မသတိျပုမိပါတယ္။တခို့်ပရိသတ္ေတြကအင္မတန္မွစည္းကမ္းရိွတယ္။ေပးထားတဲ့အခြင့္အေရးကိုေလးေလးစားစားမွန္မွန္ကန္ကန္သူတို့သံုးပါတယ္။ဒါဟာနိုင္ငံကတကယ့္ကိုစစ္မွန္တဲ့ဖက္ဒရယ္ျပည္ေထာင္စုျဖစ္နိုင္တဲ့နိုင္ငံျဖစ္ေနျပီ၊စစ္မွန္တဲ့ဖက္ဒရယ္ျပည္ေထာင္စုတစ္ခုကိုထူေထာင္နိုင္တဲ့ျပည္သူေတြျဖစ္ေနျပီလို့ကြ်န္မစိတ္ထဲမွာျဖစ္ပါတယ္။
တခို့်ကေတာ့တခါတေလေပးထားတဲ့အခြင့္အေရးကိုအလဲြသံုးစားလုပ္ခ်င္ပါ တယ္။စည္းနဲ့ကမ္းနဲ့မလုပ္ခ်င္ဘူး။ဥပမာမဲမေပါက္ေပမယ့္လဲေျပာခ်င္တယ္ဆိုျပီးအတင္းေျပာ၊ အတင္းေတာင္းဆိုတာေတြကိုကြ်န္မတို့ျမင္ခဲ့ရပါတယ္။ေနာက္ျပီးကြ်န္မတို့ေတြခဏခဏေျပာပါတယ္။အမ်ားအတြက္အကို်းျဖစ္မယ့္ေမးခြန္းေတြကိုေမးပါ။အမ်ားအတြက္အကို်းျဖစ္မယ့္တင္ျပခ်က္ေတြတင္ျပၾကတာကို ကြ်န္မအားရပါတယ္။ ဒါေပမယ့္တခို့်တေလအနည္းစုကသူတို့အတြက္ ပုဂၢိုလ္ေရးကိစၥေတြ ေနာက္ျပီးနဲနဲတိုက္ခ်င္ခိုက္ခ်င္တဲ့ ကိစၥေတြကို ဦးစားေပးျပီးမလုပ္ပါနဲ့လို့ကြ်န္မအေနနဲ့ေမတၱာရပ္ခံပါတယ္။ ဘာျဖစ္လို့လဲဆိုေတာ့ တကယ္တိုးတက္တဲ့နိုင္ငံျဖစ္ခ်င္ရင္အမ်ားအတြက္စဉ္းစားနိုင္ရမယ့္လို့ ကြ်န္မခဏခဏေျပာပါတယ္။
ပရဟိတ၊အတၱဟိတနွစ္ခုစလံုးရိွရမယ္ဆိုတာအတၱဟိတဆိုတာကိုယ္အတြက္၊ပရဆိုတာအျခားသူေတြအတြက္လည္းစဉ္းစားနိုင္ရမယ္။အျခားသူေတြအတြက္စဉ္းစားနိုင္ရမယ္ဆိုတာကေလးေတြငယ္ငယ္ကတည္းကကိုယ့္အိမ္မွာ၊ ကိုယ္ရဲ့မိသားစုထဲမွာၾကီးလာကတည္းကနားလည္ရမယ့္ကိစၥပါ။ မိသားစုဆိုကတည္းက တစ္ေယာက္ထဲမဟုတ္ဘူး တစ္ေယာက္ထဲဆိုမိသားစုမဟုတ္ပါဘူး။မိသားစုဆိုကတည္းကမိဘေတြ၊ အဘိုးအဘြားေတြ၊ ညီအစ္ကိုေမာင္နွမေတြ၊ ေဒၚၾကီးဘၾကီးေတြနဲ့အတူေနတာပါ။ အစကတည္းကအျခားသူေတြနဲ့ေနရင္အျခားသူေတြရဲ့ အကို်းကိုလဲစဉ္းစားတန္ဖိုးထားတတ္ရမယ္။ဒါေၾကာင့္ ကေလးေတြကိုငယ္ငယ္ကတည္းက ကိုယ္အကို်း ရိွသလိုတျခားသူေတြလဲအကို်းရိွရမယ္။အျခားသူေတြရဲ့အကို်းရိွမွလည္းကိုယ္အကို်းကိုေအာင္ျမင္နိုင္မယ္ ဆိုတာကို မိဘေတြကသင္ေပးရမယ့္အျပင္ ကိုယ္တိုင္လည္း လုပ္ျပေစခ်င္ပါတယ္။
ကြ်န္မရဲ့အေတြ့အၾကံုအရမိဘေတြအေနနဲ့ ကေလးေတြကို သင္ျပေပးရင္ “ငါေျပာသလိုလုပ္၊ငါလုပ္သလိုမလုပ္နဲ့ဆိုျပီး” ေျပာလို့မရပါဘူး။ကိုယ္တိုင္က လုပ္ပံု၊ ကိုင္ပံု မမွန္လို့ရိွရင္ကေလးေတြကသြန္သင္ဆံုးမလို့ရမွာမဟုတ္ဘူး။ကိုယ္ကေနျပီးကေလးေတြကိုေျဖာင့္မတ္ေစခ်င္ရင္ကိုယ့္ကိုယ္တိုင္ေျဖာင့္မတ္ပါ။ကိုယ့္ကေလးေတြကိုၾကိုးစားေစခ်င္ရင္ကိုယ့္ကိုယ္တိုင္ၾကိုးစားပါ။ကိုယ္ကကေလးေတြကိုယဉ္ေက်းေစခ်င္တယ္ဆိုရင္ကိုယ္ကိုယ္ တိုင္ယဉ္ေက်းပါ။ အဲ့ဒီလိုနည္းနဲ့ကေလးေတြကို သင္ေပးတာ အထိေရာက္ဆံုး ပဲလို့ကြ်န္မအေနနဲ့ေျပာခ်င္ပါတယ္။
အခုကြ်န္မတို့ကိုတင္ျပၾကတဲ့ေမးခြန္းေတြကိုပထမကြ်န္မေျဖပါမယ္။ဒါလည္းကြ်န္မခဏခဏေျပာတဲ့ကိစၥပါ။ေမးခြန္းေတြေမးတဲ့သူေတြကတိုတိုနဲ့လိုရင္းေမးဖို့လိုသလိုေျဖတဲ့အစိုးရဖက္ကပုဂၢိုလ္ေတြကလည္းတိုတိုနဲ့လိုရင္းေျဖဖို့လိုပါတယ္။
ကြ်န္မတို့အစိုးရအဖဲြ့ေတြမွာတာဝန္ရိွပါတယ္။ေမးခြန္းတစ္ခုေမးတယ္ဆိုတာအေျဖတစ္ခုလိုခ်င္လို့ပါ။အဲဒီေတာ့အေျဖကိုရွင္းရွင္းလင္းလင္းနဲ့တိတိက်က်ေျဖေစခ်င္ပါတယ္။အစိုးရအဖဲြ့ေတြကိုေမတၱာရပ္ခံခ်င္ပါတယ္။လုပ္ေပးနိုင္တယ္ဆိုရင္လုပ္ေပးနိုင္တယ္လို့ ေျပာပါ။ ဘယ္ေလာက္အခိ်န္အတြင္းမွာ လုပ္ေပးနိုင္တယ္လို့ေျပာပါ။ မလုပ္ေပးနိုင္ဘူး ဆိုရင္ဘာျဖစ္လို့မလုပ္ေပးနိုင္ဘူးလို့ေျပာပါ။အခုမလုပ္ေပးနိုင္ဘူးေနာက္ၾကာမွလုပ္ေပးနိုင္မယ္ဆိုရင္ဘယ္ေလာက္ၾကာမွလုပ္ေပးနိုင္မယ္၊ဘယ္လိုအေျခအေနမွာလုပ္ေပးနိုင္မယ္ ဆိုတာကိုရွင္းရွင္းလင္းလင္းေျပာေစခ်င္ပါတယ္။တဆက္တည္းမွာ ျပည္သူလူထုနားလည္သင့္ ၊နားလည္ထိုက္တဲ့အစိုးရရဲ့ မူဝါဒစည္းမ်ဉ္းစည္းကမ္းေတြကိုလည္း တိုတိုနဲ့လိုရင္းပဲရွင္းျပသြားေစခ်င္ပါတယ္။အခုထံုးစံအတိုင္းပဲပထမဦးဆံုးေရးျပီးတင္ထားတဲ့ေမးခြန္းေတြကိုကြ်န္မတို့ေျဖပါမယ္။ေျဖျပီးမွမဲနိွုက္ျပီးမဲေပါက္တဲ့သူေတြရဲ့ေမးခြန္းေတြနဲ့ တင္ျပခ်က္ေတြကိုကြ်န္မတို့ဖိတ္ေခၚပါမယ္။ေက်းဇူးတင္ပါတယ္”ဟု ေျပာၾကားသည္။
ထို့ေနာက္ ေတြ့ဆံုပဲြသို့ ၾကိုတင္တင္ျပေမးျမန္းထားသည့္ ေကာ့ကရိတ္ျမို့အမွတ္(၇)ရပ္ကြက္မွ ဦးေမာင္မာ၏ အမွတ္(၇)ရပ္ကြက္ နတ္စင္ေျမာင္းမၾကီးအား အုတ္စီေရေျမာင္းျပုလုပ္ေပးေရး၊ ထီဟူးသံေက်းရြာမွ ဦးေစာေက်ာ္လြင္၏ ထီဟူးသံ-မိခြမ္းေက်းရြာလမ္းအား ကတၱရာလမ္းခင္းေပးနိုင္ေရး၊ ခရင္းေက်းရြာမွ ဦေစာေလး မင္း၏ ဝင္းက-ပီကုန္း-မူးဝါ-ဝင္သလဲွြ-အုန္းနွစ္ပင္-လိွုင္သ ေျမသားလမ္းအားကတၱ ရာလမ္းအျဖစ္ေဆာင္ရြက္ေပးရန္၊ ေကာ့ေပါက္ေက်းရြာမွ ဦးတင္ေအးထြန္း၏ ေကာ့ဘိန္းတိုက္နယ္အတြင္းရိွ ေက်းရြာ၁၁ရြာအတြက္ လွ်ပ္စစ္မီးရရိွေရးအတြက္ ဓာတ္အားခဲြရံုတည္ေဆာက္ေပးေရး၊ ေကာ့ေပါက္ေက်းရြာမွ ဦးေက်ာ္စိုး၏ ကံု်ဒိုး-ကမ္းနီ ျမစ္ကူးတံတားတည္ေဆာက္ေပးေရး၊ ေကာ့ေပါက္ေက်းရြာမွ ဦးေမာင္ေမာင္၏ ေကာ့ဘိန္းတိုက္နယ္ေဆးရံုတြင္ ဓာတ္မွန္ေဆာင္နွင့္ဒစ္ဂ်စ္တယ္ဓာတ္မွန္စက္ေဆာင္ရြက္ေပးေရး၊ နဘူးေက်းရြာမွ ဦးသက္ဦး၏ နဘူးနွစ္ျခားေက်းရြာ လွ်ပ္စစ္မီးရရိွေရး၊ တံတားကို်း-ျမပတိုင္၊ နဘူး-ေညာင္ကုန္း ကတၱရာလမ္းအား လမ္းတိုးခဲ့်ေပးေရးနွင့္ ေကာ့ကရိတ္-နဘူး-ပိုင္ကို်းလမ္းေပၚရိွ နဘူတံတားအား ကြန္ကရစ္တံတားတည္ေဆာက္ေပးေရး၊ အမွတ္(၁)ရပ္ကြက္မွ ဦးေစာျမတ္ေလး၏ ေကာ့ကရိတ္အမွတ္(၁)ရပ္ကြက္လမ္းဆံု၌ အခ်က္ျပမီးတပ္ဆင္ေပးေရး၊ အမွတ္(၂)ရပ္ကြက္မွ ဦးထြန္းညွြန့္၏ ေကာ့ကရိတ္ျပည္သူ့ေဆးရံုၾကီး၌ အထူးဆရာဝန္မ်ား ျဖည့္ဆည္းေပးနိုင္ေရး၊ ေဆးရံုသံုးပစၥည္းမ်ား ျပည့္ဝစြာရရိွေရးနွင့္ ဆရာဝန္၊သူနာျပု၊ဝန္ထမ္းမ်ား ဖဲြ့စည္းပံုအျပည့္ခန့္ထားေပးနိုင္ေရးေမးခြန္းမ်ားနွင့္စပ္လ်ဉ္း၍လည္းေကာင္း။
ေတြ့ဆံုပဲြသို့ တက္ေရာက္လာၾကသူမ်ားထဲမွ ေမးခြန္းေမးျမန္းလိုသူ(၂၉)ဦးအနက္ မဲေပါက္သူ (၇)ဦးျဖစ္ သည့္ အမွတ္(၂)ရပ္ကြက္မွ ေဒၚခင္ေထြးေမာ္၏ အမွတ္(၂) ရပ္ကြက္ရိွ ပိတ္သိမ္းထားေသာ သခၤို်င္းေျမအား ျပန္လည္ခြင့္ျပုေပးရန္၊ ခရာအတြင္းေက်းရြာမွ ဦးေငြလိွုင္၏ သိမ္းဆည္းခံလယ္ယာေျမမ်ားျပန္လည္ရရိွေရး၊ ဇာသျပင္ေက်းရြာမွ ဦးတင္လွ၏ သိမ္းဆည္းခံလယ္ယာေျမမ်ားျပန္လည္ရရိွေရး၊ ေကာ့ရိတ္ျမို့ ကရင္စာေပနွင့္ယဉ္ေက်းမႈအဖဲြ့မွ ဦးေစာေက်ာ္ဝင္း၏ ကရင္စာေပနွင့္ယဉ္ေက်းမႈခန္းမေဆာင္ရြက္ေပးနိုင္ေရး၊ အမွတ္၃ရပ္ကြက္မွ ေဒၚခို်ခို်ထိုက္၏ သိမ္းဆည္းခံလယ္ယာေျမမ်ားျပန္လည္ရရိွေရး၊ ေကာ့ကရိတ္ျမို့နယ္ ဘာသာေပါင္းစံုခ်စ္ၾကည္ ညီညွြတ္ေရးအဖဲြ့ဒုတိယဥကၠ႒ ဦးခင္ေမာင္သန္း၏ ေကာ့ကရိတ္ျမို့နယ္ သာသာေပါင္းစံု ခ်စ္ၾကည္ညီညွြတ္ေရးအဖဲြ့အတြက္ ရံုးေျမေနရာ၊ အေဆာက္အဦနွင့္ ေမာ္ေတာ္ယာဉ္လိုအပ္ခ်က္အား ပံ့ပိုးေဆာင္ရြက္ေပးနိုင္ေရး၊ ကံု်ဖဲေက်းရြာမွ ဦးရဲထြန္း၏ ကံု်ဖဲေက်းရြာအား လွ်ပ္စစ္မီးရရိွေအာင္ ေဆာင္ရြက္ေပးနိုင္ေရးေမးခြန္း မ်ားကိုလည္းေကာင္း ေမးျမန္းတင္ျပၾကရာ နိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိုလ္ ေဒၚေအာင္ဆန္းစုၾကည္၊ ျပည္ေထာင္စုဝန္ၾကီး ေဒါက္တာျမင့္ေထြး၊ ျပည္နယ္ဝန္ၾကီးခု်ပ္ ေဒၚနန္းခင္ေထြးျမင့္၊ ျပည္နယ္ဝန္ၾကီးမ်ားနွင့္ တာဝန္ရိွသူမ်ားက ခ်က္ခ်င္း ေဆာင္ရြက္ေပးနိုင္မည့္အေျခအေနမ်ား၊ ေရရွည္ေဆာင္ရြက္ေပးရမည့္အေျခအေန မ်ား၊ စိစစ္ေဆာင္ရြက္ေပးသြားရမည့္အေျခအေနမ်ားနွင့္စပ္လ်ဉ္း၍ ရွင္းလင္းေျပာၾကားၾကသည္။
ထို့ေနာက္ နိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိုလ္က ယခုေတြ့ဆံုပဲြတြင္ ေမးျမန္း တင္ျပၾကသူမ်ားအေနျဖင့္ တိတိက်က် ေမးျမန္းတင္ျပခဲ့သည့္အတြက္ ေက်းဇူးတင္ ပါေၾကာင္း၊ ေတြ့ဆံုပဲြတြင္ ကိစၥ၃ခုတင္ျပခဲ့ၾကပါေၾကာင္း၊ လမ္းပန္းဆက္သြယ္ေရး၊ လွ်ပ္စစ္မီးရရိွေရးနွင့္ လယ္ယာေျမကိစၥတို့ျဖစ္ပါေၾကာင္း၊ လယ္ယာေျမကိစၥနွင့္ ပတ္သက္ျပီး လွြတ္ေတာ္က ဥပေဒမ်ား ျပဌာန္းျပီးေနာက္ပိုင္း ပိုင္ဆိုင္မႈကိစၥမ်ား ထပ္တလဲလဲ တစ္နိုင္ငံလံုးတြင္ျဖစ္ေနပါေၾကာင္း၊ ယင္းကိစၥမွာ အေမြဆိုးမ်ားျဖစ္ပါ ေၾကာင္း၊ အေမြဆက္ခံရာတြင္ အေကာင္းသာယူျပီးအဆိုးကိုဖယ္ထား၍မရပါေၾကာင္း၊ မိမိတို့ေရြးခ်ယ္ပိုင္ခြင့္မရိွပါေၾကာင္း၊ ျပည္သူမ်ားအေနျဖင့္ နားလည္ေပးေစလို ေၾကာင္း၊ တစ္နိုင္ငံလံုး၌ မိမိတို့ ျပည္သူမ်ားအေနျဖင့္ ညီညြတ္ၾကပါေၾကာင္း၊ ျပည္သူမ်ားအေနျဖင့္ မိမိတို့ ေဒသအတြက္၊ နိုင္ငံအတြက္ ေဆာင္ရြက္နိုင္သည္ ဆိုသည့္ စိတ္ဓာတ္ကို ေမြးျမူ ၾကေစလိုေၾကာင္း၊ ျပည္သူမ်ားအေနျဖင့္လည္း မိမိတို့တာဝန္ကို ေက်ပြန္ၾကေစလိုေၾကာင္း၊ ျပည္သူမ်ားအေနျဖင့္ ေရြးခ်ယ္ပိုင္ခြင့္ကို မွန္မွန္ကန္ကန္ အသံုးခ်ေစလိုေၾကာင္း၊ ထို့ျပင္ မိမိအတြက္သာမက အျခားသူမ်ားအတြက္ပါ ေရြးခ်ယ္ၾကေစလိုေၾကာင္း၊ ျပည္သူမ်ားကို ယခုလိုေတြ့ဆံုသည္မွာ မိမိ၏အသိ၊ ခံစားခ်က္မ်ားကို မွ်ေဝလို၍ျဖစ္ပါေၾကာင္းေျပာၾကားျပီး ေတြ့ဆံုပဲြသို့ တက္ေရာက္လာၾကသူ တိုင္းရင္းသား၊ တိုင္းရင္းသူမ်ားနွင့္ မွတ္တမ္းတင္ဓာတ္ပံုရိုက္သည္။
ယင္းေနာက္ နိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိုလ္နွင့္အဖဲြ့သည္ ေကာ့ကရိတ္ျမို့မွ ရဟတ္ယာဉ္မ်ားျဖင့္ ဆက္လက္ထြက္ခြာၾကျပီး ၾကအင္းဆိပ္ၾကီးျမိုသို့ေရာက္ရိွၾကရာ ျပည္နယ္စာရင္းစစ္ခု်ပ္၊ ျပည္နယ္ဝန္ၾကီးမ်ား၊ ဌာနဆိုင္ရာတာဝန္ရိွသူမ်ားနွင့္ ေဒသခံတိုင္းရင္းသား၊ တိုင္းရင္းသူမ်ားက ကရင္ရိုးရာဒံုးယိမ္းအကအဖဲြ့နွင့္အတူ ၾကိုဆိုနႈတ္ဆက္ၾကသည္။
ထို့ျပင္ ၾကာအင္းဆိပ္ၾကီးျမို့တြင္း လမ္းမတစ္ေလွ်ာက္၌ ေဒသခံတိုင္းရင္း သား ျပည္သူမ်ားက ေသာင္းေသာင္းျဖျဖၾကိုဆိုနႈတ္ဆက္ၾကသည္။
ထို့ေနာက္ နိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိုလ္သည္ ၾကာအင္းဆိပ္ၾကီးျမို့နယ္ ခန္းမ၌ ေဒသခံျပည္သူမ်ားနွင့္ေတြ့ဆံုသည္။
ေတြ့ဆံုပဲြတြင္ နိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိုလ္က“ျပည္သူေတြနဲ့ေဆြးေနြးပဲြေတြလုပ္ျခင္းက ျပည္သူေတြရဲ့ အသံေတြကိုၾကားခ်င္လို့ပါ။ ကြ်န္မတို့ရဲ့ အျမင္ေတြကိုလည္း သိေစခ်င္လို့ပါ။ေစာေစာတုန္းက ျပည္နယ္ဝန္ၾကီးခု်ပ္ ေဒၚနန္းခင္ေထြးျမင့္က ဖဲြ့စည္းပံုအေျခခံဥပေဒနဲ့ ပတ္သက္ျပီး ေမးခ်င္တဲ့ေမးခြန္းေတြရိွတယ္။ မေမးဖို့ေျပာရမလားလို့ ေမးပါတယ္။ ကြ်န္မက မေမးဖို့မေျပာပါနဲ့လို့ ျပန္ေျပာလိုက္ ပါတယ္။ျပည္သူေတြအေနနဲ့ေမးပိုင္ခြင့္၊ သိပိုင္ခြင့္လည္းရိွပါတယ္။ ဘာေတြကိုသိခ်င္တာလဲဆိုေတာ့ အဓိကလွြတ္ေတာ္ေတြထဲမွာတပ္မေတာ္ကိုယ္စားလွယ္ေတြ၂၅ရာခိုင္နႈန္းပါတဲ့ကိစၥနဲ့၅၉(စ)ကိစၥကိုသိခ်င္ပါတယ္လို့ ေျပာပါတယ္။ ဒါေတြကိုကြ်န္မတို့ျပန္ေျဖပါ့မယ္။ ဒါဟာျပည္သူအားလံုးနဲ့ဆိုင္တဲ့ကိစၥျဖစ္ပါတယ္။ ဖဲြ့စည္းပံုအေျခခံဥပေဒဆိုတာျပည္သူအားလံုးနဲ့ ဆိုင္တဲ့ကိစၥျဖစ္ပါတယ္။ တျခားဘယ္ေတြ့ဆံုပဲြမွာမွ ဒီလိုမို်း မေမးပါဘူး။ျပည္သူလူထုေတြအၾကားဖဲြ့စည္းပံုအေျခခံဥပေဒနဲ့ပတ္သက္လို့စိတ္ဝင္စားတာၾကိုက္ပါတယ္။ေမးခ်င္တာကိုကြ်န္မသေဘာက်ပါတယ္။ဒီလိုျပည္သူေတြက ကိုယ့္ရဲ့နိုင္ငံမွာဘာေတြျဖစ္ေနသလဲဆိုတာ စိတ္ဝင္စားျပီးသိခ်င္မွ ကြ်န္မတို့နိုင္ငံဟာတိုးတက္နိုင္မွာျဖစ္ပါတယ္။ ဖဲြ့စည္းပံုအေျခခံဥပေဒဆိုတာ အားလံုးသိတဲ့အတိုင္း နိုင္ငံတစ္နိုင္ငံရဲ့အေျခခံဥပေဒျဖစ္ပါတယ္။နိုင္ငံဟာဘယ္လိုနိုင္ငံမို်းျဖစ္မယ္ဆိုတာအဓိကဆံုးျဖတ္တာဖဲြ့စည္းပံုအေျခခံဥပေဒျဖစ္ပါတယ္။ျမန္မာနိုင္ငံလြတ္လပ္ေရးကို ျပည္ေထာင္စုျမန္မာနိုင္ငံေတာ္ဆိုျပီး ရယူခဲ့ပါတယ္။ အဲဒီကတည္းကကြ်န္မတို့ရဲ့ လြတ္လပ္ေရးေခါင္းေဆာင္ၾကီးေတြဟာ ျပည္ေထာင္စုဆိုတဲ့ အေတြးအေခၚကို လက္ခံထားပါတယ္။ျပည္ေထာင္စုနိုင္ငံတစ္ခုကိုလိုလားေတာင့္တျပီး တန္ဖိုးထားတယ္ဆိုတာအင္မတန္မွရွင္းပါတယ္။
ကြ်န္မတို့နိုင္ငံက ျပည္ေထာင္စုျဖစ္ပါတယ္။ နိုင္ငံသူနိုင္ငံသားေတြအေနနဲ့ျပည္ေထာင္စုသားခ်င္းေတြျဖစ္တယ္ဆိုတာကို နွလံုးသြင္းပါဆိုျပီး ကြ်န္မခဏခဏ သတိေပး ပါတယ္။ဘာျဖစ္လို့အဲဒီလိုေျပာရသလဲဆိုရင္ကြ်န္မတို့နိုင္ငံဟာတိုင္းရင္းသားလူမို်းေပါင္းစံုနဲ့ဖဲြ့စည္းထားတဲ့နိုင္ငံပါ။ဒီလိုနိုင္ငံတစ္ခုတည္တံ့ခိုင္ျမဲဖို့၊တိုးတက္ဖို့၊ေအးခ်မ္းဖို့ဆိုရင္ျပည္ေထာင္စုစိတ္ဓာတ္ဟာအင္မတန္မွအေရးၾကီးပါတယ္။ျပည္ေထာင္စုစိတ္ဓာတ္ရိွမွကြ်န္မတို့နိုင္ငံဟာတကယ္ကိုေတာင့္တင္းခိုင္မာမွာပါ။
ျပည္ေထာင္စုစိတ္ဓာတ္ဆိုတာညီညြတ္တဲ့စိတ္ဓာတ္ပါ။ညီညြတ္ခ်င္း၊ေသြးစည္းခ်င္းဆိုတာတစ္စိတ္ထဲ၊တစ္ဝမ္းတည္းရယ္လို့အားလံုးက မဟုတ္ပါဘူး။ တစ္ေသြး၊တစ္သံ၊ တစ္မိန့္မဟုတ္ပါဘူး။ေသြးစည္းတယ္၊ညီညြတ္တယ္ဆိုတာမတူတဲ့သေဘာထားေတြ ညိွနိွုင္း နိုင္တဲ့အရည္အခ်င္းေတြ အေပၚမွာအျခခံပါတယ္။ ကြ်န္မတို့အားလံုးဟာ တစ္ေယာက္နဲ့တစ္ေယာက္မတူတဲ့သေဘာထားေတြရိွတယ္။ဒီမတူတဲ့သေဘာထားေတြေၾကာင့္တစ္ေယာက္နဲ့တစ္ေယာက္ရန္ျပုေနမယ္၊သတ္ျဖတ္ေနမယ္ဆိုရင္နိုင္ငံဟာဘယ္ေတာ့မွမေအးခ်မ္းနိုင္ပါ ဘူး။
မတူတဲ့သေဘာထားေတြကိုညိွနိွုင္းနိုင္တဲ့အရည္အခ်င္းရိွဖို့ကျပည္ေထာင္စုသားအားလံုးရဲ့လိုအပ္ခ်က္တစ္ခုပါ။ဒါကို ၾကီးငယ္မေရြးသေဘာေပါက္ေစခ်င္ပါတယ္။ ျပည္ေထာင္စု စိတ္ဓာတ္ဆိုတာမတူတဲ့စိတ္ဓာတ္ေတြကိုညိွနိွုင္းတာ၊ဘယ္သူကမွငါလိုခ်င္တာကိုတစ္ရာရာခိုင္နႈန္းရမွျဖစ္မယ္ဆိုတဲ့စိတ္ဓာတ္ကိုမကိုင္စဲြထားပါနဲ့။တစ္ေယာက္ခ်င္း၊ တစ္ေယာက္ခ်င္းဟာငါလိုခ်င္တာကိုပဲတစ္ရာရာခိုင္နႈန္းရမယ္ဆိုတဲ့စိတ္ဓာတ္ကိုကိုင္စဲြထားရင္ကြ်န္မတို့နိုင္ငံဘယ္ေတာ့မွတည္ျငိမ္နိုင္မွာ၊တိုးတက္နိုင္မွာမဟုတ္ပါဘူး။ဥပမာဒီခန္းမထဲမွာအားလံုးကေရွ့တန္းကေနထိုင္ရမွေက်နပ္မယ္ဆိုရင္ကြ်န္မတို့ဘယ္အခမ္းအနားကိုမွျပုလုပ္နိုင္မွာ၊ က်င္းပနိုင္မွာမဟုတ္ပါဘူး။ဒါေၾကာင့္အေပးအယူဆိုတာရိွရပါ တယ္။ညိွယူရပါတယ္။ကေလးေတြကိုေရွ့မွာထားတာကကြ်န္မတို့ေတြ့ဆံုပဲြေတြမွာအစဉ္အလာလိုျဖစ္လာပါတယ္။
တခို့်ေနရာေတြမွာဆိုရင္ကေလးေတြကလည္းပါခ်င္တယ္။ေနရာကလည္းမရိွတဲ့အခါကေလးေတြကိုေရွ့မွာေခၚျပီးဒီလိုပဲထိုင္ခိုင္းပါတယ္။တခို့်ကထင္ၾကပါတယ္။ ကေလးေတြကဘာမွလည္းစိတ္ဝင္စားတာမဟုတ္ဘူး။နားလည္တာလည္း မဟုတ္ဘူး။ဒါေပမယ့္ကြ်န္မအေနနဲ့ ငယ္ငယ္ကတည္းက ကေလးေတြကို နိုင္ငံေရးကို စိတ္ဝင္စားေအာင္လို့လုပ္ေပးရမယ္ဆိုတဲ့ယံုၾကည္ခ်က္နဲ့ကေလးေတြရဲ့ပါဝင္မႈကိုအားေပးတာျဖစ္ပါတယ္။
ၾကားအင္းဆိပ္ၾကီးကျပည္သူေတြကေနျပီးဖဲြ့စည္းပံုအေျခခံဥပေဒနဲ့ပတ္သက္လို့သိခ်င္တာကို ကြ်န္မသေဘာက်ၾကိုဆိုပါတယ္။ ျပည္သူေတြသိခ်င္တဲ့ အခ်က္နွစ္ခ်က္ကိုကြ်န္မေျပာပါ့မယ္။ ပထမတစ္ခ်က္က လွြတ္ေတာ္ေတြထဲမွာ၂၅ရာခိုင္နႈန္းတပ္မေတာ္သားကိုယ္စားလွယ္ပါတဲ့ကိစၥပါ။ ဒုတိယကိစၥက၅၉(စ)ကိစၥပါ။ ဒီနွစ္ခုမွာကြ်န္မတို့လွြတ္ေတာ္ထဲမွာဖဲြ့စည္းပံုအေျခခံဥပေဒျပုျပင္ေျပာင္းလဲေရးနဲ့ပတ္သက္လို့လုပ္ေဆာင္ေနတယ္ဆိုတာကိုတခို့်သိရင္လည္းသိမယ္။မသိရင္လည္းမသိဘူး။သိတဲ့သူေတြကလည္းဒီဟာကိုေလ့လာျပီးဘာေတြျဖစ္ေနသလဲ၊ဘာေတြေျပာေနသလဲဆိုတာကိုေသခ်ာသတင္းစာထဲမွာဖတ္ထားလို့ျဖစ္မွာပါ။
ဖဲြ့စည္းပံုအေျခခံဥပေဒျပုျပင္ေျပာင္းလဲေရးကိုဘာျဖစ္လို့ကြ်န္မတို့အစိုးရကလုပ္ေန သလဲဆိုရင္ လြယ္လြယ္ေျပာရရင္ ျပည္သူေတြကိုေပးခဲ့တဲ့ ကတိကဝတ္ပါ။ ကြ်န္မတို့ ေရြးေကာက္ပဲြဝင္ျပိုင္တုန္းကဖဲြ့စည္းပံုအေျခခံဥပေဒျပုျပင္ေျပာင္းလဲေရးကိုလုပ္မယ္ဆိုတာကတိကဝတ္တစ္ခုျဖစ္ပါတယ္။အလြယ္ေျဖလိုက္တာမဟုတ္ပါဘူး။ဘာ့ေၾကာင့္ကြ်န္မတို့ဖဲြ့စည္းပံုအေျခခံဥပေဒကိုေျပာင္းခ်င္တာလဲဆိုတာကပိုျပီးအေရးၾကီးပါတယ္။ဒါကိုျပည္သူေတြနားလည္ဖို့လိုအပ္ပါတယ္။အတိုင္းအတာတစ္ခုအထိနားလည္တယ္လို့ကြ်န္မယံုၾကည္ပါတယ္။ဘာျဖစ္လို့ဒီလိုေျပာရသလဲဆိုေတာ့၅၉(စ)ျပုျပင္ေျပာင္းလဲေရးနဲ့ပတ္သက္လို့ကရင္ျပည္နယ္ကိုလာခဲ့တဲ့အခါတုန္းကကြ်န္မတို့အံ့အားသင့္ရေလာက္ေအာင္ရြာကကေလးေတြကပါဒီကိစၥကိုစိတ္ဝင္စားျပီး ေထာက္ခံၾကတာကိုေတြ့ခဲ့ရပါတယ္။
ကရင္ျပည္နယ္ဘက္မွာ သာမန္ရြာသူရြာသားေတြက နိုင္ငံ့ရဲ့အေရးကိုစိတ္ဝင္စားတယ္ဆိုတာကိုျပတာပါ။ ကြ်န္မတို့ကဖဲြ့စည္းပံု အေျခခံဥပေဒကို ျပုျပင္ေျပာင္းလဲခ်င္တယ္ ဆိုတာရည္ရြယ္ခ်က္မရိွဘဲလုပ္တာမဟုတ္ပါဘူး။နိုင္ငံကိုစစ္မွန္တဲ့ဒီမိုကေရစီဖက္ဒရယ္နိုင္ငံျဖစ္ေစခ်င္လို့ဒီဖဲြ့စည္းပံုအေျခခံဥပေဒကိုေျပာင္းလဲခ်င္တာပါ။စစ္မွန္တဲ့ဒီမိုကေရစီဖက္ဒရယ္နိုင္ငံျဖစ္ဖို့လိုတဲ့အခ်က္အလက္ေတြကိုကြ်န္မတို့ကဖဲြ့စည္းပံုအေျခခံဥပေဒထဲမွာပါဝင္ေစခ်င္တာျဖစ္ပါတယ္။
ဒီလိုလုပ္ေနတဲ့အခိ်န္မွာမေမ့ဘဲ ဦးတည္ေဆာင္ရြက္ေနတာက အမို်းသားရင္ၾကားေစ့ေရးျဖစ္တယ္ဆိုတာကို ကြ်န္မတို့ဘယ္ေတာ့မွမေမ့ပါဘူး။ ဒါကအမို်းသားဒီမိုကေရစီအဖဲြ့ခု်ပ္စတင္ထူေထာင္ကတည္းကအမို်းသားျပန္လည္ရင္ၾကားေစ့ေရးကိုဦးတည္မယ္ဆိုျပီးကြ်န္မတို့ေျပာထားတာပါ။ အဲဒီတုန္းက အမို်းသားရင္ၾကားေစ့ေရးဆိုျပီး ေျပာတာကဘာကိုေျပာတာလဲဆိုရင္ ဒီမိုကေရစီကိုယံုၾကည္တဲ့အသိုင္းအဝိုင္းေတြနဲ့ ဒီမိုကေရစီကိုမယံုၾကည္တဲ့အသိုင္းအဝိုင္းေတြၾကားထဲမွာ ရင္ၾကားေစ့ေရးကိုကြ်န္မတို့အဓိကေျပာခဲ့တာပါ။ဘာျဖစ္လို့လဲဆိုေတာ့အမို်းသားဒီမိုကေရစီအဖဲြ့ခု်ပ္က၁၉၈၈ခုနွစ္ဒီမိုကေရစီလႈပ္ရွားမႈကေနေပါက္ဖြားလာတာပါ။အဲဒီတုန္းကတည္းကကြ်န္မတို့ဟာဒီမိုကေရစီကိုယံုၾကည္တယ္။ဒီမိုကေရစီကိုယံုၾကည္ရတဲ့အေၾကာင္းကလည္းရိုးရိုးေလးပါ။ဒီမိုကေရစီဆိုတာကိုအားလံုးသိတယ္လို့ကြ်န္မထင္ပါတယ္။
ဒီမိုကေရစီဆိုတာျပည္သူရဲ့အုပ္ခု်ပ္ေရးလို့ အဓိပၸာယ္ သက္ေရာက္ပါတယ္။ျပည္သူရဲ့အုပ္ခု်ပ္ေရးဆိုျပီးအဓိပၸာယ္ သက္ေရာက္တဲ့အတြက္ျပည္သူေတြကေန တကယ္ပဲတစ္နိုင္ငံ လံုးကိုအုပ္ခု်ပ္နိုင္မွာလားဆိုတာ လက္ေတြ့က်က်မျဖစ္နိုင္ပါဘူး။ဒါေၾကာင့္ကိုယ္စားျပုဒီမိုကေရစီဆိုျပီးျပည္သူေတြကေနေရြးခ်ယ္တင္ေျမွာက္လိုက္တဲ့ပုဂၢိုလ္ေတြနဲ့အစိုးရဖဲြ့တာျဖစ္ပါတယ္။
လူသားေတြဟာေျခာက္ပစ္ကင္းသဲလည္းစင္မဟုတ္ပါဘူး။လူသားေတြဟာအျပစ္အနာအဆာေတြရိွပါတယ္။ဒီေတာ့လူသားေတြဖန္တီးတဲ့စနစ္တစ္ခုဟာလည္းအျပစ္အနာအဆာေတြရိွမွာျဖစ္ပါတယ္။ဘယ္လိုမွေခ်ာေခ်ာေမြ့ေမြ့နဲ့အျပစ္အနာအဆာကင္း တယ္ဆိုတာ မျဖစ္နိုင္ဘူး။ဒါေပမယ့္ကမၻာေက်ာ္နိုင္ငံေရးသုခမိန္ၾကီး တစ္ဉီးေျပာခဲ့သလို ဒီမိုကေရစီဟာအျပစ္အနာအဆာရိွေပမယ့္၊လူေတြထြင္ခဲ့တဲ့စနစ္ေတြထဲမွာအခုထိအေကာင္းဆံုးပါ။ လူေတြထြင္ခဲ့တဲ့နိုင္ငံေရးစနစ္ေတြထဲမွာဒီမိုကေရစီကအေကာင္းဆံုး ဆိုေပမယ့္၊အျပစ္မဲ့တယ္လို ဆိုလိုတာ မဟုတ္ပါဘူး။ဒါကိုကြ်န္မလက္ခံပါတယ္။အျပစ္မဲ့မဟုတ္ပါဘူး၊ဒီမိုကေရစီမွာအားနည္းခ်က္ရိွပါတယ္။
ဒါေပမယ့္လူသားေတြထြင္ခဲ့တဲ့နိုင္ငံေရးစနစ္ေတြအားလံုးထဲမွာဒီမိုကေရစီစနစ္ကအေကာင္းဆံုးပါ။ဘာျဖစ္လို့ အေကာင္းဆံုးဆိုျပီး ကြ်န္မေျပာရသလဲဆိုရင္ျပည္သူကို ေလးစားတန္ဖိုးထားရတဲ့စနစ္မို့ပါ။ျပည္သူကိုတန္ဖိုးထားတယ္၊ျပည္သူကိုေလးစားတယ္ဆိုတာကိုရွင္းရွင္းေလးေျပာရရင္အမ်ားကိုေလးစားတယ္၊အမ်ားကိုတန္ဖိုးထားတယ္ဆိုတာပါ။
ဒီမိုကေရစီစနစ္ကိုပိုျပီးအနွစ္သာရရိွေအာင္ဘယ္လိုထည့္ေျပာသလဲဆိုရင္အမ်ားရဲ့ဆနၵအရျဖစ္ရမယ္၊အနည္းစုရဲ့အခြင့္အေရးေတြကိုလည္းကာကြယ္ရမယ္ဒါဒီမိုကေရစီပါ။ရွင္းရွင္းေလးေျပာရရင္ဘာလို့ကြ်န္မတို့ဒီစနစ္ကိုလိုခ်င္သလဲ။အမ်ားရဲ့ဆနၵအရနိုင္ငံတစ္နိုင္ငံကိုအုပ္ခု်ပ္တဲ့စနစ္ျဖစ္ျပီး လူနည္းစုရဲ့အခြင့္အေရးေတြကိုကာကြယ္ေပးတဲ့စနစ္ လည္း ျဖစ္ပါတယ္။ဒါအခုအထိလူသားေတြထြင္ခဲ့တဲ့စနစ္ေတြထဲမွာအေကာင္းဆံုးစနစ္ ဆိုျပီး ကြ်န္မတို့ယူဆလို့ဒီမိုကေရစီကိုေထာက္ခံတာပါ။
ဒီမိုကေရစီကိုမေထာက္ခံတဲ့လူေတြနဲ့ အားမေပးတဲ့လူေတြရိွပါတယ္။ ဒီမိုကေရစီဆိုတာဒီနိုင္ငံကေပါက္ဖြားလာတာမဟုတ္ပါဘူး။ တိုင္းတစ္ပါးကေပါက္ဖြားလာတဲ့ စနစ္ျဖစ္တယ္ဆိုျပီး ျမင္တဲ့သူေတြရိွပါတယ္။၁၉၈၈ခုနွစ္ဒီမိုကေရစီအေရးေတာ္ပံုၾကီးေနာက္ပိုင္းကို တိုတိုနဲ့ေျပာရမယ္၊ ရွင္းေအာင္ေျပာရမယ္ဆိုရင္ ဒီမိုကေရစီကိုယံုၾကည္တဲ့သူေတြနဲ့ ဒီမိုကေရစီကိုမယံုၾကည္တဲ့သူေတြဆိုျပီးအဲဒီလိုအင္အားစုနွစ္ခုကကြ်န္မတို့ရဲ့နိုင္ငံအတြင္းမွာေပၚေနပါတယ္။ဒါေၾကာင့္အမို်းသားရင္ၾကားေစ့ေရးဆိုျပီးအဲဒီတုန္းကကြ်န္မတို့ေျပာတာကဒီမိုကေရစီကိုမလိုလားတဲ့အင္အားစုနဲ့ဒီမိုကေရစီကိုလိုလားတဲ့အင္အားစုေတြ ၾကားမွာရင္ၾကားေစ့ေရးျဖစ္ပါတယ္။ အားလံုးကကြ်န္မတို့ရဲ့နိုင္ငံသူ၊နိုင္ငံသားေတြပါ။
ျပည္ေထာင္စုဖြားသားခ်င္းေတြအားလံုးၾကားထဲမွာရင္ၾကားေစ့ေရးကိုဦးတည္မယ္ဆိုျပီးကြ်န္မတို့မူအျဖစ္နဲ့ကိုင္ခဲ့တာျဖစ္ပါတယ္။အခုေနာက္ပိုင္းအမို်းသားရင္ၾကားေစ့ေရးဆိုတာကြ်န္မတို့ရဲ့ျငိမ္းခ်မ္းေရးလုပ္ငန္းစဉ္ေတြနဲ့လည္းဆက္စပ္ပါတယ္။ဖဲြ့စည္းပံုအေျခခံဥပေဒကိုျပန္ျပီးျပင္မယ္ဆိုရင္ ၅၉(စ)နဲ့ပတ္သက္ျပီး ဒီကိုလာျပီးစည္းရံုးေရးဆင္းတဲ့ အခိ်န္ကာလတုန္းက ေျပာထားတဲ့အတိုင္းကြ်န္မေျပာပါမယ္။၅၉(စ)ဆိုတာ ကိုယ့္ရဲ့ခင္ပြန္းျဖစ္ျဖစ္၊သားသမီးေတြျဖစ္ျဖစ္တျခားနိုင္ငံသားအျဖစ္ ခံယူထားလို့ရိွရင္ဒုသမၼတတို့၊ သမၼတတို့အဆင့္ကိုမလုပ္နိုင္ပါဘူး။
ခတ္တိုတိုပဲေျပာရရင္အမ်ားကကြ်န္မကိုရည္ရြယ္ျပီးထည့္ထားတယ္ဆိုတာသေဘာေပါက္မွာပါ။ကြ်န္မလည္းအဲဒီလိုနည္းနည္းသေဘာေပါက္ ပါတယ္။
၅၉(စ)ကိုအမို်းသားဒီမိုကေရစီအဖဲြ့ခု်ပ္အေနနဲ့ကန့္ကြက္ခဲ့တာကပုဂၢိုလ္ေရးအရမဟုတ္ဘူးဒီမိုကေရစီမူအရပါ။ဒီမိုကေရစီမူအရဆိုတာလူတိုင္းလူတိုင္း၊တစ္ေယာက္ခ်င္းတစ္ေယာက္ခ်င္းရဲ့ရပိုင္ခြင့္တန္ဖိုးနဲ့အခြင့္အေရးေတြကိုကြ်န္မတို့အေလးထားရမယ္၊ တန္းတူညီမွ်ထားရမယ္။ အဲဒီလိုလုပ္တဲ့အခါမွာ ကြ်န္မတို့ရဲ့ အေျခခံဥပေဒေတြထဲမွာ ဖဲြ့စည္းပံုအေျခခံဥပေဒကို ေျပာတာမဟုတ္ပါဘူး။ ကြ်န္မတို့က်င့္သံုးေနတဲ့တည္ဆဲဥပေဒထဲမွာလူတစ္ေယာက္ဟာအသက္ ၁၈နွစ္ေက်ာ္သြားရင္လူလားေျမာက္ပါျပီ။ လူလားေျမာက္သြားလို့ရိွရင္သူ့ရဲ့ကံၾကမၼာအတြက္သူကတာဝန္ယူရပါမယ္။အသက္ ၁၈နွစ္ေအာက္ ကေလးတစ္ေယာက္လုပ္တဲ့ကိစၥကို မိဘေတြက တာဝန္ယူရပါမယ္ တာဝန္ရိွပါတယ္။ ဒါေပမဲ့သူဟာအသက္ျပည့္သြားလို့ရိွရင္မိဘေတြက တာဝန္မရိွေတာ့ပါဘူး။မိဘေတြအေနနဲ့ ဒီကေလးေတြရဲ့လုပ္ရပ္အတြက္ကို တာဝန္ယူစရာလဲမလိုပါဘူး။ အဲဒီကေလးကျပႆနာျဖစ္လို့ရိွရင္မိဘေတြကိုဒီကေလးေတြေၾကာင့္ဆိုျပီးအျပစ္ေပးလို့လည္းမရပါဘူး။ဒါကို ရွင္းရွင္းေျပာရမယ္ဆိုရင္လူလားေျမာက္လာတဲ့ကေလး ေတြရဲ့ဘဝနဲ့မိဘရဲ့ဘဝနဲ့ဒြန္တဲြျပီးဥပေဒတစ္ခုလုပ္တယ္ဆိုတာကအေျခခံစံနႈန္းစံထား ေတြနဲ့မကိုက္ညီပါဘူး။ဒါေၾကာင့္အေျခခံဒီမိုကေရစီမူနဲ့မကိုက္ညီဘူးဆိုျပီး ကြ်န္မတို့ကကန့္ကြက္တာျဖစ္ပါတယ္။ကြ်န္မကိုဦးတည္လို့မဟုတ္ပါဘူး။
ဒုတိယကိစၥျဖစ္တဲ့ တပ္မေတာ္သား လွြတ္ေတာ္ကိုယ္စားလွယ္၂၅ရာခိုင္နႈန္း လွြတ္ေတာ္ေတြထဲမွာရိွတယ္ဆိုတာကို ကြ်န္မတို့က တပ္မေတာ္ရယ္လို့မဟုတ္ပါဘူး။ ဒီမိုကေရစီစနစ္ကိုတကယ္က်င့္သံုးတဲ့နိုင္ငံမွာျပည္သူလူထုကေရြးခ်ယ္တင္ေျမွာက္တဲ့ကိုယ္စားလွယ္မဟုတ္တဲ့ပုဂၢိုလ္၊ ဘယ္အဖဲြ့အစည္းကလာလာ လွြတ္ေတာ္ကို လွြမ္းမိုးနိုင္ခြင့္မရိွပါဘူး။ ဘာျဖစ္လို့လဲဆိုေတာ့ ဒီမိုကေရစီဆိုတာ ျပည္သူကေနျပီး အုပ္ခု်ပ္တဲ့စနစ္ျပည္သူေရြးခ်ယ္တင္ေျမွာက္တဲ့ ကိုယ္စားလွယ္ေတြကသာ စိုးမိုးရမယ္၊ ဩဇာရိွရမယ္။ ျပည္သူေရြးခ်ယ္တင္ေျမွာက္ျခင္းမရိွတဲ့ ကိုယ္စားလွယ္ေတြမပါဘူးလားဆိုေတာ့ပါနိုင္ပါတယ္။သို့ေသာ္သူတို့ရဲ့ လုပ္ပိုင္ခြင့္ေတြက အကန့္အသတ္နဲ့ပါ။ ကြ်န္မတို့ဖဲြ့စည္းပံုအေျခခံဥပေဒမွာ အဲဒီလိုလိုအပ္တဲ့ အကန့္အသက္ေတြမရိွပါဘူး။ ဒါေၾကာင့္ဒီကိစၥကိုေျပာင္းရမယ္လို့ ကြ်န္မတို့ေျပာတာပါ။ ကြ်န္မတို့က တပ္မေတာ္ကိုရည္ရြယ္တာမဟုတ္ပါဘူး။တစ္ျခားအဖဲြ့အစည္းေတြကိုလည္းဒီလိုအခြင့္အေရးေပးရင္ကြ်န္မတို့ကန့္ကြက္မွာပါ။ဘယ္အဖဲြ့အစည္းမဆိုဒီမိုကေရစီကိုယံုၾကည္လို့ရိွရင္ဒီမိုကေရစီမူေတြနဲ့မကိုက္ညီတဲ့အခြင့္အေရးေတြကိုမယူသင့္ပါဘူး။ဒါေတြကိုကြ်န္မတို့ကန့္ကြက္မွာျဖစ္ပါတယ္။
ဒါကို၂၀၁၅ခုနွစ္ မတိုင္ခင္၂၀၁၄ခုနွစ္ကဆိုရင္ ကြ်န္မတို့လွြတ္ေတာ္ထဲမွာ ဖဲြ့စည္းပံုအေျခခံဥပေဒျပုျပင္ေျပာင္းလဲေရးနဲ့ ပတ္သက္လို့ အေျခအတင္ေျပာတုန္းက အမို်းသားဒီမိုကေရစီအဖဲြ့ခု်ပ္အေနနဲ့ဒီကိစၥကိုေျပာင္းလဲခ်င္တဲ့အခ်က္အေနနဲ့တင္ျပခဲ့ပါတယ္။ဒါကိုကြ်န္မတို့ခိုးေၾကာင္ခိုးဝွက္နဲ့လုပ္တာမဟုတ္ဘူး။အားလံုးကိုအသိေပးျပီး ကြ်န္မတို့ပြင့္ပြင့္လင္းလင္းနဲ့ လုပ္တဲ့ကိစၥျဖစ္ပါတယ္။ လက္ရိွအခိ်န္အခါမွာ ဖဲြ့စည္းပံုအေျခခံဥပေဒျပုျပင္ေျပာင္းလဲေရးနဲ့ ပတ္သက္ျပီးကြ်န္မတို့လွြတ္ေတာ္ထဲမွာ တင္ျပလိုတဲ့ကိစၥလည္း ျဖစ္ပါတယ္။
ဒီကိစၥနဲ့ပတ္သက္ျပီးရွင္းျပဖို့ကြ်န္မဝန္မေလးပါဘူး။ဒါကိုကြ်န္မတို့ကတပ္မေတာ္ကိုကပ္ခ်င္တဲ့စိတ္၊ ရန္လိုခ်င္တဲ့စိတ္နဲ့ လုပ္တာမဟုတ္ပါဘူး။ ဖဲြ့စည္းပံုအေျခခံ ဥပေဒဟာ တကယ္စစ္မွန္တဲ့ဒီမိုကေရစီဖက္ဒရယ္ျပည္ေထာင္စုတစ္ခုနဲ့ကိုက္ညီေအာင္ေျပာင္းလဲရမယ္ဆိုျပီးကြ်န္မတို့အဲဒီလိုခံယူခ်က္နဲ့လုပ္တာျဖစ္ပါတယ္။ဒီလိုလုပ္တဲ့အထဲမွာကြ်န္မတို့ကနိုင္ငံရဲ့တည္ျငိမ္ေရးနဲ့အမို်းသားရင္ၾကားေစ့ေရးကိုဦးတည္ျပီးတစ္ဆင့္ျပီး တစ္ဆင့္လုပ္သြားမယ္ဆိုျပီး လုပ္တာပါ။ လက္ရိွမွာ ၂၅ရာခိုင္နႈန္းနဲ့ပတ္သက္ျပီး တစ္ဆင့္ျပီး တစ္ဆင့္ ေလ်ာ့ဖို့ကြ်န္မတို့အေနနဲ့အဆိုျပုတာပဲရိွပါတယ္။ကြ်န္မတို့ဒီမိုကေရစီနိုင္ငံေရးလုပ္တယ္ဆိုရင္အေလ်ာ့အတင္းဆိုတာရိွရမယ္။နိုင္ငံတည္ျငိမ္ေရးအတြက္၊ ျပည္သူေတြ ေအးခ်မ္းဖို့အတြက္ကြ်န္မတို့ရဲ့နိုင္ငံလြတ္လပ္ေရးနဲ့ ညီညြတ္ေရးအတြက္ အေလ်ာ့အတင္းဆိုတာလုပ္ရပါတယ္။ ငါလိုခ်င္တာရမွ၊ ငါ့အဖဲြ့လိုခ်င္တာရမွ အဲဒီလိုမို်းစိတ္ေတြနဲ့ ဆိုရင္ကြ်န္မတို့ရဲ့နိုင္ငံဟာဘယ္လိုမွေအးခ်မ္းနိုင္မွာမဟုတ္ပါဘူး။မေအးခ်မ္းရင္မတိုးတက္ဘူး၊မတိုးတက္ရင္မေအးခ်မ္းပါဘူး၊ ဒီသံသရာမွာ ကြ်န္မတို့ဆက္လည္ေနမွာပါ။ဒါေၾကာင့္ဖဲြ့စည္းပံုအေျခခံဥပေဒနဲ့ပတ္သက္ရင္ဒီနွစ္ခ်က္ကိုၾကားအင္းဆိပ္ၾကီးကျပည္သူေတြကသိခ်င္တာ၊ စိတ္ဝင္စားတာကို ကြ်န္မသေဘာက်ပါတယ္။
ကြ်န္မတို့ရဲ့နိုင္ငံဟာဘယ္အေျခအေနမွာေရာက္ေနသလဲ၊ဘယ္ခရီးေတြသြားေနသလဲဆိုတာကိုစိတ္ဝင္စားၾကပါ။တစ္ေယာက္နဲ့တစ္ေယာက္ေဆြးေနြးၾကပါ။ကိုယ္ျဖစ္ေစခ်င္တာေတြ၊ျဖစ္သင့္ျဖစ္ထိုက္တာေတြကိုတတ္နိုင္သမွ်ဝန္းရံၾကပါ။တခို့်ကအစိုးရအားလံုးလုပ္ပါေစ၊အစိုးရကဟိုဟာမလုပ္ဘူးလား၊ဒီဟာမလုပ္ဘူးလားဆိုျပီး ေျပာၾကပါတယ္။ အစိုးရလုပ္ငန္းေတြေအာင္ျမင္ေအာင္လို့ျပည္သူလူထုရဲ့ပံ့ပိုးမႈကအေရးၾကီးတယ္ဆိုတာကိုနွလံုးသြင္းေစခ်င္ပါတယ္။ကိုယ့္ရဲ့တန္ဖိုးကိုေလ်ာ့မတြက္ပါနဲ့၊လူတစ္ဦးခ်င္းစီမွာတန္ဖိုးရိွတယ္ဆိုတာကိုကြ်န္မမေမ့ေစခ်င္ပါဘူး။
ဒါကို ေနာက္ဆံုးဘာနဲ့ျပလဲဆိုရင္ေရြးေကာက္ပဲြနဲ့ျပရပါမယ္။ေရြးေကာက္ပဲြမွာျပည္သူတစ္ေယာက္ခ်င္းစီကမဲတစ္ျပားစီ ရပါတယ္။ ဒါကတစ္ေယာက္ခ်င္း တစ္ေယာက္ခ်င္းမွာ တန္ဖိုးရိွတယ္ဆိုတာကိုျပတာပါ။ေရြးေကာက္ပဲြမွာနိုင္ငံေတာ္သမၼတကလည္းမဲတစ္ျပားပဲရပါတယ္။တျခားသာမန္မဲေပးပိုင္ခြင့္ရိွတဲ့ျပည္သူေတြကလည္းမဲတစ္ျပားပဲရပါတယ္။ေနာက္ဆံုးက်ေတာ့ကိုယ့္တန္ဖိုးဟာအဲဒီေနရာမွာၾကည့္လိုက္လို့ရိွရင္နိုင္ငံေတာ္အထြတ္အထိပ္ရဲ့တန္ဖိုးနဲ့အတူတူျဖစ္သြားပါတယ္။ ဒါေၾကာင့္ ဒီမိုကေရစီစနစ္ေအာက္မွာ ျပည္သူတိုင္း၊ျပည္သူတိုင္းကတန္ဖိုးရိွပါတယ္။ကိုယ့္တန္ဖိုးကိုမွန္မွန္ကန္ကန္သံုးပါ၊ကိုယ့္အတြက္လည္းသံုးပါကိုယ့္နိုင္ငံအတြက္လည္းသံုးပါ၊ကိုယ့္ရဲ့ျပည္နယ္အတြက္လည္းသံုးပါ။ဒီလိုစိတ္ေတြနဲ့လုပ္မယ္ဆိုရင္အမ်ားၾကီးတိုးတက္မွာျဖစ္ပါတယ္။ျပည္သူေတြအတြက္လိုအပ္ခ်က္ေတြအမ်ားၾကီးရိွေသးတယ္ဆိုတာကို ကြ်န္မတို့သိပါတယ္။ အဲဒီလိုအပ္ခ်က္ေတြျဖည့္ဆည္းနိုင္ဖို့အတြက္လည္းဝိုင္းဝန္းျပီးအားလံုးက ကူညီၾကပါ။ ကြ်န္မတို့ဘက္ကလည္း ၾကိုးစားမယ္၊ ျပည္သူေတြဘက္ကလည္း ၾကိုးစားပါ။တိုးတက္တဲ့ဘယ္နိုင္ငံမဆိုျပည္သူေတာ္လို့တိုးတက္တာပါ။အစိုးရေတာ္လို့တိုးတက္တယ္ဆိုတာမရိွပါဘူး။
အစိုးရဘယ္ေလာက္ေတာ္ေတာ္ျပည္သူကမပါလို့ရိွရင္မတိုးတက္နိုင္ပါဘူး။ဒုတိယကမၻာစစ္ၾကီးေနာက္ပိုင္းမွာထိပ္ဆံုးထိတိုးတက္သြားတဲ့နိုင္ငံေတြရိွပါတယ္။ စစ္ရံႈးတဲ့နိုင္ငံေတြ လည္းပါတယ္။စစ္နိုင္တဲ့နိုင္ငံေတြလည္းပါတယ္။ေနာက္ဆံုးအရံႈးအနိုင္ဆိုတာတခဏပါ။ဒီအရံႈးအနိုင္ကိုေရရွည္မွာျပန္ျပီးကိုယ့္ရဲ့တိုးတက္မႈတစ္ခု၊ေအာင္ျမင္မႈတစ္ခုျဖစ္ေအာင္လုပ္ဖို့ဆိုတာျပည္သူေတြရဲ့အရည္အခ်င္းပါ။
ျပည္သူေတြအရည္အခ်င္းရိွရင္ဘယ္နွစ္ခါရံႈးရံႈးျပန္ျပီးနိုင္မွာပါ။ေနာက္ဆံုးအရံႈးထက္အနိုင္ကမ်ားျပီးေအာင္ျမင္မႈကိုရမွာပါ။ဒါေၾကာင့္ကြ်န္မအေနနဲ့ၾကာအင္းဆိပ္ၾကီးကို ခင္မင္ရတာက အရင္တုန္းကခက္ခက္ခဲခဲနဲ့လာခဲ့ရတဲ့ေဒသျဖစ္တဲ့အတြက္ သံေယာဇဉ္ရိွေနတာပါပါတယ္။နိုင္ငံတိုးတက္ေရးနဲ့ အမို်းသားရင္ၾကားေစ့ေရး၊ ညီညြတ္ေရးနဲ့ျငိမ္းခ်မ္းေရးရဖို့အတြက္အားလံုးက ဝိုင္းဝန္းျပီးပူးေပါင္းေဆာင္ရြက္ၾကပါလို့ကြ်န္မအေနနဲ့ေမတၱာရပ္ခံခ်င္ပါတယ္” ဟု ေျပာၾကားသည္။
ယင္းေနာက္ ေတြ့ဆံုပဲြသို့ ၾကိုတင္တင္ျပေမးျမန္းထားသည့္ ၾကာအင္းဆိပ္ ၾကီးျမို့ အမွတ္(၅)ရပ္ကြက္မွ ဦးသိန္းေဇာ္ဦး၏ ၾကာအင္းဆိပ္ၾကီးျမို့ေသာက္သံုးေရ လံုေလာက္စြာ ရရိွေရးအတြက္ ဇမိျမစ္ေရတင္စီမံကိန္းအား အျမန္ဆံုးေဆာင္ရြက္ ေပးနိုင္ေရး၊ အမွတ္(၆)ရပ္ကြက္မွဦးေမာင္ေမာင္ညွြန့္၏ ကူးတို့ဆိပ္ေက်းရြာသို့ ဆက္သြယ္မည့္ ဇမိျမစ္ကူးတံတားေဆာင္ရြက္ေပးေရး၊ နတ္ေခ်ာင္းေက်းရြာမွ ဦးလွ ဝင္း၏ ၾကာအင္းဆိပ္ၾကီး-ဘုရားသံုး ဆူ ကားလမ္းေပၚရိွ တံတားဦးေခ်ာင္းကူး သစ္သားတံတား အဆင့္ျမွင့္တင္ေပးေရး၊ အမွတ္၂ရပ္ကြက္မွ ဦးေအာင္သြင္လိွုင္၏ ေခ်ာင္း၀ေခ်ာင္းကူးတံတားနွင့္ ခ်ဉ္းကပ္လမ္းအဆင့္ျမွင့္တင္ေပးေရး၊ အမွတ္(၄) ရပ္ကြက္မွ ဦးထိန္လင္း၏ ၾကာအင္းဆိပ္ၾကီး-ေခ်ာင္းနွစ္ခြကားလမ္းအား အဆင့္ျမွင့္တင္ေပးေရး၊ အမွတ္(၃)ရပ္ကြက္မွ ဦးျငိမ္းမင္း၏ ၾကာအင္းဆိပ္ၾကီးျမို့ စားသံုးသူေရးရာဦးစီးဌာနပိုင္ေျမမွာ လုပ္ငန္းမ်ားေဆာင္ရြက္ျခင္းမရိွသည့္အတြက္ အာဇာနည္ေန့အခမ္းအနားက်င္းပနိုင္ရန္ေနရာအျဖစ္ ေဆာင္ရြက္ခြင့္ျပုေရး၊ အမွတ္(၃)ရပ္ကြက္မွ ဦးဟိန္းမိုးဦး၏ ၾကာအင္းဆိပ္ၾကီး ကုတင္၅ဝဆံ့ေဆးရံုအား ကုတင္၁၀ဝဆံ့ေဆးရံုအျဖစ္ အဆင့္ျမွင့္တင္ေပးေရး၊ အမွတ္(၂)ရပ္ကြက္မွ ဦးသန္းစိုးျမင့္၏ ၾကာအင္းဆိပ္ၾကီး- မဲသေရာလမ္း(ၾကားအင္ဆိပ္ၾကီးျမို့ အဝိုင္းအပိုင္း) အား အဆင့္ျမွင့္တင္ေပးေရး၊ ေကာ့ကေသာင္ေက်းရြာမွ ဦးလွေရွြ၏ ေကာ့ကေသာင္ေက်းရြာနွင့္ ဝင္ကေက်းရြာခ်င္းဆက္လမ္းအား အဆင့္ျမွင့္တင္ေပးေရး၊ အမွတ္(၆)ရပ္ကြက္မွ ဦးေစာညွြန့္၏ ကို်က္ဒံုျမို့ ေတာင္ကေလး ေက်းရြာအုပ္စုရိွ လ်ာထားေျမေနရာ၌ ခေနာက္စိမ္းသတၱုရိုင္း အေသးစားဓာတ္သတၱုစမ္းသပ္ တိုင္းတာခြင့္ လုပ္ငန္းလိုင္စင္ခ်ထားေပးေရး၊ အမွတ္(၂)ရပ္ကြက္မွ ဦးေသာင္း တင္၏ ဘုရားသံုးဆူ-သံျဖူဇရပ္ လမ္းပိုင္းအနက္ ၂၅မိုင္၅ဖာလံုအား အဆင့္ျမွင့္ တင္ေပးေရး၊ ဘုရားသံုးဆူျမို့ အမွတ္(၁)ရပ္ကြက္၌ ျမန္မာ-ထိုင္းနယ္စပ္ဂိတ္အားျပန္လည္ဖြင့္လွစ္ေပးေရး၊ ကရင္စုရပ္ကြက္မွ ဦးေစာသိန္းျမိုင္၏ ဘုရားသံုးဆူျမို့အား လွ်ပ္စစ္မီးရရိွရန္ေဆာင္ရြက္ေပးေရး၊ အမွတ္၁ရပ္ကြက္မွ ဦးေက်ာ္ခိုင္ေထြး၏ ဘုရားသံုးဆူျမို့ ေဆးရံု၌ ဆရာဝန္တစ္ဦးထပ္မံခန့္ထားေပးေရး၊ အမွတ္၆ရပ္ကြက္မွ ေဒၚၾကည္စိန္၏ ကို်က္ဒံုျမို့ အဝင္ေဟာင္သေရာျမစ္ကူးတံတားအား ကြန္ကရစ္တံတားတည္ေဆာက္ေပးေရး၊ အမွတ္၄ရပ္ကြက္မွ ဦးေအာင္ ေက်ာ္ဆန္း၏ ကို်က္ဒံုျမို့အား လွ်ပ္စစ္မီးရရိွရန္ေဆာင္ရြက္ေပးေရး၊ အဇင္းေက်းရြာမွ ဦးစိုးနိုင္၏ ကို်က္ဒံု- အဇင္း- ဂို်းျဖူ-ေတာင္ကေလးလမ္းပိုင္း က်န္၁၅မိုင္အား ကတၱရာခင္းေပးနိုင္ေရးနွင့္ KPF/BGF ၾကီးၾကပ္ကြပ္ကဲေရးအဖဲြ့မွ ေစာေဒါေဒါက ကို်က္ဒံု- ေကာ့ကရိတ္ လမ္းအရွည္ (၄၃)မိုင္ ၁ဖာလံုအနက္ ၂၃မိုင္ ၁ဖာလံုအား ကြန္ကရစ္လမ္းေဆာင္ရြက္ေပးနိုင္ေရး ေမးခြန္းတို့နွင့္ စပ္လ်ဉ္း၍ လည္းေကာင္း။
ေတြ့ဆံုပဲြသို့ တက္ေရာက္လာၾကသူမ်ားထဲမွ ေမးခြန္းေမးျမန္းလိုသူ (၁၁) ဦးအနက္ မဲေပါက္သူ (၅)ဦးျဖစ္သည့္ ၾကာအင္းဆိပ္ၾကီး အမွတ္(၆)ရပ္ကြက္မွ ေဒၚသန္းေအး၏ လွြတ္ေတာ္မ်ားတြင္ပါဝင္ေနသည့္ တပ္မေတာ္သားကိုယ္စားလွယ္ (၂၅)ရာခိုင္နႈန္းအားေလ်ာ့ခ်လိုျခင္းကိစၥ၊ အမွတ္(၆)ရပ္ကြက္မွ ေဒၚသီတာလြင္၏ တိုင္းရင္းသား ေဒသမ်ားအတြက္ ဖက္ဒရယ္ေပးနိုင္သည့္ ဖဲြ့စည္းပံုအေျခခံ ဥပေဒပုဒ္မ (၂၆၁)အားျပင္ဆင္ရန္ မည္သည့္အတြက္ေၾကာင့္ ၾကန့္ၾကာေနျခင္းကိစၥ၊ အမွတ္(၄)ရပ္ကြက္မွ ေဒၚသီတာခို်၏ ဘုရားသံုးဆူျမို့ လမ္းမ်ားျပုျပင္ေပးနိုင္ေရးနွင့္ လွ်ပ္စစ္မီးရရိွေရး၊ ထီးမံထိုးေက်းရြာမွ ဦးေစာလွမိုး၏ ထိမံထိုး-ထိဖိုးနိုင္းလမ္းအား အဆင့္ျမွင့္တင္ေပးနိုင္ေရး၊ အမွတ္(၆)ရပ္ကြက္မွ ေဒၚရီရီဝင္း၏ ဖဲြ့စည္းပံုအေျခခံဥပေဒပုဒ္မ(၅၉)(စ)အားမည့္သည့္အတြက္ေၾကာင့္ ျပင္ဆင္လိုျခင္းကိစၥေမးခြန္းတို့ကိုလည္းေကာင္း ေမးျမန္းတင္ျပၾကရာ နိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိုလ္ ေဒၚေအာင္ဆန္းစုၾကည္၊ ျပည္ေထာင္စုဝန္ၾကီး ဦးအုန္းဝင္းနွင့္ ေဒါက္တာျမင့္ေထြး၊ ျပည္နယ္ဝန္ၾကီးခု်ပ္ ေဒၚနန္းခင္ေထြးျမင့္၊ ျပည္နယ္ဝန္ၾကီးမ်ားနွင့္ တာဝန္ရိွသူမ်ားက ခ်က္ခ်င္းေဆာင္ရြက္ေပးနိုင္မည့္အေျခအေနမ်ား၊ ေရရွည္ေဆာင္ရြက္ေပးရမည့္အေျခအေနမ်ား၊ စိစစ္ေဆာင္ရြက္ေပးသြားရမည့္ အေျခအေနမ်ားနွင့္စပ္လ်ဉ္း၍ ရွင္းလင္းေျပာၾကားၾကသည္။
ထို့ေနာက္ နိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိုလ္က မိမိတို့လက္ထက္တြင္ ေနာင္လာ ေနာင္သားမ်ားအတြက္ ေကာင္းမြန္သည့္အေမြမ်ားကိုခ်ထားေပးခဲ့လိုပါေၾကာင္း၊ ထို့အတြက္ မိမိတို့ျပည္သူမ်ားအေနျဖင့္ ေနာင္လာေနာင္သားမ်ားအတြက္ တန္ဖိုးရိွသည့္အေမြမ်ားကို ေသခ်ာထိန္းသိမ္းျပီး အေလးထားရမည့္အေမြမ်ားကို ထားခဲ့နိုင္ေအာင္ ဝိုင္းဝန္းကူညီၾကေစလိုေၾကာင္းေျပာၾကားျပီး ေတြ့ဆံုပဲြသို့တက္ေရာက္လာၾကသူ တိုင္းရင္းသား၊ တိုင္းရင္းသူ မ်ားနွင့္ မွတ္တမ္းတင္ဓာတ္ပံုရိုက္သည္။
ယင္းေနာက္ နိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိုလ္သည္ ၾကာအင္းဆိပ္ၾကီးျမို့ရိွ နယ္စပ္ေရးရာဝန္ၾကီးဌာန ပညာေရးနွင့္ေလ့က်င့္ေရးဦစီးဌာန နယ္စပ္ေဒသတိုင္းရင္း သားလူမို်းမ်ားဖံြ့ျဖိုးတိုးတက္ေရးသင္တန္းေက်ာင္းသို့ေရာက္ရိွျပီး ေက်ာင္းသား လူငယ္မ်ားအား ရင္းရင္းနီွးနီွးေတြ့ဆံု၍ ေက်ာင္းသားမ်ား၏ ပညာေရး၊ က်န္းမာေရး၊ စိတ္ဝင္စားသည့္ ဘာသာရပ္မ်ားနွင့္ စပ္လ်ဉ္း၍ သိလိုသည္မ်ားကို ေမးျမန္းကာ ေက်ာင္းသားမ်ားအတြက္ စားေသာက္ဖြယ္ရာမ်ားနွင့္ ေထာက္ပံ့ေငြမ်ားကို ေပးအပ္ သည္။
ထို့ေနာက္ နိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိုလ္သည္ စာၾကည့္တိုက္၊ သင္တန္း ေက်ာင္းသားအိပ္ေဆာင္နွင့္ စားရိပ္သာတို့ကို လိုက္လံၾကည့္ရႈသည္။
ယင္းေနာက္ နိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိုလ္နွင့္အဖဲြ့သည္ ၾကာအင္းဆိပ္ၾကီး ျမို့မွ ရဟတ္ယာဉ္မ်ားျဖင့္ ျပန္လည္ထြက္ခြာခဲ့ၾကရာ ညေနပိုင္းတြင္ ေမာ္လျမိုင္ျမို့သို့ ျပန္လည္ေရာက္ရိွၾကသည္။
ညပိုင္းတြင္ နိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိုလ္ေဒၚေအာင္ဆန္းစုၾကည္သည္ ေမာ္လျမိုင္ျမို့ Stand Walking Street သို့ေရာက္ရိွျပီး ေဈးဆိုင္ခန္းမ်ားေရာင္းခ်ေနမႈကို ၾကည့္ရႈအားေပးကာ ေဒသခံျပည္သူမ်ားအား ရင္းရင္းနီွးနီွးနႈတ္ဆက္ျပီး Culture Show ၌ မြန္ရိုးရာယဉ္ေက်းမႈအဖဲြ့မ်ား၏ ကျပေဖ်ာ္ေျဖမႈကို ၾကည့္ရႈအားေပးသည္။
(zawgyi)