4
ဖေဖော်ဝါရီလ ၂၃ ရက် ၂၀၂၀ ခုနစ် တနင်္ဂနွေနေ့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သန်လျင်မြို့နယ် ဒုတိယအကြိမ်မြောက် ပါတီတွင်းအလုပ်ရုံဆွေးနွေးပွဲ (ဒုတိယနေ့) ကို မြို့နယ်ပါတီရုံး၌ နံနက် ၉ နာရီတွင်ကျင်းပပြုခဲ့သည်။ အခမ်းအနားတွင် ရန်ကုန်တိုင်းအလုပ်အမှုဆောင် ဦးမြင့်ဌေးမှ တက်ရောက်အမှာစကားပြောခဲ့ပြီး ဦးကြည်လွင် (အရှေ့ပိုင်းခရိုင်-ဥက္ကဌ) ဦးလွင်ကိုလတ် (ပြည်သူ့လွှတ်တော်) တို့မှ ဦးဆောင်ဆွေးနွေးပေးခဲ့သည်။ အဆိုပါအခမ်းအနားသို့. ပါတီဝင်အင်အား (၉၀) တက်ရောက်ခဲ့ပြီး ညနေ ၄:၅၀ တွင် အခမ်းအနားကိုရုတ်သိမ်းခဲ့သည်။
ရန်ကုန်တိုင်းသတင်းနှင့်ပြန်ကြားရေး (ရုံးအဖွဲ့)
—————————————————————————————————————————————